Thursday, August 30, 2012

ကုသိုလ် အကုသိုလ်



ပြောတဲ့စကား၊ကြားတဲ့အသံက ကုသိုလ်လား၊အကုသိုလ်လား ခွဲခြားသိပြီး အကုသိုလ်ဆို ပျောက်သွားအောင် ရှုမှတ်ရမှာ။

ကုသိုလ်က ပင်လယ်ကြီးကို ဖြတ်နိုင်တဲ့ သင်္ဘောကြီးနဲ့တူတယ်။

အကုသိုလ်က ရေထဲမြှုပ်နိုင်တဲ့ ကျောက်ခဲနဲ့တူတယ်။

အကုသိုလ်ကျောက်ခဲတွေနည်းနေသေးရင်တော့ အကျိုးမပေးသေးဘူးနော်။

အကုသိုလ်ကျောက်ခဲတွေများလာရင်တော့ သင်္ဘောကြီးမြှုပ်မှာပဲ။



ကုသိုလ်ဓါတ်များမှ ရွှေ၊ငွေ၊စည်းစိမ်မြဲမယ်။ကုသိုလ်ဓါတ်များရင် မကောင်းတာ မကြားရဘူး။

ဘုရားရှိခိုးနေရင်း ကိုယ်ပါမြောက်တက်လာပြီး စိတ်က အရမ်းကြည်နူးလာပြီဆိုရင် ချမ်းသာပြီ။



လင်မယားရန်ဖြစ်၊ဟိုဘက်ဆွေမျိုးမကျေနပ်၊ဒီဘက်ဆွေမျိုးမကျေနပ်ဖြစ်ရင် ရှိသမျှစည်းစိမ်ကုန်မယ်။

ရွှေ၊ငွေ၊ပစ္စည်း အပေါင်ဆိုင်ရောက်မယ်။ကုန်သင့်လို့ ကုန်တာနော်။မရှိလို့ရောင်းစားတယ်ထင်မယ်။မဟုတ်ဘူးနော်။

ကုသိုလ်ဓါတ် မရှိရင် ဘာမှမမြဲဘူး။

ကုသိုလ်ဓါတ်နည်းရင်တော့ မကောင်းတာဘဲ ကြားရမယ်။

အကုသိုလ်စိတ်များရင် မဟုတ်တာ အဟုတ်ထင်နေတတ်တယ်။ဘုရားရှိခိုးချင်စိတ်မရှိတော့ဘူး။



သားသမီးကို တကယ်ချစ်ရင် အပျော်အပါးတွေ အပေါ်စက် အောက်စက်တွေနဲ့ အလိုမလိုက်နဲ့။ကုသိုလ်ဓါတ်အမွေပေးနော်။

တကယ်ချစ်ရင် ဘုန်းကြီးကျောင်းခေါ်၊တရားနာခိုင်း၊နေ့စဉ်ဒါနပြု၊ဥပုသ်စောင့်၊အားပြည့်လာမယ်နော်။

ရှိတဲ့ ရတနာပစ္စည်းနဲ့ကုသိုလ်နဲ့အချိုးတည့်မှ မြဲမှာနော်။

နေ့စဉ် တီဗွီ၊ရုပ်ရှင်နဲ့ အချိန်ကုန်၊ဟိုဟာလုပ်၊ဒီဟာလုပ်။မဟုတ်တာတွေနဲ့ အချိန်ကုန်ရင် မဟုတ်တာတွေပဲ ဖြစ်မယ်နော်။

ကုသိုလ်ဓါတ်ထွက်အောင် မလုပ်ရင် ကြာရင် စွမ်းအားကုန်မယ်။အဆင်မပြေတာတွေ ဖြစ်လာမယ်နော်။



ငွေဝင်သလောက်ထွက်နေပြီဆိုရင် ကုသိုလ်ဓါတ်နည်းနေပြီဆိုတာ သတိထားတော့။

ကုသိုလ်ဓါတ်ထွက်အောင်လုပ်တော့။အပျော်အပါးလျှော့တော့။ဥပုသ်ရက်ရှည်စောင့်။ဘုရားစင်ရှေ့ထိုင်။



အကုသိုလ်ဓါတ်များတဲ့ ပုဂ္ဂိုလ်ရဲ့အသွေးအသားမှာ မကောင်းတာကို အကောင်းထင်တယ်။မဟုတ်တာမှ အဟုတ်ထင်တယ်။

ပြစ်မှားတာများတဲ့ပုဂ္ဂိုလ်သည် စွမ်းအားတွေကျနေတာ။



အကုသိုလ်အကျိုးပေးလာတဲ့အချိန်မှာ ကုသိုလ်နဲ့ တားထားလို့ရတယ်။



ဘာအကြောင်းကြောင့်မှ အပူဓါတ်မထွက်စေနဲ့။ဘာကြောင့်ပူပူ ဘယ်သူ့ကြောင့်ပူပူ အကုသိုလ်ပဲ။

အကုသိုလ်ဖြစ်ရင် အပယ်ဇာတိပဲ။



တာဝန်တော့ ကျေပါ။မတွယ်တာပါနဲ့။



ကိုယ့်ရဲ့ သဏ္ဍာန်မှာ ကုသိုလ်တရားရှိမှ ဘုန်းကံရှိမှ ဘုရားရဲ့တရားကို နားလည်နိုင်မှာ။

ဘုန်းကံမရှိရင် အိပ်တောင်ပျော်သွားဦးမယ်။



စိတ်ဆင်းရဲစရာမှန်သမျှသည် အကုသိုလ်ဓါတ် အကျိုးပေး။

စိတ်ချမ်းသာစရာမှန်သမျှသည် ကုသိုလ်ဓါတ်အကျိုးပေး။



ဒါန၊သီလ၊ဘာဝနာသည် ကုသိုလ်ဓါတ်ကို ထွက်စေသော အအေးဓါတ်။



ကုသိုလ်ဓါတ်သည် လောဘ၊ဒေါသ၊မောဟကို သတ်တာ။

ရှိတဲ့ တိုက်တာ၊ရွှေ၊ငွေ စည်းစိမ်ဥစ္စာတွေသည် စိတ်မထားတတ်ရင် အပယ်ရိက္ခာဖြစ်နေတာ။

ပစ္စည်းရှုံးတာထက် အကုသိုလ်ဖြစ်တာက ပိုနာတယ်။



သူများအကြောင်းကို ပုံဖော်တဲ့အခါ ပြုံးတဲ့ပုံကို ဖော်နိုင်အောင် ကြိုးစားပါ။မဖော်နိုင်ရင် တွေးကို မတွေးနဲ့။ရပ်ထားလိုက်။

ကုသိုလ်စိတ်နဲ့ ယှဉ်တဲ့အတွေးဘက်ကို ပြောင်းလိုက်။မဟုတ်ရင်တော့ ကိုယ့်ပြန်စူးပြီ။လောကဓံအဆိုးကို ခံရလိမ့်မယ်။



ငါလုပ်လို့ ငါစီမံလို့ ရတာမဟုတ်ပါ။တကယ်ကျွေးနေပေးနေတာက ကုသိုလ်ဓါတ်၊အတွင်းရန်အပြင်ရန် အခက်အခဲအောင်မြင်စေရန် ကုသိုလ်ဓါတ်ကို စဉ်ဆက်မပြတ် ထုတ်ရမယ်။ဥပုသ်ရက်ရှည်စောင့်ရမယ်။ဒါနပြုမယ်။

အကုသိုလ်ဓါတ်မထွက်အောင် နေရမယ်။စဉ်ဆက်မပြတ် ကုသိုလ်ဓါတ်အဓိဋ္ဌာန်တင်ရမယ်။

ဘုရားကို တကယ်ကြည်ညိုတဲ့စိတ်နဲ့ ကုသိုလ်ဓါတ်ထွက်အောင် ကြိုးစားမယ်လို့ အဓိဋ္ဌာန်တင်ရမယ်။

(ပိုင်းလော့ဆရာတော်)

