Saturday, November 30, 2013

နူးညံ့မှုရဲ့ စွမ်းအား


ကျောက်ဆောင်တွေလည်း မာပေမယ့် နူးညံ့တဲ့
ရေအလျင်ရဲ့ တိုက်စားမှုကို အရှုံးပေးရတယ်။

မာကြောတဲ့အရာကို အနိုင်ယူတတ်တဲ့ ရေကိုလည်း သူ့ထက် နူးညံ့ ပျော့ပြောင်းတဲ့ လေက အနိုင်ယူပြန်တယ်။

ဒါ့ကြောင့် လောကမှာ မာကြောမှုကို နူးညံ့မှုက အနိုင်ရတယ်

ကြမ်းတမ်းမှုကို သိမ်မွေ့ မှုက အနိုင်ရတယ်။

ဒေါသတရားကို ခွင့်လွှတ်မှုက အနိုင်ရတယ်။

နှုတ် ကြမ်းသူကို စကားချိုသူက အနိုင်ရတယ်။

ရိုင်းစိုင်းသူကို ယဉ်ကျေးသူက အနိုင်ရတယ်။

နားလည် သဘောပေါက်ပါစေ။


( ပြည်ငြိမ်း )

(Credit to Latest Myanmar News )

Shared from နှလုံးသားအာဟာရ (FB)

Sunday, November 24, 2013

ရှုံးသွားတာမဟုတ်၊ မြတ်သွားတာ...



သူတစ်ပါးရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာဟာ ကိုယ့်မှာ ရှုံးသွားတာမဟုတ်ဘူး ။ကိုယ့်ရဲ့သဘောထားကြီးမှု ကိုယ့်ရဲ့မြင့်မြတ်မှုကိုပိုပြီးတော့အကောင်အထည်ဖော်လိုက်ရတာကိုယ့်ရဲ့မေတ္တာ ကရုဏာ ၊ကိုယ့်ရဲ့စေတနာကို အကောင်အထည် ဖော်လိုက်ရတာ ။သိပ်ကျေနပ်စရာ ကောင်းတယ် ။

ဒါကြောင့်သူတစ်ပါးကို လိုက်လျောရတာဟာရှုံးတာ
မဟုတ်ဘူးနော် ။အမှန်တော့ မြတ်တာပါ ။ရှုံးတာလည်း
မဟုတ်ဘူး ။နိုင်တာလည်းမဟုတ်ဘူး ။မြတ်သွားတာပါ ။


(ဆရာတော်ဦးဇောတိက)

Shared from မြတ်ဗုဒ္ဓအလင်း (FB)

Friday, November 22, 2013

ရိုးသားခြင်း


ရိုးသားခြင်းကို လူကောင်းသူကောင်း၊ သူတော်စင်များကသာ ကြိုက်နှစ်သက်ကြသည်မဟုတ်၊ လူလိမ်လူကောက် သူခိုးဓားပြများကလည်း သူတို့ကိုယ်တိုင်က မရိုးဖြောင့်စေကာမူ ရိုးသားခြင်းကို နှစ်သက်ကြသည်။ သူခိုး ဓားပြများသည်ပင်လျှင်လည်း သူတို့အချင်းချင်း ရိုးသားသူကို အပေါင်းအဖော်ပြုကြမြဲ ဖြစ်သည်။

ရိုးသားဖြောင့်မြတ်ခြင်းဆိုသည်မှာ နုံခြင်း၊ အခြင်း မဟုတ်ချေ။ ပညာမဲ့ခြင်း မဟုတ်ချေ။ ရိုးသားခြင်းဆိုသည်မှာ မိမိမရထိုက်သော ပစ္စည်း၊ မိမိ မရထိုက်သော အခွင့်အရေးတို့ကို မမက်မောခြင်းပင် ဖြစ်သည်။

ရိုးသားဖြောင့်မတ်ခြင်းဟူသောဂုဏ်ကို ရယူနိုင်ရန် လွယ်ကူလှသည် မဟုတ်ချေ။ ရိုးသားဖြောင့်မတ်မှုကြောင့် မိမိ ဒုက္ခမရောက်ရအောင် ရှောင်တိမ်းကာကွယ်တတ်သော ပါးနပ်မှုရှိရန် လိုအပ်သည်။

ထို့အတူ ရိုးသားမှုကြောင့် ဆိုက်ရောက်လာတတ်သည့် အန္တရာယ်များကို ရင်ဆိုင်နိုင်သော သတ္တိလည်းရှိရန် လိုအပ်သည်။ ထို့ကြောင့် သတ္တိမရှိဘဲ ရိုးသားလို့ မရနိုင်ချေ။


(အတွေးစကလေးများ)
( မျိုးချစ်မြန်မာ ဆရာတော် )
Shared from နှလုံးသားအာဟာရ (FB)

မလိုချင်ခြင်းမှာရှိတယ်


ဘာကိုမှ မလိုချင်လျှင် ဘာကိုမှကြောက်စရာမရှိ ။

ရဲရင့်မှုဟာ မလိုချင်ခြင်းမှာ ရှိတယ် ။

ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှ ညစ်နွမ်းစရာမရှိ ။

စင်ကြယ်ခြင်းဟာ မလိုချင်ခြင်းမှာ ရှိတယ် ။

ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှ ဆင်းရဲစရာမရှိ ။

ချမ်းသာခြင်းဟာ မလိုချင်ခြင်းမှာရှိတယ် ။

ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှ ပူစရာမရှိ ။

အေးချမ်းခြင်းဟာ မလိုချင်းခြင်းမှာရှိတယ် ။

ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှ ပင်ပန်းစရာမရှိ ။

သက်သာခြင်းဟာ မလိုချင်ခြင်းမှာရှိတယ် ။


(သစ္စာရွှေစည် ဆရာတော် အရှင်ဥတ္တမ)

Shared from နှလုံးသားအာဟာရ (FB)

မျှတမှု



တစ်ခါတစ်လေ
လိုချင်တာကိုပဲ တောင့်တနေတတ်ပြီး
လိုအပ်နေတာကိုတော့ မေ့နေတတ်တယ်။

တစ်ခါတစ်လေ
တန်ဖိုးထားသင့်တဲ့သူကို မေ့နေတတ်ပြီး
မေ့ပစ်သင့်တဲ့သူကိုတော့ လွမ်းနေတတ်တယ်။

တစ်ခါတစ်လေ
ပြန်မရနိုင်တော့မယ့် အတိတ်ကိုပဲ လွမ်းနေတတ်ပြီး
အကောင်းဆုံးဖြစ်တဲ့ ဒီအချိန်ကိုတော့ လျစ်လျူရှုထားတတ်ပြန်တယ်။

ဒါကြောင့်
လောကကြီးက မတရားဘူးလို့ မထင်ပါနဲ့
*** သင်ကိုယ်တိုင်က မမျှတအောင်လုပ်နေတာပါ...။ ***


၂၂.၁၁.၂၀၁၃
သူငယ်ချင်း
(ခပ်လန်းလန်းအတွေးများနှင့်စကားပုံများမှ)

Shared from နှလုံးသားအာဟာရ (FB)

“ လျော့ချစ်ကြည့်ပါ ”


ချစ်ချင်တာကို မချစ်ပါနဲ့လို့တော့ မပြောလိုပါဘူး။ ပုထုဇဉ်မို့
ချစ်ချင်ကြတာ၊ အချစ်ခံချင်တာ သဘာဝပါပဲ။ ပုထုဇဉ်ရဲ့
သဘောက ကိုယ်ချစ်ချင်တာဆို ချစ်ပစ်လိုက်မှာ ဖြစ်သလို
မုန်းစရာရှိရင်လည်း မုန်းပစ်လိုက်မှာပါ။ ပြီးတော့ ကိုယ့်ကို
တော့ သူများမုန်းသွားမှာ မလိုလားပါဘူး။ သူများရဲ့ အချစ်ခံ
ဘဝမျိုးကိုပဲ လိုချင်နေတာပါ။

ဒါပေမယ့် သေချာစဉ်းစားပြီးတော့ ချစ်ကြ၊ အချစ်ခံကြပေါ့။ အချစ်
ဆိုတာ များသွားရင် အပြစ်ဖြစ်သွားတတ်တယ်။ လွန်သွားရင် ကျွံ
သွားတတ်တယ်။ သူများရဲ့ အချစ်ကို အရမ်းခံရရင်လည်း ကျဉ်း
ကြပ်လာပြီး အဲဒီအချစ်ကို မလိုချင်တော့ ပြန်ပါဘူးတဲ့။ သိပ်ပြီး
အချစ်ခံချင်ပြန်ရင်လည်း အဲဒီ လိုချင်မှုကို မျှော်လင့်ရတဲ့ ခံစားမှုက
ပင်ပန်းလှတယ် မဟုတ်လား။

အရင်းစစ်တော့ အချစ်ဟာ သံယောဇဉ်တစ်မျိုး ဖြစ်နေတဲ့အတွက်
ချစ်ရင်တွယ်မယ်၊ တွယ်ရင် ငြိမယ်၊ ငြိရင်ပူမယ်၊ ပူပြီးရင်လောင်မယ်
နောက်ဆုံး ဒုက္ခဖြစ်တဲ့အထိ အကျိုးဆက်ကို ဖြစ်သွားစေပါတယ်။
ဒီသဘောတွေ ရှိတဲ့အတွက် ဘုရားရှင်က သမုဒယကြောင့် ဒုက္ခ
ဖြစ်တယ်လို့ ဟောတော်မူတာပါ။

ဒါကြောင့် အချစ်ကြီးတဲ့ သူတွေအနေနဲ့ မချစ်နဲ့မဟုတ်ပါဘူး။
ချစ်တော့ချစ်ပါ။ လျော့ချစ်ကြပါပေါ့။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်း



Friday, November 22, 2013

ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်းသည် မြွေဟောက်တစ်ကောင် သင့်ကိုပေါက်သည့်အဆိပ်ထက် ဆိုးသည့် အဆိပ်သင့်မှုမျိုးရှိခြင်းကို သင်သိပါသလား။

အသက် ၂၈နှစ်အရွယ် တရုတ် Tourist တစ်ယောက် ဒူးရင်းသီးပေါ်ချိန်မှာ ဘန်ကောက်သို့ သွားလည်မိချိန်မှာ သူကဒူးရင်းသီးကလည်းကြိုက်တော့ အများကြီးစားမိပြီးတဲ့အချိန်မှာ Coca-Cola သောက် လိုက်သည့်အခါ သွေးစောင့်တက်ပြီး နှလုံးရပ်ပြီးသေသွားပါတယ်တဲ့။
ဘန်ကောက်မှာတောင် ကြေငြာထားပါတယ်တဲ့ ဒူးရင်းသီး အတော်များများ စားပြီးရင် ၈ နာရီအတွင်း Cola နှင့် ဘီယာမသောက်ရဘူးဆိုတာကိုပါပဲ။
ကဲ သိပြီးသားသူတွေရော မသိသေးတဲ့ သူတွေရော ဖတ်ရူ မှတ်သားထားကြပါနော်။


နှင်းဆီဖူးလေးများ-Love BUDS

Shared from Myawady News (FB)

ငရုပ်သီးရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများ



+ ခေါင်းကိုက်ခြင်းကို ချက်ခြင်းကောင်းမွန်စေခြင်း
+ ကင်ဆာရောဂါကိုတိုက်ဖျက်ပေးခြင်း
+ ခံတွင်းရှင်းပြီး အစာစားလို့ ကောင်းခြင်း
+ သင့်ခြေထောက်များကိုနွေးထွေးနေစေခြင်း
+ ကိုယ်အလေးချိန်လျော့ကျစေခြင်း
+ သွေးဖိအားထိန်းပေးခြင်း
+ အသားအရည်ဖူးရောင်နီရဲခြင်းကိုပျောက်ကင်းစေခြင်း
+ ဗီတာမင် စီဓါတ်များပြားစွာပါဝင်နေခြင်း
+ နှလုံးကို အထူးစောင့်ရှောက်ပေးခြင်း


ZK(ကနောင်)

