Wednesday, December 25, 2013

ဂုဏ်ယူ ဝမ်းမြောက်ဖွယ် ကောင်းသော စိတ်ဓာတ်


Monday, December 16, 2013

လွန်ခဲ့သော ၁၉၈၇ ခုနှစ် မှာ ဘေဖန်လီ ဆိုတဲ့ ဆိုက်ကား သမား တစ်ယောက် ရှိပါတယ်။ အဲဒီ ခုနှစ်မှာ သူ၏ အသက်က ၇၄ နှစ် ဖြစ်ပါ တယ်။ သူဟာ အသက်ကြီး သောကြောင့် အလုပ် မလုပ်တော့ ဖို့ ဆုံးဖြတ် လိုက်တယ်။ တစ်နေ့မှာ သူဟာ လယ်ကွင်းပြင် ထဲမှာ အလုပ်လုပ် နေသော ကျောင်းနေ အရွယ် ကလေးတွေ ကို မြင်တွေ့ ခဲ့ပါတယ်။ ဒါကြောင့် သူ့စိတ် ထဲမှာ အလွန်ပဲ စိတ် မကောင်းဖြစ် သွားပါ တယ်။ ဒါကြောင့် ထိုကလေးတွေ ကို ကျောင်းထား ပေးဖို့ သူ စိတ်ကူး လိုက်တယ်။

ထို့ကြောင့် ဘေဖန်လီ ဟာ သူ၏ ဆိုက်ကား နင်းတဲ့ အလုပ် ကို ပြန်လုပ် ပါတော့တယ်။ အိမ်လခ ပေးရမှာ စိုးသော ကြောင့် သူဟာ ဘူတာရုံ မှာ နေပါတယ်။ အဝတ်အစား ဆိုလျှင် လည်း ဝယ်ပြီး မဝတ်ပါဘူး။ လမ်းဘေးမှာ သူများ တွေ ပစ်ထားသော အဝတ်အစား တွေ ကိုပဲ ဝတ် ပါတယ်။ အစား အသောက် ဆိုလျှင် လည်း ချို့ချို့ တည့်တည့် စားပြီး ပိုက်ဆံ ကို စုဆောင်း ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ၂၀၀၁ ခုနှစ် အရောက် မှာ သူ၏ အသက် ဟာ ၉၀ ရှိပါပြီ။ တရုတ် နိုင်ငံမှ တန်ဂျင် ရိုဟ ဆိုတဲ့ အလယ်တန်း ကျောင်းကို သွားခဲ့ ပါတယ်။ ထို့နောက် သူဟာ အခုလို ပြောပါတယ်။ " ကျွန်တော် အလုပ် မလုပ်နိုင် တော့ ပါဘူး၊ ဒီ ပိုက်ဆံ ဟာ ကျွန်တော် ၏ နောက်ဆုံး ထောက်ပံ့ ငွေပါ။ " ထို အချိန်မှာ အဲဒီ ကျောင်းမှ ဆရာမနှင့် ကျောင်းသား တွေ ဟာ မျက်ရည် တွေ ကြခဲ့ ကြပါတယ်။ဘေလီဖန် ဟာ ၃၅၀၀၀၀ ယွမ် ကို ဆင်းရဲသော ကျောင်းသား များ အတွက် လှူဒါန်း လိုက် ပါတယ်။ ၎င်းဟာ ၂၀၀၅ ခုနှစ်မှာ လူ့လောကကြီး ကို ကျောခိုင်း ထွက်ခွာ သွားခဲ့ပါတယ်။

အချုပ်အား ဖြင့် ဆိုရလျှင် လေလီဖန် ဟာ အလွန် ဆင်းရဲသော လူ့ အသိုင်း အဝိုင်း မှာ ပေါင်ဖွား ကြီးပြင်း လာခဲ့ တယ်။ သူဟာ ဆိုက်ကား နင်းတဲ့ အလုပ် ကို လုပ်ကိုင် ခဲ့တယ်။ သူဟာ ပညာ မတတ်ပါဘူး။ သို့သော်လည်း ပဲ သူဟာ ကျောင်းသား ၃၀၀ ကို ပညာတတ် အောင် သင်ကြား ပေးနိုင် ခဲ့တယ်။ ဒါကြောင့် ဘေလီဖန် ဟာ ဂုဏ်ယူ လေးစား ထိုက်တဲ့ လူ တစ်ယောက် ဆိုလည်း မမှားပါဘူး။ လောက မှာ ဖြစ်ချင် တဲ့ စိတ်၊ လုပ်ချင် တဲ့ စိတ် တစ်ခု တည်းသာ ရှိပါစေ အရာ အားလုံး၊ အခက် အခဲ အားလုံး ကို ကျော်လွှား နိုင်မှာ အလွဲ ဧကန်ပါ။

တန်ဖိုး ရှိတဲ့ လူ တစ်ယောက် ဖြစ်ချင်တယ် ဆိုလျှင် မိမိ တစ်ယောက် တည်း အောင်မြင် နေရုံ ဖြင့် မလုံလောက် ပါဘူး။ မိမိ ပတ်ဝန်းကျင် မိမိ အသိုင်း ကိုပါ ပြုပြင် ပြောင်းလဲ ပေးနိုင်ရ လိမ့်မယ်။


ကျော်လင်းနိုင်
ရိုးရာလေး

No comments:

Post a Comment