Shared from Ma Waing Chit

ကိုယ်တွေ့ဖြစ်ရပ်မှန်... တန်ဖိုးမဖြတ်နိုင်သောအလင်းများ နှင့် ထူးမြတ်လှသောတရားတော်


ကျွန်မသည် ရွာအ၀င်လမ်း ဟုအမည်ရှိသော စာအုပ်တစ်အုပ်ကိုအမေက ဖတ်ခိုင်းသဖြင့်ဖတ်လိုက်မိပါသည်
ထိုစာအုပ်ထဲတွင် အပြည်ပြည်ဆိုင်ရာဗောဓိအေးငြိမ်းရိပ်သာတွင် တရားအားထုတ်ပြီးတရားတွေ့ပုံများနှင့် တရားအလင်းနိမိတ်ဖြင့် ဘုရားဖူးရပုံများ အတိတ်ဘ၀များကိုမြင်ခဲ့ရပုံများ ကိုဖတ်လိုက်ရပါသည်။ ထိုသို့ဖတ်နေစဉ် ကျွန်မကိုယ်တိုင်လည်းသူတို့ကဲ့သို့ ဘုရ
ားများဖူးချင် တွေ့ချင်ခဲ့မိပါသည်။ သို့ပေမဲ့ ထိုသူများကဲ့သို့မတွေ့နိုင်ဟုထင်မိပါသည် မိမိတွင်ပါရမီမရှိနိုင်ဟု ကျွန်မ၏ အမေကိုပြောလိုက်ပါသည် အမေကလည်း ထိုတရားစခန်းသို့ဝင်ရန်တိုက်တွန်းပါသည်။ ထိုသို့ဖြင့် ကျွန်မတို့မိသားစု တရားစခန်းသို့ စာအုပ်ထဲတွင်ပါရှိသည့် ဖုန်းနံပါတ်အတိုင်းဆက်သွယ်စုံစမ်းခဲ့ပါသည် တရားစခန်းမှ လာရောက်အားထုတ်နိုင်ကြောင်းကိုပြောပြီး လှိုက်လှဲစွာဖိတ်ခေါ်ခဲ့ပါသည်။
`နောက်တစ်နေ့တွင်ဖေဖေ၊မေမေနှင့်ကျွန်မ အပါအ၀င်မိသားစုသုံးယောက် တရားရိပ်သာသို့သွားရောက် စာရင်းပေးခဲ့ပါသည်။ ရိပ်သာသို့ဝင်လိုက်သောအခါ အေးချမ်းတိတ်ဆိတ်ပြီး ငြိမ်းချမ်းသောနေရာလေးတစ်ခုသို့ရောက်ရှိသွားသလိုခံစားခဲ့ရပါသည် တပါးဆောင်လေးများနှင့် တရားအားထုတ်၇သည်ဟု လည်းသိခဲ့ရပါသည်။ သစ်ပင်အောက်တွင်လည်းအားထုတ်နိုင်သည်ကိုလည်းတွေ့ခဲ့ရပါသည် အရိပ်အာဝါသကောင်းသော ၀ါးပင် သစ်ပင်များနှင့်စိမ်းစိုနေပါသည်။တရားအားထုတ်လို့ ကောင်းသော ဆိတ်ငြိမ်ရပ်တစ်ခုဖြစ်ပါသည်။
` ကျွန်မသည် န၀မအကြိမ်မြောက် ရက် (၆၀) တရားစခန်းကို ၂၈-၄-၂၀၁၂ ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့ပါသည်။ ပထမရက်တွင် ဆရာတော်က(၉)ပါးသီလပေးပြီး အရဟံဂုဏ်တော်ပွားခိုင်းပါသည်။ တရားထိုင်သောအခါ မျက်နှာကိုပ၀ါစီးပြီးတော့ထိုင်ရပါတယ်။ တရားအလင်းနိမိတ်နှင့် အပြင်အလင်း မရောအောင်ဖြစ်ပါသည်။ ဒုတိယရက်တွင် မေတ္တာပွားရပါသည်။ တတိယရက်တွင် မရဏနုဿတိကိုပွားရပါသည်။ စတုတ္ထရက်မှစပြီး အာနာပါန ကိုစပွားရပါသည်။ အာနာပါနပွားပြီး ငါးရက်မြောက်နေ့တွင်အလင်းနိမိတ်ကိုစတင်တွေ့ခဲ့ရပါသည်။ အရမ်းလည်းဝမ်းသာခဲ့ရပါသည်။ ထိုအချိန်ကသမာဓိအားအရမ်းကောင်းနေသောကြောင့်အမျှလာပြီးတောင်းသူ များရှိခဲ့ပါသည်။ကျွန်မလည်းမိမိပြုသမျကောင်းမှုတွေကိုအမျှပေးဝေလိုက်ပါသည်။ ကျွန်မထိုသူများကိုကြောက်လည်း ကြောက်နေခဲ့မိပါသည်။ အမှန်စင်စစ်ထိုသူများမှာ ကြောက်စရာမကောင်းပဲ သနားစရာကောင်းသည်မှာအမှန်ပါမိမိတို့ကုသိုလ်ပေးမှရမည့် ထိုသူတို့ဘ၀မှာအလွန်ပင်သနားစရာကောင်းလှပါသည် ။ ခြောက်ရက်မြောက်နေ့တွင်ဆရာတော်က မိမိတို့၏အလင်းနိမိတ်ကို တစ်တောင်နှစ်တောင်စပို့ခိုင်းပါသည်။ပို့လို့ရခဲ့ပါသည်။ အလွန်ပျော်ခဲ့မိပါသည်။နောက်နေ့တွင်ဘုရားဖူးခန်းစခဲ့ပါသည်။ ဆရာတော်အရှင်ကေလာသ က ကျောင်းဝန်းထဲရှိဘုရားများကို စတင်ပြီးနိမိတ်ဖြင့်ဖူးခိုင်းပါသည်။ ကျွန်မဖူးသည်မှာမရခဲ့ပါ။ ကျွန်မသည်
ဓမ္မာရုံထဲမှဘုရားကိုဖူးသော်လည်း ငမိုးရိပ်စေတီ ဘုရားကိုရောက်သွားပါသည်။ ထိုသို့ရောက်သွားခြင်းကလည်းကျွန်မမဖူးတတ်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ နောက်တနေ့တွင် ရွှေတိဂုံ၊မဟာမြတ်မုနိ အစရှိသည့်ဘုရားများကို ဖူးခိုင်းရာ ကျွန်မဖူးရ်ျမရခဲ့ပါ။ထို့ကြောင့် ကျွန်မ၀မ်းနည်းပြီးငိုခဲ့မိပါသည် တခြားယောဂီများမှာဖူးလို့ရသည် ဟုဆရာတော်ကို တရားလျှောက်သောအခါ အလွန်ဝမ်းနည်းမိပြီးငိုခဲ့မိပါသည်။ သို့ပေမဲ့ အတူတရားအားထုတ်တဲ့ စခန်းအတူဝင်ယောဂီမမေသက်နွယ်၏ ကူညီမှု အားပေးမှု ဆရာတော် အရှင်ပညာဒီပ တို့၏ သင်ပြမှုတို့ကြောင့် ဘုရားများကိုဖူးလို့ရခဲ့ပါသည်။အလွန်ပင်ပျော်ခဲ့ရပါသည်။မြန်မာပြည်ရှိဘုရားများကို အပြင်ပန်းတင်မက အတွင်းဓာတ်တော်များကိုပါ နတ်များက ပြသ သဖြင့် ဖူးခဲ့ရပါသည်။ အိန္ဒိယနိုင်ငံရှိ မဟာဗောဓိစေတီ ဓမ္မစကြာဟောရာဌာနတွင် ဘုရားရှင်သက်ရှိထင်ရှား တရားဟောနေပုံ နှင့်ပရိနိဗ္ဗာန်စံတော်မူခါနီးပုံတို့ကို သက်ရှိထင်ရှားဖူးမြင်ခဲ့ရပါသည်။သီရိလင်္ကာနိုင်ငံရှိ စွယ်တော်များနှင့်ဓာတ်တော်များကိုလည်းဖူးခဲ့ရပါသည်။နတ်များ၏ကူညီမှုဖြင့် အစုံဖူးမြင်ခဲ့ရပါသည်။
နတ်ပြည်ရှိဘုရားကိုလည်းသွားရောက်ဖူးခဲ့ရပါသည်။ ငရဲပြည်သို့လည်းအလည်သွားပြီး ငရဲသားများ ငရဲခံနေပုံကို သံဝေဂယူခဲ့ရပါသည်။ မြန်မာပြည်ရှိဘုရားများဖူးရာတွင်လည်းလူကိုယ်တိုင်သွားရောက် သကဲ့သို့ဖူးခဲ့ရပါသည်။ မိမိရောက်ဖူးဖို့နေနေသာသာ ကြားတောင်မကြားဖူးသေးသော ဘုရားများကို ဖူးမြင်ခဲ့ရ သဖြင့် ကျွန်မဘ၀မှာ အလွန်ပင် ၀မ်းသာမဆုံးဖြစ်ခဲ့ရပါသည်။ ဒီလိုဖူးရတာဟာ ကျွန်မရဲ့ပါရမီ၊သီလနဲ့သမာဓိ ကြောင့် လို့ကျွန်မသိရပါတယ် ။နတ်ပြည်မှာရှိတဲ့ စူဠာမဏိစေတီကိုလည်းသွားရောက် ဖူးမြင်ခဲ့ရပါတယ်။ နတ်ပြည်ဆိုတာ ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်လိုမျိုးပဲသတ်မှတ်ခဲ့မိပါတယ်။ ယခုတရားနမိတ်နဲ့ ဖူးလိုက်ရတော့မှ နတ်ပြည်ဆိုတာတကယ်ရှိပါလားလို့ သိလိုက်ရပါတယ်။ ငရဲပြည်ဆိုလည်းဒီအတိုင်းပါပဲ တကယ်မရှိပါဘူးလို့ထင်ခဲ့မိပါတယ် (ပုံပြင်လိုမျိုးပေါ့) ဒါပေမဲ့ ကိုယ်ကိုယ်တိုင်မြင်ပြီးမှ ငရဲကိုအလွန်ပင်ကြောက်လန့်မိပါတယ် ငရဲသားများ အလူးအလဲပြေးလွှားပြီး ငရဲခံနေရပုံမှာ အလွန်ပင်သနားစရာကောင်းလှပါသည် အလွန်လည်းသံဝေဂရစရာကောင်းလှပါသည်။
သာဓုတောင်ခေါ်ဖို့အချိန်မရပဲ မိမိတို့ပြုခဲ့သမျှကို ခံနေရပါတယ်။ အဲ့ဒါကြောင့် သူငယ်ချင်းတို့လည်းမသေခင် မှာပြုပြင်သင့်တာကိုပြုပြင်ပြီးနေကြပါ လို့အကြံပြုချင်ပါတယ်။ ထိုနောက်ဘာသာတရားကို စော်ကားတဲ့ လူတွေခံနေရတဲ့ငရဲ (သာသနာဂိုဏ်းခွဲတဲ့ငရဲ) ကိုလည်း တွေ့ခဲ့ရပါသည်။ အဲ့ဒါကြောင့်မကိုးကွယ်ချင်နေပါ မစော်ကားမိဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အခုပြောရရင် ဗုဒ္ဓဘုရားရှင်နဲ့သားတော်တွေကို စော်ကားမှုပြုပြီး ရေးသားထားတာတွေကို အင်တာနက်ပေါ်မှာတင်ထားတာတွေကိုမြင်နေရပါတယ်၊ အဲ့လိုမလုပ်ဖို့လည်း ပြောချင်ပါတယ်။ သူငယ်ချင်းတို့ ဒီလိုပြောတာကိုမယုံဘူးဆိုရင် ကိုယ်တိုင် တရားကို သွားအားထုတ် လို့ရပါတယ်။ ကိုယ်တိုင်ငရဲပြည်နဲ့နတ်ပြည်ကိုသွားကြည့်လို့ရပါတယ်။ ဒါဟာ ပုံပြင်တစ်ပုဒ်မဟုတ်ပါဘူး ကျွန်မကိုယ်တိုင်တွေ့မြင်ပြီးသိခဲ့ရတဲ့ တကယ့်အဖြစ်မှန်တွေပါ။ အတိတ်ဘ၀များနှင့် အနာဂါတ်များကိုပါ တွေ့မြင်ခဲ့ရပါသည်။ လက်တွေ့ကျွန်မတရားစခန်းအတွင်းတွင် နေစဉ်တုန်းက ကျွန်မတို့နှင့်အတူအားထုတ်သော ယောဂီတစ်ပါးသည် ဆယ်တန်းအောင်မည်ကို တရားနိမိတ်ဖြင့် ကြိုသိနေပါသည်။ အောင်စာရင်းထွက်လာ သောအခါ အမှန်ပင်အောင်မြင်ပါသည်။ နောက်တစ်ခုကတော့ကျွန်မသေမဲ့နှစ်ကိုလည်းမြင်တွေ့ခဲ့ရပြီး ကျွန်မခင်ပွန်းလောင်းသေမဲ့နှစ်ကိုလည်း တွေ့သိခဲ့ရပါသည်။ လှီးစားဖြတ်စား နားထွက်ပါးထွက်သင်ခန်းစာတွင် ခြေထောက်အရိုးစုကိုမြင်ပြီး ထိုင်နေသော နောက်ထပ်မိမိ၏ပုံရိပ်တစ်ခုကို မြင်တွေ့ရပါသည်။ဒီသင်ခန်းစာမှာလည်း တရားအားထုတ်ပြီးသည်နှင့် ပေါ့ပါးလန်းဆန်းသွားပါသည်။ ထို့နောက်ငြိမ်းစေမည် သင်ခန်းစာဖြင့် သမထကိုသိမ်းပြီး ၀ိပဿနာသို့ ကူးပြောင်းခဲ့ပါသည်။ ဒီလိုမျိုး သမထကို ရက်ပေါင်း (၃၀) လုပ်ခိုင်းသည်မှာလည်း သမာဓိအားကောင်းပြီး တရားမြန်မြန်တွေ့အောင် လုပ်ခိုင်းခြင်းဖြစ်ပါသည်။ ပစ္စယပရိဂ္ဂဟဥာဏ်တွင်လည်း အတိတ်ဘ၀များကိုတွေ့မြင်ခဲ့ရပါသည်။ ဆရာတော်ကတော့ (၁၀)ဘ၀လောက်ကိုပြန်ကြည့်ခိုင်းတာပါ။ကျွန်မကတော့ လူသုံးဘ၀ နဲ့တိရိစ္ဆာန် သုံးဘ၀ စုစုပေါင်းခြောက်ဘ၀ကိုပဲကြည့်လို့ရခဲ့ပါတယ်။လူတစ်ဘ၀မှာတော့ လူအများစုကို မနိုင်ဝန်များထမ်းခိုင်းခဲ့သည့်အတွက် တိရိစ္ဆာန် နှစ်ဘ၀ဖြင့် ပြန်လည်ပေးဆပ်ခဲ့ရပါသည်။ အလွန်ပင် သံဝေဂရပြီးကြောက်လန့်မိပါသည်။ ယခုဘ၀တွင်ကျွန်မနှင့် လက်တွဲရမည့်သူမှာ အတိတ်ဘ၀တုန်းကလည်း ကျွန်မ၏လက်တွဲဖော် တစ်ယောက်ဖြစ်ခဲ့ဖူးတာကိုလည်းသိခဲ့ရပါသည်။ လူတွေမှာ တစ်နေရာမဟုတ်တစ်နေရာတော့တွေ့ကြုံ ဆုံကွဲဖြစ်နေရတာကို သိခဲ့ရပါတယ်။
ဝိပဿနာပိုင်းရောက်တော့ ခန္ဓာကိုယ်ထဲမှ သွေးကြောများ နှလုံးများ အစာအိမ်များကို မျက်ဝါးထင်ထင် တွေ့မြင်၇ပါသည်။ ကျွန်မတို့ကိုယ်ထဲမှာ ပိုးကောင်တွေသွားလာနေတာကိုလည်းတွေ့မြင်ရပါတယ် ပိုးကောင်တွေအများကြီးသွားလာနေတာပါ။ ကျွန်မရဲ့မျက်နှာဟာ ကြည့်လို့ကောင်းတဲ့ပုံပေါ်လာပြီးတော့ သွေးသံရဲရဲနဲ့ပျက်စီးသွားတာကိုလည်းတွေ့မြင်အောင်တရားကပြခဲ့ပါသည်။ အခုလှတယ်လို့ထင်နေတဲ့အရာတွေဟာ ပျောက်ကွယ်ပျုက်စီးတာကိုပြသွားပါတယ်။ တွေ့ကြုံခဲ့ရတာတွေကတော့ ပြောပြလို့တောင်မကုန်နိုင်ပါဘူး။ အလွန်ပင်တန်ဖိုးမဖြတ်နိုင်သော တရားတော်နှင့် တွေ့မြင်ခဲ့ရသဖြင့် အလွန်ပင်ဝမ်းသာပီတိဖြစ်ခဲ့ရပါသည်။ ကျွန်မတွေ့ခဲ့သလို တခြား တခြားသော သူများကိုလည်း တွေ့စေချင်ပါသည်။ သွားရောက်အားထုတ်ကြည့်ကြပါ တကယ်တွေ့နိုင်ရောက်နိုင်ပါတယ်။ သံသယစိတ်မထားပါနဲ့ မယုံကြည်စိတ်မထားပါနဲ့။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်တစ်ခုပဲလိုပါတယ်။
ကျွန်မတို့တရားစခန်းဝင်တဲ့အပတ်စဉ်မှာ အတူအားထုတ်တဲ့ ဘေးချင်းကပ်အဆောင်ကယောဂီ တစ်ပါးဆိုလျှင် ဒီလိုတွေ့မြင်ရတာစိတ်ကူးယဉ်တာလို့သူကပြောပါတယ။် သူမက အဲ့ဒီအချိန်တုန်းကတရားမတွေ့သေးဘူးလေ။ အဲ့ဒါနဲ့ ကျွန်မက အဲ့ဒါစိတ်ကူးယဉ်တာမဟုတ်ဘူးတကယ်တွေ့တာလို့ သူ့ကိုရှင်းပြ ပြီးတော့ တရားထိုင်တာဘယ်လို စိတ်ပို့တာဘယ်လိုလို့ လမ်းညွန်ပေးလိုက်တော့ သူအဲ့လိုလုပ်တာ တွေ့မြင်၇တဲ့အခါ စိတ်ကူးယဉ်တာမဟုတ်ဘူး တကယ်တွေ့တာဆိုပြီး ပျော်ပြီးထခုန်နေပါတယ်။ အဲ့ဒါကြောင့် တရားကိုကိုယ်ကမတွေ့လို့ မဟုတ်ပါဘူးလို့ မပြောမိပါစေနဲ့ ကိုယ်ပဲငရဲရလိမ့်မယ်။ တကယ်လုပ်ရင်အဟုတ်တွေ့နိုင်ပါတယ်။
ဒီဘ၀မှာပင်အေးချမ်းတဲ့တရားတော်နဲ့တွေ့အောင် မိရိုးဖလာဗုဒ္ဓဘာသာမှ ထေရ၀ါဒ ဗုဒ္ဓဘာသာသို့ ရောက်အောင် ပို့ဆောင်ပေးသော မောင်းထောင်မြေဇင်းတောရဆရာတော်ဘုရားကြီးအားလည်းကောင်း၊ ဗောဓိအေးငြိမ်းရိပ်သာ ဆရာတော် အရှင်ကေလာသအားလည်းကောင်း၊ ဆရာတော်အရှင်ပညာဒီပ အားလည်းကောင်း၊ မသိသည်များကို သင်ပြ အားပေးသော မမေသက်နွယ်အားလည်းကောင်း၊ ထိုတရားစခန်းသို့ရောက်အောင် ပို့ဆောင်ပေးသော ကူညီပေးသော ထောက်ပံ့ပေးသော ဖေဖေ ဦးတင်အေး၊ မေမေဒေါ်တင်ရီတို့အားလည်းကောင်း၊ အကိုကြီးအောင်နိုင်လင်း၊ အကိုကြီးကျော်ဌေး ၊အမကြီး နှင်းအိဖြူ တို့အားလည်းကောင်း၊ ဘ၀အဆက်ဆက် ပါရမီဖြည့်ပေးသော ခင်ပွန်းလောင်း ကိုသန်းထွန်းလင်း အား လည်းကောင်း၊ အတူအားထုတ်ကြသောယောဂီများအားလည်းကောင်း၊ ဝေယာဝစ္စကုသိုလ်ရှင်များနှင့် အလှူရှင်များအားလည်းကောင်း အထူးပင်ကျေးဇူးတင်ရှိပါသည်။
နောင်တွင်လည်းဆက်လတ်ကြိုးစားသွားပါအုံးမည်။ ကျွန်မအသက်မသေသရွှေ့ ကြိုးစားအားထုတ်သွားပါမည်။ ဆရာသမားများနှင့် မိဘများကိုတရားနှင့်သာကျေးဇူးဆပ်သွားပါတော့မည်။
သူငယ်ချင်းတို့ ဟုတ်လို့လား ဟုတ်ရဲ့လားလို့ မမေးပါနဲ့ မယုံဘူးဆိုရင် ကိုယ်တိုင်သွားလို့ရပါတယ်။ ကျွန်မ တရားစခန်း၏လိပ်စာကောဖုန်းနံပါတ်ပါရေးပေးပါမယ် ကိုယ်တိုင်သွားပြီးကြိုးစားလေ့လာကြည့်လို့ရပါတယ်။
အပြည်ပြည်ဆိုင်ရာဗောဓိအေးငြိမ်းရိပ်သာ(မောင်းထောင်မြေဇင်းတောရတိုက်ခွဲ)
မြို့ကြီးကုန်းရိပ်သာ၇ပ်ကွက်၊
လှည်းကူးမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။
Phone: 0973035757
သတ္တ၀ါခပ်သိမ်း တရားကိန်း အေးငြိမ်းကြပါစေ။
နိုင်ငံခပ်သိမ်း တရားကိန်း အေးငြိမ်းကြပါစေ။

“ ကြိုးစားပွားကြ”
ကိုယ့်နေ့တွက် ကိုယ်ရတာ
ကိုယ့်လုပ်အားခ ကိုယ်ရတာ
ကိုယ်အားထုတ်ရင် ကိုယ့်ဝေစုကို ရအောင်ယူကြ
ကဲ…….ကဲ…… ကြိုးစားကြဗျာ။
(မောင်းထောင်မြေဇင်းတောရဆရာတော်ကြီး)

Shared from Hninnandar Phyu

နှလုံးရောဂါ သဘာဝကာကွယ်ဆေး.......

ယနေ့ ကမ္ဘာတွင် အသက် ၄၀-အထက် ယောက်ျားများနှင့် သွေးဆုံးပြီးသည့် အမျိုးသမီးများ အသက်ဆုံးရှုံးကြရခြင်း၏ အဓိကအကြောင်းမှာ နှလုံးသွေးကြောပိတ် လေဖြတ်ခြင်းကြောင့် ဖြစ်ရပါသည်။ ဤရောဂါစုသည် တချိန်က တိုးတက်ပြီးနိုင်ငံများမှ လူသားများကိုသာ ဒုက္ခပေးခဲ့၍ ယနေ့ မြန်မာနိုင်ငံ ကဲ့သို့ တိုးတက်ဆဲနိုင်ငံများမှာလည်း ရောဂါဖြစ်သည့်နှုန်းသည် တိုးတက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အသက် ၃၀-မှ ၃၅-အ
ရွယ် ယောက်ျားလေးများမှာပင်လျှင် ဤရောဂါစုကို ခံစာေးနရသူတွေ တယောက်စ နှစ်ယောက်စ ဆိုသလို တွေ့မြင်နေရပါသည်။ ထို့ကြောင့်ပင်လျှင် သွေးထဲ အဆီဓာတ် မတက်ရအောင် နေ့စဉ်စားသုံးဆီကို ထက်ဝက်ခန့် လျှော့ချကြရန် သတိပေးနေရခြင်း ဖြစ်သည်။

စားသုံးဆီတွင်ပါဝင်သော အဆီဓာတ်တို့ကို အမျိုးအစားခွဲလိုက်လျှင် အောက်ပါအတိုင်း လေးမျိုးလေးစား ရှိသည်ကို တွေ့ရပါမည်။
၁။ Total Ch***sterol
စုပေါင်း ကိုလက်စထရောဓာတ်။
၂။ High Density Lypoprotein (HDL)
သိပ်သည်းဆ မြင့်သော လိုင်ပိုပရိုတင်း ကိုလက်စထရောဓာတ်။
၃။ Low Density Lypoprotein (LDL)
သိပ်သည်းဆ နိမ့်သော လိုင်ပိုပရိုတင်း ကိုလက်စထရောဓာတ်။
၎။ Total Glyceride
ဂလစ်စရိုက်ဓာတ်ပေါင်းတို့ ပါဝင်ကြသည်။


အဆိုပါ ဓာတ်ပေါင်းလေးမျိုးအနက် Total Ch***sterol က အဓိကရောဂါဖြစ်သော တရားခံ ဖြစ်ပါသည်။
Ch***sterol ဓာတ်သည် ဝက်သား၊ ဝက်ဆီ၊ ဝက်ဦးနှောက်၊ ကြက်ဥအနှစ်၊ အုန်းသီး စသည်တို့၌
ပေါများစွာပါရှိသည်။ ထို့ကြောင့် ကျန်းမာရေးကို အလေးထားသူများက ယခုအခါ ဝက်သားနှင့် အုန်းသီးတို့ကို ရှောင်နေကြပြီ ဖြစ်ပါသည်။ သို့သော် ယင်းတို့သည်လည်း အရေးကြီးသော ဓာတ်များ ဖြစ်ကြ ပါသည်။

စာရေးသူ၏ဖခင်သည် ဆီးချိုအခံရှိရာက နှလုံးသွေးကြောပိတ်ရောဂါဖြင့် အသက်သေဆုံးခဲ့ရသည်။ ထို့ကြောင့် စာရေးသူကိုယ်တိုင်လည်း သွေးထဲ ကိုလက်စထရောဓာတ် မတက်ရအောင် အမြဲသတိပြု
နေထိုင်ခဲ့သည်။ ယင်းသို့ နေထိုင်သည့်တိုင် လွန်ခဲ့သော ငါးနှစ်လောက်က ဒေါသထွက်ရာမှ လေဖြတ်ခံရလု အဆင့် T.I.A Transient Ischaemic Attack ကို ရောက်ခဲ့သေးသည်။ ထိုအချိန်က စာရေးသူ၏သွေးထဲ ကိုလက်စထရောနှင့် သကြားဓာတ်တို့သည် မြင့်တက်နေခြင်း အလျဉ်းမရှိ။ နောက်ဆုံး ခေတ်ပေါ်ကွန်ပျူတာ နည်းဖြင့် သွေးကို စစ်လိုက်သောအခါမှ Triglycerides ထရိုင်ဂလစ်စရိုက်ဓာတ်သည် ရှိသင့်သည်ထက် များစွာတက်နေသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းဓာတ်တို့ကို အလေးပေး၍ ရှောင်စရာရှိသည်များကို အစားအသောက်မှ ရှောင်လိုက်ခြင်းဖြင့် ဤရောဂါစုများ ဒုက္ခပြန်မပေးတော့ခြင်း ဖြစ်သည်။


ဤသို့ သွေးထဲ ကိုလက်စထရောနှင့် အခြားအဆီဓာတ်အမျိုးမျိုးကို ချပေးနိုင်သော ဆေးဝါးများ အမျိုးမျိုးရှိကြပါသည်။ သို့သော် ဆေးတန်ဖိုးက တလအတွက် ကျပ်သုံးထောင်ကျော်မှ လေးထောင်နီးပါး သုံးရမည်ဖြစ်ပြီး အသက်သေဆုံးချိန်အထိ နောင် အနှစ်နှစ်ဆယ်၊ သုံးဆယ်ဆက်တိုက် သောက်သုံးရဦးမည်
ဖြစ်၍ တိုးတက်ဆဲနိုင်ငံသူ နိုင်ငံသားများအဖို့ အိပ်မက်ပင် မမက်ဝံ့နိုင်သောကိစ္စ ဖြစ်နေသည်။