အေးချမ်းမွန် Credit To > Scientist Myanmar https://www.facebook.com/excellencemedia

Thursday, November 21, 2013

He who loves 50 people has 50 woes; he who loves no one has no woes. (=>Scroll Down For Eng Version)



https://www.facebook.com/World0fWisdom

ဝိသာခါ-တစ်ရာမျှလောက် ချစ်ခင်အပ်သော အရာဝတ္ထု ရှိသူအား တစ်ရာမျှလောက် ဆင်းရဲပင်ပန်းလှပေ၏ ၊ ကိုးဆယ်မျှလောက် ချစ်ခင်အပ်သော အရာဝတ္ထု ရှိသူအား ကိုးဆယ်မျှလောက်ပင် ဆင်းရဲပင်ပန်းရပေ၏ ၊ ရှစ်ဆယ် ၊ ခုနှစ်ဆယ် ၊ ခြောက်ဆယ် ၊ ငါးဆယ် ၊ လေးဆယ် ၊ သုံးဆယ် ၊ နှစ်ဆယ် ၊ တစ်ဆယ်မျှလောက် ချစ်ခင်အပ်သော အရာဝတ္ထု ရှိသူအား ထိုထိုအတိုင်းအတာမျှလောက်ပင် ဆင်းရဲပင်ပန်းလှပေ၏ ၊ အဆုံးအားဖြင့် ချစ်ခင်အပ်သော အရာဝတ္ထုတစ်ခုမျှရှိသူအား ထိုတစ်ခုမျှလောက်ပင် ဆင်းရဲပင်ပန်းရပေ၏။

ဝိသာခါ-ချစ်ခင်အပ်သော အရာဝတ္ထု မရှိသူအား ဆင်းရဲပင်ပန်းခြင်းမရှိပေ ၊ ထိုသူသည် စိုးရိမ်ခြင်းမရှိ ၊ ကိလေသာမြူမရှိ။

ဝိသာခါ-လောက၌ စိုးရိမ်ခြင်းတို့သည်လည်းကောင်း ၊ ငိုကြွေးခြင်းတို့သည်လည်းကောင်း ၊ ဆင်းရဲပင်ပန်းခြင်းတို့သည်လည်းကောင်း ထင်ရှားရှိကုန်၏ ၊ ထိုအလုံးစုံတို့သည် ချစ်ခင်အပ်သော အရာဝတ္ထုကို စွဲ၍ ဖြစ်ပေါ်ကုန်၏ ၊ ချစ်ခင်အပ်သော အရာဝတ္ထု မရှိလေမူ ထိုအလုံးစုံတို့သည် မဖြစ်ပေါ်နိုင်ကုန်။

ထို့ကြောင့် လောက၌ အကြင်သူအား ချစ်ခင်အပ်သော အရာဝတ္ထု တစ်စုံတစ်ရာမျှ မရှိငြားအံ့ ၊ ထိုသူသည် ချမ်းသာ၏ ၊ စိုးရိမ်မှု ကင်း၏ ၊ ဆင်းရဲပင်ပန်းမှု ကင်း၏။

ထို့ကြောင့် စိုးရိမ်ကင်းမှု ၊ ဆင်းရဲပင်ပန်းခြင်း ကင်းမှု ၊ ကိလေသာမြူကင်းမှုကို လိုချင်တောင့်တသော သူသည် လောက၌ တစ်စုံတစ်ခုသော ချစ်ခင်နှစ်သက်မှုကိုမျှ မပြုကြကုန်ရာ -

ဟူ၍ မြတ်စွာဘုရား မြွက်ကြားတော် မူလေ၏။

(ဥဒါန်းပါဠိတော် ၊ ပါဋလိဂါမိယဝဂ် ၊ ဝိသာခါသုတ်)

Visākhā, those who have a hundred dear ones have a hundred sufferings. Those who have ninety dear ones have ninety sufferings. Those who have eighty… seventy… sixty… fifty… forty… thirty… twenty… ten… nine… eight… seven… six… five… four… three… two… Those who have one dear one have one suffering. Those who have no dear ones have no sufferings. They are free from sorrow, free from stain, free from lamentation, I tell you.

“Yesaṃ paññāsaṃ piyāni, paññāsaṃ tesaṃ dukkhāni” (those who have 50 dear ones — piyaṃ — have 50 sufferings) and “Yesaṃ natthi piyaṃ, natthi tesaṃ dukkhaṃ (those who have no dear ones have no suffering).

( Visākhā Sutta )

Shared from World of Wisdom (FB)

အိမ်ထောင်ရေးဖောက်ပြန်ခြင်း (တွေးစရာလေးပါ)

အမျိုးသား - ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကို ရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လို လုပ်ရမလဲ။ 

အတိုင်ပင်ခံ - ဒီမိန်းကလေးဟာ သင့်ဘ၀အတွက် နောက်ဆုံး ချစ်နိုင်တဲ့ မိန်းကလေးဆိုတာ သင်သေချာလား။ 

အမျိုးသား - ဟုတ်ပါတယ်။ 

အတိုင်ပင်ခံ - ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။ 

အမျိုးသား - ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။ ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာ ကျမလား။ 
အတိုင်ပင်ခံ - အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခု မင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။ 
အမျိုးသား - ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။ 

အတိုင်ပင်ခံ - ဒါဆို သူက ပေးဆပ်မှုနဲ့ ပျော်ရွှင်နေတယ်။ အမျိုးသား - ကွာရှင်းပြီး တခြားမိန်းကလေးကို လက်ထက်လိုက်ရင် သူနာကျင်ခံစားရလိမ့်မယ်။ 

အတိုင်ပင်ခံ - အိမ်ထောင်အရပြောရရင် မင်းကို ချစ်နေတဲ့ အချစ်ကို သူမ ပိုင်ဆိုင်နေမယ်။ ဒါပေမဲ့ ဒီအိမ်ထောင် မှာ မင်းက သူ့ကို ချစ်တဲ့ အချစ် မင်းမှာ မရှိတော့ဘူး။ မင်းက တခြားတစ်ယောက်ကို မင်းရဲ့အချစ်တွေပေးလိုက်လို့။ မင်း သူ့ကို မချစ်တော့တဲ့ အတွက် မင်းဆုံးရှုံးနေတာ နာကျင်မှာ မင်းပဲ။ 

အမျိုးသား - ကျွန်တော် နောက်တစ်ယောက်နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်သစ်ကို အစပြုတော့မှာ။ သူ့ ကျွန်တော့်ကို ဆုံးရှုံးတာ။ 

အတိုင်ပင်ခံ - မင်းမှားနေပြီ။ သူမ က ဒီအိမ်ထောင်မှာ ဒီအချစ်စစ် တစ်ခုနဲ့ သူလျှောက်လှမ်းနေတာ။ သူ့ရဲ့ အချစ်စစ်ကို သူပေးဆပ်တယ်။ သူ ပျော်တယ်။ မင်းသာ မင်းကို အချစ်စစ်နဲ့ ချစ်နေတဲ့သူကို မင်းလက်လွတ်ဆုံးရှုံးရမှာ။ 

အမျိုးသား - သူမပြောဖူးတယ်။ သူမက ကျွန်တော်ကလွဲပြီး တခြားတစ်ယောက်ကို မချစ်နိုင်တော့ဘူးတဲ့။ 

အတိုင်ပင်ခံ - ဒီလို စကား မင်းကော ပြောဖူးသလား။ 

အမျိုးသား - ကျွန်တော်……….. 

အတိုင်ပင်ခံ - မင်းရှေ့ကဖယောင်းတိုင် ၃ တိုင်ကို ကြည့်လိုက်။ ဘယ်ဟာ အလင်းဆုံးလဲ။ 

အမျိုးသား - မသိပါဘူး။ 

အတိုင်ပင်ခံ - ဒီဖယောင်းတိုင် ၃ တိုင်သာ မိန်းကလေး ၃ ယောက်ကို ကိုယ်စားပြုနေမယ်ဆိုရင် ဒီ လူ့လောကမှာ မရေမတွက်နိုင်တဲ့ မိန်းကလေးတွေရှိတယ်။ ဒီ ၃ တိုင်တောင် ဘယ်တိုင်က ပို လင်းပြီး တောက်ပ နေတယ်ဆိုတာ မင်းမပြောနိုင်ဘူး။ အခု မင်းချစ်နေတဲ့ တစ်ယောက်က မင်းရဲ့ နောက်ဆုံးချစ်နိုင်တဲ့ မိန်းကလေးဆိုတာကို မင်း ပြောနိုင်လား။ 

အမျိုးသား - ကျွန်တော်………… 

အတိုင်ပင်ခံ - မင်း အခု ဖယောင်းတိုင်တစ်တိုင်ကို မင်းယူလိုက်။ မင်းစိတ်နဲ့ ကြည့်လိုက် ဘယ်အတိုင် အလင်းဆုံးလဲ။ 

အမျိုးသား - ကျွန်တော် ကိုင်ထားတဲ့ အတိုင်ပေါ့ဗျာ။ 

အတိုင်ပင်ခံ - ကယ် နဂိုနေရာပြန်ထားလိုက်။ ဘယ်အတိုင် အလင်းဆုံးလဲ။ 

အမျိုးသား - မသိတော့ဘူး။ 

အတိုင်ပင်ခံ - မင်းခုနက ယူလိုက်တဲ့ ဖယောင်းတိုင်က မင်းလက်ရှိ မိန်းမကို ကိုယ်စားပြုမယ်ဆိုရင် အချစ်ဆိုတာ ရင်ထဲက ဖြစ်လာတဲ့ အတွက် မင်း သူ့ကို ချစ်နေရင် မင်းစိတ်ထဲမှာ သူဟာအလင်းဆုံး မင်းသာ သူ့ကို စိတ်ထဲမှာ မထားဘူး နဂိုနေရာမှာဆိုရင် မင်းစိတ်ထဲကို မထည့်တဲ့ အတွက် အလင်းဆုံးကို မင်းတွေ့မှာ မဟုတ်ဘူး။ ချစ်တယ် မချစ်တယ် ဆိုတာ မင်းရဲ့ စိတ်ပါပဲ။ 

အမျိုးသား - အော်။ ကျွန်တော်နားလည်ပါပြီ။ တကယ်ကွာရှင်းခိုင်းတာမဟုတ်ပါဘူးလား။ လမ်းမှန်ကို ရောက်အောင် လမ်းညွန်ပြနေတာပါလား။ 

အတိုင်ပင်ခံ - ကယ် နားလည်ပြီဆိုရင် မင်းရဲ့ စိတ်နဲ့ အလင်းဆုံး ဖယောင်းတိုင်တစ်တိုင်ကို မင်းစိတ်နဲ့ သွားရှာတော့….. 

အမျိုးသား - ကျွန်တော် ရင်ထဲမှာ ဘယ်သူအလင်းဆုံးလဲ ဆိုတာ ကျွန်တော်သိပြီ။ ကျွန်တော့် မိန်းမပါ။ 

ဒီ လူ့လောကကြီးမှာ အိမ်ထောင်ရေးဆိုတဲ့ တံတိုင်းကြီးပေါ့… တံတိုင်းထဲ နဲ့ တံတိုင်းပြင် ပေါ့။ အပြင်မှာ ရှိနေတဲ့ သူတွေက အထဲဝင်ချင် အထဲမှာရှိတဲ့ သူက အပြင်ထွက်ချင်။ အထဲမှာ ရှိတဲ့ သူတွေကလဲ အပြင်ဘက်က ရူ့ခင်းတွေကို ကြည့်ချင်။ ရထား ပိုင်ဆိုင်ထားတာတွေနဲ့ မကျေနပ်ကြဘူး။ မရောင့်ရဲကြဘူး။ မိုးပေါ်ကကြယ်လေးတွေ လင်းလက်နေတာကို မက်မောကြတယ်။ ကိုယ့်ရဲ့ အိမ်မှာ နွေးထွေးတဲ့ ဟင်းနဲ့ စောင့်နေတာကို မမြင်ကြဘူး။ သာမာန်ရိုးကျ နေ့စဉ်လုပ်ရပ်တွေကို ငြီးငွေ့လာတယ်။ အချစ်သစ်ရဲ့ စိတ်လှုပ်ရှားမှုတွေကို မက်မောလာတယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို အဝေးမှာပဲ ထင်ပြီး နောက်တစ်ယောက် လာခေါ်ဆောင်မှုကို စောင့်စားနေတယ်။. နောက်တစ်ယောက်ကြောင့် ဘ၀ဟာ စိုပြေလာတယ်လို့ ထင်လာတယ်…. ဒါကို သင်က ကျေနပ်နေမိတယ်…. တစ်ချို့အရာတွေက မသိစိတ်ကနေ စိတ်ထဲမှာ ဖြစ်ပေါ်လာတယ်… စိတ်ထဲမှာ ဖြစ်လာတဲ့ အတိုင်း လုပ်ကြတယ်….. ဒီလိုနဲ့ ပဲ ဖေါက်ပြန်မှုတွေက များပြားလာတော့တာပေါ့……. 


