Wednesday, December 25, 2013

ဒိန်ချဉ် စားခြင်း ကြောင့် သွေးဖိအား မြင့်တက် မှုကို ကာကွယ် နိုင်


ကယ်လိုရီ နည်းစွာ ပါဝင်တဲ့ ဒိန်ချဉ်ကို နေ့စဉ် စားသုံး ပါက သွေးဖိ အား မြင့် တက်မှု ဖြစ်နိုင်ခြေ လျော့နည်း ကြောင်း လေ့လာ မှု အသစ် အရ အကြံပေး ထား ပါတယ်။

အမေရိကန် နှလုံး ရောဂါ အဖွဲ့မှ သွေးတိုး ရောဂါနဲ့ ပတ်သက်ပြီး သုတေ သန ပြုလုပ်ချက် အရ ဒိန်ချဉ်ကို ရေရှည် စားသုံး သူတွေဟာ အပေါ်သွေး ဖိအား နိမ့်ကျ နိုင်ကြောင်း နဲ့ သွေးတိုး ရောဂါ ဖြစ်နိုင် ခြေ နည်းပါး ကြောင်း တွေ့ရှိခဲ့ ပါတယ်။ သွေးဖိအား မြင့်တက် တာကို ကုသမှု မခံယူရင် သွေးကြောတွေ ပျက်စီး နိုင်ပြီး သွေး ကြောတွင်း အမာရွတ် တွေ ဖြစ်တတ် ပါတယ်။

သွေးကြော တွေမှာ ဒဏ်ရာ ရရှိ တာကြောင့် သွေးကြောတွင်း ရောက်ရှိ လာတဲ့ ကိုလက် စထရောနဲ့ သွေးခဲ ဖတ်လို အစ အနလေး တွေဟာ ဒဏ်ရာ ရှိတဲ့ နေရာမှာ တွယ်ကပ် နေတတ်ပြီး သွေးကြော ပိတ်ဆို့ မှုတွေ ဖြစ်ပေါ်တတ်ပါ တယ်။ ဒိန်ချဉ်မှာ ကယ်လ်စီယမ်နဲ့ ပရိုတင်း တွေ များစွာ ပါဝင်ပြီး ဗိုက်ပြည့် တင်းမှု ရရှိ စေကာ အရည်ဓာတ် ကိုလည်း ရရှိ စေပါ တယ်။ လေ့လာမှု ပြုသူ တွေဟာ သွေးတိုး ရောဂါ မရှိသူ လူပေါင်း ၂၀၀၀ ကျော်ကို ၁၅ နှစ်ကြာ သုတေ သန ပြုလုပ်ခဲ့ ရာမှ ဒိန်ချဉ်ကို ရေရှည် သောက်သုံး သူတွေဟာ သွေးတိုး ရောဂါ မဖြစ်ကြောင်း တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

Good Health

No comments:

Post a Comment