သို့ကြောင့် စာရေးသူ ဆေးခန်းသို့ ရောက်လာသော လူနာများကို သံလွင်ဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာစေ့ဆီ တို့ကိုသာ ဦးစားပေး သုံးစွဲစေသင့်ကြောင်း အကြံပြုပြီး ဝက်ဆီ၊ အုန်းဆီတို့ကို ရှောင်စေခြင်း၊ ကြက်ဥ၊ ဘဲဥတို့ကို ကန့်သတ်စားသုံးစေခြင်း၊ ခန္ဓာကိုယ် အလေးချိန် မမြင့်တက်ရအောင် ထိန်းထားစေခြင်းတို့ဖြင့် အကြံပေးဖြစ်သည်။


နှလုံး ကျန်းမာသန်စွမ်းစေဖို့ ဝိုင်အရက် (Red Wine) နှင့် ဘီယာအနက် (Dark Beer) တို့ကို နည်းနည်းစီ သောက်သုံးစေခြင်း၊ ဆေးလိပ်ကို လုံးဝ ဖြတ်တောက်စေခြင်း၊ ပူပင်သောကကို တတ်နိုင်သလောက် နည်းမျိုးစုံဖြင့် လျှော့ချစေခြင်း၊ Vitamin ဆေးဝါးများဖြင့် အားဖြည့်ပေးခြင်း၊ သင့်တင့်သော အစားအသောက်များ ရွေးချယ်စားသောက်ခြင်းတို့ကို ပြုလုပ်ပေးရမည်။


သဘာဝနည်းဖြင့် ကိုလက်စထရောဓာတ်ကို ထိန်းခြင်း---
အောက်ပါနည်းများဖြင့်လည်း သွေးထဲမြင့်နေသော ကိုလက်စထရောကို ချပေးနိုင်ပါသေးသည်။
(၁) ကောင်းသော အဆီဓာတ်ကို ဦးစားပေး စားသုံးပါ၊ သွေးကြောများတွင် သွေးခဲများ ပိတ်ဆို့စေတတ်သော အဓိကဇာတ်ကောင်မှာ L.D.L ကိုလက်စထရောဓာတ်ဖြစ်သည်။ ဤ L.D.L ကိုလက်စထရောဓာတ် မတက်ရအောင် ထောပတ်အစား သာမန်ဟင်းရွက်ဆီကို အစားထိုင်းနိုင်သည်။ မလိုင်အပြည့်ပါသော နွားနို့ကို သောက်မည့်အစား မလိုင်နှုတ်ထားသောနွားနို့ကို သောက်သုံးခြင်း စသည့်နည်းများဖြင့် ကာကွယ်၍ ရ၏။


(၂) ကြက်ဥ၊ ဘဲဥများတွင် ကိုလက်စထရောဓာတ်များ ပါရှိသည့်ဟု ဆိုထားသော်လည်း H.D.L ပြည့်ဝသော ကိုလက်စထရောဓာတ် အဓိကပါဝင်သည်။ ယင်းဓာတ်တက်စေရန် ကြက်ဥ၊ ဘဲဥကို စားသုံးနိုင်ပါသည်ဟု ဆိုလာကြသည်။ သို့ကြောင့် ယခုအခါ နှလုံးရောဂါသည်များပင်လျှင် ရက်သတ္တတပတ်လျှင် ဘဲဥ၊ ကြက်ဥ နှစ်လုံးမျှကို စားသုံးစေပါသည်။ (H.D.L ကောင်းသော ကိုလက်စထရောဓာတ် တက်နေပါက မကောင်းသော ကိုလက်စထရော L.D.L ဓာတ်ကို အချိုးကျကျ ဆင်းစေသောကြောင့် ဖြစ်၏)


(၃) မကောင်းသည့် အဆီများကို ကန့်သတ်၍စားသုံးပါ။ စားသုံးသည့် အဆီသည်လည်း နေ့စဉ် စားသုံးနေသော အာဟာရဓာတ်၏ ၃၀-ရာခိုင်နှုန်းထက် မပိုစေရပါ။ ကောင်းသောအဆီဆိုသည်ကား ဟင်းရွက်ဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ စားအုန်းဆီတို့ ဖြစ်၍ မကောင်းသော အဆီဆိုသည်ကား ဝက်ဆီ၊ အမဲဆီ၊ အုန်းဆီတို့ကို ဆိုလိုသည်။


(၄) ခန္ဓာကိုယ် အလေးချိန် မတိုးအောင် ထိန်းထားပါ။ ခန္ဓာကိုယ်အလေးချိန် လျှော့ချနိုင်ပါက H.D.L မြင့်တက်လာပါလိမ့်မည်။


(၅) လှုပ်ရှားသွားလာပါ။ လေ့ကျင့်ခန်း မှန်မှန်ပြုပါ။ လှုပ်ရှားမှုနည်းသော သွေးဆုံးပြီး အမျိုးသမီးများတွင် ထရိုင်းဂလစ်စရိုက်ဓာတ်သည် သွေးမဆုံးမီ အမျိုးသမီးတို့ထက် ၈၅-ရာခိုင်နှုန်းအထိ မြင့်တက်နေတတ် ပါသည်။
ကိုယ်လက်လှုပ်ရှားခြင်းကြောင့် သွေးထဲ အဆီမျိုးစုံကို ကျစေသည်။ ကောင်းသော ကိုလက်စထရောများကို မြင့်တက်စေပါသည်။

(၆) အနီရောင် ဝိုင် သို့မဟုတ်-အနက်ရောင် ဘီယာတို့ကို နည်းနည်းစီ သောက်ခြင်းဖြင့် သွေးထဲ ကိုလက်စထရောဓာတ် အားလုံးကိုကျစေပါသည်။


(၇) ဆေးလိပ်ကို ဖြတ်ပါ။ ဆေးလိပ်သောက်သူများတွင် လူကိုအကျိုးပြုသော H.D.L ကျဆင်းစေပါသည်။ ဆေးလိပ်ဖြတ်မှသာ ယင်း H.D.L များ ပြန်တက်သွားလေ့ရှိပါသည်။


(၈) ပူပင်သောကရှိသူများ၊ ဒေါသကို အောင့်ထားရသူများ၊ ဒေါသကြီးသူများတွင် L.D.L ဓာတ် မြင့်တက်နေတတ်သည်။


(၉) ဗိုက်တာမင်မျိုးစုံထဲတွင် ဗိုက်တာမင် အီးသည် သွေးထဲရှိ L.D.L နှင့် ပေါင်းပြီး သွေးကြောထဲ
သွေးခဲပိတ်ဆို့မနေရအောင် ကာကွယ်ပေးပါသည်။
H.D.L နိမ့်ကျသည့်အခါ၊ ထရိုင်ဂလစ်ဆရိုက် မြင့်နေသည့်အခါ၊ နိုင်ရာဆင် Niacin (ဗိုက်တာမင် ဘီ တမျိုး) က အန္တရာယ်ဖြစ်မလာရအောင် အကာအကွယ် ပေးပါသည်။


(၁၀) ကောင်းသောအစားအစာများကို ပိုမိုစားပါ။ အထူးသဖြင့် ပဲအမျိုးမျိုး၊ ဘာလီ၊ လိမ္မော်၊ ရှောက်၊ သံပရာ တို့ကို ပိုမိုသောက်သုံးပါ။ ဆော်လမွန်ငါး၊ ငါးကွမ်းရှက်တို့၏ အဆီများသည် ပြည့်ဝအဆီ ပါဝင်မှုနည်းသောကြောင့် လူကို အကျိုးပြုပါသည်။


ထို့ပြင် အမျှင်ပေါကြွယ်ဝသော အစားအစာများ၊ ဥပမာ-ဟင်းသီးဟင်းရွက် မျိုးစုံနှင့် သစ်သီးဝလံမျိုးစုံကို ဦးစားပေး စားသုံးစေခြင်း၊ ပဲမှ ထုတ်လုပ်ရရှိသော တိုဟူး၊ ပဲနို့ စသည်တို့ကို ဦးစားပေး စားသုံးစေခြင်း စသည့်နည်းများဖြင့် ကိုလက်စထရောဓာတ်ကို လျှော့ချပေးနိုင်ပါသည်။ သို့သော် ယင်းအစားအသောက် များကို ရှောင်ကြဉ်ရန် ဝန်လေးနေကြသူများအတွက်လည်း ပူပင်စရာ မလိုတော့ပါ။ သင့်တော်ရာ ဆေးဝါး များကို မှီဝဲရုံဖြင့် အဆင်ပြေနိုင်ပါသည်။ ယင်းဆေးကား ဈေးလည်း များလှသည်မဟုတ်သည့်အပြင် စားသုံးရာတွင်လည်း ကရိကထ မများလှသည့်ဆေးဖြစ်သည်။


ကြားဖူးကြမည်ထင်ပါသည်။ မြောက်ဝင်ရိုးစွန်းတန်းအနီးရေခဲတုံးများကို အိပ်ဆောက်ကာ နေထိုင်ခဲ့ကြသည့် အက်စကီးမိုး လူမျိုးတို့အကြောင်းပင် ဖြစ်သည်။ ဤလူမျိုးတို့သည်ကား ကျန်းမာရေးအမြင်အရ အမှန်ပင် စိတ်ဝင်စားစရာ ကောင်းလှပါသည်။ ယင်းလူမျိုးတို့သည် ဗိုက်ရွှဲနေသူဟူ၍ မရှိ။ နှလုံးရောဂါတိုသည်လည်း သူတို့ဆီမှာ မကြားစဖူး၊ ဆီးချိုရောဂါဆိုသည်လည်း သူတို့ပတ်ဝန်းကျင်တွင် အစိမ်းသက်သက်၊ သူတို့စားကြသည့် အစားအစာများကလည်း အဆီဓာတ်နှင့် ပြည့်နေသော ငါးမျိုးစုံကိုသာ အဓိကစားသုံးကြသည်။


'Eat fish to Live Long" အသက်ရှည်စေရန် ငါးကို ပိုမိုစားသုံးကြပါ။
'Eat Fat and Grow Slim"လူတွေ မဝကြရအောင် ငါးမှရသော အဆီကို သဘောရှိ စားသုံးကြပါ။ စသည့်အချက်အလက်တို့ကို ရေးသားပြုစုထားသော စာအုပ်စာတမ်းများသည် နောက်တိုင်းတွင်
ရောင်းမလောက်အောင် ထုတ်ဝေနိုင်ခဲ့ကြသည်။


ယင်းအချက်တို့ကို သိပ္ပံပညာရှင်များကလည်း ထောက်ခံမှုပေးထားသော စာတမ်းများလည်း ပလူပျံအောင် ထွက်ခဲ့ပြီး ဖြစ်သည်။ ယင်း အက်စကီးမိုး ဒေသ၌ ပေါများစွာ စားသုံးနေကြသော အဆီတို့ကို V-Omega အမည်ဖြင့် ကမ္ဘာတွင် တွင်ကျယ်စွာ ရောင်းချလျက်ရှိရာ မြန်မာနိုင်ငံ၌လည်း ယင်းဆေးလုံးများကို
မြန်မာကျပ်ငွေဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။


နှလုံးသွေးကြောပိတ် လေဖြတ်အန္တရာယ်နှင့် နီးစပ်သောလူကြီးများ အသက်ရှည်ကျန်းမာမှုအတွက် ဤငါးများမှ ထုတ်လုပ်ရရှိသော အဆီဓာတ် ဆေးလုံးကလေးများကို မှီဝဲကြည့်ပါ။ ဆေးဝါးမဟုတ်သော (နောက်ကွယ်၌ ခေတ်ပေါ်ဆေးဝါးကဲ့သို့ အန္တရာယ်လိုက်လာမှု မရှိသော) ဤဆေးလုံးများက မုချအကူအညီ ပေးမှာ သေချာပါသည်။


ဤဆေးလုံးများသည် Vitamin A နှင့် D ဓာတ်များ ရရှိရန် သောက်သုံးလျက်ရှိကြသော ငါးကြီးဆီအလုံး နှင့် လုံးဝမသက်ဆိုင်ပါ။ ဤအဆီက အပူပိုင်းဒေသ ငါးကြီးများ၊ ကောငါးကြီးများမှ ထုတ်လုပ်ရရှိသော Cod Liver Oil အဆီ ဖြစ်သတည်း။

ဆရာဝန် တင်ရွှေ
@ Fwd Mail
ညီမလေး
Shared from Win Paphyu

Tuesday, August 28, 2012

ဘ၀ကျွမ်း

လူတွေဟာ အပူထဲမှာနေပြီး အပူကိုပဲ ရှာနေကြ၊ မျှော်နေကြတယ်။ စိတ်ဟာ အာရုံတစ်ခုခုကို မျှော်နေတတ်တယ်။ အဲဒီမှာ သူ့ အာရုံကိုယ့်လာဟပ်၊ ကိုယ့်အာရုံကလည်း သူ့သွားဟပ်နဲ့ အဟပ်အစပ် တည့်သွားပြီဆိုတာနဲ့ အပူစတော့တာပဲ။ ချစ်ကျွမ်းဝင်တယ်လို့ စကားလှအောင်သုံးထားပေမယ့် ကျွမ်းပြီ ဆိုမှတော့ ပြာကျဖို့ပဲရှိတော့တယ်။ အလောင်ကြမ်းတော့ ဘ၀ကျွမ်းရပြီ။

တစ်ဦးနှင့်တစ်ဦး လိုလားခြင်း၊ မိတ်ဖွဲ့ခြင်း အပေးအယူလုပ်ခြင်း၊ သဘောတြူ
ကည်ဖြူခြင်းဆိုတဲ့ ကံမီးတွေ လောင်ရာကကျွမ်း ကုန်ရာကခန်းရပါလေရော။ တကယ်လို့များ ကံမီးအစား ဈာန်မီးကိုသာ အကျွမ်းဝင်ခဲ့မယ်ဆိုရင် သွေးသားမခန်း လူမကျွမ်းဘဲ ကံမီးကိုသာ ကျွမ်းစေပါလိမ့်မယ်။ ဈာန်ဆိုတာ ကိလေသာအပူတွေကို ရှို့မြှိုက်ပစ်ပြီး တစ်ကိုယ်တည်း ငြိမ်းအေးနေတာ။ လောင်ကျွမ်းခဲ့ရတဲ့ဘ၀တွေ များလှပြီမို့ တစ်ဘ၀လောက်တော့ အေးအေးချမ်းချမ်း နေကြည့်စမ်းစေချင်တယ်။ ။

မဟာဗောဓိမြိုင်ဆရာတော်
၂၀၀၆ ခုနှစ် ဧပြီလထုတ် လက်မိလက်ရ သြ၀ါဒများမှ

Shared from Ko Aung Pyi Sone Aye

"အရုပ်လို မမြင်ကြစမ်းပါနဲ့"

ပြောချင်တာက "ဘုရားကို ဘုရားလို မြင်ကြစမ်းပါ၊ရုပ်တုတော်ပေမယ့် အသက်ရှိနေသလို မြင်ကြစမ်းပါ" လို့ ဆိုချင်တယ်။
"စိတ်က သက်တော်ထင်ရှား ဘုရားကိုယ်တော်မြတ်တိုင်အောင် အာရုံယူကြစမ်းပါ" လို့ ပြောချင်ပါတယ်။
အဲဒီလို မြင်လာနိုင်မှ ဆွမ်းကပ်တဲ့အခါ အသက်ရှိတဲ့ဘုရားကို ကပ်လှူနေရသလို ပူဇော်နေရသလို မြင်လာနိုင်ပါမတဲ့။

ဒီအခါမှာ ပန်းကန်ပြားသေးသေးနဲ့ ဆွမ်းကလေးနည်းနည်းပေါ်မှာ ဟင်းဖတ်လေးပုံပြီး နတ်တင်သလို ပြုတဲ့အလေ့ကို ဘယ်လိုဆိုတာ မြင်လာပါလိမ့်မယ်။
ဆွမ်းတော်တင်လျှင် နည်းနည်းကလေးမလုပ်ပါနဲ့။
တစ်ပါးစာဝလောက်အောင် ပန်းကန်ပြားထဲ မောက်မောက်ဖြိုးဖြိုးထည့်ပါ။
ဟင်းကိုလည်း မစုံချင်နေပါစေ။
နှစ်ခွက်သုံးခွက်လောက်နဲ့ ၀လောက်အောင် အနေအထားမျိုး လှလှပပပြင်ပါ။ရေကိုလည်း ဖန်ခွက်အကြီးစားနဲ့အပြည့်အလျှံထည့်၍လှူပါ။
လက်တစ်ဆစ်လောက် ခွက်ကလေးနဲ့ မလုပ်ပါနဲ့။
လှူဒါန်းထားတဲ့ဆွမ်းပွဲက များလွန်းလို့ မစွန့်ပစ်နိုင်လျှင် ဝေယျာဝစ္စပြုသူဟာ သုံးစွဲကောင်းတာပဲ။အချိန်ကုန်တဲ့အခါ စွန့်ပြီးစားကြပေါ့။စားနိုင်ပါတယ်။စားကောင်းပါတယ်။အဲဒီလို ဘုရားကို အသက်ရှိတဲ့အနေမျိုးနဲ့ မြင်ကြစမ်းပါ။
ဘုရားကို ကိုးကွယ်တဲ့နေရာမှာ ရှေးရိုးကျတဲ့လူပဲဖြစ်စေ၊ခေတ်အမြင်
မြင်တဲ့သူပဲဖြစ်စေ အသက်ရှိသလို မြင်ပါစေ။
သက်တော်ထင်ရှား ဘုရားကိုယ်တိုင်အောင် စိတ်ကရောက်မှ သဘာဝကျမယ်။ဒီတော့မှလည်း လှူဒါန်းပူဇော်နေရတဲ့ ကုသိုလ်စေတနာတွေဟာ တကယ့်သက်တော်ထင်ရှား ဘုရားအစစ်ကို လှူနေရသလိုဖြစ်မယ်။
("မဟာဂန္ဓာရုံဆရာတော်ကြီး၏ လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ" မှ .............)
ညီမလေး တစ်ယောက်က နာယူချင်တယ်လို့ တောင်းဆိုလာ၍ ပြန်လည်ကူးယူဝေမျှပေးလိုက်ပါသည်။
ဓမ္မမိတ်ဆွေများ၊သူငယ်ချင်းများ အကျိုးရှိလိမ့်မည်ဟု မျှော်လင့်မိပါသည်ရှင့်.....။