(တက္ကသိုလ် ဘုန်းနိုင်)

Shared from အစုံသုပ် အသုပ်စုံ အကုန်သုပ် (FB)

ဓာတ်လုံး ပြဿနာ


“ပွတ်လိုက်ရင် ပြောင်
ဆောင်ပြန်တော့လေး
ရေစိမ်ကာ သောက်ပြန်တော့
သေးပေါက်တယ်လေး”

ကျွနုပ်တို့ငယ်စဉ်ကပင် ဖခင် မကြာခဏ ရွတ်ပြလေ့ရှိသော ဓာတ်လုံးစွမ်းရည်ပြ ဂါထာလေးပင် ဖြစ်၏။
ဓာတ်လုံးမှန်သမျှတွင် အထက်ပါ အစွမ်းသုံးခုကား သေချာပေါက်ရှိ၏။

အသက်ရှည်ခြင်း အာယုသိဒ္ဓိ၊ ဥစ္စာပေါများခြင်း ဓနသိဒ္ဓိ၊
လာဘ်လာဘကောင်းခြင်း လာဘသိဒ္ဓိ စသည်တို့ကား ဓာတ်လုံးတွင်မရှိ၊
ဓာတ်လုံးကို ဆောင်ထားသူ၏ ပါးစပ်တွင်သာ ရှိတတ်၏။

ရှင်အဇ္ဇဂေါဏ ဓာတ်လုံးအောင်၍ ရွှေဖြစ်သည်ဆိုသော အကြောင်းအရာမှာလည်း ကျမ်းအခိုင်အမာ ရှိသည်မဟုတ်။
ဖိုသမားတို့၏ နှုတ်ထွက် ဇာတ်လမ်းတစ်ခုသာ ဖြစ်၏။

အမှန်နှင့် ရောနေသော အမှားကို
လူတို့သည် အဆင်အခြင်မရှိ အကန်းယုံ၊ အရမ်းယုံ ယုံတတ်ကြ၏။

ဥပမာအားဖြင့် မြန်မာရာဇဝင်တွင်
ဘိုးတော်မင်းတရား (ဦးဝိုင်း)သည် တကယ်ရှိခဲ့၏။
ထေရဝါဒဗုဒ္ဓဘာသာကို မှေးမှိန်အားနည်းစေနိုင်သော
တန္တရ၊ မန္တရ အရည်းကြီးလက်ကျန် ပညာများဖြစ်သည့်
ဗေဒင်၊ ဓာတ်ရိုက်၊ အင်း၊ အိုင်၊ ဘိုးတော်၊ ဝိဇ္ဇာအလုပ်များကို
နိုင်ငံတော် တစ်ဝန်း ပိတ်ပင်တားမြစ်ခဲ့ဖူး၏။
ဘုရင်အဆက်ဆက် မြို့ရိုးတံတိုင်းအောက်တွင် မြှုပ်ထားကြသော
အင်းမျိုးစုံကို ထုတ်ယူကာ ပြည်သူအများရှေ့မှာပင်
ဧရာဝတီမြစ်အတွင်းသို့ ပစ်ချစေ၏။

ထိုအဖြစ်ကို ဝိဇ္ဇာ၊ ဘိုးတော်ဂိုဏ်းဝင်တို့ ဆက်ဆက်ခါနာခဲ့ကြ၏။
ဆီစိုနေသော သူတို့၏ ပါးစပ်များခြောက်သွေ့သွားခဲ့ရသောကြောင့်တည်း။
ထို့ကြောင့်လည်း နှောင်းလူတို့ ဘိုးတော်မင်းတရားကို
လူဆိုးကြီးအဖြစ် မြင်ပြီး သူတို့ဘိုးတော်များကို လူစွမ်းကောင်းအဖြစ်
ထင်ပေါ်စေရန် လုပ်ဇာတ်တစ်ခု ထွင်လိုက်ကြ၏။

ထိုလုပ်ဇာတ်ကား ဘိုးတော်မင်းတရားက
ဘိုးဘိုးအောင်ကိုဖမ်းခိုင်းပြီး အသေသတ်ပုံ၊
ဘိုးဘိုးအောင်က သူ့အစွမ်းဖြင့် လွတ်မြောက်အောင် လုပ်ပြပြီး
ဝ,လုံးကို ဖျက်ခိုင်းပုံ၊ တစ်လုံး ဖျက်လိုက်လျှင် နှစ်လုံးပေါ်လာပုံပင်တည်း။
ဘိုးတော်မင်းတရား အမှန်တကယ် ရှိခဲ့သော်လည်း
ဘိုးဘိုးအောင်ကို အပြစ်မရှိ အပြစ်ရှာသတ်သော ဖြစ်ရပ်ကား တကယ်မရှိခဲ့ပေ။

ထို့ကြောင့် အမှန်နှင့်ရောနေသော ထိုအမှားကို
ကိုးဆယ့်ကိုးယောက်လောက်က ယနေ့အထိ ယုံကြည်နေကြခြင်းဖြစ်၏။

ဘိုးတော်မင်းတရားလက်ထက်က မင်းနှင့်ပြည်သူအားလုံး
ငါးပါးသီလ လုံခြုံကာ ကိုယ်ကျင့်တရား ကောင်းခဲ့ကြ၏။
ဥပုသ်နေ့ဆိုလျှင် အမရပူရတစ်နယ်လုံး သားငါးပင် ရောင်းချခွင့် မပြု။

ထို့ကြောင့်လည်း တစ်နယ်လုံးရှိ လူများအသက်ရှည်ကြ၏။ ကျန်းမာကြ၏။
ငယ်ငယ်ရွယ်ရွယ် ရောဂါနှင့်သေသူ မရှိသလောက် ရှားပါး၏။
ကိုးဆယ်ကျော် တစ်ရာနီးပါး ရောက်မှ သေကြ၏။
အသုဘချပွဲ ဆိုသည်မှာ တွေ့နိုင်ခဲ့သော အရာဖြစ်၍
'လူမသေသောမြို့' ဟုပင် ထင်စရာ ရှိနေ၏။
ထို့ကြောင့် အမရပူရမြို့ (သေခြင်းမရှိသောမြို့) ဟု မည့်ခေါ်ခဲ့ကြခြင်း ဖြစ်၏။

ဘိုးတော်မင်းတရားသည် သင်္ဂြိုဟ်ကိုးပိုင်းကို
ကောင်းမွန်စွာ တတ်ကျွမ်းနားလည်၏။
ထို့ကြောင့် ထေရဝါဒ၏ အခြေခံအချက် ဖြစ်သော
ကုသိုလ်နှင့် အကုသိုလ် အကြောင်းကို ကိုယ်ပိုင်အသိဖြင့် လက်ခံယုံကြည်သူ ဖြစ်၏။
ထိုကဲ့သို့သော ဘုရင်တစ်ပါးက လူရေးလူရာ မဝင်သော ဘိုးတော်တစ်ယောက်ကို မရမက လိုက်လံဖမ်းဆီးသတ်ဖြတ်ဖို့ ကြိုးစားသည် ဆိုသော အချက်ကို ဟုတ်နိုင် မဟုတ်နိုင် စာရှုသူများ ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်နိုင်၏။

ယခုလည်း ပုဂံပြည်သည် အနော်ရထာမင်း၏
ထေရဝါဒ နည်းကျ အုပ်ချုပ်ခဲ့မှုကြောင့်
စီးပွားဥစ္စာ ဆန်၊ ရေ၊ စပါး ပေါ များခဲ့၏။
ထို့ကြောင့် ဘုရားစေတီပေါင်းများစွာ တည်ခဲ့ကြ၏။

ဤကား အမှန်တကယ်ရှိခဲ့သော ဖြစ်ရပ်ပင်။
ဤအမှတ်ထဲသို့ ရှင်အဇ္ဇဂေါဏ ဓာတလုံးအောင်၍ ရွှေဖြစ်သောကြောင့်
ပုဂံမြို့သားတွေချမ်းသာပြီး ဘုရားတည်နိုင်တာ ဟူသော အမှားကို
ထည့်မွှေပြီး ဖိုသမားတို့ကို မြှူဆွယ်ခဲ့၏။

ထို့ကြောင့်လည်း သေသေချာချာ တွေးတောဆင်ခြင်မှု မရှိသူများ
ယခုတိုင်အောင် ယုံကြည်နေကြခြင်း ဖြစ်၏။


မေတ္တာရှင် (ရွှေပြည်သာ)
ထေရဝါဒမှတ်ကျောက် (နှာ-၁၂၂)မှ
ကောက်နုတ်ပါသည်။

Dhamma Dãna Source : ထေရဝါဒ ရနံ့

Wednesday, November 20, 2013

အသီးကိုစားရင် လူသေ၊ အရွက်ကို ထိရင် အရည်ကြည်ဖုထ၊ အပင်ကို မီးရှို့ရင် မျက်စိကန်း စေနိုင်တဲ့ လူတွေအကြောက်ဆုံး သစ်ပင်


သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။

၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။ ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို အဓိက ကာကွယ်ပေး တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ်ကလည်း တော်တော်ပြင်းပါတယ်။

သူ့မှာ ပေါက်တဲ့ အသီးဟာ ပန်းသီး ပုံသဏ္ဍန်နဲ့ နီးစပ်ပြီး Manchineel Apple လို့လည်း လူသိများပါတယ်။ ယင်းပန်းသီး တစ်လုံးဟာ လူ အယောက် ၂၀ ကို သေစေနိုင်ပါတယ်။ မိုးရွာနေတဲ့အချိန် ယင်း အပင်အောက် သွားမခိုဖို့ တားမြစ်ထားပါတယ်။ မိုးရွာချိန်သွားခိုမိရင် ခန္ဓာကိုယ် အရေအပြားမှာ မီးလောင်ဒဏ်ရာလို အရေကြည်ဖု များ ပေါက် မှာ ဖြစ်ပါတယ်။ အပင်ကနေ နို့ရည် အရောင် အဆင်းရှိတဲ့ အရည်များ ကျဆင်းလို့ ဖြစ်ပါတယ်။ ပင်စည်ကိုလည်း သွားမကိုင်ဖို့ တားထားပါတယ်။ ပင်စည်ကို ကိုင်မိရင် လက်မှာလည်း အရည်ကြည်ဖု ထပါတယ်။

အပင်ကို မီးရှို့  ရင် ယင်းအပင်က အငွေ့ တစ်မျိုးထွက်ပြီး ယင်းအငွေ့က မျက်စိကန်းစေပါတယ်။ ရှုရှိုက်မိရင်လည်း မူးမေ့ပြီး အချိန်မှီ ဆေး မပေးနိုင်ရင် သေပါတယ်။ ဒါကြောင့် လူတိုင်းကြောက်တဲ့ သစ်ပင်လည်း ဖြစ်ပါတယ်။ ယင်း Manchineel (မန်ချင်းနီးလ်) သစ်ပင်များ ပေါက်ရောက်ရာ တောများသို့ မသွားရောက်ရန်လည်း တားမြစ် ထားပါတယ်။

