လူဆိုတာ ဒီလိုပဲ ရှာစားနေရတာပဲ ပြောနေတာ၊ ရှာစားတဲ့ဘက်ကပဲ နားလည်တာကိုး မရှာဘဲ ချမ်းသာနေတဲ့ဘက်ကို နားမလည်တော့ ကိုယ်နားလည်တာပဲ အသားယူပြောနေတာ။ ရှာစားရတဲ့ကိစ္စရှိရင် မရှာဘဲပြီးတဲ့ ကိစ္စလည်း ရှိရမယ်။ ခင်ဗျားတို့ ရိုးရာနှိပ်စက်နေတာ မတော် လှန်နိုင်ဘဲဖြစ်နေလို့၊ ကိုယ်ပင်ပန်းတာတွေကိုလည်း ထုံးတမ်းစဉ်လာနဲ့ ဖုံးပစ်လိုက်တော့ သစ္စာ ပျောက်သွားတယ်။ ထုံးတမ်းစဉ်လာကလည်း ကိုယ့်ဟာကိုယ် လုပ်ထားတဲ့ ထုံးတမ်းစဉ်လာ။ ဆင်း ရဲသက်ရှည်နေတာ ထုံးတမ်းစဉ်လာတွေ ဖုံးနေလို့။
ခင်ဗျားတို့ တစ်ကိုယ်လုံး ဒုက္ခဆင်းရဲသာ အမှန်ရှိ၍ ချမ်းသာစစ် အမှန်မရှိသေးပါဘူး၊ ဒုက္ခရှိလျှက်နဲ့ ဒုက္ခရှိမှန်း မသိတာ သစ္စာမသိလို့။ ခင်ဗျားတို့ မသိလိုက်တဲ့ဖြစ်ခြင်းဟာ မိုးကြိုးပစ် တာထက်နာသေးတယ်။ အသုဘပို့တိုင်း သူတော့သေပြီ ငါတော့ မသေရာရှာမယ်ဆိုတဲ့စိတ် လာကိုမလာဘူး။ ခင်ဗျားတို့က ဒုက္ခမပြတ်မှ နေတတ်တယ်။ အသေချင်းထပ်မှ နေတတ်တယ်။ အနာချင်းထပ်မှ နေတတ်တယ်။ မပူရတဲ့ဘ၀ မသေရတဲ့ဘ၀ တစ်ခါမှ မတွေ့ ခဲ့ကြရပါဘူး။ မသိတော့ ပြောသံကြားနဲ့ ကိုယ်ဟာကိုယ် တင်းတိမ်နေတာလည်း အတော်ဆိုးတယ်။
ခင်ဗျားတို့ ချမ်းသာအစစ် မသိသေးဘူး။ ဒုက္ခသစ္စာ ချမ်းသာအတုကိုသာ သိတယ်။ခင်ဗျား တို့ပျော်နေတဲ့အပျော်က ခွေးအမဲရိုးရလို့ ပျော်နေတဲ့ အပျော်မျိုး၊ ခင်ဗျားတို့ ကြိုက်နေတဲ့ ချမ်းသာ က ပုပ်ရိနေတဲ့ ခွေးသားကို လင်းတရလို့ ကြိုက်တဲ့ ချမ်းသာမျိုး၊ ဘုရားက ငြိမ်းအေးတဲ့ သုခအစစ် (နိဗ္ဗာန်ချမ်းသာ) ကြိုက်စေချင်တယ်။ ခင်ဗျားတို့က သုခဝေဒနာ ကြိုက်နေတယ်။ ခင်ဗျားတို့ အလွဲ ချည်းပဲဆိုတာ သေသေချာချာပြောတာပါ။ တစ်သက်မှ တစ်ခါ တစ်သံသရာမှ တစ်ခါဆိုသလို ဒီလို နက်နက်နဲနဲတွေ ကြားရတာနော်။ အင်မတန် ဂရုစိုက်ကြစမ်းပါ။
မိုးကုတ်ဆရာတော်ဘုရားကြီး
Shared from Myint Sandar (FB)
No comments:
Post a Comment