Shared from Ma Waing Chit

Sunday, August 26, 2012

ရဟန္တာ လေးမျိုးလေးစား

ပဋိသမ္ဘိဒါပတ္တ ရဟန္တာ – ရဟန္တာဖြစ်တာနဲ့ ပိဋကတ်နှင့်တကွ ဂန္ထန္တရ၊ ဘာသန္တရ အကုန်တတ်ကျွမ်းသွားတာ။
ဆဠာဘိညရ ရဟန္တာ - အဘိညာဉ် ၆ ပါးရတဲ့ ရဟန္တာ။
တေ၀ိဇ္ဖပတ္တ ရဟန္တာ- ပုဗ္ဗေ နိဝါသာနုဿတိ၊ ဒိဗ္ဗစက္ခု အဘိညာဉ်၊နှင့် အာသ၀က္ခဉာဏ် ၃ ပါးကိုရတာ။

သုက္ခ၀ိပဿက ရဟန္တာ- အာသ၀က္ခဉာဏ်ရပြီး ကိလေသာအားလုံးကုန်သွားတာပဲရှိပါတယ်။ ဈာန်အဘိညာဉ်မှ ခြောက်သွေ့ခြင်း။ ဈာန်အဘိညာဉ်မရှိခြင်းပါ။

ယခုခေတ်တွင် ရဟန္တာတစ်ပါးသည် ပရိနိဗ္ဗာန်ကိုစံတော်မူပြီးနောက် ရုပ်ကလာပ်သည် ဓါတ်တော်မကြွင်းသည်ဖြစ်စေ၊ ဈာန် အဘိညာဉ်ဆိုသော မြေလျှိုးမိုးပျံမရှိပါက ရဟန္တာမဟုတ်ဘူးလို့ ပြောဆိုခဲ့လျှင် အရိယူဝါဒကံ ထိုက်သွားသည်ဖြစ်၍ ၀ိပဿာနာအားထုတ်သော်လည်း မဂ်ဖိုလ်မရတော့သည်ကို အထူးသတိပြုအပ်ပါသည်။

အရှင်ဇ၀န (ရွှေပြည်သာ)
အညွှန်း – လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာအတွဲ ၁နှင့် ၂ စာအုပ်။
Shared from အနှိုင်းမဲ့ စာတိုပေစမျာ

အလုပ်များသော အလုပ်ဖိစီးနေသော မိတ်ဆွေများသို့

အလုပ်လုပ်ရသော ရက်များတွင် စိတ်ဖိစီးမှုကင်းနေအောင်
Browse › Home › ကျန်းမာရေး » အလုပ်လုပ်ရသော ရက်များတွင် စိတ်ဖိစီးမှုကင်းနေအောင်

လုပ်ငန်းခွင်ကြောင့် စိတ်ဖိစီးမှုတွေ များနေသလား။ ရုံးချိန်အတွင်း စိတ်ဖိစီးမှုတွေ သက်သာစေဖို့ ရိုးစင်းလွယ်ကူတဲ့ နည်းတွေ ရှိပါတယ်။

(၁) အိမ်မှ စောထွက်ပါ

ပုံမှန်ထက် အိမ်မှ မိနစ် ၃၀ စောထွက်ပါ။ နံနက်ခင်းမှာ အလုပ်ချိန်မီဖို့ အပြေးအလွှား အလုပ်လုပ်ရချိန် နည်းလေလေ၊ တစ်နေ့လုံး စိတ်ဖိစီးမှုနည်းပြီး အနားရနေလေလေ ဖြစ်ပါလိမ့်မယ်။

(၂) သရေစာများ ယူဆောင်ပါ

လုပ်ငန်းခွင်ကို အာဟာရ တန်ဖိုးရှိတဲ့ သစ်သီးခြောက်တွေ၊ အခွံမာတဲ့ အစေ့အဆန်တွေနဲ့ သစ်သီးဖျော်ရည်တွေကို ယူဆောင်ပါ။ သရေစာမစားဘဲ နာရီအနည်းငယ်ကြာနေတာက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပြီး စိတ်ဖိစီးမှုကို ပိုများကာ အလုပ်မတွင်ကျယ်တတ်ပါ။

(၃) ချီးကျူးပါ

လူအများစုဟာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုစကားဆိုဖို့ အချိန် အလုံအလောက် မယူတတ်ကြပါဘူး။ အလုပ်တစ်ခု အောင်မြင်ပြီးချိန်မှာ “ငါ လုပ်နိုင်တယ်” ဆိုတဲ့ ယုံကြည်မှုကို ထားရှိပြီး ကိုယ့်ကိုယ်ကိုယ် ချီးကျူးပါ။

(၄) ပူပင်သောက ဖြေရှင်းချိန် ၁၀ မိနစ် အချိန်ပေးပါ

အလုပ်ထဲမှာ ပူပင်သောကများနေရင် ၁၀ မိနစ်လောက် တစ်ဦးတည်းနေပြီး စာရွက် တစ်ရွက်ပေါ်မှာ ကော်လံသုံးခုခွဲကာ ချရေးပါ။ ကော်လံတစ်ခုမှာ ခံစားနေရတဲ့ ပူပင်သောက၊ နောက်တစ်ခုမှာ ဘာကြောင့် ပူပင်သောက ဖြစ်ရတာလဲနဲ့ နောက်တစ်ခုမှာ ပူပင်သောကကြောင့် ဖြစ်လာနိုင်တဲ့ အဆိုးဆုံးအရာ စတာတွေကို ချရေးပါ။ ပူပင်သောက အများစုဟာ မလိုအပ်ဘဲ ပူပင်နေရတာဖြစ်ကြောင်း သင်သဘောပေါက် လာပါလိမ့်မယ်။

(၅) အီးမေးလ်ကို စစ်ပါ

နေ့စဉ် အီးမေးလ်ကို ကြည့်ပြီး မက်ဆေ့ခ်ျ ပြန်ပို့သင့်တာ ပို့ပါ။ မလိုအပ်တဲ့ မေးလ်တွေကို ဖျက်လိုက်ပါ။

(၆) အကြောဆန့်ပါ

အထိုင်များတဲ့ အလုပ်ကို လုပ်ရသူဖြစ်ရင် ခြေထောက်ကို ဆန့်ပြီး စက္ကန့် ၃၀ လောက် အကြောဆန့်လိုက်ပါ။ ဒီလိုလုပ်ပေးတာက ခြေထောက်သွေးကြော ထုံးတာကို လျော့ကျစေပါတယ်။

(၇) လုပ်ဖော်ကိုင်ဖက်များနှင့် ရင်းနှီးစွာ နေထိုင်ပါ

လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်ကိစ္စ ပြောဆို ဆွေးနွေးတာအပြင် လူမှုရေးကိစ္စတွေကိုလည်း ရင်းရင်းနှီးနှီး ပြောဆိုပါက အလုပ်လုပ်ကိုင်ရတာ ပိုတွင်ကျယ်လာစေပါတယ်။

ကြယ်စင်

Wednesday, August 22, 2012

သနပ်ခါးအကြောင်းသိကောင်းစရာ


သနပ်ခါးကို ကျွန်မတို့ မြန်မာလူမျိုးများ နှစ်သက်ကြပါတယ်။မွေးကင်းစ
အနှီးထုပ်အရွယ်တည်းက စလို့ သနပ်ခါးလိမ်းကြပါတယ်။မြန်မာနိုင်ငံမှာ ဘယ်နေရာကို သွားသွား သနပ်ခါးမျက်နှာများကို
...တွေ့ကြရမှာပါ။သနပ်ခါးရဲ့ ရုက္ခဗေဒ အမည်ကတော့ Limonia crenulata ဖြစ်ပြီး

chinese box tree လို့ လူသိများပါတယ်။
သနပ်ခါးပင်ကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း နဲ့
မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသ တို့မှာ
တွေ့ရှိရပါတယ်။မြန်မာ့သနပ်ခါးထဲမှာ လူကြိုက်အများဆုံးကတော့ ရှင်မတောင်
သနပ်ခါးဖြစ်ပါတယ်။

ရှင်မတောင်သနပ်ခါးရဲ့ မွှေးရနံ့ကြောင့် မြန်မာလူမျိုးတိုင်း
ရှင်မတောင် သနပ်ခါးကို နှစ်သက်ကြခြင်း ဖြစ်ပါတယ်။ ရှင်မတောင်သနပ်ခါးအပြင်
ရွှေဘိုသနပ်ခါးကိုလည်း နှစ်သက်ကြပါသေးတယ်။ ရွှေဘိုသနပ်ခါးက
ရှင်မတောင်သနပ်ခါးလို ထူးခြားစွာ အနံ့ မမွှေးပျံ့ ပေမယ့် ၀င်းဝါတဲ့
အဆင်းကိုပေးပြီး ညက်လှတဲ့အတွက် ရွှေဘိုသနပ်ခါးကိုလည်း ကျွန်မတို့
မြန်မာအမျိုးသမီးများက နှစ်သက်ကြပါတယ်။သနပ်ခါးပင်နဲ့
မျိုးစိတ်နာမည်တူပြီး သနပ်ခါးနဲ့ လို့လည်း ခေါ်ဆိုကြတဲ့ သီးပင် (Limonia
acidissima)လည်းရှိပါသေးတယ်။ သီးပင်ကို wood apple လို့
အမည်ခေါ်ဆိုကြပါတယ်။ မြန်မာလူမျိုးများက သီးပင်ရဲ့ အသီးကို
ထန်းလျက်နဲ့ပေါက်ကာ ရောမွှေစားလေ့ရှိကြပါတယ်။ သီးပင်ရဲ့ အခေါက်ဖြစ်တဲ့

သီးခေါက်ကိုလည်း သနပ်ခါးအဖြစ် သွေးလိမ်းကြပါတယ်။
အညာဒေသမှာ သနပ်ခါးက အညာသူလုံမပျိုတို့ရဲ့ အလှပြင်ပစ္စည်း တခုဖြစ်ပြီး အညာနေပူ ဒဏ်ကိုလည်း ကာကွယ်ပေးတယ်။ အညာသူတွေ တောထဲထွက်ရင် သနပ်ခါးဘဲကြား လိမ်းတယ် ဆိုတာ မျက်နှာကို နေပူဒဏ်ကနေ ကာကွယ်နိုင်အောင်လို့ပါ။ သနပ်ခါးတုံးနဲ့ ကျောက်ပြင် ကတော့ အညာက အိမ်တိုင်းလိုလိုမှာ ရှိပါတယ်။ ကျွန်တော်တို့ကို အမေက ငယ်ငယ်ကတည်းက သနပ်ခါးကို လိမ်းလိမ်းပေးတယ်။ ငယ်ငယ်ကဆို ရေချိုးပြီးရင် သနပ်ခါးသွေးပြီးသားတွေ ပါးစပ်ထဲခွံ့တာကို အတော်ြေ...ကာက်တာ။ စကားပြောတတ်တဲ့ အရွယ်အထိ ရေချိုးပြီးတိုင်း သနပ်ခါးခွံ့ကျွေးသေးတယ်။ ကျန်းမာရေး ကောင်းတယ်တဲ့လေ။ အရသာက ခါးသက်သက်နဲ့ဆိုတော့ ကလေးတွေ ဘယ်ကြိုက်မလဲနော်။ မကြိုက်လည်း ကြောက်တော့ စားရတာပါပဲ။ ငယ်ငယ်က ကျောင်းသွားရင် ရွာကျောင်းက ဆရာမက မျက်နှာမှာ သနပ်ခါးပါမလာရင် ရိုက်တယ်ဗျ။ ယောကျာ်းလေးတွေလည်း လိမ်းရတာပဲ။ ငယ်သေးတဲ့ အရွယ်ဆိုတော့ ကျန်တာတွေ ဘာမှမစဉ်းစားဘူး။ တခါတလေကျတော့ ဖြစ်သလိုပဲ မှန်မကြည့်ဘဲ ဟိုပွတ်ဒီပွတ် ပွတ်သွားလိုက်တာပဲ။ သနပ်ခါးပါရင် ပြီးတာပဲလေ မဟုတ်ဘူးလား။

ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ ဘယ်လိုအသားမည်းမည်း ၀ါဝါညက်ညက်ဖြူ" ဆိုသလို "ရွှေညာသနပ်ခါးတုံးများ မြန်မာပြည်အနှံ့ လိမ်းဖို့ယူ ဘယ်လို အသားမည်းမည်း ၀ါဝါညက်ညက်ဖြူ ဆိုပြီးတော့လေ"
ပြောသာပြောရတယ် အခုခေတ်က အလှကုန် ပစ္စည်းတွေကလည်း ပေါမှပေါဆိုတော့ သနပ်ခါးတုံးလိမ်းသူက ခေတ်နောက်ကျ သလိုများ ဖြစ်နေမလားမသိဘူး။ ဒါပေမဲ့ အညာဘက်မှာ အညာသူတွေ သနပ်ခါးတုံးလိမ်းတဲ့ အလေ့အထကတော့ မပျောက်ပျက်သေးတာ သေချာတယ်ဗျ။ ယနေ့ထက်တိုင် အညာသူတွေ တောထဲသွားရင် သနပ်ခါးဘဲကြားလိမ်းဆဲ၊ ညနေခင်း ရေခပ်ဆင်းရင် သနပ်ခါးပါးကွက်လေးကွက်ဆဲ၊ ခါးကိုင်းနေပြီဖြစ်တဲ့ အဖွားတွေလည် ဘုရားသွားကျောင်းတက်ရင်း သနပ်ခါးလိမ်းကြဆဲ ရှိနေပါသေးတယ်။ မြို့ကြီးတွေမှာ အလှခြယ်ပစ္စည်းတွေ မရေတွက် နိုင်လောက်အောင် ပေါနေသော်လည်း ကျေးတောပျော် အညာသူလုံမေတို့ကတော့ သဘာဝစစ်စစ် သနပ်ခါးတုံး လိမ်းခြယ်ကြတဲ့ ဓလေ့ကို ဆက်လက်ထိန်းသိမ်းနေဆဲပါ။

ဝန်ခံချက်....လိုအပ်သည်များကို မြန်မာဝီကီပီယားမှကိုးကားသည်။
ရွှေအိမ်စည်
@ satekuupuyar.blogspot.com
Shared from စာပေ မယ်လေး

ငြိမ်းအေးသော ဘ၀ပိုင်ရှင်

လူသားတိုင်း လူသားတိုင်း ကိုယ့်ဘ၀ကိုယ် ငြိမ်းအေးသောဘ၀ဖြစ်အောင် တည်ဆောက်ချင်ကြပါတယ်။ ငြိမ်းအေးသော ဘ၀ပိုင်ရှင် ဖြစ်ချင်တာဟာ လူသားတိုင်းရဲ့  ကိုယ်စီကိုယ်င ရင်တွင်းဆန္ဒပါ။ ပူလောင်တဲ့ဘ၀ကို အလိုရှိတဲ့ လူသားရယ်လို့ လောကမှ တစ်ဦးတစ်ယောက်မှ ရှိမှာမဟုတ်ပါဘူး။

ငြိမ်းအေးသောဘ၀ပိုင်ရှင်ဖြစ်ချင်တိုင်း လူသားတွေရဲ့ ဘ၀ ငြိမ်းအေးကြသလားဆိုတော့ မငြိမ်းအေးကြပါဘူး။ လူသားအများစုရဲ့  ဘ၀ဟာ အနည်း
နဲ့အများဆိုသလို အမြဲတမ်းပူလောင်နေကြပါတယ်။ တချို့ လူသားတွေရဲ့  ဘ၀ဆိုရင် ငြိမ်းအေးသောဘ၀ပိုင်ရှင်ဖြစ်ချင်တဲ့ ဆန္ဒရှိမှရှိပါ့မလားလို့ ထင်မှတ်ရလောက်အောင် ကိုယ်ကိုယ်တိုင် စိတ်လိုလက်ရ ဖန်တီးထားတဲ့ ပူလောင်မှုတွေနဲ့ အချိန်ပြည့် မီးဟုန်ဟုန်တောက်နေပါတယ်။

ကိုယ့်ဘ၀ရဲ့  ပူလောင်မှု၊ ငြိမ်းအေးမှုကို ကိုယ့်စိတ်ကပဲ ဖန်တီးပါတယ်။ စိတ်ပူလောင်ရင် ဘ၀ပူလောင်ပြီး၊ စိတ်ငြိမ်းအေးရင် ဘ၀ငြိမ်းအေးပါတယ်။ ဘ၀ဆိုတာ စိတ်ရဲ့ ပုံ ရိပ်ပါ။ ဘ၀ဆိုတာ စိတ်ရဲ့  ပုံတူရေး ပန်းချီးကား တစ်ချပ်ပါ။

ငြိမ်းအေးသော ဘ၀ပိုင်ရှင်တစ်ယောက်ဖြစ်ဖို့အတွက် ပထမဆုံးနဲ့ အရေးအကြီးဆုံး၊ အဓိက ပဓာနအကျဆုံး အရည်အသွေးကတော့ “တဏှာကင်းစင်ခြင်း” ဆိုတဲ့ အရည်အသွေးပါပဲ။

ဒီနေရာမှာ တဏှာကင်းရင် ငြိမ်းအေးတယ်လို့ မြတ်စွာဘုရားက ရိုးရိုးလေးမဟောဘဲနဲ့ “၀ီတတဏှော ပုရာဘေဒါ= မသေခင်မှာ တဏှာကင်းရင် ငြိမ်းအေးတယ်”လို့ “မသေခင်=ပုရာဘေဒ” ဆိုတဲ့ စကားလုံးလေး အပိုထည့်ပြီးတော့ မိန့်ကြားတော်မူရခြင်းရဲ့  အဓိပ္ပာယ်ကတော့ မြတ်စွာဘုရားရှင် ရဲ့  တရားတော်ဟာ သေပြီးနောက် အကျိုးရနိုင်တဲ့ တရားမျိုးမဟုတ်ဘူး၊ မသေခင်ကာလမှာကို ချက်ချင်လက်ငင်း အကျိုးရနိုင်တဲ့ တရား၊ ဒီဘ၀ဒီခန္ဓာမှာကိုပဲ အကျိုးရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြပါတယ်။