မြေဆီလွှာအား ရေတိုက်စားခြင်းကို အဓိကကာကွယ်ပေးတဲ့ လုပ်ငန်း တစ်ခုကြောင့်လည်း ယင်းအပင်များကို မရှင်းလင်းပါဘူး။ ရှင်းလင်းရန်လည်း ခက်ခဲ အန္တရာယ်ကြီးတဲ့ အပင်များ ဖြစ်ပါတယ်။ သဘာဝအတိုင်း ပေါက်ရောက်တာ ဖြစ်တဲ့အတွက်လည်း မပျက်ဆီးစေဖို့ စောင့်ရှောင့်ထားပါတယ်။
ဒါကြောင့် Manchineel (မန်ချင်းနီးလ်) သစ်ပင်နဲ့ ပန်းသီးကို ခေတ်သစ် ဧဒင် သစ်ပင် နဲ့ ပန်းသီးလို့ တင်စားခေါ်ဝေါ်ကြကြောင်း သိရပါတယ်။


http://myawadynews.blogspot.com/2013/11/blog-post_9285.html

Shared from Myawady News (FB)

Java လေ့လာသူများအတွက် အကောင်းဆုံးထဲက Apps တစ်ခု



ကျွန်တော်ဒီ App ကို ကျွန်တော့်ဖုန်းမှာတင်ပြီးသုံးတဲ့အခါ Java Programming ကိုလေ့လာဖို့ ထင်မှတ်မထားလောက်အောင် ပြည့်ပြည့်စုံစုံ လုပ်ထားတာကို တွေ့ရပါတယ်။ ဒါနဲ့ ကြိုက်လွန်းလို့ Tech Space မှာ အစအဆုံး ငါးပတ်တိတိရေးထည့်ခဲ့ပါတယ်။ Step by step လေ့လာသွားရမယ့် လမ်းကြောင်းတွေကိုပေါ့။

အထူးသဖြင့် Java ကို Online မှာလေ့လာနိုင်ဖို့ အကောင်းဆုံး
သော Learining Site များနဲ့ ချိတ်ပေးထားကာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
ဒီ Apps မှာ အပိုင်း ငါးပိုင်းခွဲထားပါတယ်။

(၁)Home - ကျောင်းသားတွေ နဲ့ developer တွေအတွက် လေ့လာရမယ့် လမ်းကြောင်းများ

(၂)Technlologies - Web ,Mobile နဲ့ Distributed applications များတည်ဆောက်နိုင်စေဖို့ technology များ

(၃)Tutorials - ဗီဒီယိုသင်ခန်းစာများနဲ့ Java ကိုလေ့လာနိုင်မယ့် Web Sites များ

(၄)Books - Free ရနိုင်တဲ့ Java စာအုပ်များ

(၅)Wiki - Java နဲ့သက်ဆိုင်သမျှ စာလုံးတွေကို wiki မှာဖတ်ရှုလေ့လာနိုင်စေဖို့ wiki နဲ့ ချိတ်ဆက်ပေးထားတာ

(၆)Jobs - လက်ရှိနိုင်ငံတကာမှာခေါ်နေတဲ့ အလုပ်များ

စသဖြင့်စုစည်းဖော်ပြပေးထားပြီး အောက်ပါအကြောင်းအရာ၊ ပညာရပ်များနဲ့ပတ်သက်ကာ ဆက်လက်လေ့လာနိုင်စေမှာဖြစ်ပါတယ်။

JAVA, J2EE, SERLVETS&JSP, JSF, STRUTS, ZKOSS, SEAM FRAMEWORK, PLAY FRAMEWORK, JAX-WS, JAX-RS, JAX-B, LOG4J, SQL, HIBERNATE, MYBATIS, ANDROID, HMTL5, JAVASCRIPT, JQUERY, JQUERY MOBILE, SENCHA TOUCH, NATIVE DROID, PHONEGAP, APACHE TOMCAT, JBOSS. ECLIPSE, INTELLIJ, JDEVELOPER, ANDROID STUDIO, APACHE TOMCAT, JBOSS

ဒီ Apps ကို Install ချင်ရင်တော့ Google Play မှာရှာပြီး Install နိုင်ပါတယ်။
တိုက်ရိုက် ကိုတော့ အောက်ပါ Link မှာ ဝင်ပြီး Install နိုင်ပါတယ်။

https://play.google.com/store/apps/details?id=pn.com.debrasoft.javapowerlink

ယနေ့ Java ကိုလေ့လာတဲ့ ကျောင်းသားတွေကကံကောင်းပါတယ်။ စမတ်ဖုန်း၊ Tablet များပေါများလာလို့ ဒီလိုကောင်းမွန်တဲ့ Apps တွေကိုထည့်သွင်းကာ Guide သဘောမျိုး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မိမိတို့ ရဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်များမှာထည့်သွင်းသုံးစွဲကြည့်ပါ
လို့ပဲ အကြံပြုလိုပါတယ်။

IT Guru ကြီးတွေဖြစ်နိုင်ကြပါစေ.....

-----------------------------------------------
Nyein Chan (TSJ Tech Team)
-----------------------------------------------

Shared from Myawady News (FB)

လူတွေကို အသက်ပေးကာ ကယ်တင်လိုက်တဲ့ ခွေးကလေး


အသားမှာ အဆိပ်ပါတယ်ဆိုတာကို ခွေးကလေးအနံ့ခံသိလိုက်တယ်။
လူတွေကို အဆိပ်မိထားတဲ့ခွေးသားမစားဖို့ ခွေးကလေးကဟောင်ပြီး တားတယ်။
ဒါကို လူတွေက သဘောမပေါက်ခဲ့ဘူး.. ခွေးကလေးလည်း အသားစားချင်တယ်ထင်ပြီး အသားပစ်ကျွေးလိုက်တယ်။
ခွေးကလေးကမစားဘဲ ဟောင်ပဲဟောင်နေခဲ့တယ်.. ဟောင်သံထဲမှာ ဆွဲဆွဲငင်ငင်ငိုသံတွေ ရောစွက်နေတယ်။
နောက်ဆုံး လူတွေအသားစားခါနီးမှာ ခွေးကလေးဟာ မျက်ရည်ကျပြီး ဝမ်းနည်းသံနဲ့ တစ်ချက်အူလိုက်တယ်။
ပြီးတော့ သူ့ကိုချကျွေးတဲ့အသားကို စားပြလိုက်တယ်။ နေရာမှာတင် အဆိပ်သင့်ပြီး သေရှာတယ်။
ဒီအကြောင်းကို သူဌေးတစ်ဦးကကြားတော့ ခွေးကလေးကို အရမ်းကရုဏာသက်မိတယ်။
ခွေးကလေးကို သေချာမြေမြုပ်သင်္ဂြုံလ်ပြီး ရုပ်ထုလုပ် အထိမ်းအမှတ်ပြုခဲ့တယ်။
ခွေးကလေးကိုသင်္ဂြုံလ်တဲ့နေ့မှာ မိုးတွေရွာနေခဲ့တာတောင် လူပေါင်းတစ်ရာကျော်လိုက်ပါပို့ဆောင်ခဲ့တယ်။
သူကယ်လိုက်တဲ့ လူပေါင်းက အယောက်၃ဝပါတဲ့....


နိုင်းနိုင်းစနေ

Shared from Myawady News (FB)

တပ်ကြပ်ကြီး သို့မဟုတ် မယ်အင်္ဂလန်


ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသမီးကတော့ ၂၀၀၉ ခုနှစ်က မယ်အင်္ဂလန် (Miss England) ဆုရထားတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ ဒါတင်မကပဲ လက်ရှိမှာ သူမဟာ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်အရာရှိတစ်ဦး ဖြစ်ပါတယ်။ Katrina Hodge လို့ အမည်ရပါတယ်။

အသက် ၁၇ နှစ်မှာ အစ်ကိုဖြစ်သူရဲ့  မြောက်ပေးမှုကြောင့် စစ်ထဲ ဝင်ခဲ့ပါတယ်။ ဗြိတိန်ရဲ့  တော်ဝင်ကြည်းတပ်ကို ဝင်လိုက်တာ ဖြစ်ပါတယ်။ စစ်တပ်မှာ သူရဲ့ နာမည်ပြောင်က အရုပ်မ ဖြစ်ပါတယ်။ ဒေါက်ဖိနပ်စီးပြီး မျက်တောင် ခဏခဏ ကော့တာကြောင့် ဒဏ်ပေးတာ ခံရပြီး အရုပ်မလို့ နာမည် ပြောင်ပေးထားပါတယ်။

၂၀၀၅ ခုနှစ် ရောက်တော့ အီရတ်မှာ တာဝန်ကျပါတယ်။ အီရတ်မှာ တာဝန် ကျစဉ် အင်မတန် ရဲစွမ်းသတ္တိကြီးတဲ့ စစ်သူရဲလို့ နာမည်ကြီးပါတယ်။ ရှေ့ တန်း တိုက်ပွဲတွေမှာ သူပါပြီး သူကယ်လို့ အသက်မသေတဲ့ စစ်သားတွေ လည်း ရှိပါတယ်။ ရိုင်ဖယ်သေနတ်ကိုင်ထားတဲ့ ရန်သူတွေကိုလည်း နပန်းသတ် အနိုင်ယူခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၅ ခုနှစ်မှာပဲ ဒုတပ်ကြပ် အထိ ရာထူး တိုးမြင့်ခံခဲ့ရပါတယ်။ ယခု ဆိုရင် တပ်ကြပ်ကြီး အဆင့်တောင် မကတော့ပါဘူး။ အာဖဂန်နစ္စတန်မှာ ရာထူးကြီးတဲ့ အမျိုးသမီး ကြည်းတပ် အရာရှိ ဖြစ်နေပါပြီ။

၂၀၀၈ ခုနှစ်ကစလို့ အလှမယ် ပြိုင်ပွဲတွေ စပြိုင်ပါတယ်။ တော်ဝင် ကြည်းတပ် ကိုယ်စားပြုအနေနဲ့ စတင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအတွက် လေ့ကျင့်မို့ ရက်ပိုင်းပဲ အချိန်ရပါတယ်။ ၂၀၀၉ ခုနှစ်မှာ ကျင်းပတဲ့ မယ်အင်္ဂလန် မှာတော့ 1st runner up ရရှိပါတယ်။ သို့ပေမယ့် သရဖူ ရတဲ့ မယ်က မှုခင်းတစ်ခုကြောင့် လက်လွတ်ရပြီး Katrina Hodge ဟာ မယ် အင်္ဂလန် အဖြစ် သရဖူ ဆောင်းနိုင်ခဲ့ပါတယ်။ တစ်နှစ်တိတိ လူမှုပရဟိတ လုပ်ငန်းလုပ်ပြီး ၂၀၁၀ ရောက်တော့ တပ်ထဲ ပြန်ဝင်ခဲ့ပါတယ်။

ယခုတော့ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ သီရိလင်္ကာမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗြိတိန် စစ်အရာရှိတစ်ဦး နဲ့လည်း ၂၀၁၀ ခုနှစ် ဇွန်လက လက်ထက်ခဲ့ပါတယ်။ လက်ရှိချိန်မှာ ဗြိတိန် အစိုးရက တရားဝင် ပြုလုပ်ပေးထားတဲ့ စစ်သားများ အောင်သွယ်ဝဘ်ဆိုဒ် Uniform Dating ကိုလည်း ဦးစီး လုပ်ကိုင်ပေးနေပါတယ်။ ရှေ့ တန်းစစ်မျက်နှာမှာလည်း တာဝန်ထမ်းဆောင်နေပါတယ်။

ဒါကြောင့် Katrina ဟာ မယ်ဖြစ်လာတဲ့ ပထမဆုံး စစ်သမီးလို့ ထင်ရှားပြီး ဗြိတိန်နိုင်ငံရဲ့ စံပြ အမျိုးသမီး အဖြစ်လည်း လူသိများကြောင်း သိရပါတယ်။
--

Ref: wiki
အောင်ခမ်း ( ရိုးရာလေး )

Shared from Myawady News (FB)

