Wednesday, December 25, 2013

ပြောနေစရာမလို



သူများမကောင်းတာကို ကိုယ်က ပြောနေဖို့မလိုပါဘူး။

ကိုယ့်သံသရာနဲ့ကိုယ် သွားကြရမှာ။

ကိုယ်မကောင်း ကိုယ်ခံ။

သူတို့မကောင်း သူတို့ခံ။

ပြောဖို့မလိုပါဘူး။


ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင်ထားကြပါ။

ကိုယ့်ဘဝကို သတိတရားနဲ့ မမေ့အောင် စောင့်ရှောက်ကြပါ။

ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုရင် တစ်ဘဝတည်း မချစ်ကြပါနဲ့။

နောက်ဘဝ သံသရာအတွက်ရော ချစ်ကြပါ။


(အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး)
~~~~~~~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် - မှ

No comments:

Post a Comment