မသေခင်မှာ ကောင်းကျိုးရ၊ ချမ်းသာမယ့်တရား၊ အားကိုးထိုက်တဲ့တရားတော်တွေကို ညွှန်ကြားပြသတဲ့ မြတ်စွာဘုရားရှင်ဟာလည်း အင်မတန်မှ ကျေးဇူးတင်ထိုက်တဲ့ အတွက် “လောကသားတို့ရဲ့  အနှိုင်းမဲ့ ကျေးဇူးရှင်” လို့ ဂုဏ်တင်ချီးမွမ်းကြရပါတယ်။

တဏှာကင်းရင် ငြိမ်းအေးတယ်ဆိုတဲ့ စကားဟာ အင်မတန်ပြီးပြည့်စုံတဲ့စကားဖြစ်တယ်။ တဏှာဆိုတာ တပ်မက်တယ်၊ သာယာတယ်၊စွဲလမ်းတယ်၊ လိုချင်တယ်၊ တောင့်တတယ်၊ ငြိကပ်တယ် စသည်ဖြင့် အမျိုးမျိုး အဓိပ္ပာယ်တွေနဲ့ ပြောဆိုနေကြတယ်။ ဒါပေမယ့် အဲဒီအဓိပ္ပာယ်ဟာ တဏှာဆိုတဲ့ စကားလုံးက တိုက်ရိုက်ထွက်လာတဲ့ အဓိပ္ပာယ်တွေမဟုတ်ဘူး။ တဏှာဆိုတဲ့ စကားလုံးက တိုက်ရိုက်ထွက်လာတဲ့ အဓိပ္ပာယ်ကတော့ “တဿတိ ပရိတဿတီတိ တဏှာ”လို့ဆိုတဲ့ အတိုင်း ဆာတတ်တဲ့တရားကို တဏှာလို့ ခေါ်ပါတယ်။ တဏှာဆိုတဲ့ ပါဋ္ဌိစကားလုံးက “ဆာခြင်း”လို့ အဓိပ္ပာယ်ရတယ်။

မျက်စိက အဆင်းအာရုံအမျိုးမျိုးကိုဆာမယ်၊ နားက အသံအာရုံအမျိုးမျိုးကိုဆာမယ်၊ နှာခေါင်းက အနံ့အာရုံအမျိုးမျိုးကိုဆာမယ်၊ လျှာက အရသာအာရုံအမျိုးမျိုးကိုဆာမယ်၊ ကိုယ်ကလည်း အထိအတွေ့အာရုံ အမျိုးမျိုးကိုဆာမယ်၊ မနောလို့ခေါ်တဲ့ စိတ်ကလည်း အတွေးအကြံအာရုံအမျိုးမျိုးကိုဆာမယ်။ အဲဒီလိုအားဖြင့် အာရုံအမျိုးအစားကိုလိုက်ပြီးတော့ တဏှာခြောက်မျိုး ကွဲပြားသွားတယ်။

အဲဒီအာရုံအမျိုးမျိုးကို ဆာလောင်မွတ်သိပ်တဲ့ တဏှာကြောင့်ပဲ လူသားတွေ ဆင်းရဲ ဒုက္ခရောက်နေကြရခြင်း၊ ပူလောင်နေကြရခြင်းဖြစ်တယ်။

ဆာလောင်မွတ်သိပ်တဲ့ တဏှာကို အကြောင်းပြုပြီးတော့ အဆာပြေရာပြေကြောင်း အာရုံအမျိုးမျိုးကို ရှာဖွေပေးနေရတဲ့အတွက် “ပရိယေသနဒုက္ခ=ရှာဖွေခြင်းဆင်းရဲ”နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲ နေကြတယ်။

ကိုယ်ရှာထားတဲ့အာရုံလေး ကိုယ်ဆာတဲ့အချိန် အဆင့်သင့်စားနိုင်ဖို့အတွက် မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့ “အာရက္ခဒုက္ခ=စောင့်ရှောက်ရခြင်းဆင်းရဲ” နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲ နေကြတယ်။

ကိုယ်ဆာလောင်တဲ့အချိန် သုံးဆောင်စားသောက်ဖို့ ရှာထားတဲ့ အာရုံလေး ကိုယ်မသုံးဆောင်လိုက်ရခင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတဲ့အခါမှာလည်းပဲပျက်စီးသွားရလေခြင်း၊ မသုံးဆောင်လိုက်ရလေခြင်း ဆိုပြီးတော့ “၀ိပရိဏမဒုက္ခ=ပျက်စီးခြင်းဆင်းရဲ” နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲ နေကြတယ်။

ပရိယေသနဒုက္ခ=အာရုံကို ရှာဖွေရတဲ့ဒုက္ခ

အာရက္ခဒုက္ခ=ရှာဖွေထားတဲ့ အာရုံတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့ ဒုက္ခ

ဝိပရိဏမဒုက္ခ=ရှာထား၊စုထား၊စောင့်ရှောက်ထားပါရက်နဲ့ အကြောင်းမညီညွတ်လို့ ဆုံးရှုံးပျက်စီးသွားတဲ့အခါမှာ ကိုယ်စိတ်နှစ်ပါး ဆင်းရဲရတဲ့ ဒုက္ခ။


ဒီဒုက္ခသုံးမျိုးဟာ အာရုံတွေကို ဆာလောင်မွတ်သွပ်တဲ့ တဏှာရှိသူတိုင်းကို အမြဲဖိစီးနှိပ်စက်နေတဲ့ အခြေခံအကျဆုံး ဒုက္ခတွေပါပဲ။ အာရုံတစ်ခုကိုဆာတိုင်း အဲဒီအာရုံမှာ ဒီဒုက္ခသုံးမျိုး ၀ိုင်းပတ် ခြံရံနေတယ်ဆိုတာကို အမြဲသတိပြုရပါမယ်။

အဲဒီလိုအားဖြင့် အာရုံအမျိုးမျိုးကို ဆာလောင်တဲ့သဘော(တဏှာ)ကြောင့် လူသားတွေမှာ ဆင်းရဲဒုက္ခ တွေ ဖြစ်နေကြရတယ်။ ပူလောင်မှု၊ ပင်ပန်းမှုတွေ ဖြစ်နေကြရတယ်။ စိတ်ချမ်းသာမှု၊ စိတ်အေးချမ်းမှု မရကြဘူး။

မြတ်စွာဘုရားရှင်က တရားဂါထာတစ်ပုဒ်မှာ-
“တဏှာယ ဇာယတီ သောကော၊
တဏှာယ ဇာယတီ ဘယံ။
တဏှာယ ၀ိပ္ပမုတ္တဿ၊
နိတ္ထိ သောကော ကုတော ဘယံ။” လို့ ဟောကြားတော်မူပါတယ်။

ဆာလောင်တဲ့တဏှာကြောင့် ပူလောင်တဲ့ သောကဖြစ်ရတယ်။ ဆာလောင်တဲ့တဏှာကြောင့် ဆင်းရဲတဲ့ ဘေးဒုက္ခ ဖြစ်ရတယ်။ ဆာလောင်တဲ့တဏှာမှ လွတ်မြောက်သူ၊ တဏှာကင်းစင်သူမှာတော့ ပူလောင်တဲ့ သောကလည်း လုံးဝမရှိ၊ ဆင်းရဲတဲ့ ဘေးဒုက္ခလည်း လုံးဝမရှိ၊ ပကတိ ငြိမ်းအေးချမ်းသာလှပါတယ်။

တဏှာကင်းတဲ့ပုဂ္ဂိုလ်မှာ သောကဒုက္ခမှန်သမျှ ဘာမှမရှိတော့ဘူးဆိုလို့ တဏှာကနေရင်းထိုင်ရင်း အလိုအလျောက် ကင်းသွားရောလားလို့ မေးစရာပါပဲ။ နေရင်းထိုင်းရင်းနဲ့တော့ တဏှာက အလိုအလျောက် ကင်းမသွားနိုင်ပါဘူး။ တဏှာကင်းကြောင်းအကျင့်ကိုကျင့်မှ တဏှာက ကင်းသွားမှာပါ။ တဏှာကင်းကြောင်း အကျင့်က သုံးမျိုးရှိပါတယ်။ သီလအကျင့်၊ သမာဓိအကျင့်၊ ပညာအကျင့်လို့သုံးမျိုး၊ သီလ၊သမာဓိ၊ပညာ အကျင့်သုံးပါး၊ သိက္ခာသုံးပါးဟာ တဏှာကင်းကြောင်းအကျင့်ပါပဲ။

ငြိမ်းအေးသော ဘ၀ပိုင်ရှင်ဖြစ်လိုသူတိုင်းတဏှာကင်းကြောင်း အကျင့် သုံးပါးကို ကျင့်ကြံပွားများ အားထုတ်နိုင်ပြီး ငြိမ်းအေးချမ်းသာကြပါစေ…

မေတ္တာဖြင့််
အရှင်ဆန္ဒာဓိက ရဲ့  “ ငြိမ်းအေးသော ဘ၀ပိုင်ရှင်” မှ ထုတ်နုတ် စာပြန်ကူးပြီး ဓမ္မဒါနပြုပါသည်။
Shared from Ma Monica Pyone

ဘ၀ကို စိတ်က ဦးဆောင်သည်

ဘုန်းကြီးငယ်ငယ်တုန်းက အကြောင်းအရာလေးလည်း နည်းနည်းလေး စပြီးတော့ ပြောလိုက်ချင်တယ်နော်။ ခုနတုန်းက ဒကာ၊ဒကာမတွေကို ကန်တော့ပြီးတော့ သရဏဂုံသုံးပါး ရှေ့ ကနေ ဘုန်းကြီးက ဆိုပြီးတော့ “ဗုဒ္ဓံသရဏံဂစ္ဆာမိ”လို့ဆိုရတာ ဘုန်းကြီးစိတ်ထဲမှာ အင်မတန် ကြည်နှူးတယ်၊ စိတ် အင်မတန်အေးချမ်းတာပဲ။

ဘာလို့တုန်းဆိုတော့ ဘုန်းကြီးပြောပြချင်တာ ဘုန်းကြီးငယ်ငယ်တုန်းက ဘာကိုမှ မယုံဘူး။ စာတွေတော့ အများကြီးဖတ်တယ်။ ဖတ်တာများတော့ ဟိုကတစ်မျိ
ုး၊ ဒီကတစ်မျိုး အမျိုးမျိုးဖြစ်နေတော့ စိတ်ထဲကဘယ်လို တွေးလဲဆိုတော့ ဒါတွေ အားလုံးဟာ စေတနာကောင်းကောင်းနဲ့ပြောတဲ့ စကားတွေတော့ မှန်ပါတယ်။ ဒါပေမယ့် တကယ့်အမှန်တရားကို သိလို့ပြောတာတော့ မဖြစ်နိုင်ဘူး။

အတွေးအခေါ်အယူအဆ အမျိုးမျိုး၊ ဘာသာတရားတွေ အမျိုးမျိုးဖတ်တော့ များများဖတ်လေလေ သံသယက ပိုကြီးလေလေဖြစ်လာတယ်။ သိပ်မစဉ်းစားတဲ့လူက သံသယ သိပ်မကြီးဘူးနော်။ သိပ်မဖတ်တဲ့လူကလည်း သံသယ သိပ်မကြီးဘူး။

ဘုန်းကြီးက စာတွေအများကြီးဖတ်ပြီးတော့ အများကြီးစဉ်းစားတော့ များများဖတ်လေ များများစဉ်းစားလေလေ၊ သံသယကြီးလေလေ ဖြစ်လာတယ်။ အဲဒီလို သံသယကြီးတော့ စိတ်ထဲက ဘယ်ဟာမှ ယုံလို့မရဘူး။ ဘယ်သူ့ကိုမှလည်း မယုံဘူး။ စေတနာနဲ့ပြောတော့ ဟုတ်ချင်ဟုတ်မယ် ဒါပေမယ့် သူတို့ပြောတာတော့ ငါမှန်တယ်လို့ လက်မခံဘူး။ အဲတော့ စိတ်ထဲမှာ ဘယ်သူ့ကိုမှ တကယ် စိတ်ချလက်ချ မယုံဘူး။ အဲဒါလည်းပဲ တဘက်ကနေပြောရရင် ဘုန်းကြီးရဲ့  Personality၊ ဘုန်းကြီးရဲ့  ပင်ကိုယ်စရိုက်လို့ ထင်ပါတယ်။ စိတ်မချနိုင်တဲ့ စရိုက်ရှိတယ်၊ မယုံချင်တဲ့စရိုက်ရှိတယ်၊ သံသယကြီးတဲ့စရိုက်ရှိတယ်။

အဲဒီတော့ ကိုယ့်ကိုယ်ကိုတော့ ဘယ်လိုပြန်ပြောသလဲ ဆိုတော့ ဘယ်ဘာသာတရားကိုမှ ငါစိတ်ချလက်ချ ယုံကြည်လို့မရဘူး၊ ကိုးကွယ်လို့လည်းမရဘူး။ ယုံကြည်တယ်၊ ကိုးကွယ်တယ်ဆိုတာက တစ်ယောက်ယောက် က အတင်းအကြပ်ခိုင်းလို့ မရဘူးနော်။ ရနိုင်ပါ့မလား၊ မရနိုင်ဘူးနော်။ အခုဒီလူတစ်ယောက်က ဟိုလူတစ်ယောက်ကို မချစ်ဘူးဆိုပါတော့ အတင်းကြပ်ချစ်ခိုင်းမယ်၊ ရပါ့မလား၊ မရနိုင်ဘူးနော်။

အဲဒီတော့ ချစ်တယ်ဆိုတာ အတင်းအကြပ်ခိုင်းလို့မရသလိုပဲ၊ ယုံကြည်တယ်ဆိုတာလည်း အတင်းကြပ်ခိုင်းလို့ မရဘူးနော်။ သူ့ဟာသူ အလိုအလျောက် ရင်ထဲကနေ ဖြစ်လာမှပဲ ရတယ်နော်။ ချစ်တယ်ဆိုတာလည်း ရင်ထဲကနေ အလိုအလျောက်ဖြစ်လာမှ တကယ်ချစ်တာ။ ယုံကြည်တယ်ဆိုတာလည်းပဲ သူ့ရင်ထဲကနေ တကယ်ဖြစ်လာမှပဲ ယုံကြည်တာလို့ ပြောလို့ရတယ်နော်။

အဲဒီတော့ ဘာကိုမှ ယုံလို့မရတော့လဲ နေရတာချည်းက မရေရာသလိုဖြစ်နေတယ်။ ဘာကို အလေးအနက်ထားရမလဲ၊ ဘာကိုတန်ဖိုးထားရမလဲ၊ ကိုယ့်ဘ၀ကို ဘယ်လိုပုံစံနဲ့နေရမလဲ အဲဒါတွေကို အများကြီး စဉ်းစားရတယ်နော်။ စဉ်းစားတော့ ကိုယ့်ကိုကိုယ် ဘယ်လိုပြောသလဲဆိုတော့ “ငါကိုယ်ချင်းစာတရားတော့ လက်ကိုင်ထားမယ်၊ ငါ့ကြောင့် ဘယ်သူမှ ဒုက္ခမရောက်စေရဘူး။” အဲဒါဆိုရင်ကိုပဲ ကိုယ့်ဘ၀မှာ စည်းကမ်းလေးတစ်ခုရှိလာပြီနော်။ အဲဒီတော့ ဘ၀မှာ စည်းကမ်းမရှိပဲနဲ့ နေလို့မဖြစ်ဘူးနော်။ ပင်ကိုယ်က အဲဒီလို သံသယကြီးတော့ ဘာကိုမှ မယုံနိုင်တော့ဘူး။ အဲဒီလို ဘာကိုမှ မယုံဘဲနဲ့ နေရတာကို နေလို့သိပ်မကောင်းဘူး။

အဲဒီတော့ တစ်ခုခုကိုတော့ အလေးအနက် တန်ဖိုးထားပြီး နေရမှဖြစ်မယ်ဆိုတော့ ပထမဦးဆုံး ကိုယ့်ကိုကိုယ် ဘယ်လိုနေမယ်ဆိုတဲ့ စည်းကမ်းလေးတစ်ခု ပေးလိုက်တဲ့အခါမှာ ကိုယ်ချင်းစားတရားကို ပေးလိုက်တယ်နော်။ “ငါလူတိုင်းကို ကိုယ်ချင်းစာတရားနဲ့ ဆက်ဆံမယ်။ တကယ် ကိုယ်ချင်းစာတရားနဲ့ ဆက်ဆံပြီးနေကြည့်တော့ တော်တော် အကုသိုလ်နည်းသွားတာကို တွေ့ရတယ်။ အခု အကုသိုလ် တော်တော်များများ ဖြစ်နေကြတယ်ဆိုတာ ကိုယ်ချင်းစားတရားနည်းကြလို့ပါ။” အဲဒီ ကိုယ်ချင်းစာတရား ထားလိုက်တယ် ဆိုရင်ပဲ မေတ္တာဆိုတာလည်း သူ့နောက်ကနေပါလာတာပဲနော်။ ငါ့ကိုချစ်ခင်တယ်ဆိုတာကို ငါသိပ်လိုချင်တာပဲ၊ အဲဒီတော့ ငါကလည်း သူတပါးကို ချစ်ချစ်ခင်ခင် ဆက်ဆံမှဖြစ်မယ်။ အဲဒီလို မေတ္တာ၊ ကရုဏာဆိုတာလေး ပါလာတဲ့ အခါကြတော့ ပိုပြီးတော့ အဆင်ပြေလာတွေ့ရတယ်နော်။