မှိုကို စားသုံးခြင်းက ဆီးချိုရောဂါ ရှိသူများအတွက် ကောင်းမွန်


ဆီးချိုရောဂါ ရှိသူတွေအတွက် မှိုဟင်းကို စားသုံးပေးတာက အလွန်ကောင်းမွန်တယ်လို့ ကျွမ်းကျင်သူတွေက ထုတ်ဖော်ထားပါတယ်။ မှိုမှာ အာဟာရတန်ဖိုးမြင့်မားစွာ ပါဝင်နေပေမယ့် သကြားဓာတ် လုံးဝမပါဝင်တာကြောင့်လို့ ဆိုပါတယ်။ မှိုမှာ ပါဝင်တဲ့ အာဟာရ တန်ဖိုးတွေဟာ ဆီးချိုရောဂါရှိသူတွေအတွက် အလွန်အသုံးဝင်တယ်လို့ ပရာဒတ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဖော်ထုတ်ထားပါတယ်။ မှိုမှာ အဆီလည်း လုံးဝမပါဝင်တာကြောင့် အဝလွန်သူတွေအတွက် အလွန်အကျိုးရှိပါတယ်။ ဒါ့အပြင် မှိုဟာ ကင်ဆာရောဂါ၊ HIV နဲ့ တခြားနာတာရှည်ရောဂါတွေ ပျောက်ကင်းနိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။


By Good Health

Shared from Health Articles (FB)

Tuesday, November 19, 2013

ပူရတဲ့ ဒုက္ခ

♦ ရုပ်လှတော့လည်း လှတဲ့ရုပ်အတွက် ကျေနပ်တော့ လောဘ

♦ ရုပ်မလှတော့လည်း ဆိုးတဲ့ရုပ်အတွက် မကျေနပ်တော့ ဒေါသ
♦ လှနေတဲ့ရုပ်လေးပျက်စီးသွားမှာဆိုးလို့ ပြုပြင်ထိန်းသိမ်းနေရတဲ့ ဒုက္ခ
♦ မလှတဲ့ရုပ်လေး ကြည့်ကောင်းအောင် မွမ်းမံပြင်ဆင်နေရတာလည်း ဒုက္ခ
♦ လိုချင်တာ၊ဖြစ်ချင်တာလေး ရတော့လည်း ကျေနပ်တော့ လောဘ
♦ မလိုချင်တာ၊ မဖြစ်ချင်တာတွေ ဖြစ်ရတော့လည်း မကျေနပ်တော့ ဒေါသ
♦ ပစ္စည်းဥစ္စာ ပြည့်စုံတော့လည်း ပြည့်စုံတာလေး ကျေနပ်တော့ လောဘ
♦ ပစ္စည်းဥစ္စာ မပြည့်စုံတော့လည်း မပြည့်စုံတာလေး မကျေနပ်တော့ ဒေါသ
☼ အပူမီးတွေနဲ့ တစ်ချိန်လုံး ၀ိုင်းရံခံထားရတဲ့ ၃၁ဘုံထဲက သတ္တ၀ါတွေပါလား
☼ ခန္ဓာရသမျှတော့ ဒီဒုက္ခတွေ ရနေအုံးမှာပါပဲ....


Shared from ဗုဒ္ဒ အရိပ် (FB)

“ အပြစ်တင်မလို့လား ”



သူတစ်ပါးကိုအပြစ်တင်မလို့လား။ ဒီလူကအကောင်းကို
မမြင်တတ်တာဆိုတော့အဆိုးတွေပဲမြင်နေတာပေါ့။
အဆိုးမြင်တဲ့လူကအမြင်ကိုက ဆိုးနေလို့ပါ လူတစ်ယောက်ကို
အပြစ်မြင်ဖို့ဆိုရင်သင့်စိတ်ထဲမှာဘာတွေ ပြောင်းလဲပြစ်ရပါလဲ။

ကောင်းနေတဲ့စိတ်ကို ဆိုးအောင်ပြောင်းရတော့မယ်
အပြစ်တင်တယ်ဆိုတာ ဒေါသကြောင့်အပြစ်တင်တာပါ။
လောဘကြောင့်အပြစ်တင်တာပါ။ မာနကြောင့်အပြစ်
တင်တာပါ။ မနာလိုစိတ်ကြောင့် အပြစ်တင်တာပါ။
ဝန်တိုစိတ်ကြောင့်အပြစ်တင်တာပါ။

သူတစ်ပါးကိုအပြစ်တင်နေတဲ့သင့်စိတ်ကိုသင်ပြန်ကြည့်
ပါဦး။ နားထောင်သူဘက်က ဘာဖြစ်သွားမလည်းဆိုတာ
မသေချာပေမယ့်သင့်စိတ်တွေအားလုံးကတော့ သင်ဖျက်ဆီး
လို့ပျက်စီးနေပါပကော။

သင်အပြစ်တင်သင့်တာကသင့်ကို သင်သာအပြစ်တင်
သင့်တာပါ။ ဒေါသစိတ်ဖြစ်တဲ့လူဟာ ဒေါသမျက်လုံးနဲ့ပဲ
မြင်တတ်ပြီး ဒေါသစကားလုံးတွေပဲထွက်လာတတ်တယ်။

ဒါကြောင့်အပြစ်တင်တယ်ဆိုတာ သင့်နှလုံးသားထဲက
ပျက်စီးနေတဲ့အခြေအနေတစ်ရပ်ကိုဖေါ်ပြတာပါပဲ။
ကိုယ့်စိတ်ကိုကိုယ်controlလုပ် နိုင်တဲ့လူဟာသူများကို
အပြစ်မတင်တော့ဘူး။ စိတ်ကိုcontrolလုပ်နိုင်ဖို့ဆိုရင်
တရားရှူမှတ်ခြင်းဖြင့်သာရနိုင်ပါတယ်။ အပြစ်မတင်
ပါနဲ့လား။ အားလုံးအပြစ်တင်ခံရခြင်း အပြစ်တင်တတ်ခြင်းမှ
ကင်းဝေးပါစေ။


- အရှင်ဝိလာသဂ္ဂ
( ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတေ် )
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

Shared from Young Buddhist's Association (FB)

Friday, November 15, 2013

မျောက်တွေ လက်ကို ဘယ်မှာထားမလဲ (Where the monkey puts his hands)

ကျွန်တော့် မိတ်ဆွေကို ပြောမိတယ်။
"ဒီစကားပုံက ထူးခြားတယ်။ မျောက်တွေဟာ သူတို့လက်တွေကို အိုးထဲမှာ မထားဘူးဆိုတာလေ"
မိတ်ဆွေက ပြန်ပြောတယ်။
"ဟုတ်တယ်။ အဲ့ဒါနဲ့ဆိုင်တဲ့ ယုတ္တိဗေဒတစ်ခုရှိတယ်။ အိန္ဒိယနိုင်ငံမှာပေါ့။ မုဆိုးတွေက အုန်းသီးကို အပေါက်သေးသေးလေးတစ်ခုဖောက်ပြီး အထဲမှာ ငှက်ပျောသီးတစ်လုံးထည့်လိုက်တယ်။ ပြီးတော့ အဲဒီအုန်းသီးကို မြေကြီးပေါ်မှာ မြုပ်ထားလိုက်တယ်။ အဲဒီအုန်းသီးတွေ့တဲ့ မျောက်က အထဲက ငှက်ပျောသီးကို လိုချင်တာနဲ့ သူ့လက်ကို အပေါက်ထဲ ထည့်လိုက်တယ်။ ဒါပမယ့် သူဟာ သူ့လက်ကို အပေါက်က ပြန်မထုတ်နိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငှက်ပျောသီး ဆုပ်ထားတဲ့ သူ့ရဲ့လက်က အပေါက်ထက်ကြီးနေတာကိုး။ မျောက်က ငှက်ပျောသီးကိုလဲ မလွတ်နိုင်ဘူးဖြစ်နေတယ်။ အဲဒီတော့ ထွက်မပြေးနိုင်တဲ့ သူ့ကို မုဆိုးက အလွယ်တကူ ဖမ်းလိုက်နိုင်တာပေါ့"
ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘ၀တွေထဲမှာလည်း အလားတူအဖြစ်မျိုး ကြုံရတတ်တယ်။ တစ်ခါတလေ ကျွန်တော်တို့ လိုချင်တဲ့အရာတွေဟာ သေသေချာချာတွေးကြည့်ရင် သေးသေးဖွဲဖွဲနဲ့ အသုံးသိပ်မ၀င်တာတွေ ဖြစ်နေတတ်တယ်။ ကျွန်တော်တို့ဟာ အဲဒီအရာတွေရဲ့ အကျဉ်းသားတွေဖြစ်ပြီး ဘ၀ဇာတ်သိမ်းကြရတယ်။


ပေါ်လိုကိုဟိုး၏ ဒဿနစာစုများ
သစ္စာနီ

Shared from သုတဘဏ် (FB)

မိဘရဲ့  စည်းစိမ်တွေနဲ့  နေပြီး အစေခံ ကျွန်တစ်ယောက်လို ပစ်မထားပါနဲ့ 



သားသမီးတွေဟာ မိဘနှစ်ပါးသေးသွားမှ ရည်စူးပြီး ကောင်းမှု့ ကုသိုလ်ပြုတာတွေထက် ယခုပစ္စပ္ပန် အချိန် ကျွေးတာက ပိုပြီးတန်ဖိုးရှိပါတယ် ။

အမျှဝေလို့ရတဲ့ ဘုံဟာ သုံးဆယ့်တစ်ဘုံမှာ တစ်ဘုံဘဲရှိတယ် ။

ကိုယ့်မိဘဟာ ဒီဘုံကို ရောက်လိမ့်မယ်လို့  ဘယ်သူမှ တပ်အပ်သေချာ
ပြောလို့ မရပါဘူး ၊ စိတ်မချရပါဘူး ၊ ဒါကြောင့်မသေချာတဲ့ အလုပ်ကိုမလုပ်ဘဲ သေချာတဲ့ အလုပ်ကို လုပ်ပါ ၊ သေချာတဲ့ အလုပ်နဲ့ ပဲ ကျေးဇူးဆပ်ကြပါ ။

စာရေးသူရဲ့ ရပ်ကွက်ထဲမှာရှိပါတယ် ။ မိဘနှစ်ပါးက အသက် ( ၆၀ ၊ ရ၀ ) အရွယ်ရောက်လာပြီဆိုတော့ သားသမီး မြေးမြစ်တွေက အဘိုးကြီး အဘွားကြီးတွေနှင့် ထမင်းအတူစားရတာ ရွံစရာကောင်းတယ်ဆိုပြီး အတူတူမစားကြပါဘူး ၊ ဒါကြောင့် မိအိုဖအိုနှစ်ပါးကို ထမင်းလေးတွေ ပန်းကန်ထဲထည့် ဟင်းလေးတွေပုံပြီး အရင်ကျွေးထားနှင့်ပါတယ် ။

မသိရင်တော့ ဦးဦးဖျားဖျားကျွေးတာပေါ့ အမှန်တော့ ထိုသို့မဟုတ်ပါ ၊
ကဲ ....... စဉ်းစားကြည့်ကြပါ ၊ကောင်းကြသေးရဲ့လား နောက်ပြီး မိဘနှစ်ပါးဟာ သားသမီးတွေရဲ့ ထားရာနေ စေရာသွားရတဲ့ဘဝ အသက်အရွယ်ကလည်း ကြီးလာပြီဆိုတော့ အလုပ်ကလည်း မယ်မယ်ရရမလုပ်နိုင် ၊ ဒီသားသမီးတွေကိုဘဲ မှီခိုပြီး မိမိတို့
ဘဝအသက်ရှင်ရေးအတွက် ကြိုးစားနေထိုင်ကြရပါတယ် ။

ဟို တစ်ချိန်တုန်းက ဒီစီးပွားဥစ္စာ စည်းစိမ်တွေကို ကိုယ်ရှာဖွေခဲ့တာ မှန်ပါသော်လည်း ယခုအချိန်မှာတော့ သားသမီးတွေကို လွန်ဆန်လို့ မရတဲ့ အခြေအနေကို ဆိုက်ရောက်ခဲ့ရပြီဆိုတော့ သူတို့သဘော အတိုင်းပဲ နေထိုင်ပေးကြရပါတော့တယ် ။

