Wednesday, December 25, 2013

သမိုင်းတလျှောက် လွှမ်းမိုးမှု အရှိဆုံး တိရိစ္ဆာန်



သမိုင်းတလျှောက် လွှမ်းမိုးမှု အရှိဆုံး တိရိစ္ဆာန်ကို မေးရင် အာရှဆင် Lin Wang ကိုပြရမှာပါ။ Lin Wang ကသာမန်ဆင် တစ်ကောင် မဟုတ်ဘဲ စစ်ပွဲများစွာ၊ သမိုင်းကြောင်း များစွာကို ဖြတ်သန်းခဲ့တဲ့ ဆင်တစ်ကောင် ဖြစ်ပြီး ၂၀၀၃ခုနှစ်မှာ Taipei Zoo မှာသေဆုံး ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ် တုန်းက ဂျပန်စစ်တပ် အတွက် မြန်မာနိုင်ငံကို ပစ္စည်းတွေ ပို့ဆောင် ရာမှာ ပါဝင်ခဲ့ပြီး ၁၉၄၃မှာတော့ တခြားဆင် ၁၂ကောင်နဲ့ အတူ တရုတ် စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး တရုတ်ပြည်ကို ပါသွား ပါတယ်။ လမ်းမှာ ဆင်၆ကောင် သေဆုံး ခဲ့ရပြီး Guangdong ကိုရောက်တော့ စစ်ပွဲ ပြီးဆုံး ပေမယ့် သူတို့ကို ခိုင်းစေတာ ကတော့ မပြီးဆုံး သေးပါဘူး။ သေဆုံးသူ တွေအတွက် အုတ်ဂူ ဆောက်ရာမှာ ကူညီ ခဲ့ရသလို ဆပ်ကပ် ပြစားခံပြီး ၀င်ငွေ ရှာခဲ့ ရပါသေးတယ်။ နောက်တော့ Taipei ကိုတခြားဆင် ၃ကောင်နဲ့ ပို့ခံရပြီး အဲ့မှာ ၃ကောင် သေဆုံးခဲ့ပြန်ပြီး Lin Wang တစ်ကောင် တည်းသာ ကျန်ခဲ့ ပါတယ်။ နောက်ဆုံး မှာတော့ Taipei Zoo ကိုအပို့ခံ ရပြီး အဲ့မှာ အကျော်ကြားဆုံး အကောင် ဖြစ်လာပါတယ်။ အောက်တိုဘာလ နောက်ဆုံးပတ် တနင်္ဂနွေ နေ့တိုင်းကို သူ့ရဲ့ မွေးနေ့အဖြစ် သတ်မှတ် ပေးပြီး လူပေါင်းများစွာ လာလည်အောင် ဆွဲဆောင် နိုင်ခဲ့ပါတယ်။ နောက်ဆုံး အသက် ၈၆နှစ်မှာ သေဆုံး ခဲ့ပေမယ့် ရုံသွင်း ခံရတဲ့ ဆင်တွေထဲမှာ အသက်အရှည်ဆုံး ဆင်အဖြစ် မှတ်တမ်း တင်ခံခဲ့ ရပါတယ်။

[source and image from TIME]

No comments:

Post a Comment