နောက်တခါ ကိုယ့်ကိုသူတပါးက မရိုးမသားပြောတာဆိုတာ၊ လိမ်တာညာတာ၊ လှည့်စားတာကို ခံရရင် မခံနိုင်ဘူး။ သိပ်စိတ်ဆိုးတာပဲ အဲဒါ။ ငါ့ကို သူများက မရိုးမသား၊ လိမ်တာညာတာ၊ လှည့်စားတာကို လုပ်လာရင် ငါမခံနိုင်ဘူး။ မကြိုက်ရင်တောင် မကြိုက်ဘူးလို့ပြောရင် သဘောကျသေးတယ်။ မကြိုက်တာကို ကြိုက်ဟန်ဆောင်နေရင် သိသွားရင် အဲဒါတော်တော့်ကို စိတ်ဆိုးတာ၊ လက်မခံချင်ဘူး။ အဲဒီတော့ အဲဒါကိုလည်း တခါထည့်စဉ်းစားလိုက်လိုက်တယ်။ ငါလူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ပြောပြီးတော့ဆက်ဆံမယ်။

ဒါပေမယ့် အဲဒီလို ရိုးရိုးသားသားပြောလို့ကို ဒုက္ခကို တော်တော်များများ ရောက်ခဲ့ပါတယ်။ မုသားမပါ လင်္ကာမချော ဆိုတာလို လူ့လောကမှာ တခါတလေ အမှန်အတိုင်းပြောရင်လည်း ဒုက္ခရောက်တတ်ပါတယ်။ ဒါပေမယ့် ဘုန်းကြီးက ဘယ်လိုယူဆလဲဆိုတော့ ဒုက္ခတော့ရောက်ချင်လည်း ရောက်ပစေ မှန်တာပဲပြောမယ်၊ ဒုက္ခတော့ အများကြီးရောက်ခဲ့ပါတယ်။ နောက်တော့ အဲဒီလို ကိုယ့်ဘ၀မှာ၊ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာတွေကို သတိထားပြီးတော့ ကြည့်တယ်။ တစ်ဖက်ကလည်း စာတွေတော့ဖတ်တယ်၊ ဘုရားဟောတဲ့တရားတော်တွေ ဖတ်ပါတယ်။ မြတ်စွာဘုရားရဲ့  ဘ၀ဖြစ်စဉ် အဲဒါတွေကို အင်မတန်စိတ်ဝင်စားတယ်၊ အသေးစိတ် သေချာဖတ်ပါတယ်။ ဖတ်ပြီးတော့ အကုန်လုံးတော့ နားမလည်ပါဘူး။ နားလည်တာ နည်းနည်းပဲရှိတယ်။ အသက်ကလည်းငယ်သေးတာကိုး။
ဒါပေမယ့် အဲဒီမှာ ကုသိုလ်၊အကုသိုလ်ဆိုတာကို မြတ်စွာဘုရား ခွဲခြားပြီးတော့ မြတ်စွာဘုရား ဟောထားတာကို သိပ်စိတ်ဝင်စားတယ်။ ဘုန်းကြီးက အရင်တုန်းက ဘယ်လိုထင်သလဲဆိုတော့ ကုသိုလ်ဆိုတာ သတ်မှတ်ချက်ပဲ၊ အကုသိုလ်ဆိုတာလည်း သတ်မှတ်ချက်ပဲ။ ဒီဘာသာတရားမှာ ဒီလိုလုပ်တာ ကုသိုလ်တဲ့၊ နောက်ဘာသာတရားတစ်ခုမှာကျတော့ အဲဒါအကုသိုလ်။ ဒီဘာသာတရား တစ်ခုမှာကျတော့ ဒီလိုလုပ်ရင် အကုသိုလ်တဲ့ အဲနောက်ဘာသာတရား တစ်ခုသွားကြည့်တော့ အဲဒါ ကုသိုလ်တဲ့။ ဒါတွေက ကိုယ်သဘောကျ သလို သတ်မှတ်ထားတာတွေပါပဲ အဲဒီလိုယူဆပြီးတော့ သိပ်လေးလေးနက်နက် လက်မခံနိုင်ဘူး။

ဒါပေမယ့် ဘုရားဟောတဲ့ တရားတော်တွေကို ဖတ်ကြည့်တော့ ကုသိုလ်၊အကုသိုလ်ခွဲပြီးတော့ သေချာဟော ထားတာ တွေ့ရတယ်။ တွေ့ရတဲ့ အထဲမှာ ကုသိုလ်လား၊ အကုသိုလ်လား ဆိုတာကို စစ်ဆေးနိုင်တဲ့ အချက်လက်လေးတွေလည်း ပါတယ်နော်။အဲထဲမှာ တစ်ခုက ဘာလဲဆိုတော့ “ကုသလံ အန၀ဇ္ဇ္ဇံ သုခ ၀ိပါက လက္ခဏံ” အဲဒီလို စာပိုဒ်လေး တစ်ပိုဒ် တွေ့တယ်နော်။ “ကုသိုလ်ဆိုတာ အပြစ်ကင်းတယ်၊ ချမ်းသာတဲ့ အကျိုးကိုပေးတယ်။”

အဲဒီလိုဆိုတော့ ကိုယ့်စိတ်ထဲမှာဖြစ်နေတာကိုကိုယ်ကြည့်တဲ့အခါကျရင် မလုပ်သင့်တာ တစ်ခုခုကို လုပ်မိရင် စိတ်ထဲမှာ နောင်တဆိုတာဖြစ်တယ်၊ လူသိသွားမှာလည်းကြောက်တယ် ရှက်တယ်။ အဲဒီလို စိတ်ထဲမှာရှက်တဲ့စိတ်၊ ကြောက်တဲ့စိတ်၊ နောင်တရတဲ့စိတ်ဖြစ်နေရင် ချမ်းသာသလား၊ မချမ်းသာဘူးနော်။ အဲဒီတော့ ကိုယ့်ကိုယ်ကို ဘယ်လိုပြောသလဲဆိုတော့ စိတ်ဆင်းရဲနေပြီ။ စိတ်ဆင်းရဲနေရင် အဲဒါ အကုသိုလ်ဖြစ်နေတာပဲ။

ဘုန်းကြီးရဲ့  အင်မတန်ပြင်းပြတဲ့ ဆန္ဒထဲမှာ အင်မတန် စိတ်ချမ်းချမ်းသာသာ နေချင်တယ်၊ငြိမ်းငြိမ်းချမ်းချမ်းနေချင် တယ်၊ လွတ်လွတ်လပ်လပ်နေချင်တယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကို ဘယ်လိုပြောသလဲဆိုတော့ ငါ စိတ်ချမ်းသာကို လိုချင်တယ်၊ စိတ်အေးချမ်းသာကို လိုချင်တယ်၊ စိတ်ထဲမှာ လွတ်လပ်တာကို လိုချင်တယ်။

အဲဒီတော့ ဘုန်းကြီးက ကိုယ့်ဘ၀မှာကိုယ် ဘယ်လိုနေမလဲလို့ စဉ်းစားလိုက်တဲ့အခါမှာ ဘာကိုပြန်ပြီးတော့ တွေးသလဲဆိုတော့ ငါ့ဘ၀မှာ ငါဘာကို လိုချင်သလဲဆိုတာကိုပါ တခါထပ်ပြီးတော့ မေးလိုက်တယ်။ လိုချင်တာက စိတ်ချမ်းသာတာ လိုချင်တယ်၊ စိတ်အေးချမ်းတာ လိုချင်တယ်၊ စိတ်မှာ လွတ်လပ်တာကို လိုချင်တယ်။ အဲဒါရအောင် ဘယ်လိုလုပ်မလဲ။ ဘာတွေက ငါ့စိတ်ကို ဆင်းရဲအောင် လုပ်နေသလဲ။ ဘာတွေက ငါ့စိတ်ကို မအေးချမ်းအောင် လုပ်နေသလဲ။ ဘာလိုအရာတွေက ငါ့စိတ်ကို မလွတ်လပ်အောင် လုပ်နေသလဲ။ အဲဒါတွေကို သိအောင်လုပ်ရမယ်နော်။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
ဘ၀ကို စိတ်ကဦးဆောင်သည် တရားတော်မှ-
Shared from Monica Pyone

"ဥာဏ်အသက် (၁၆) ချက်"

တုနှိုင်း ၍မ မှီ --------------------- အကျင့် သီလတည်ဆောက်


မဖေါက်ပြန် လျှောက်အမှန် ဒီလမ်း -------------- ခရီးကြမ်း တယ်မထင်

နွမ်းပါ စေ "အစ" ထဲ -------------- ၀ီရိယမြဲ ယုံကြည်မှုနဲ့ 

စွဲမြဲ "ထိုင်"ယခု အမှတ် ----------- တရက်စပ် ခန္ဓာကိုယ်တွင်

သပ်ထိုး သလို နာကျင်လို့  -------- ခြေစုံတွင် ကိုက်ခဲ သော်လည်း

သင် မလျှော့တဲ့ ဇွဲ ရယ်ရှိ --------- သမာဓိ ရာယ်ရောက်သာ်

သိ ပျောက်ရ ဤနိမိတ် ----------- ကြည့် စိတ်မှာ သင်မလိုက်၍

အမှောင်တိုက် နီဝရဏ ------------- တိုက်ခိုက် လို့ အောင်မြင်ကြလျှင်

စိတ်အစဉ် "သမ္မသန" ------------- မြင်ရမည် သေချာ

ဒေဿနာ ကိုယ်သိ ----------------။


ဒေဿနာ ကိုယ်သိ

မြင်ရမည့်မလွဲ ------------------- တဆက် ထဲမြဲမြံ

စွဲမှတ် မြန်ခြံငုံ လို့  --------------- ဘယ်ခါမကြုံ စဖူး

ဆုံ အမှတ်သွင်မဆုံး-------------- ပီတိ ဖုံး အသိ

ဂွမ်းဆီထိ ပေါ့ပါး ----------------- သိအားကြီး ပါဘိ

ပဿဒ္ဓိ စိတ်နှင့်ကိုယ်------------- သတိ ကိုယ် ယခု

ကာယစိတ္တ မုဒု ------------------ ကြားမခု နီဝရဏ

"ဥဒယဗ္ဗယ" ပေါ်သည်အခိုက် --- တရားဂုဏ် တွေဆိုက် ပြီ

အမှား ကြုံစေ မမိုက်တော့ ------- ထိုက်တန်သည့် လူ့ ဘဝ

လက်တွေ့ ပြ တရား----------------။


လက်တွေ့ ပြတရား

ပီတိတွေ အားနဲ့  မှတ် ချ ----------- မနားတဲ့ စိတ်အသွင်

အရင်ကထင်မှတ် ------------------ အထပ်ထပ် အစွဲ

ပြတ်ကျ ပြီအမှတ်ထဲ -------------- အပျက် ပဲ မြင်

တဆက်ထဲ သွင်သွင် -------------- လက်မခံ ချင် မရ

သင် သုံည ဟု --------------------- ဘင်္ဂ ဥာဏ် ထင်ရှား ရင်ဖြင့်

မှတ်အားတွေ ကျဲ ------------------ ၀မ်းနည်း ကာ" ကြောက်"" မုန်း"

မြဲ သတိ နဲ့ အလွတ်ရုန်းဟု -------- "မုစ္စတု" ပေါ် ပြန်မှ

မှတ်ရချက် သက်သာ ------------- "ပဋိသင်္ခါ" အပေါ်ပေါက်

ညင်သာစွာ ထိုးဖေါက်လို့  --------- ထိုလွတ် မြောက် ရာလမ်း

အကြောက်ခမ်း လို့ တည်ကြည် --။


အကြောက်ခမ်း လို့ တည်ကြည် --- အချိန်နာရီ မမှု

အတည်ပြု ခဲ့ မှတ်စဉ် -------------- ရပ် မချင် တည်ပုံဟန်

"သင်္ခါရုပေက္ခာဥာဏ်" မှာ----------- ကန်ရေကြည် ဘ၀င်၏

အမှတ် စဉ် တစ်ခု မြဲ ---------------- သင်-ငါ အစွဲ မယူ

အရာရာကို တူညီစွာရှု -------------- ပေါ်နေသည့် တစ်ခုရဲ့ အဆုံး

မမျှော် တုန်း ခဏ လေး------------- မသုံးသပ်ကာ မတွေး စဉ်

မနှေးအလျှင် နောက်ဥာဏ်ကျ ------ ဖေါက်ပြန် ဘ၀တွေ အဆုံး

လူဖြစ်မရှုံး တဲ့ ခဏ ---------------- အပြုံးဘ၀ တွေသာ ဆက်

ဤဥာဏ်အသက် (၁၆)ချက် -------- တစ်သက်စာ ကိုယ်တွင်အသိ

ဒါ ၀ိပဿနာ -----------------------။


(စက္ကူ လှေ - ၂၀၀၄)

Shared from ရဲနောင် - ခတ္တာ (ကဗျာ စာစုများ) [Ye-Naung Khat-tar Poetry Page)

Sunday, August 19, 2012

အစွမ်း နှင့် အစ တရားတော်

လူတိုင်းလူတိုင်းမှာ အားအစွမ်း (သို့) လုပ်နိုင်စွမ်းရည် ငါးမျိုးရှိတယ်။

၁) သဒ္ဓါဗလံ (ယုံကြည်ခြင်း ဆိုတဲ့ စွမ်းအား)

၂) ၀ီရိယဗလံ (ကြိုးစားအားထုတ်မှု စွမ်းအား)

၃) သတိဗလံ

၎) သမာဓိဗလံ (အာရုံထဲမှာ စိတ်က စူးစူးစိုက်စိုက် ကျရောက်နိုင်တာကို ခေါ်တယ်။)

၅) ပညာဗလံ (သိတတ်တဲ့ စွမ်းအား)

လူတိုင်းမှာ ဒီ ၅ မျိုးစလုံး ရှိကြပေမယ့် အချိုးအစားချင်းတော့ မတူညီကြဘူး။ သဒ္ဓါကောင်းပေမယ့် သတိမရှိတာလည်းရှိတယ်။ သတိကောင်းပေမယ့် ပညာမရှိတာမျိုး၊ ၀ီရိယကောင်းပေမယ့် သဒ္ဓါမရှိတာမျိုး… စသဖြင့် အချိုးအစားတွေ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။

စွမ်းအားချင်း မတူကြတဲ့ ပုဂ္ဂိုလ်တွေမှာ ဘယ်စွမ်းအားက သာရင် ဘာလုပ်ကြမလဲ ဆိုတာကို မြတ်စွာဘုရားက ဟောကြားထားခဲ့ပါတယ်။

*** ၁) သဒ္ဓါမှာ အဆင့် ၂ ဆင့် ရှိတယ်။

၁။ ယုံခြင်း လက္ခဏာ နှင့်

၂။ ကြည်လင်ခြင်း လက္ခဏာ။

အဲဒီ နှစ်မျိုးနဲ့ ပြည့်စုံမှ တကယ့်သဒ္ဓါအစစ်ဖြစ်မယ်။ ယုံရုံယုံတယ်။ မကြည်လာဘူးဆိုရင် သဒ္ဓါအစစ် (သို့) သဒ္ဓါအပြည့် မဟုတ်သေးဘူး။ ယုံတဲ့အတွက် လိုက်နာတဲ့အခါ ကြည်လင်အေးမြတဲ့ အရသာကိုပါ ခံစားလာရလိမ့်မယ်။ အဲဒီတော့မှ သဒ္ဓါအစစ် အပြည့်အ၀ ဖြစ်လာတာ။

သဒ္ဓါစွမ်းအားသာတဲ့ သူတွေဆိုရင် သောတာပန်ဖြစ်နိုင်တဲ့ အင်္ဂါ ၄ ပါးရှိတယ်။

၁။ ဘုရားကို မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း

၂) တရားကို မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း

၃) သံဃာကို မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း

၎) သီလငါးပါးကို မြဲခြင်း

သဒ္ဓါတရားရှိတဲ့သူဟာ ဒီသောတာပတ္တိအင်္ဂါ ၄ မျိုးကို လုပ်နိုင်ပါတယ် တဲ့။

သဒ္ဓါစွမ်းအားကောင်းရင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၊ ဓမ္မာနုဿတိကမ္မဋ္ဌာန်း၊ သံဃာနုဿတိကမ္မဋ္ဌာန်း စတာတွေ ပွားများလိမ့်မယ်။ အဲဒီအလုပ်တွေက အစပြုလုပ်ကိုင်မယ်ဆိုရင် လောကီ၊ လောကုတ် အကျိုးတွေ ဖြစ်စေနိုင်တယ်။ မနက် ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လေ့ရှိတဲ့သူတွေကို သဒ္ဓါအားကောင်းတယ်လို့ ပြောနိုင်ပါတယ်။

မုဆိုးအလုပ်ပင် လုပ်နေပါစေ။ သဒ္ဓါရှိတဲ့အတွက် နိဗ္ဗာန်နဲ့ မတန်ဘူးလို့ မပြောပါနဲ့။ အဲဒီလို ပြောခဲ့မယ်ဆိုရင် ပြောတဲ့သူသာ ဓမ္မအန္တရယ် ထိုက်ပါတယ် တဲ့။ ဘယ်ဂါထာပိုကောင်းလဲမေးရင် ဓမ္မအပေါ် ပစ်မှားမှု ဖြစ်သွားတာပဲ။ ဘုရားဟောထားတာ မှန်သမျှ အကျိုးရှိတာတွေချည်းပါပဲ။ အဲဒီလိုသာ တကယ်ယုံကြည်မှုရှိမယ်ဆိုရင် ဒီဂါထာကောင်းတယ်၊ ဟိုဂါထာကောင်းတယ်တွေ ဖြစ်တော့မှာ မဟုတ်ဘူး။ အဲဒီလိုမှ မဟုတ်ဘဲ ဒီဂါထာကတော့ဖြင့် ရွတ်ပွားမယ်ဆိုရင် အကျိုးများလိုက်တာ လို့ ပြောလိုက်ရင် ဟိုဘုရားဟော ဂါထာက မကောင်းတော့သလို ဖြစ်သွားမယ်နော်…