ဒါကြောင့် ရှေးယခင်တုန်းက ပိုး ၊ ဖဲ ၊ ကတ္တီပါတွေဖြင့် နှစ်ခြိုက်စွာ အိပ်ခဲ့ရသော်လည်း ယခုအချိန်အခါမှာ နောက်ဖေးချောင်က အခန်းကျဉ်းလေးထဲမှာ စောင်စုတ် ပုဆိုးစုတ်တို့  အထပ်ထပ်ခင်းပြီး ကျင်ကြီး ကျင်ငယ်သွားလည်း ဒီနေရာ ၊ စားလဲ ဒီနေရာ ၊ အိပ်လဲဒီနေရာ ၊ ဝင်လေထွက်လေကမကောင်းတော့ အနံအသက်တွေနဲ့ 
ညစ်ပတ်နံစော်နေတော့တာပေါ့ ။

သားသမီးများသည် အသက်အရွယ် အိုမင်းရင့်ရော်နေသော မိဘများအား မသေရုံတမယ် ကျွေးထားကြပေသည် ။

တချို့ ဆိုလျှင် ထားစရာနေရာမရှိသဖြင့် ဘိုဘွားရိပ်သာကို မျက်နှာလွှဲခဲပစ် ပို့ထားလိုက်ကြပြန်တော့တယ် ။

တစ်ချို့ ဆိုလျှင် ဘေးပတ်ဝန်းကျင် ပြောမှာစိုးသည့်အတွက်ကြောင့် မဖြစ်သာလို့ အိမ်ပေါ်ခေါ်တင်ထား ကြရတာပါ ။

သားသမီးဖြစ်သူက အမေအဖေကို တစ်လကြာလို့ တစ်ခါဝင်မကြည့် စကားမပြောဖြစ် မိမိသားက ဒီလိုနေမှတော့ ချွေးမကလည်း ဘယ်ပြောကောင်းတော့မလဲ ကျွေးမွေးတာကအစ အကျန်မကျွေးယုံတမယ် ဆက်ဆံတာကလည်း အိမ်ဖော်မတစ်ယောက်လို အိမ်ပေါ်မှာနေလို့ဆိုပြီး ကျွန်တစ်ယောက်လို ပန်းကန်ခွက်ယောက် ဆေးကြောခိုင်း ၊ ဒီလိုနဲ့ ကျေးဇူးဆပ်တယ်ဆိုပြီး အိမ်ပေါ်ခေါ်ထားတာလား ၊ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ကြပါ ၊ ဒီအဖြစ်မျိုးက ဘယ်လိုမှ မထားကောင်းပါဘူးးး

သားသမီး ဖြစ်သူများ ဒီစာလေးဖတ်မိပြီး စဉ်းစား ဆင်ချင် နိုင်ကြပါစေလို့  ...........

( သားသမီးနှင့် မိဘ ဖြစ်ရပ်မှန်စာအုပ်မှ )


Hla Sabai

http://myawadynews.blogspot.com/2013/11/blog-post_3722.html

Shared from Myawady News (FB)

Thursday, November 14, 2013

အသိဉာဏ်ကြွယ်စေတဲ့ အနုပညာတစ်မျိုး


စာဖတ်ခြင်းက လူ့ဘဝကို အသိဉာဏ်ကြွယ်စေတဲ့ အနုပညာတစ်မျိုးဖြစ်တယ်။ စာအုပ်မရှိတဲ့ဘဝက အဆံချောင်တဲ့ဝါးပင်လိုပဲ။
စာဖတ်ခြင်းက ခန္ဓာကိုယ်ပေါ်က ပျော့ညံ့၊ ကြမ်းတမ်းတာတွေကို လျော့နည်းစေတယ်။ ယောက်ျားတစ်ယောက်ကပြောတယ် "အိမ်ထောင်ပြုပြီးတဲ့ အမျိုးသမီးတစ်ယောက်ဟာ စာဖတ်မှပဲ မကြမ်းတမ်း၊ ဒုံးမဝေး၊ မသိမ်ငယ်တတ်မှာ"တဲ့။ ဟုတ်ပါတယ်.. စာပေနဲ့ဝေးရင် လူဟာတဖြည်းဖြည်း ကြမ်းတမ်းရိုင်းစိုင်း လာတတ်ပါတယ်။

မိန်းမပျိုငယ်လေးတိုင်းလိုလိုက စိတ်ကူးယဉ်ဆန်တတ်ကြတယ်၊ ဘဝရဲ့အချုပ်အနှောင်၊ အခက်အခဲကို သူတို့ တကယ်မခံစားရသေးဘူး။
သူတို့ကြုံရတဲ့အခက်အခဲတချို့ဆိုတာ စာဖွဲ့လို့မရသေးဘူး၊ သူတို့ရဲ့စိတ်ကူးအိပ်မက်ကလည်း နွေဦးရွက်ကြွေကို ပူဆွေးတဲ့ အိပ်မက်လေးတွေ၊ အိမ်ထောင်ပြုပြီးတဲ့ မိန်းကလေးမှာ စိတ်ကူးယဉ်ဆန်မှုတွေ၊ စိတ်ကူးအိပ်မက်တွေ လျော့နည်းသွားတယ်။ မိသားစုဝေယျဝစ္စအတွက် သူတို့ရဲ့အချိန်တော်တော်များများကို
စတေးလိုက်ရတယ်။ မိန်းကလေးတချို့က အလုပ်တွေများရင်းကနေ ကိုယ့်ကိုယ်ကိုမေ့လျော့လာခဲ့ကြတယ်၊ ကိုယ့်ရဲ့စိတ်ဓာတ်၊ ကိုယ့်ရဲ့စိတ်ဝိညာဉ်ကို ဂရုစိုက်ထိန်းသိမ်းဖို့ ပိုလို့မေ့လျော့ သွားခဲ့ကြတယ်။

စာအုပ်ကိုချစ်တဲ့ မိန်းကလေးတွေက သူတို့ဟာ အားလပ်ချိန်မှာ သူတို့ကိုယ်သူတို့ ပဲ့ပြင်တယ်၊ ပြုစုပျိုးထောင်တယ်။ စာအုပ်ကိုချစ်သလို သီချင်းတွေကိုလည်း သူတို့ချစ်တယ်။ အားလပ်ချိန်မှာ သံစဉ်တွေနဲ့ သူတို့ရဲ့စိတ်နှလုံးကို သာယာစေတယ်။ ပျော်ရွှင်စေတယ်။

ရာစုသစ်တစ်ခုမှာ ရှင်သန်နေတဲ့ငါတို့က စာအုပ်ကိုချစ်သင့်တယ်။ စာအုပ်ကို ချစ်တယ်၊ ဖတ်တယ်၊ စုဆောင်းတယ်။ စာအုပ်တွေနဲ့ ဖက်လှဲတကင်းနေထိုင်၊ ပေါင်းသင်းတဲ့အချိန်ဟာ ဘဝကိုခံစားသက်ဝင်ရ အပျော်ဆုံးအချိန်ဖြစ်တယ်။

စာဖတ်တဲ့လူဟာ ကောင်းကင်ပေါ်က ကြယ်ကလေးတွေဖြစ်တယ်။ လရောင်ကြောင့်လင်းလက်တဲ့ကောင်းကင်ကို ပိုတောက်ပစေတယ်။ သန်မာကြံ့ခိုင်တဲ့စိတ်ဓာတ်၊မိမိကိုယ်ကိုယ်ယုံကြည်တဲ့ ခေတ်လူငယ်တစ်ဦး ဖြစ်ချင်ရင် စာဖတ်ခြင်းက အကောင်းဆုံး ရွေးချယ်ရာလမ်းဖြစ်တယ်။

စာအုပ်က လူတွေကို ရိုင်းစိုင်းကြမ်းတမ်းခြင်းနဲ့ ဝေးကွာစေတယ်၊ သိမ်ငယ် အားငယ်ခြင်းကို ဖယ်ရှားပေးတယ်။ မိန်းကလေးတစ်ယောက်ကို ချစ်ခင်နှစ်လိုစွဲမက်စေတယ်။စာဖတ်တဲ့သူဟာ စာအုပ်ရနံ့နဲ့ ကိုယ့်ကိုယ်ကိုအကောင်းဆုံးဖြစ်အောင် လုပ်တယ်။
သူဟာတိမ်တစ်ပွင့်လို ဖြူစင်နိုင်တယ်၊ ရေနွေးကြမ်းတစ်ခွက်လို မွှေးပျံ့နိုင်တယ်၊ ကန်ရေပြင်လို အေးဆေးတည်ငြိမ်နိုင်တယ်၊ ညနေဆည်းဆာလို အရောင်အသွေးစုံနိုင်တယ်။

စာဖတ်တဲ့လူက အမှားအမှန်ကို ခွဲခြားသိနိုင်တယ်၊ ဖြားယောင်းသွေးဆောင်တာကို လျစ်လျူရှုနိုင်တယ်။ စာဖတ်တယ်.. စာအုပ်ထဲက လတ်ဆတ်ရိုးရှင်းတဲ့စကားလုံးတွေက
သင့်ရဲ့ဖုန်အလိမ်းလိမ်းတက်နေတဲ့ စိတ်ဓာတ်၊ ညိုးငယ်စိတ်၊ အားငယ်စိတ်၊ ကြမ်းတမ်းခက်ထန်မှုကို ဆေးကြောပစ်နိုင်တယ်။ ငယ်ရွယ်နုပျိုခြင်းက တိုတောင်းတယ်၊ ရုပ်ရည်က အိုလွယ်တယ်။ စာအုပ်ရနံ့ကသာ သင့်အပါး အမြဲမွှေးပျံ့နိုင်မှာဖြစ်တယ်။


ဒီထဲက လိုအပ်တာလေးတွေကိုပဲ ကောက်နုတ်ဘာသာပြန်ပါတယ်
http://www.duwenzhang.com/wenzhang/shenghuosuibi/20120701/231535.html

နိုင်းနိုင်းစနေ (Nov. 13. 2013)

အငိုလွယ်တဲ့ မိန်းကလေးတွေအတွက်



မိန်းကလေးတိုင်း ငိုတဲ့အချိန်ရှိခဲ့ဖူးကြမယ်။ အငိုလွယ်တဲ့မိန်းကလေးတွေအတွက် ရည်ရွယ်ပါတယ်။

"ကောင်မလေးရေ... မငိုပါနဲ့"

ပျော်ရွှင်ခြင်းကို မျက်ရည်နဲ့ ဘယ်သူလဲလှယ်နိုင်ခဲ့ဖူးသလဲ

ကျွန်မလဲခဲ့ပါတယ်လို့ တချို့မိန်းကလေးတွေ ပြောကောင်းပြောလိမ့်မယ်။ မျက်ရည်နဲ့အသနားခံပြီး လဲခဲ့တဲ့ပျော်ရွှင်ခြင်းက တကယ့်ပျော်ရွှင်ခြင်းလို့ မမည်ပါဘူး။ အဲဒီအရာကို ကိုယ်ချင်းစာခြင်းရောနေတဲ့ကရုဏာလို့ပဲ ပြောလို့ရတယ်။ ငိုပြီးတော့လည်း အတိတ်ထဲမှာပဲ သင်ရှင်သန်နေမယ်ဆို မငိုပါနဲ့.. ကောင်မလေး..

