မယုံပါနဲ့ ...တဲ့။ ကျွန်တော်နဲ့ အတူနေတဲ့ အငြိမ်းစား ယူခါနီး ဆရာမကြီး ပြောတဲ့ စကားပါ။ တောင်ကိုရီးယား နည်းပြ " ပတ်ဆောင်ဟွာ " နဲ့ ပတ်သက်လို့ ပြောတာပါ။ ဒီလောက် အရေးကြီးတဲ့ ပွဲကို သူမသိဘဲ မနေပါဘူးတဲ့။ အာရှနိုင်ငံတွေ အများကြီးလုပ်တဲ့ပွဲ၊ အရေးကြီးတဲ့ ပွဲ ကို သေချာ သိတာပေါ့တဲ့...
မြန်မာနိုင်ငံမှာ သက်တမ်း ပြည့်ရင် ထုတ်ပယ်လိုက်သည် ဖြစ်စေ၊ စာချုပ်ပြည့်လို့ ဖြစ်စေ သူသက်တမ်းပြည့်တော့ သူသွားရတော့မှာပါ။ အပေးအယူတွေနဲ့ လုပ်စားသွားတာပါ။ ဘယ်သူ့ ဆီက ဒေါ်လာ ဘယ်လောက်ယူပြီး ဘယ်လို အပေးအယူဆိုတာတော့ ကာယကံရှင် ကိုယ်တိုင်ပဲ သိမှာပါ ... တဲ့။ သေချာ စုံစမ်းဖေါ်ထုတ်ပြီး အရေးယူနိုင်ရင် ကောင်းမှာပါ။....
မြန်မာတွေဟာ ဟိုးအရင် ဗဟာဒူးတို့ လက်ထက်ကတည်းက အာရှမှာ ရွှေရခဲ့တာပါ ... တဲ့။ နင်တို့ ငယ်သေးလို့ ဘာမှ မသိတာပါ ... တဲ့။ ဟိုရှေးကတည်းက ဟော်လန် နည်းပြတို့ ဂျာမနီ နည်းပြတို့  လည်း မြန်မာကို ပညာ ပြဖူးပါတယ်တဲ့ ... ။ နိုင်ငံခြားနည်းပြတွေ၊ ဒိုင်တွေနဲ့ ပေါင်းပြီး မြန်မာကို မတက်နိုင်အောင် တမင်တကာ အကွက်ဆင်တာ အရင် ကတည်းကပါ ဆိုပဲ။
........................................................................
ဒေါက်တာ လှိုင်မြင့် ဆောင်းပါးမှ
.......................[ နောက်တခုက ၁၉၅၅-လောက်ကအစပြုပြီး မြန်မာ့အာကစားဟာ အရှေ့ တောင်အာရှကို ဗိုလ်စွဲလာပါတယ်။ အားကစားမှာဘက်စုံ လွှမ်းမိုးလာပါတယ်။ ၁၉၆၁ နောက်ပိုင်းမှာ အာရှမှာပါဗိုလ်စွဲလာပါတယ်။ အစပိုင်းတုံးက ကျနော်တို့ ငယ်သေးပေမဲ့ မာဒေးကားဖလား (၁၉၆၅- မလေးရှား လွတ်လပ်ရေးဖလား) ပြိုင်ပွဲတွေနိုင်ရင် တအားကိုပျော်ကြရတာပါ။ နိုင်ဖန်များလာတော့ သိပ်ဖီလ်း မပြင်းထန်တော့ဘူး။ မာဒေးကားလောက်ဆိုရင် အပိုင်တွက်ထားပြီ။ အာရှချန်ပီယံ (အာရှအာကစားပြိုင်ပွဲပေါ့)နဲ့ အာရှဖလား ဘောလုံး သက်သက်ပြိုင်ပွဲ)မှာ ချန်ပီယံရရင် အသေကကြခုန်ကြပေါ။ ကျနော်တို့မြန်မာက လွတ်လွတ်ကျွတ် နှစ်ကြိမ်ရဖူးတယ်။ ပူးတွဲချန်ပီယံ တကြိမ်ရဖူးတယ်။ ၁၉၇၄- မှာ အီရန်မှာ (အီရန်က အိမ်ရှင်) အုပ်ချုပ်သူက ညံ့လို့ ဖိုင်နယ်နေ့ကို တောင်ပေါ်ဘုရား တက်ဖူးရတယ်လို့ဗျာ။ .....
အဲဒီလိုဖိုင်နယ်တွေမှာဆိုရင် ကျနော်တို့ နားမလည်တဲ့ စကားတွေနဲ့ နိုင်ငံခြား ရေဒီယိုကိုဖွင့် ဘောလုံးအသံဆိုရင် ဖမ်းနားထောင် ဗဟာဒူး လှဌေး မောင်မောင်တင် အေးမောင် စတာတွေကြားရရင် ဆက်နားထောင်ပေါ့။ နားမလည်ပါဘူး။ မှန်းနားထောင်နေရတာ။ အဲဒီမှာ ဗဟာဒူး ဗဟာဒူး လှဌေး စတာတွေကြားပြိး ( ဂိုလ်းးးးး) လို့ဆွဲဆွဲငင်ငင် ကြားလိုက်ရရင်ဟာ ဘာပြောကောင်းမလဲ အဲဒီလို ကြက်သီးမွှေးညှင်းမျိုး တခါမှ မထဘူးပါဘူးဗျာ။ ကျနော်ဓါးနဲ့ လိုက်ခဲ့တဲ့ ညီဝမ်းကွဲနဲ့တောင် ဖက်ပြိး ပျော်လွန်းလို့ မျက်ရည်တွေ ကျခဲ့ရပါတယ်ဗျာ။ ရန်ဘက်နှစ်ဥိး တဦးကိုတဦး နမ်းမိတဲ့အထိ ပျော်သွားတာပါ။ ဘ၀မှာအပျော်ဆုံး ရှိလားဆိုရင် အာရှမှာ မြန်မာကွလို့ မော်ကြွားနိုင်ခဲ့တဲ့ အရသာကို ဘယ်လိုမှ အစားထိုးမရဘူးပါဘူးဗျာ။ ညီအကိုချင်းလဲ အဲဒီမှာ ပြန်ပြိးတအားကို ပြန်ခင်သွားကြပါတယ်။ ဒီကောင်ကတော့ စက်ဘီးစီးပြီး တမြို့လုံး ပတ်ပျော်နေတော့တာ။ အော်နေတော့တာ။ လမ်းမပေါ်မှာ လူတွေု ကကြခုန်ကြပေါ့ဗျာ။ ဒိုးပတ်သမားတွေက ဘာပြောကောင်းမလဲ။ အကသမားတွေကလဲ ဘယ်ချိန်က ၀တ်စားထားတယ်မသိဘူး ။]
( ဒေါက်တာ လှိုင်မြင့်ရဲ့ ဆောင်းပါးကို အနည်းငယ် ကိုးကားပါသည်။)
မူရင်းလင့် -----------------
http://www.demowaiyan.org/2013/05/blog-post_3385.html
http://football-cafe.com/newsdetail.php?newsid=1694
No comments:
Post a Comment