နမောဗုဒ္ဓဿ ရဲ့ အဓိပ္ပါယ်ကို နားမလည်ဘဲ ရွတ်ပွားနေရုံနဲ့တောင် ဘီလူးတွေရဲ့ စားသောက်ခြင်းမှ ကင်းဝေးပြီး အပူဇော်ခံခဲ့ရတဲ့ ဗြဟ္မဏ ကလေးလေး ဇာတ်လမ်းကိုကြည့်ရင် ဘုရားဂုဏ်တော်တွေဟာ အဓိပ္ပါယ်နားမလည်ဘဲ ရွတ်ပွားတာတောင် အန္တရယ်အပေါင်း နဲ့ ကြောက်လန့်ခြင်းတို့မှ ကင်းဝေးပြီး အေးငြိမ်းချမ်းသာစွာ နေနိုင်တာကို နားလည်နိုင်ကြမှာပါ။

ဘာဝနာတစ်ခုခု အမြဲပွားများနေသင့်တယ်။ ဗုဒ္ဓဂုဏ်ပွားများခြင်း၊ သို့ မေတ္တာပွားများခြင်း၊ သို့ အနိစ္စလက္ခဏာ ခန္ဓာမှာတင်ပြီး ပွားများခြင်းတို့ကို ပြုသင့်ပါတယ်။

မစိုးရိမ်ဆရာတော် ရဲ့ အတ္ထုပတ္တိမှာပါတဲ့ ဆန်စက်ပိုင်ရှင် အရဟံဦးစိန် အကြောင်းကိုလည်း သိကြမှာပါ။ အရင်က ဆင်းရဲမွဲတေလွန်းလို့ ၀တ်စရာတောင် အနိုင်နိုင်။ ဆရာတော်က ချမ်းသာချင်ရင် အရဟံ ပဲ ပုတီးစိတ်ဆိုပြီး ပုတီးပါ ပေးလိုက်တာ။ နောက်နှစ်ရောက်တော့ တပည့်တော် ဘာမှ မထူးခြားသေးဘူး ဆိုပြီးတော့ ဆရာတော်ကို လျှောက်တယ်။ အဲဒါနဲ့ ဆရာတော်လည်း သူ့ကို ရုတ်တရက် တစ်ချက်ရိုက်လိုက်တာ လန့်ပြီးအော်တာက “အမယ်လေး” တဲ့။ အဲဒါနဲ့ ဆရာတော်ကလည်း မင်းလိုသေးတယ်။ ပုတီးဆက်စိပ်ဦးလို့ပဲ ပြောလိုက်တယ်။ နောက်သုံးနှစ်နေတော့လည်း ဘာမှ မထူးသေးဘူးလို့ လျှောက်လာပြန်တယ်။ အဲဒါနဲ့ ဆရာတော်က ထပ်စမ်းတဲ့အနေနဲ့ ရုတ်တရက် တစ်ချက်ရိုက်လိုက်ပြန်တယ်။ အဲဒီအခါမှာတော့ “အရဟံ အရဟံ အရဟံ” ဆိုပြီး ယောင်ပြီးအော်လိုက်တယ် တဲ့။ အဲဒါနဲ့ ဆရာတော်လည်း နင့်ရင်ထဲ ဘုရားရောက်နေပြီ။ ထူးတော့မယ်ဆိုပြီး ပြောလိုက်တယ် တဲ့။ တကယ်ပဲ နောက်ပိုင်း စစ်တွေဖြစ်တော့ အိန္ဒိယပြန်သွားတဲ့ ဆန်စက်ပိုင်ရှင်တွေက စိတ်ချရတဲ့သူကို အပ်ခဲ့မယ်ဆိုပြီး မောင်စိန်ကို ဆန်စက်လွှဲထားခဲ့တာပါပဲ။ နောက်ပိုင်းတော့ မောင်စိန်လည်း တကယ်ပဲ ချမ်းသာလာခဲ့ပါတယ်။ ဘုရားဂုဏ်တော်တွေကို ရင်ထဲရောက်သည်အထိ ပွားများခဲ့တဲ့ အကျိုးလေးပါပဲ။

*** ၂) ၀ီရိယ အားကောင်းရင် ဒီတရား ၄ ပါးက စအားထုတ်ရပါမယ်။

၁။ မဖြစ်သေးတဲ့ အကုသိုလ်မဖြစ်အောင်

၂။ မဖြစ်သေးတဲ့ ကုသိုလ်ဖြစ်အောင်

၃။ ဖြစ်ပြီးတဲ့ အကုသိုလ်ပယ်ရှောင်ရေး

၎။ ဖြစ်ပြီးတဲ့ ကုသိုလ်တိုးပွားရေး။

* လောဘ၊ ဒေါသ က နာမည်ဆိုးတော့ မကောင်းမှန်း၊ အကုသိုလ်မှန်းသိတော့ သိပ်မလုပ်ရဲကြဘူး။ နာမည်မဆိုးတဲ့ ထိနမိဒ္ဓက အဆိုးဆုံးပဲ။ အကုသိုလ်မှန်းလည်း မသိကြတော့ ပိုဆိုးတယ်။ အရပ်ထဲမှာဆိုရင်တော့ ထိနမိဒ္ဓဆိုတာ သူတော်ကောင်းယောင်ဆောင်တဲ့ လူဆိုးကြီးပါပဲ။ ဘယ်သူမှ အပြစ်မပြောတော့ ပြုပြင်ရကောင်းမှန်းလည်း မသိတော့ဘူး။

* အကုသိုလ်ကို အကြွေးလို့ သတ်မှတ်လိုက်ပါ။ ကုသိုလ်ကို ငွေရှာတာလို့ သတ်မှတ်လိုက်ပါ။ ကိုယ့်မှာက အကုသိုလ်တွေက အများကြီးဆိုတော့ အကြွေးတွေလည်း အများကြီးပေါ့။ အကြွေးတွေ အများကြီးရှိနေတဲ့ သူတစ်ယောက်က ငွေကို သာမန်ထက် ပိုရှာမှပဲ အကြွေးတွေကို ဆပ်နိုင်မှာလေ။ အဲဒီတော့ အကြွေးနဲ့တူတဲ့ အကုသိုလ်တွေကို ပယ်ရှားချင်ရင် ငွေရှာတာနဲ့တူတဲ့ ကုသိုလ်တွေကို များများပိုပြီးရှာရမယ်။ အဲဒါမှ မီးများမီးနိုင်၊ ရေများရေနိုင် ဆိုသလို အကုသိုလ်တွေကို ကုသိုလ်တွေက နိုင်သွားမှာ။

*** ၃) သတိအားကောင်းရင်တော့ ဘာမှအထူးပြောစရာ မလိုတော့ပါဘူး။ နိဗ္ဗာန်ကို တိုက်ရိုက်တောင် ရောက်စေနိုင်ပါတယ်။ သတိပဋ္ဌာန်တရားတွေ ပွားများပေးပါ။ သတိစွမ်းအားကောင်းရင် သတိထားပြီး လုပ်ရတဲ့ ၀ိပဿနာကနေ စလုပ်ပါ။

*** ၄) သမာဓိအာကောင်းရင် ဈာန်အလုပ်ကနေ စလုပ်သင့်ပါတယ်။

*** ၅) ပညာစွမ်းအားကောင်းရင် သို့မဟုတ် ဥာဏ်ပညာထက်မြက်ရင် သစ္စာ ၄ ပါးကို တိုက်ရိုက်ရှုသင့်ပါတယ်။ အနိစ္စကိုမြင်ရင် ဖြစ်ပျက်သဘောကို မြင်ပါတယ်။ ဒုက္ခသစ္စာကို ခန္ဓာမှာ စရှုပါ။ ဘေးမကင်းတဲ့ သဘောကို ဒုက္ခလို့ ခေါ်ပါတယ်။

ဟင်းချက်နေရင်းနဲ့ တရားရှုပွားလိုက်တာ သောတာပန် ဖြစ်သွားတယ်တို့ ဘာတို့ ကြားဖူးကြမှာပါ။ ဟင်းချက်နေရင်းနဲ့ အရွက်တွေက လန်းရာကနေ နွမ်းသွားတဲ့ အနိစ္စသဘောကို သံဝေဂဥပမာယူပြီး အဓိက ကတော့ ခန္ဓာထဲက အနိစ္စကိုမြင်မှ တရားရတာပါ။

---------- * ---------- * ---------- * ----------

မြတ်စွာဘုရားကို ရေချမ်းကပ်၊ ဆွမ်းကပ်၊ ပန်းကပ်တွေ လုပ်ဖြစ်တယ်ဆိုရင် ငါဟာ သဒ္ဓါတရားရှိတဲ့ သူတစ်ယောက်ပဲလို့ ကိုယ်လုပ်ဖြစ်တဲ့အလုပ်ကို ကြည့်ပြီးတော့လည်း ကိုယ့်ကိုယ်ကို ဘယ်အမျိုးအစားထဲပါလဲဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။ အစွမ်းနဲ့အစမှာ စွမ်းရာက စရပါမယ်။ ကောင်းမှုလုပ်တဲ့အခါ စွမ်းတဲ့အလုပ်ကစရင် တခြားကုသိုလ်တွေပါ နောက်က ကပ်ပါလာပါလိမ့်မယ်။ သန်ရာက ဦးဆောင်ပေမယ့် ကျန်တဲ့စွမ်းအားတွေကပါ လိုက်လာလိမ့်မယ်။ တဖြည်းဖြည်းနဲ့ဖြည့်၊ ပြည့်လာတော့မှ သူ့စွမ်းအားသူ လုပ်နိုင်လာမယ်။

လူတွေမှာရှိတဲ့ ဒီအစွမ်း ငါးခုကို သူငယ်ချင်းကောင်း ငါးယောက်နဲ့ တူပါတယ်တဲ့။ အဋ္ဌကထာဆရာက ပြောပြပါတယ်။ သူဋ္ဌေးသား ၄ ဦး နဲ့ ဘုရင့်သား ၁ ယောက်တို့ဟာ ဒိုးတူဘောင်ဘက် ခင်မင်ကြတဲ့ သူငယ်ချင်းကောင်းတွေပါ။ ၁ နှစ် ၁ ခါ နက္ခတ်သဘင် ဆင်နွှဲကြပါတယ်။ မြန်မာလိုဆိုရင်တော့ တန်ဆောင်မုန်းလ၊ တန်ဆောင်တိုင်ပွဲလို ဖြစ်မှာပေါ့။ ခင်မင်တဲ့အိမ်တွေဆို အပြန်အလှန်ဖိတ်ကြားပြီး စားကြ၊ သောက်ကြပါတယ်။ သူငယ်ချင်း ငါးယောက်တို့ကလည်း တစ်နှစ်ကို တစ်ယောက်ကျစီ ဦးဆောင်ပြီး တစ်ယောက်ရဲ့အိမ်မှာ အတူတူချက်ပြုတ် စားသောက်ကြပါတယ်။ ပထမဆုံး သူဋ္ဌေးသား တစ်ယောက် အိမ်ရောက်ရင် သူဦးဆောင်ပြီးတော့ သူသန်ရာသန်ရာ အစားအသောက်တွေကို ပြင်ဆင်ချက်ပြုတ်ကြပါတယ်။ ကျန်တဲ့ သူငယ်ချင်း ၄ ယောက်တို့ကတော့ ၀ိုင်းကူညီလုပ်ကိုင်ပေးကြတာပေါ့။ အားလုံး ချက်ပြုတ်ပြင်ဆင်ပြီးလို့ စားသောက်ပျော်ပါးကြတော့ အိမ်ရှင်သူဋ္ဌေးသား တစ်ဦးတည်း ပျော်ပါးစားသောက်တာ မဟုတ်ပါဘူး။ သူငယ်ချင်း ငါးယောက်စလုံး အားလုံးအတူတူ စားသောက်ပျော်ပါးကြတာပါ။

သူငယ်ချင်း ငါးယောက်ထဲက ဘုရင့်သားကတော့ အာဏာအရှိဆုံးမို့လို့ အစွမ်းငါးခုထဲကမှ ပညာနဲ့ တူပါတယ်တဲ့။ ကျန် ၄ ယောက်ကတော့ သူဋ္ဌေးသား ၄ ဦးနဲ့ တူပါတယ်။ စဉ်းစားကြည့်ရင် ဒီအစွမ်း ၄ ခုကို လုပ်ရင် ချမ်းသာနိုင်တဲ့အတွက်ပါပဲ။ သဒ္ဓါဆိုတဲ့ သူဋ္ဌေးသားက အိမ်ရှင်လုပ်ပြီး သူသန်ရာ အစားအသောက်ကို ဦးဆောင်ချက်ပြုတ်တဲ့အခါ ကျန် ၄ ဦးဖြစ်တဲ့ အစွမ်း ၄ မျိုးကလည်း ၀ိုင်းဝန်းကူညီထောက်ပံ့ပေးကြပါတယ်။ ဟင်းတွေအားလုံးကျက်လို့ စားကြသောက်ကြတော့မယ့် အချိန်ရောက်လာတယ်ဆိုတာ စွမ်းရည် ငါးမျိုးစလုံး ပြည့်စုံသွားတာနဲ့ တူပါတယ်။ အားလုံးပျော်ပျော်ပါးပါး စားသောက်တာကျတော့ စွမ်းရည်တွေအားလုံးပြည့်ပြီး တရားရသွားတာနဲ့တူပါတယ်။

သဒ္ဓါက ဦးဆောင်တယ်ဆိုရင် ရတနာသုံးပါးမှာ ယုံကြည်မယ်။ သီလတွေ ခိုင်မြဲမယ်။ သီလခိုင်မြဲဖို့အတွက် သတိက ကူညီပေးပါတယ်။ ခန္ဓာမှာ ရုပ်၊ နာမ် ပေါ်အောင် ပညာကလည်း ကူညီပေးပါတယ်။ အင်အားပြည့်ပြီဆိုတော့ သဒ္ဓါက သဒ္ဓါနဲ့ဆိုင်တဲ့ သူသန်ရာ အလုပ်ကနေစလုပ်ပြီး ဦးဆောင်တယ်ဆိုပေမယ့် အချိန်တန်တဲ့အခါ စွမ်းရည်ငါးမျိုးစလုံး ပြည့်ဝသွားတာပါ။

ဝီရိယ သူဋ္ဌေးသားဆီရောက်ရင် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်တဲ့အလုပ်ကို စွမ်းတော့ အဲဒါကို စီမံလုပ်ဆောင်ပေးပါလိမ့်မယ်။ သတိက မကောင်းမှုတွေရှောင်နိုင်အောင်၊ ကောင်းမှုတွေဆောင်နိုင်အောင် ကူညီပေးမယ်။ သမာဓိက အာရုံမှာ စူးစိုက်နေအောင် ကူညီလိမ့်မယ်။ အားလုံးပြည့်စုံသွားတော့ အတူတူ စားကြ၊ သောက်ကြသလိုပါပဲ။ စွမ်းရည် ငါးမျိုးစလုံး ပြည့်သွားတာပါ။

အကျဉ်းချုပ်ပြန်ပြောရရင်… လူတိုင်းမှာ သဒ္ဓါ၊ သတိ၊ ၀ီရိယ၊ သမာဓိ၊ ပညာ လို့ခေါ်တဲ့ အစွမ်း ငါးမျိုး ပါရှိကြပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ပါရှိတဲ့ အစွမ်းငါးမျိုးရဲ့ အချိုးအစားချင်းကတော့ မတူညီကြပါဘူး။ ငါးမျိုးလုံးကတော့ လူတိုင်းမှာ ပါရှိပေမယ့် တချို့က သဒ္ဓါအားကြီးမယ်။ ၀ီရိယကျတော့ နည်းချင် နည်းနေမယ်။ တချို့က သတိအားကောင်းမယ်။ ဒါပေမယ့် ပညာကျတော့ အားနည်းချင်နည်းနေမယ်။ ဒီအစွမ်းငါးမျိုးစလုံးက ကောင်းသောစွမ်းရည်တွေဖြစ်လို့ ဘယ်ကနေပဲစလုပ်လုပ် အစွမ်းတစ်ခုခုက ဦးဆောင်ပြီး လုပ်တဲ့အခါ ကျန်လေးမျိုးက လိုက်ပါကူညီနေကြတာပါပဲ။ တစ်ခုအားကြီးပြီး ကျန်တာတွေ အားနည်းနေပေမယ့် အားကြီးတဲ့ တစ်ခုကို စလုပ်ရင်းနဲ့ ကျန်တာတွေပါ တဖြည်းဖြည်း အားကြီးလာကြလိမ့်မယ်။ အဲဒီလိုနဲ့ပဲ ကိုယ်စွမ်းရာ၊ သန်ရာကနေပဲ အစပြုပြီး ကြိုးစားအားထုတ်ကြရတာပါပဲ။ ဒီလိုနဲ့ ကိုယ်ကျွမ်းကျင်လိမ္မာတဲ့ အစွမ်းတစ်မျိုးကနေ အစပြုဦးဆောင်ပြီး လုပ်ဆောင်အားထုတ်နေရင်းကနေ စွမ်းရည်ငါးမျိုးလုံး တဖြည်းဖြည်းဖြည့်ဆည်းရင်း ပြည့်လာတဲ့ အချိန်တစ်ခုကို ရောက်တဲ့အခါ တရားတွေလည်း ရလာနိုင်ပါလိမ့်မယ်။