ဘဝမှာ အရေးမပါတဲ့အရာတချို့ကြောင့် မငိုလိုက်ပါနဲ့ ကောင်မလေး။ လဲကျရင် ပြန်ထရပ်ပါ။ ကိစ္စမရှိပါဘူး။ သင်ကြုံတွေ့တဲ့အခက်အခဲများလေ အောင်မြင်ခြင်းဆီ သင်ရောက်ဖို့ နီးကပ်လာလေပါပဲ။ စကားတစ်ခွန်းက ဒီလိုဆိုတယ် "ဆောင်းရောက်လာပြီဆိုမှတော့နွေဦးဝေးတော့မလား"တဲ့။
ချုပ်တည်းထားတာတွေကို သင်ဖောက်ထုတ်ချင်ရင် လူသူမရှိတဲ့နေရာတစ်ခုမှာ "ငါ ဘယ်သူလဲ.. ငါ ဘယ်သူ့ကို ကြောက်နေရမှာလဲ"လို့ အော်ဟစ်လိုက်ပါ။
ငါကြိုးစားရင်ဖြစ်တယ်ဆိုတဲ့ စိတ်ထားမျိုးကို ရင်ဝယ်ပိုက်ထားပါ... လေပြင်းမုန်တိုင်းတွေ ဒီထက်ကြမ်းချင်ကြမ်းပါစေပေါ့....

အရေးမပါတဲ့အရာလေးတစ်ခုဆုံးရှုံးလို့ မငိုလိုက်ပါနဲ့ ကောင်မလေး။ ဆုံးရှုံးသွားတဲ့အရာ ပြန်မရနိုင်တော့ပေမယ့် အသစ်တစ်ဖန်ကြိုးစားခွင့်တော့ ငါတို့မှာရှိသေးတယ်။ ပိုင်ဆိုင်ပြီးရင် ဆုံးရှုံးတယ်၊ ဆုံးရှုံးပြီးရင် ပိုင်ဆိုင်တယ်.. ဒီသဘောပါပဲ။ သင်ကသာ ဆုံးရှုံးသွားတဲ့အရာအတွက် ဝမ်းနည်းပူဆွေးပြီး ရယူခဲ့တဲ့အရာကို သတိမမူမိတာပါ။ တစ်ခုခုဆုံးရှုံးသွားတဲ့အခါ စိတ်ငြိမ်ငြိမ်ထားပြီး ငါ့မှာဘာရှိသေးလဲ၊ ငါဘာရခဲ့သလဲဆိုတာကို တွေးတောကြည့်ပါ။ မဆုံးရှုံးခင် တန်ဖိုးထားဖို့ကိုရော သင်သတိရခဲ့ရဲ့လား။ တစ်ခါဆုံးရှုံးရင် တစ်ခါတန်ဖိုးတတ်ဖို့ ပိုနားလည်လာပါတယ်။ ဒါကြောင့် အခုသင်ပိုင်ဆိုင်နေတာတွေကို တန်ဖိုးထားပါ၊ မြတ်နိုးပါ။ သင့်ခြေဖဝါးအောက်က အခုလျှောက်လှမ်းနေတဲ့လမ်းကိုလည်း တန်ဖိုးထားပါ။ ပျော်ရွှင်ခြင်းရှိရာဆီ သင့်ကို သူသယ်ဆောင်သွားပါလိမ့်မယ်။


source : http://www.duwenzhang.com/wenzhang/shenghuosuibi/20130613/258347.html

နိုင်းနိုင်းစနေ (Nov. 14. 2013)

Wednesday, November 13, 2013

အချစ်စစ် နဲ့ ရွေးချယ်မှု



နင့်ထက်ချောပြီးလှတဲ့ သူတွေကို
ငါရင်မခုန်ပါဘူး...
နင်ငါ့ကို လေးလေးနက်နက်
ချစ်တယ်လို့ ပြောတတ်တာလေးကိုပဲ 

ရင်ခုန်တာပါ...

နင့်ထက် ပြီးပြည့်စုံပြီး လှနေတဲ့
သူတွေကို ငါမချစ်ပါဘူး...
နင့်ရဲ့ဖြူစင်တဲ့ စိတ်ထားလေးတွေကိုပဲ 

ငါချစ်တာပါ...

နင့်ထက် ဘယ်လောက်ပဲ တော်ပြီး 

ကောင်းနေပါစေ ငါရွေးချယ်မှာ 
မဟုတ်ပါဘူး...
ငါ့အပေါ် နားလည်မှုလေးနဲ့ 

အနားမှာ အမြဲရပ်တည်ပေးတတ်တဲ့
နင့်ကိုပဲ ငါရွေးချယ်မှာပါ...

ကိုယ့်ကို တကယ်ချစ်တဲ့ လူဆိုတာဟာ 

ရွေးချယ်မှုတွေမရှိမှ ကိုယ့်ကို
ရွေးချယ်တတ်တဲ့ သူမျိုးမဟုတ်ပါဘူး 

ရွေးချယ်မှုတွေ များစွာရှိတဲ့ အထဲကမှ 
ကိုယ့်ကိုပဲ ရွေးချယ်တတ်တဲ့ သူမျိုးပါ...


Phoe Phyu
Poem

Shared from Myawady News (FB)

Sunday, November 10, 2013

The Pending Coffee


အထင်မသေးစေလို...


ဆင်းရဲသားကောင်လေးတစ်ယောက်က သူဌေးသမီးလေး တစ်ယောက်ကို ချစ်မိပြီးတော့ ရည်းစားစကား သွားပြောတယ်။ကောင်မလေးက “ဒီမှာ.. ငါပြောတာကို  သေသေချာချာနားထောင်.. နင်တစ်လလုံးလုပ်တဲ့ လုပ်အားခက ငါ့ရဲ့တစ်နေ့ တာ အပြင်း ပြေ ဈေးဝယ်ထွက်ရင်း သုံးသလောက်တောင်မရှိဘူး.. အဲဒိတော့ ငါ့အနေနဲ့ နင့်ကို အိမ်ထောင်ဘက်အဖြစ် ရွေးချယ်သင့်တယ်လို ထင်သလား….. ငါနင့်ကို ဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူး.. ငါ့ကိုမေ့လိုက်ပါ.. နင်နဲ့ ဂုဏ်ရည်အဆင့်အတန်း တူတဲ့ တခြားမိန်းခလေး တစ်ယောက်ယောက်ကိုပဲ လက်ထက်ဖို့ စဉ်းစားပါ” လို့ 
မောက်မောက် မာမာပြောပြီး လှည့်ထွက်သွားတယ်။ ဒါပေမဲ့ ကောင်လေးကတော့ ကောင်မလေးကို ဘယ်လို့ မှ မေ့ပြစ်လို့ မရဘူးဖြစ်နေတယ်။

နောက်ဆယ်နှစ်လောက်ကြာတော့ ဈေးဝယ်ထွက်ရင်း သူတို့ နှစ်ဦး ဆုံဖြစ်ကြတယ်။

“ ဘယ်လိုလဲ အဆင်ပြေရဲ့လား… အခုငါ အိမ်ထောင်ကျသွားပြီ.. ငါ့အမျိုးသားရဲ့ လခ ဘယ်လောက်ရတယ်ဆိုတာ နင်သိချင်မှာပေါ့.. ငါပြောပြမယ်… သူ့ ရဲ့ဝင်ငွေက တစ်လကို သိန်းတရာ ရှိတယ်... ပြီးတော့ သူက အရမ်းစမတ်ကျတဲ့ လူရေသန့် တစ် ယောက်ပဲ ဟ…” လို့ ကောင်မလေးက စပြောတယ်။
ကောင်မလေးရဲ့ စကားတွေကို ကြားရတော့ ကောင်လေးခမျာ မျက်ရည်ပါလည်သွားရှာ တယ်။
ခဏနေတော့ ကောင်မလေးရဲ့ အမျိုးသား ရောက်လာတယ်။ကောင်မလေးက တစ်ခုခု ဆက်ပြောဖို့ လုပ်နေချိန်မှာပဲ သူ့ ရဲ့ အမျိုးသားက ကြားဖြတ်ပြီးတော့ “ ဟာ ..ဆရာ ဒီရောက်နေတာပဲ..” လို့ ပြောပြီး သူ့ အမျိုးသမီးဘက်ကို လှည့်ကြည့်လိုက်တယ်။ ပြီး တော့ ကိုယ်က ဒီဆရာရဲ့ လုပ်ငန်းခွင်တစ်ခုမှာ လက်ထောက်လုပ်မှာလေ…ဆရာက တော့ တစ်လကို သိန်းတစ်ထောင်လောက် ဝင်တယ်… ပြီးတော့ မင်းသိမလားတော့ မသိဘူး… ဆရာက ကောင်မလေးတစ်ယောက်ကို သိပ်ချစ်ခဲ့ဘူးတယ်…. ဒါပေမဲ့ လက်ထက်ခွင့် မရခဲ့ဘူး… ဒါကြောင့် ဆရာက အခုထိ လူပျိုကြီး အဖြစ်နဲ့ ဆက်နေ နေတာ.. အဲ့ဒိမိန်းခလေးကတော့ ဒီလိုသစ္စာလည်းရှိ ငွေရှာလဲ အရမ်းတော်တဲ့ သူရဲ့အချစ်ကို ရလိုက်တာ အရမ်းကံကောင်းတာပဲနော်… ဒီလိုခေတ်အခါ ကာလကြီးမှာ သူ့ လိုဘယ်သူက ချစ်နိုင်ဦးမှာလဲ..” လို့ ဆက်ပြောလိုက်တယ်။

မှတ်ဖွယ်။ ။ အလွန်တိုတောင်းလှတဲ့ လူ့ ဘဝ တခဏတာလေးမှာ ကိုယ့်ကိုယ်ကို မာန်တွေတက်ပြီး သူတစ်ပါးကို နှိမ်ချမဆက်ဆံပါနဲ့ ။ အခြေနေဆိုတာ အချိန်နဲ့ အမျှ ပြောင်းလဲနေတယ်။ ကိုယ့်ဘက်က ပြန်မချစ်နိုင်ရင်တောင် သူတစ်ပါးရဲ့ ချစ်ခြင်းကို လေးစား တန်ဖိုးထားသင့်တယ်။

++++ မျှဝေခြင်းဆိုတာ ကူညီစောင့်ရှောက်ခြင်း တစ်မျိုးပါပဲ။ ဒါကြောင့် ဒီပုံပြင်လေးကို ကြိုက်ရင် Like လုပ်ပြီး ကိုယ့်မိတ်ဆွေတွေအတွက် ရှယ်ပေးကြပါလို့ တောင်းဆို ပါရစေ။


Credit (Discoveries Myanmar) { L L}
Shared from ပြည်မြန်မာ (FB)

Saturday, November 9, 2013

This is a true story that happened in Japan


In order to renovate the house, someone in Japan breaks open the wall.

Japanese houses normally have a hollow space between the wooden walls.

When tearing down the walls, he found that there was a lizard stuck there because a nail from outside hammered into one of its feet. He sees this, feels pity, and at the same time curious, as when he checked the nail, it was nailed 10 years ago when the house was! first built.

What happened?

The lizard has survived in such position for 10 years! In a dark wall partition for 10 years without moving, it is impossible and mind-boggling. Then he wondered how this lizard survived for 10 years! without moving a single step–since its foot was nailed!

So he stopped his work and observed the lizard, what it has been doing, and what and how it has been eating. Later, not knowing from where it came, appears another lizard, with food in its mouth. Ah! He was stunned and touched deeply. For the lizard that was stuck by nail, another lizard has been feeding it for the past 10 years…

Imagine? it has been doing that untiringly for 10 long years, without giving up hope on its partner. It was a beautiful love … love. Love can happen even between small animals. What can be done by love? Of course, a miracle.

I was touched when I read this story. Then I started thinking about the relationship between family, friends, brothers, sisters ….. what extent is still there to love them.

Think, will u do that to your partner?

Think that will you do it to your Mom,

Who brought you after a big struggle of Nine long months ?

Or at least to your Dad, Friends, Co-workers, brothers and Sisters?

Imagine what a small creature can do that a creature blessed with a brilliant mind can’t.

As information and communication technology advances, our access to information becomes faster and faster. But the distance between human beings . . . is it getting closer as well?

Please never abandon your loved ones.

P.S – One may argue that this story is too good to be true. We do not claim it to be true. But we want to believe that this can happen. May Triple Gem Bless You!


