Wednesday, December 25, 2013

"ဗုဒ္ဓါနုဿတိ လုပ်ထားတဲ့ပုဂ္ဂိုလ် ပူဇော်အထူးခံထိုက်တယ်"


"ဗုဒ္ဓါနုဿတိ"လုပ်ထားတဲ့ပုဂ္ဂိုလ်က ပူဇော်အထူးခံထိုက်တယ်နော်
ဘာလို့ ပူဇော်ခံထိုက်တုန်း-

အကောင်းလောကဓံနဲ့ တွေ့ တွေ့  အဆိုးလောကဓံနဲ့ တွေ့ တွေ့ ဘုရားရှင်က မတုန်လှုပ်ဘူး။
နာဠာဂီရိတို့ ၊ အဂုင်္လိမာလတို့  ဒေ၀ဒတ်ကြီး ကျောက်မောင်း
ဆင်ပြီးချတာတို့  သိပြီးသားနေမှာပါ၊ တုန်လှုပ်လို့ လားဗျ။
မတုန်လှုပ်ဘူးနော်။ အဲတော့ ဘုရားဂုဏ်ကို
အာရုံပြုနေတဲ့သူ တွေ့ နေတဲ့ အခက်အခဲကို မတုန်လှုပ်တတ်ဘူး။ သဒ္ဓါစိတ်ပေါ်နိုင်တယ်။


ဗုဒ္ဓါနုဿတိ အမြဲအာရုံပြုထားတဲ့ ပုဂ္ဂိုလ် လူစိတ်မပျက်ဘူးနော်။ အာရုံမပြုရင် မာနလည်းဝင်နိုင်တယ်၊ ဒေါသလည်း ၀င်နိုင်တယ်။ မာန ဒေါသ၀င်လာရင် ဓါတ်သက် ဥာဉ်ဘက်ပါသွားမယ်နော်။ လူလမ်းလေး
ဖြောင့်နိုင်ဦးမလား ဒကာကြီးရဲ့ ။ မဖြောင့်နိုင်ဘူးနော်။ ဗုဒ္ဓါနုဿတိ နဲ့  ရှုသက်ကလေးကို စောင့်ရမှာနော်။ ဗုဒ္ဓါနုဿတိမပါရင် တွေးနေတယ် ငေးနေတယ်.. ဒီဥာဉ်ဓါတ် ၀င်လာမှာပေါ့။

ဥာဉ်ဖုံးရင် လူသက်ဆုံးမယ်။ တို့ ဥာဉ်အတိုင်း သွားနေရင်
နောက်ကြောင်း ပြန်လှည့်ရမယ်။ ဥာဏ်နဲ့ သွားမှ ရှေ့ ကို တက်ခွင့်ရှိတယ်။ မေ့မေ့လျော့လျော့ နေရင် ကိုယ့်အိမ်ကို ပြန်သွားရမယ်နော်။ ကိုယ့်အိမ်ဆိုတာ အချိန်မရွေးပြန်နိုင်တယ်။ သတိမရှိတဲ့ ခုန လူသိမရှိတဲ့ သူများကျတော့ အပါယ်လေးဘုံ နောက်ကြောင်း ပြန်ရမှာနော်။ သတိနဲ့ ရှိတဲ့ ပုဂ္ဂိုလ်က ရှေ့ ဆက်သွားရမယ်။

ဒါကြောင့် ဗုဒ္ဓါနုဿတိကလည်း လူသက်ကို စောင့်တဲ့ သက်စောင့်ပဲဗျ။


မဟာဗောဓိမြိုင်ဆရာတော်ကြီး
(လူအသက်ဆက်စရာ ကိုယ်စောင့်ဘာဝနာလေးမျိုး
တရားတော်မှ)

မေတ္တာဖြင့်
အနှိုင်းမဲ့ အရိပ်

No comments:

Post a Comment