Tuesday, November 19, 2013

“ အပြစ်တင်မလို့လား ”



သူတစ်ပါးကိုအပြစ်တင်မလို့လား။ ဒီလူကအကောင်းကို
မမြင်တတ်တာဆိုတော့အဆိုးတွေပဲမြင်နေတာပေါ့။
အဆိုးမြင်တဲ့လူကအမြင်ကိုက ဆိုးနေလို့ပါ လူတစ်ယောက်ကို
အပြစ်မြင်ဖို့ဆိုရင်သင့်စိတ်ထဲမှာဘာတွေ ပြောင်းလဲပြစ်ရပါလဲ။

ကောင်းနေတဲ့စိတ်ကို ဆိုးအောင်ပြောင်းရတော့မယ်
အပြစ်တင်တယ်ဆိုတာ ဒေါသကြောင့်အပြစ်တင်တာပါ။
လောဘကြောင့်အပြစ်တင်တာပါ။ မာနကြောင့်အပြစ်
တင်တာပါ။ မနာလိုစိတ်ကြောင့် အပြစ်တင်တာပါ။
ဝန်တိုစိတ်ကြောင့်အပြစ်တင်တာပါ။

သူတစ်ပါးကိုအပြစ်တင်နေတဲ့သင့်စိတ်ကိုသင်ပြန်ကြည့်
ပါဦး။ နားထောင်သူဘက်က ဘာဖြစ်သွားမလည်းဆိုတာ
မသေချာပေမယ့်သင့်စိတ်တွေအားလုံးကတော့ သင်ဖျက်ဆီး
လို့ပျက်စီးနေပါပကော။

သင်အပြစ်တင်သင့်တာကသင့်ကို သင်သာအပြစ်တင်
သင့်တာပါ။ ဒေါသစိတ်ဖြစ်တဲ့လူဟာ ဒေါသမျက်လုံးနဲ့ပဲ
မြင်တတ်ပြီး ဒေါသစကားလုံးတွေပဲထွက်လာတတ်တယ်။

ဒါကြောင့်အပြစ်တင်တယ်ဆိုတာ သင့်နှလုံးသားထဲက
ပျက်စီးနေတဲ့အခြေအနေတစ်ရပ်ကိုဖေါ်ပြတာပါပဲ။
ကိုယ့်စိတ်ကိုကိုယ်controlလုပ် နိုင်တဲ့လူဟာသူများကို
အပြစ်မတင်တော့ဘူး။ စိတ်ကိုcontrolလုပ်နိုင်ဖို့ဆိုရင်
တရားရှူမှတ်ခြင်းဖြင့်သာရနိုင်ပါတယ်။ အပြစ်မတင်
ပါနဲ့လား။ အားလုံးအပြစ်တင်ခံရခြင်း အပြစ်တင်တတ်ခြင်းမှ
ကင်းဝေးပါစေ။


- အရှင်ဝိလာသဂ္ဂ
( ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတေ် )
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

Shared from Young Buddhist's Association (FB)

No comments:

Post a Comment