Shared from Buddhist Broadcasting Network

Reference Link: http://www.bbncommunity.com/true-story-happened-japan/

ကော်ကြော်


ပါဝင်ပစ္စည်းများ

၁။ကော် ၅ ကျပ်သား
၂။ဝက်သား ၅ ကျပ်သား(၀က်သားအစား မိမိ ကြိုက်နှစ်သက်ရာ အသားကိုထည့်နိုင်ပါသည်)
၃။တရုတ်နံနံပင်
၎။ဆား
၅။အချိုမှုန့် 
၆။ဆီ
၇။ကြက်သွန်ဖြူ ၂ ဥ

ကြော်နည်း

၁။ကြက်သွန်ဖြူကို အခွံခွာ ရေဆေးပြီး ညက်အောင်ထောင်းပါ။ဝက်သားကို ရေဆေးပြီး အတုံးသေးသေး တုံး ၊ နူးအောင် ရေဖြင့် ပြုတ်ထားပါ။

၂။တရုတ်နံနံပင်ကို ရေဆေးပြီး ပါးပါးလှီးထားပါ။

၃။ကော်မှုန့် ကို ရေဖြင့် ပြစ်ပြစ်ဖျော်ပါ။ထိုဖျော်ထားသော ကော်ရည်ထဲသို့  ပြုတ်ထားသော ၀က်သား ၊ ဆား ၊ အချိုမှုန့် ၊ လှီးထားသော တရုတ်နံနံပင်တို့ ကိုထည့်ပါ။

၎။မီးဖိုတွင် ဒယ်တိုးတင်ပြီး ဆီအနည်းငယ်ထည့်ပါ။ဆီကျက်လျှင် ထောင်းထားသောကြက်သွန်ဖြူကိုထည့်ပြီး ဆီသတ်ပါ။ကြက်သွန်များ အနည်းငယ်နီလာလျှင် ဖျော်ထားသော ကော်ရည်ကိုလောင်းထည့်ပြီး မွှေပေးပါ။

၅။ကော်အရောင် ကြည်ကြည်လေးဖြစ်လာပြီဆိုရင်တော့ ဒယ်အိုးမှ ချနိုင်ပါပြီ...

ဒါဆိုရင်တော့ အရသာ အလွန်ကောင်းမွန်တဲ့  ကော်ကြော်လေးရပြီပေါ့နော်..

လွယ်တယ်နော်...ကြော်စားကြည့်....အားလုံး အဆင်ပြေကြပါစေ။


EMK
Shared from ကြိုက်နှစ်သက်မိသော အစားအစာများ (FB)

Wednesday, November 6, 2013

ဘ၀အတွက် အာဟာရ စကားများ (၂၃) ခွန်း


(၁) မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာ ရှင်သန်လို့ အကောင်းဆုံးအရာတွေပါပဲ။

(၂) သူပြုံးမှ ကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီး ပြုံးလိုက်ပါ။

(၃) လွယ်တယ်ဆိုပြီး မပေါ့ပါနဲ့ ဘ၀ရဲ့သီအိုရီမှာ အသေးအဖွဲဆိုတာ မရှိပါဘူး။

(၄) ယုံကြည်မှုရှိမှ အရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့ စွမ်းအားနဲ့သတ္တိ ရှိမှာပါ။

(၅) မစဉ်းစားဘဲ လုပ်လိုက်တာ မှန်သွားရင်တောင် အကြိမ်တစ်ရာမှာ တစ်ခါလောက်ပဲ ဖြစ်မှာပါ။

(၆) ဖန်ခွက်ထဲမှာ ရေတစ်စက်ရှိတာဟာ လုံးဝမရှိတာထက်စာရင် တော်ပါသေးတယ်။

(၇) ကံတရားပါကွာလို့ ပြောနေသရွေ့ ဥာဏ်သမားဖြစ်လာမှာ မဟုတ်ဘူး။

(၈) စေတနာသည် ကံတရား၏ အရင်းအမြစ် ဖြစ်သည်။

(၉) သံသယပျောက်စေဖို့ အကောင်းဆုံးနည်းလမ်းကတော့ လုံးဝယုံကြည်ဖို့ပဲ။

(၁၀) ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့ မင်းဟာ လူမိုက်ပဲ။

(၁၁) ကံကြမ္မာဆိုတာ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတောင် ပြောင်းလဲပစ်နိုင်တယ်။

(၁၂) လိုအပ်တဲ့အခြေနေတွေ အားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီး ထိုင်စောင့်နေတဲ့သူဟာ အလကား အချိန်ဖြုန်းနေတာပါပဲ။

(၁၃) လူတိုင်းဟာ အမှားနဲ့မကင်းပေမဲ့ ခဏခဏတော့ မမှားသင့်ဘူးလေ။

(၁၄) ဘ၀ဆိုတာ ပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့ ကျောင်းပါပဲ။

(၁၅) ဒုက္ခအနီးတွင် သုခရှိ၏။

(၁၆) ဘ၀မြင့်သွားပေမဲ့ ဘ၀င်မမြင့်ပါစေနဲ့။

(၁၇) ရိုးသားမှုကိုထိခိုက်လာရင် မာနဆိုတဲ့လက်နက်ကို ထုတ်သုံးရလိမ့်မယ်။

(၁၈) ဘ၀ဆိုတာ အစမ်းသဘောအဖြစ် နေထိုင်ခွင့်မရှိတဲ့ အရာပါ။

(၁၉) ပျက်စီးခြင်းတွေထဲမှာ ဆုံးရှုံးမှုအများဆုံးကတော့ စိတ်ဓာတ်ပျက်စီးခြင်းပါပဲ။

(၂၀) အချစ်တွက်နဲ့ အသက်ပင်သေသေဆိုပြီး ဂုဏ်ယူမနေကြပါနဲ့ အဲဒါမိုက်ရူးရဲဆန်တာပါပဲ။

(၂၁) နားလည်မှုရှိနေသရွေ့ မေတ္တာတရားဆိုတာ မွေးဖွားနေဦးမှာပဲ။

(၂၂) ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာ အခြေခံအကျဆုံးအရာပါပဲ။

(၂၃) ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာ အမြဲဒွန်တွဲနေလျှက်ပါ။


Original up-loader ( < --- Credit )
✍ ဘ၀ကျောင်းဖတ်စာ
Shared from ဘ၀ကျောင်းဖတ်စာ (FB)

Tuesday, November 5, 2013

မရဖူးတာ တစ်ခုမှ မရှိ


မရဖူးတာ တစ်ခုမှ မရှိဘူးတဲ့။
မတော်ဖူးတဲ့ ဆွေမျိုးလည်း မရှိ။
မရောက်ဖူးတဲ့ နေရာလည်း မရှိ။
မမြှုပ်ဖူးတဲ့ သင်္ချိုင်းမြေလည်း မရှိ။
ဗြဟ္မာပြည် ဆိုတာလည်း မဆန်း။
နတ် ပြည် ဆိုတာလည်း မဆန်း။
ရွှေ ငွေ ဥစ္စာတွေ ဆိုတာလည်း မဆန်း။
တိုက်တာ ခြံမြေ ကားတွေလည်း မဆန်း။
အိမ်ထောင်သားမွေး ကိစ္စတွေလည်း မဆန်း၊
လူချမ်းသာ ဘဝ၊ ဘုရင်မင်းဘဝတွေလည်း မဆန်း။

သူတောင်းစားဘဝ၊ ပါမောက္ခဘဝ ၊ အနူအဝဲ အကျိုးအကန်းဘဝ၊ အချော အလှ ဘဝ အကြိမ် ကြိမ် ဖြစ်ခဲ့ရတာကို ဒီတရားမှ တဆင့် ပြန်သိရပါတယ်။ ဘယ်မှာ စိတ်ကျကျ၊ ဘယ်လို ပုံဖော်ပြီးစိတ်ကူးတွေ ယဉ်ယဉ် ရိုးနေပြီ။

စိတ်ကျက်စားလို့ ပျော်စရာနေရာ ရှာမရနိုင်တော့တာ သံဝေဂဉာဏ် ဖြစ်ပါတယ်။ ဘယ် ဘဝ ပဲ ဖြစ် ဖြစ် အို နာ သေ နဲ့ပဲ အဆုံးသတ်ရတာ။
နောက်ဆုံး အကုန်ထားခဲ့ရတာ။ ပင်ပန်းလှပါပြီ။

အဲဒီ ဆင်းရဲတဲ့ အကြောင်းရင်းက အဝိဇ္ဇာ ကြောင့်လို့ ဟောကြားခဲ့ပါတယ်။ လောကမှာ တွေးချင်တာ တွေး။ စိတ်ကူးကို ကြိုက်သလိုယဉ်။ ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ မှန်သမျှသည် အကုန် ဖြစ်ခဲ့ဖူးပြီ။


မဖြစ်ဖူးတာ တစ်ခုမှ မရှိ။
မရဖူးတာ တစ်ခုမှ မရှိ။
မရဖူးတာ နိဗ္ဗာန် တစ်ခုသာ ကျန်ပါတော့တယ်။


(ပိုင်းလော့ ဆရာတော်ကြီး အရှင်ဇေယျပဏ္ဍိတ)

Shared from နှလုံးသားအာဟာရ (FB)

Monday, November 4, 2013

ဝက်သား လက်ဖက်နှပ်


ခါးဝတ်ပုဆိုးလို သတိ



များလိုက်တဲ့ သံယောဇဉ်လို့ မှတ်နေတာ

ဘယ်ဟုတ်မလဲ သံယောဇဉ်ဆိုတာ

ငါမထားဘူး ဒါပေမဲ့ ညှိတွယ်နေတယ်

နောက်မှ သိလိုက်ရတယ်..... အော်

ငါ့သတိ မထားမိတာကိုး သတိလက်လွတ်

စိတ်လက်လွတ် ဖြစ်နေတယ် ဒါကြောင့်

သတိကို မိမိနဲ့အတူ ခါးဝတ်ပုဆိုးလိုထားပါ။

( အရှင်မုနိန္ဒ(ပန်းထော်) )


Shared from နှလုံးသားအာဟာရ (FB)

Sunday, November 3, 2013

လက်ဖက်နံ့ သင်းသင်းလေးနဲ့ ကြက်သားလက်ဖက် အချိုချက်


ကြက်သားကိုရေဆေးကာ ဆား၊ ကြက်သားမှုန့်၊ရှာလကာရည်အနည်းငယ်၊ အချောင်းလေးများဖြစ်အောင် လှီးထားသော ဂျင်းသင့်ရုံ၊ ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူနှင့် လေးစိပ်စိပ်ထားသော ကြက်သွန်နီတို့ကိုနယ်ကာ နာရီဝက်ခန့် နှပ်ထားပါ။ ထိုနောက် ဆီသင့်ရုံကို ပုံမှနိမီးနှင့် ပူအောင်တည်ပါ။ဆီပုပါက သကြားတဇွန်းကိုထည့်ကာ ဆီသတ်ပါ။ သကြားပျော်ကာ အညိုရောင်သန်းပါက နယ်ထားသောကြက်သား ထည့်ကာလုံးပါ။ကြက်သားတင်းကာ လုံးလာပါက ရေနွေးသင့်ရုံထည့်ကာ အဖုံးအုပ်ထားပါ။ ရေခမ်းစပြုပါက လက်ဖက် (ကျမကတော့ ဗေဒါရွှေကြာ လက်ဖက်ညွန့် သုံးထားပါတယ်) လက်တစုပ်စာနှင့်အတူ ညက်အောင်ထောင်းထားသော ငရုတ်သီးစိမ်းအနည်းငယ်နှင့် ကြက်သွန်ဖြူရောကာ ကြက်သားနှင့်အတူရောကာ ဆီပြန်သည်ထိ ချက်ပေးပါ။ ဆီပြန်ပါက သုံးဆောင်ရန်အသင့် ထမင်းမြိန်စေမယ့် ကြက်သားလက်ဖက်ဟင်းလေး ရပါပြီရှင်။

မှတ်ချက်။   ကြက်သားအစား ဝက်သားနှင့်လည်း ချက်နိုင်ပါတယ်ရှင်။ဒီဟင်းချက်နည်းလေးကို မျှဝေပေးတဲ့ မမင်းမင်းအေးကို ကျေးဇူးအထူးပါရှင်။

Shared from မေ့မေ့သမီး Cooking (FB)