သာဓက တချို့ကို ဖော်ပြပါ့မယ်။
တနေ့ ဆရာတော် သတင်းက ကြီးသဖြင့် ဘုရင် နောင်တော်မင်းက ဘုန်းကြီး ဆိုတော့ အတီးအမူတ်တွေ နားလည်မည်မဟုတ် ဟု ဆိုပြီး သဘင်သည်တွေကို ဘုရင်အမိန့်ဖြင့် သွားတီးရလေသည်။ ထိုမှ ဆရာတော်က ခဏ နားထောင်ပြီး ဆိုင်းသမားတွေကို ဒီအလုံးကို ပေါင်း၊ ဒီအရာကို ဒီလိုခွဲ၊ ဒီအရာကို တွဲ စသဖြင့် ခိုင်းပြီး ဆိုင်းသမားတွေကို ထပ် တီးခိုင်းရာ မကြံဖူး၊ မကြားဖူးသော တီးကွက် အသစ်ကို ရကြလေသည်။ နောက်မှ ထို အတီးကို မြ၀တီမင်းကြီး ဦးစမှ စာသွင်းပြီး သမာဒေ၀နတ်သီချင်းဆိုပြီး နာမည်ကျော်လေသည်။
နောက်တစ်ကြိမ်တွင်လည်း ဆရာတော်ကို တံငါသည်တို့ က ကွန်ပစ်ခြင်းအတတ်ကို တတ်မည်မဟုတ်လို့ ဆိုကြပြန်လေ၏။ ထိုအခါ ဆရာတော်မှ ထို သတင်းဖြန့် သော တံငါသည်ကို ခေါ် ပြီး အိုင်တွင် ကွန်ပစ် ငါးဖမ်းစေသည်၊ ရသော ငါးအရေအတွက်ကို မှတ်သားထားစေပြီး၊ ကပ္ပိယ ကို ကွန်ပစ်နည်း သင်ပြီး ထိုအတိုင်း ပစ်စေရာ ငါးအရေအတွက် ပိုမိုရပြန်၏၊ ပြီးမှ ထိုငါးများ ကို ရေထဲ ပြန်လွှတ်ရလေသည်။
တစ်ခါလည်း ဘုရင်မှ လက်မလျော့သေး ရဟန်းဆိုသည်မှာ စစ်တုရင် ဆော့ တတ်မည်မဟုတ် ဆိုပြီး နေပြည်တော်မှာ စစ်တုရင် ဆော့ရာမှာ အတော်ဆုံး သူကို ဆရာတော်ထံ လွတ်လိုက်လေ၏။ ပထမ ဆော့ရာ ဆရာတော် ရူံးလေသည်။ သို့သော် နောက်ကစားပွဲတိုင်းတွင် ဆရာတော်က သာ အနိုင် ရလေ၏။
သုတစွယ်စုံကျမ်း
No comments:
Post a Comment