Wednesday, December 25, 2013

ဘ၀ကို ပြောင်းလဲစေနိုင်တဲ့ စကား


လောကမှာ စကားကောင်းတွေပြောဖြစ်ဖို့လိုအပ်သလို
စကားကောင်းတွေ ကြားနာ ခွင့်ရဖို့လည်း လိုအပ်ပါတယ်။
ဒီအခွင့်အရေးနှစ်ခုကို ရဖို့အတွက် ဗုဒ္ဓရဲ့စကားခြောက်ခွန်းကို
အစဉ်သဖြင့် အာရုံပြုထားဖို့လိုပါတယ်။

စကားခြောက်ခွန်း

၁။ မဟုတ်မမှန်ဘူး။ အကျိုးလဲမရှိဘူး။ ကြားရသူ မနှစ်သက်တဲ့စကားမျိုး။

၂။ မဟုတ်မမှန်ဘူး။ အကျိုးလဲမရှိဘူး။
ကြားရတဲ့သူ နှစ်သက်တဲ့စကားမျိုး။
၃။ ဟုတ်မှန်တယ်။ အကျိုးလဲမရှိဘူး။ 
ကြားရတဲ့သူ မနှစ်သက်တဲ့စကားမျိုး။
၎။ ဟုတ်မှန်တယ် ။ အကျိုးလဲမရှိဘူး။
ကြားရတဲ့သူ နှစ်သက်တဲ့စကားမျိုး။
၅။ ဟုတ်မှန်တယ်။ အကျိုးလဲရှိတယ်။
ကြားရတဲ့သူ မနှစ်သက်တဲ့စကားမျိုး။
၆။ ဟုတ်မှန်တယ်။ အကျိုးလဲရှိတယ်။
ကြားရတဲ့သူ နှစ်သက်တဲ့စကားမျိုး။

အထက်ပါ စကားခြောက်ခွန်းမှာ နံပါတ် ၁၊၂၊၃၊၄ ဖြစ်တဲ့
စကားတွေကမပြောရမယ့်စကားတွေဖြစ်ပြီး နံပါတ် ၅၊ ၆
ကတော့ ပြောရမယ့် စကားတွေဖြစ်ပါတယ်။ ဒါကြောင့်
“စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုမျှော၊ နှစ်ခွန်း
ပြောလို့ “ စပ်ဆိုခဲ့ကြပါတယ်။

ဘာပဲပြောပြော မနက်အိပ်ရာထကနေ ညအိပ်ရာဝင်တဲ့
အထိ စကားတွေကတော့ မဖြစ်မနေ ပြောနေကြရမှာပါ။
တစ်နေ့တာ အိပ်ရာဝင်တဲ့အခါ နဖူးပေါ်လက်တင်ပြီး
“ ငါ့ ဒီနေ့တစ်နေ့တော့ ကုန်ဆုံးလို့ ပြောဖြစ်ခဲ့တဲ့စကား
တွေထဲမှာ စကားခြောက်ခွန်းထဲက ဘယ်လိုစကားတွေ
ပြောဖြစ်ခဲ့သလဲ ? အဲဒီလိုများ စဉ်းစားဖြစ်ခဲ့ရင်။


- အရှင်ရာဇိန္ဒ { ရဝေနွယ်(အင်းမ) }
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment