Wednesday, December 25, 2013

" ဟန်ပြစွမ်းအား "


ငါက ဘာဘွဲ့ရ ထားတယ် ငါကပညာတတ်ကြီး
ငါကပညာရှိကြီးပဲဆိုပြီး သိပ်ပြီးစိတ်ကြီးဝင်မနေပါနဲ့ ။

ငါက စီးပွားရေး လူမှုရေး နိုင်ငံရေးမှာ ဘယ်လောက်အောင်မြင်တယ်
ဘယ်လောက်ကျော်ကြားတယ် ဘယ်လောက်နာမည်ကြီးတယ် ဆိုပြီးလည်း ဘဝင်မြင့်မသွားပါနဲ့ ။

ငါက ဘာရာထူးကြီးတယ် အာဏာရှိတယ် ဘုန်းတန်ခိုး သြဇာအာဏာကြီးတယ် ချမ်းသာပါတယ်ဆိုပြီး မာနတံခွန်ထူပြီး
မမောက်မာချင်ကြပါနဲ့ ။

ဒါတွေအားလုံးဟာ ဓမ္မသဘောနဲ့ နှလုံးသွင်းဆင်ခြင်ကြည့်တဲ့အခါ ဟန်ပြစွမ်းအားသက်သက်မျှသာပါ ။

ဘယ်သူက ဘယ်သူ့ကိုမှ သိပ်တော့အထင်ကြီးစရာ မရှိလှပါဘူး..
လောကရဲ့ အလိမ်အညာခံရသူအချင်းချင်းပါပဲ ။

အလိမ်ခံ အညာခံရသူအချင်းချင်းတွေ ဖြစ်တဲ့အတွက်ကြောင့် အလိမ်ခံဘဝ အညာခံဘဝက လွတ်မြောက်ဖို့ဆိုတာ အသိမှန် အမြင်မှန်ရဖို့ လိုအပ်ပါတယ် ။

အသိမှန် အမြင်မှန်ရစေနိုင်တဲ့ နည်းကတော့ ဝိပဿနာအလုပ်ကို မဖြစ်မနေ အားထုတ်ကြိုးစားနိုင်မှသာ ဖြစ်ပါတယ် ။

"ချမ်းသာနေကြပါတယ်လို့ သတ်မှတ်နေကြတဲ့ ရွှေငွေပစ္စည်း ရာထူးဂုဏ်ပကာသန ကျော်ကြားမှုတွေဟာ တစ်ကယ်ချမ်းသာ
ဟုတ်သလား မဟုတ်သလားဆိုတာ သာသနာ့ ဓာတ်ခွဲခန်းထဲ ထည့်ကြည့်လိုက်တော့ ဘယ်သူမှ ကန့်ကွက်လို့မရ
ငြင်းပယ်လို့မရတဲ့ ဒုက္ခလောင်စာတွေသာ အဖြေထွက်လာပြီး နိဗ္ဗာန်ချမ်းသာ သုခတွေလို့ အဖြေထွက်မလာပါဘူး" ။


(တိပိဋကဓရ ယောဆရာတော်ဘုရားကြီး)

(Credit to Ohmar Shin )

No comments:

Post a Comment