မရဖူးတာ တစ်ခုမှ မရှိဘူးတဲ့။
မတော်ဖူးတဲ့ ဆွေမျိုးလည်း မရှိ။
မရောက်ဖူးတဲ့ နေရာလည်း မရှိ။
မမြှုပ်ဖူးတဲ့ သင်္ချိုင်းမြေလည်း မရှိ။
ဗြဟ္မာပြည် ဆိုတာလည်း မဆန်း။
နတ် ပြည် ဆိုတာလည်း မဆန်း။
ရွှေ ငွေ ဥစ္စာတွေ ဆိုတာလည်း မဆန်း။
တိုက်တာ ခြံမြေ ကားတွေလည်း မဆန်း။
အိမ်ထောင်သားမွေး ကိစ္စတွေလည်း မဆန်း၊
လူချမ်းသာ ဘဝ၊ ဘုရင်မင်းဘဝတွေလည်း မဆန်း။
သူတောင်းစားဘဝ၊ ပါမောက္ခဘဝ ၊ အနူအဝဲ အကျိုးအကန်းဘဝ၊ အချော အလှ ဘဝ အကြိမ် ကြိမ် ဖြစ်ခဲ့ရတာကို ဒီတရားမှ တဆင့် ပြန်သိရပါတယ်။ ဘယ်မှာ စိတ်ကျကျ၊ ဘယ်လို ပုံဖော်ပြီးစိတ်ကူးတွေ ယဉ်ယဉ် ရိုးနေပြီ။
စိတ်ကျက်စားလို့ ပျော်စရာနေရာ ရှာမရနိုင်တော့တာ သံဝေဂဉာဏ် ဖြစ်ပါတယ်။ ဘယ် ဘဝ ပဲ ဖြစ် ဖြစ် အို နာ သေ နဲ့ပဲ အဆုံးသတ်ရတာ။
နောက်ဆုံး အကုန်ထားခဲ့ရတာ။ ပင်ပန်းလှပါပြီ။
အဲဒီ ဆင်းရဲတဲ့ အကြောင်းရင်းက အဝိဇ္ဇာ ကြောင့်လို့ ဟောကြားခဲ့ပါတယ်။ လောကမှာ တွေးချင်တာ တွေး။ စိတ်ကူးကို ကြိုက်သလိုယဉ်။ ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ မှန်သမျှသည် အကုန် ဖြစ်ခဲ့ဖူးပြီ။
မဖြစ်ဖူးတာ တစ်ခုမှ မရှိ။
မရဖူးတာ တစ်ခုမှ မရှိ။
မရဖူးတာ နိဗ္ဗာန် တစ်ခုသာ ကျန်ပါတော့တယ်။
(ပိုင်းလော့ ဆရာတော်ကြီး အရှင်ဇေယျပဏ္ဍိတ)
Shared from နှလုံးသားအာဟာရ (FB)
No comments:
Post a Comment