လောကမှာ အကြီးကျယ်ဆုံးတွေဆိုတာ အသေးလေးတွေက စရတာပဲ။ ဒါဆို နိဗ္ဗာန်က မဝေးပါဘူး။ ကုသိုလ်သေးသေးလေးတွေလုပ်ရင်း အများအကျိုးစွန့်တယ်ဆိုတဲ့ ကုသိုလ်တွေလုပ်နိုင်လာတာပါ။ ဘယ်ကုသိုလ်မှ နိဗ္ဗာန်နဲ့ မဝေးပါဘူး။ ဒါပေမယ့် လုပ်သမျှကုသိုလ်ကို နိဗ္ဗာနဿ ပစ္စယောဟောတု၊ နိဗ္ဗာန်ကို ရည်စူးပြီး လုပ်ဖို့တော့လိုတယ်။ ဥပမာ- ဘုရားကို ကြည်ညိုဖို့၊ ရှိခိုးဖို့အတွက် ဘုရားစေတီတွေ တည်ထားကိုးကွယ်ကြတာ။ အဓိက က နှလုံးသားထဲကို ဘုရားကိန်းဖို့ပါပဲ။ ဘုရားဆင်းတုတော်တွေက အကျိုးပေးတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ နှလုံးသားထဲထိ ရောက်အောင် ဘုရားကိုကြည်ညိုတဲ့ သဒ္ဓါစိတ်ကသာ အကျိုးတကယ်ပေးနိုင်တာပါ။ စဉ်းစားကြည့်ရင် သိသာပါတယ်။ အိမ်မှာကိုးကွယ်ထားတဲ့ ဘုရားဆင်းတုတော်ကို မြတ်စွာဘုရား သက်တော်ထင်ရှားရှိသလို တကယ်သတ်မှတ်ထားရဲ့လားဆိုတာ။ မြတ်စွာဘုရား မပြောနဲ့။ ရဟန်းသံဃာတစ်ပါး မပြောနဲ့ဦး။ ကိုယ်လေးစားရိုသေရတဲ့ သာမန်လူတစ်ယောက် ကိုယ့်အိမ်မှာ ရောက်နေရင်တောင် မကောင်းမှုတို့၊ မကောင်းတဲ့ အပြောအဆိုတို့ကို သူတို့အရှေ့မှာ မလုပ်ရဲပါဘူး။ ရဟန်းသံဃာတစ်ပါး ကိုယ့်အိမ်ကို ကြွရောက်လာတဲ့အခါမှာလည်း အပြောအဆို၊ အနေအထိုင်ကအစ ရိုရိုသေသေ လေးလေးစားစား နေရ၊ ထိုင်ရပါတယ်။ ဒါဆို ကိုယ့်အိမ်မှာ ကိုးကွယ်ဆည်းကပ်ထားတဲ့ မြတ်စွာဘုရား ဆင်းတုတော်ကိုရော… တကယ်သက်တော်ထင်ရှား မြတ်စွာဘုရားလို သဘောထားရဲ့လား။ တကယ်သာ သက်ရှိထင်ရှားရှိသလို သဘောထားခဲ့မယ်ဆိုရင် မြတ်စွာဘုရားရှေ့မှာ နေချင်သလိုနေ၊ ပြောချင်သလိုပြော၊ ကြံစည်ချင်သလို ကြံစည်ရဲဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒီဥပမာကိုကြည့်ရင် သိသာပါတယ်နော်။ မြတ်စွာဘုရားဆင်းတုတော်သာ အိမ်မှာကိုးကွယ်ထားတာ။ တကယ့်ဘုရားအစစ်လို့ နှလုံးသားထဲမှာ မသတ်မှတ်တော့ ဘုရားရှေ့မှာလည်း ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်တာပါပဲ။ ဆရာတော် အဲဒီလိုဟောတော့ ခိုင်အရင်က တင်ဖူးတဲ့ ဆွမ်းကပ်လှူတဲ့အကျိုး နုတ်စ်လေးကို သတိရပါတယ်။ အဲဒီထဲက အမျိုးသမီးကြီးက အိမ်မှာကိုးကွယ်ထားတဲ့ဘုရားကို တကယ့်သက်ရှိထင်ရှားရှိတဲ့ မြတ်စွာဘုရားလို သဘောထားပြီး ကိုးကွယ်တဲ့အတွက် သူ့ရဲ့အကျိုးပေးက မသေခင်တောင် နတ်ပြည်မှာ ဗိမာန်ပေါက်ရလောက်တဲ့အထိ အကျိုးပေးခဲ့တာပါ။ ဒါကြောင့် ဘုရားဆင်းတုတော် အမျိုးအစားတွေ၊ အရွယ်အစားတွေ၊ ပုံသဏ္ဍာန်တွေက အကျိုးပေးတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ ရင်ထဲက ဘုရားကို သက်ရှိထင်ရှားရှိသလို ရိုသေလေးစားပြီး ကြည်ညိုနိုင်တဲ့ သဒ္ဓါစွမ်းရည် အနည်းအများကသာ အကျိုးပေးအနည်းအများကို ဖြစ်စေတာ။ ဘုရားဆင်းတုတော် အရွယ်ကြီးလို့၊ ကျောက်တွေနဲ့ စီချယ်ထားလို့ ဆုတောင်းပြည့်ဘုရားလို့ နာမည်ပေးထားလို့ ဆုတောင်းတွေပြည့်ပြီး ကုသိုလ်တွေပိုရနေတာ မဟုတ်ပါဘူး။ ကိုယ့်ရင်ထဲက ကြည်ညိုတဲ့သဒ္ဓါတရားကသာ အကျိုးတရားတွေကို ဖြစ်စေတာပါ။

ရန်ကုန်မှာဆို လူတွေယတြာချေရင် အသွားအများဆုံးဘုရားတစ်ဆူက ရွေဘုန်းပွင့်လေ။ ဘုန်းတွေပွင့်တဲ့ဓာတ် ရအောင်ဆိုပြီးတော့ ဗေဒင်ဆရာတွေကလည်း ရွှေဘုန်းပွင့်ဘုရားမှာ ယတြာသွားချေခိုင်းတာများတယ်။ ဘုန်းပွင့်တဲ့ဓာတ်ရချင်လို့ ရွှေဘုန်းပွင့်ဘုရားသွားဖူးတာဆိုရင် ရည်ရွယ်ချက်က ဘုန်းပွင့်ချင်တာ ဖြစ်သွားပြီ။ နိဗ္ဗာန်ကိုရည်စူးတဲ့ ကုသိုလ် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ အဲဒါဆိုရင် အကျိုးပေးကလည်း ညံ့သွားပြီ။ သံသရာမှလွတ်မြောက်ကြောင်းအတွက် စွမ်းရည်ဖြည့်ရတဲ့ ကုသိုလ်ပါရမီမျိုးလည်း မဖြစ်နိုင်တော့ဘူးနော်။ ဒါကြောင့် သံသရာမှလွတ်ဖို့ တရားအားထုတ်တဲ့အခါ ကိုယ်စွမ်းရာကနေ စပြီး အားထုတ်တယ်ဆိုပေမယ့် နိဗ္ဗာန်ကို ရည်စူးပြီးလုပ်တာတော့ ဖြစ်ရမယ်။ အဲဒါမှသာ နိဗ္ဗာန်နဲ့ တဖြည်းဖြည်းနီးလာမှာပါ။

ရခဲလှတဲ့ ဒုလ္လဘတရား ၄ ပါး (လူဖြစ်နေပြီ၊ သာသနာနဲ့ကြုံနေပြီ၊ တရားကိုလည်း ယုံကြည်နေပြီ၊ သံသရာမှ လွတ်မြောက်ကြောင်းတရားတွေလည်း ကြားနာခွင့်ရနေပြီ) နဲ့လည်း ကြုံဆုံခွင့်ရနေကြတုန်း သံသရာမှ လွတ်မြောက်အောင် ကိုယ်စွမ်းတဲ့ အလုပ်ကနေ အစပြုပြီး အားထုတ်သင့်ကြပါတယ်။

စွမ်းရာကစ၍ နောက်ဆုံး နိဗ္ဗာန်တိုင်အောင် မျက်မှောက်ပြုနိုင်ကြသော သူတော်ကောင်းများ ဖြစ်ကြပါစေကုန်သတည်း…….

သာဓု၊ သာဓု၊ သာဓု…….

တောင်စွန်း ဓမ္မဘေရီဆရာတော် ဟောကြားတော်မူသော အစွမ်းနှင့်အစ တရားတော်ကို ဓမ္မမိတ်ဆွေများအတွက် တရားဗဟုသုတ တိုးပွားစေခြင်းအလို့ငှာ မှတ်မိသမျှ ရေးသားမျှဝေပါတယ်။ အမှားများရှိရင်လည်း ပြင်ဆင်ပေးနိုင်ပါတယ်။

ဆွမ်းကပ်လှူတဲ့အကျိုး နုတ်စ်ရဲ့ လင့်ခ်လေးပါ…
http://greenkstar.blogspot.com/2011/05/blog-post_3883.html

မေတ္တာဖြင့်
ခိုင်ခိုင်
(August 19, 2012)

အလွန့် အလွန် ရိုးသားဖြောင့်မတ်သူ

ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (D.Litt) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ

အဂ္ဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ
အဂ္ဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဘိဓဇအဂ္ဂ္ဂမဟာသဒ္ဓမ္မဇောတိက
သ စ အ ဓမ္မစရိယ၊ ၀ဋံသကာ၊ ပါဠိသိရောမဏိ၊ (B.A)
ပဓာန နာယကဆရာတော်၊
ဗန်းမော်ကျောင်းတိုက်၊ မန္တလေး။

န၀မ ဗန်းမော်ဆရာတော်ကြီး၏ “ အမှာစကား ”

“ ဥဇု စ သုဟုဇုစ ”့  ဥဇု-ဆိုတာ ကိုယ်အားဖြင့်၊ နှုတ်အားဖြင့် ရိုးသားဖြောင့်မတ်ရမည်တဲ့။

သုဟုဇု-ဆိုတာ စိတ်အားဖြင့် ရိုးသားဖြောင့်မတ်ရမည်တဲ့။ မေတ္တာပွားများတဲ့ နေရာမှာဖြစ်စေ၊

အခြားလောကဓမ္မကြီးပွားရေး၊ စီးပွားရေးလုပ်တဲ့နေရာမှာဖြစ်စေ အင်မတန် အရေးကြီးသောကြောင့်

“ ဥဇုစ သုဟုဇုစ ” ဟု မြတ်စွာဘုရားသည် နှစ်ကြိမ်တိုင်တိုင် အထူးဆင့်ပြီး ဟောတော်မူထားခြင်း ဖြစ်ပါ၏။

မရိုးသား၊ မဖြောင့်မတ်ရင် မေတ္တာတရား မထားနိုင်သလို လောကဓမ္မ အကျိုးစီးပွားများလည်း

မဖြစ်ထွန်းနိုင်ပါ။ ပဓာနိယင်္ဂအင်္ဂါငါးပါးထဲမှာ လောကဓမ္မ ကြီးပွားချမ်းသာဘို့ အတွက် တတိယအင်္ဂါအနေနဲ့  ဥဇု-ရိုးသားဖြောင့်မတ်ရမယ်၊ သုဟုဇု-အလွန့် အလွန် ရိုးသားဖြောင့်မတ်ရမယ်ဟု လာရှိပါသည်။ ကောင်းပြီ၊

ဒါဖြင့်ရင် ဥဇု-ကိုယ်နှုတ်အားဖြင့် ရိုးဖြောင့်ရမည်ဟု လာရှိပါသည်။ ကောင်းပြီ ဒါဖြင့်ရင်

ဥဇု-ကိုယ်နှုတ်အားဖြင့် ရိုးဖြောင့်သူ၊ သုဟုဇု-စိတ်အားဖြင့် ရိုးဖြောင့်သူဆိုတာ

ဘယ်လိုအင်္ဂါ လက္ခဏာတွေရှိသလဲလို့  ပြောကြည့်ရအောင့့် 


(၁) မောင်ဖြူအတွက် ရလာတဲ့ဝေစုကို မောင်နီက မောင်ဖြူမသိသော်လည်း မူရင်းအတိုင်း မောင်ဖြူကို ပေးလိုက်ခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၂) ကာယကံရှင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ မတရားတဲ့အခွင့်အရေးကို မတရားဘူးထင်ရင် မယူခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၃) တဘက်က စောင့်စည်းမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စောင့်စည်းရမည့် တာဝန်ဝတ္တရား ရှိသည့် နေရာ၌ စောင့်စည်းနိုင်ခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၄) မိမိမစားထိုက်၊ မသုံးထိုက်ဟု လက်ခံယုံကြည်ထားသည့်အရာကို မစား မသုံးဘဲနေခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၅) မူရင်းအတိုင်း တိုက်ရိုက်မပြောဆိုဘဲ အကြောင်းဥပါယ် နည်းပရိယာယ်နှင့်ပြောလျှင် ရပါလျက် မပြောဘဲ မူရင်းအတိုင်း ပြောဆိုခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၆) လူတို့ အထင်ကြီးခံရသည်ဖြစ်စေ၊ အထင်သေးခံရသည်ဖြစ်စေ၊ အ,သည် န,သည်ဟု အပြောခံရသည်ဖြစ်စေ၊ ဂရုမပြုဘဲ ပကတိစိတ်ထဲရှိတဲ့အတိုင်း ပြုမူပြောဆိုခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၇) မတရားတဲ့နည်းလမ်းနဲ့  နေရာ အခွင့်အရေး တစုံတရာရယူမှု မပြုခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၈) မဟုတ်မမှန်၊ လုပ်ကြံပြောဆိုခြင်း မုသာဝါဒ၊ လှည့်ပတ်ခြင်း မာယာ၊ စဉ်းလဲကောက်ကျစ်ခြင်း သာဌေယျ တို့ မရှိမှုသည် အဲဒါ ရိုးသားမှုပါ။

(၉) ယုံကြည်မှုခံရသူသည် ရိုးသားမှုရှိ၏။ ရိုးသားသူသည် ယုံကြည်မှုခံရ၏။ မျက်ကွယ်မှာ မျက်နှာလွှဲခဲပစ် မလုပ်ခြင်းသည် အဲဒါရိုးသားမှုပါ။

(၁၀) မင်းအမတ်ကြီးမှစ၍ ဘုန်းဘုရားတို့ အပါအ၀င် ပြည်သူပြည်သား ဆင်းရဲသား နင်းပြားပါမကျန် လူသားအားလုံး ပိုင်ဆိုင်ခွင့်ရှိသော အရာသည် ရှိ၏။ ထိုအရာသည် ရိုးသားမှုပါ။

(၁၁) လောက၌ ငွေကြေးဥစ္စာ ရာထူးဂုဏ်ဝါတို့ ဖြင့် တန်ရာတန်ကြေးပေး၍ ၀ယ်ယူမရနိုင်သောအရာသည်ရှိ၏။
ထိုအရာသည် ရိုးသားမှုပါ။

(၁၂) ယော- အကြင်သူသည်၊ ဥဇုဘူတော- ဖြောင့်မတ်၏၊ အ ကုဋိလစိတ္တော- မကောက်ကျစ် မစဉ်းလဲတတ်၊ သီလ၀ါ- ကိုယ်ကျင့်သိက္ခာရှိ၏၊ ကာယ၀င်္ကာဒိရဟိတော- ကိုယ်၏ကောက်ကျစ်မှုစသည်တို့ မှ လင်း၏၊ (၀ါ) ကိုယ်၏ကောက်ကျစ်မှု၊ နုတ်၏ လိမ်လည်လှည့်ဖြားမှု၊ စိတ်၏မမှန်ကန်မှုတို့ မှ ကင်း၏၊
သော- ထိုသူသည်၊ ဥဇု- ရိုးသားဖြောင့်မတ်သူ၊ သုဟုဇု- အလွန့် အလွန် ရိုးသားဖြောင့်မတ်သူဟူ၍၊ တုမှေ- သင်သူတော်ကောင်းတို့ သည်၊ ဂဏှာထ- ရိုးရေသားဖောက် ရိုးတွင်းချဉ်ဆီခိုက်အောင် မှတ်ကြလေကုန် ။ ။



ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (D.Litt) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ

အဂ္ဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ
အဂ္ဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဘိဓဇအဂ္ဂ္ဂမဟာသဒ္ဓမ္မဇောတိက
သ စ အ ဓမ္မစရိယ၊ ၀ဋံသကာ၊ ပါဠိသိရောမဏိ၊ (B.A)
ပဓာန နာယကဆရာတော်၊
ဗန်းမော်ကျောင်းတိုက်၊ မန္တလေး။

Shared from Young Buddhist's Association

အစမ အလယ်မ အဆုံးမ

အဆုံးထိ မနိုင်မှ အဆုံးအမလို့ ဆိုရတယ်။ လူတစ်ယောက် ပိုက်ဆံတွေ အများကြီး ရသွားတာနဲ့ သူ့ဘ၀လမ်းဆုံး ပန်းတိုင်ရောက်ပြီလို့ ဆိုနိုင်သလား။ ပိုက်ဆံချမ်းသာပြီး စိတ်ဆင်းရဲနေသူတွေ အများကြီး၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဘ၀တွေက လွတ်မြောက်ရာ သံသရာခ၇ီးရှည်ကြီးရဲ့  အဆုံးထိ ရောက်အောင် မ နိုင်မှ အဆုံးမ အဆိုအမိန့် စစ်စစ်ဖြစ်တယ်။

ဒါနခန်း ပေးကမ်းစွန့်ကြဲခြင်း အကျိုးလောက်ဟောပြီး ဘ၀အစကောင်းရုံ ညွှည်ပြနိုင်တ
ာမျိုးက “အစမ” ပဲရှိသေးတယ်။ အဆုံးမ မဟုတ်သေးဘူး။ သီလခန်းလေး ဟောပြီး ကိုယ်ကျင့်ကောင်း လမ်းညွှန်တယ် ဆိုတာမျိုးကလည်း “အလယ်မ” ပဲရှိသေးတယ်။ အဆုံးမ မဟုတ်သေးဘူး။ သံသရာဝဋ်ဆင်းရဲအပေါင်းကို နိဂုံးကမ္ပတ် အဆုံးသတ်ပေးပြီး တစ်ဖန်ပြန်လည် ဆင်းရဲခြင်း၊ ဖြစ်ရပျက်ရခြင်း၊ စရခြင်း လည်ရခြင်း ဆိုတဲ့ အစ အလယ်တွေကိုပါ အဆုံးသတ်ပေးပြီး ဆင်းရဲခြင်း လုံးလုံးမရှိရာ “အဆုံးနိဗ္ဗာန်” အထိ မ နိုင်မှ အဆုံးမလို့ ခေါ်ရပါတယ်။ အဆုံးထိ မ နိုင်တဲ့ အဆုံးအမမျိုး တို့ဗုဒ္ဓဘာသာ တရားတော်မှာပဲ ရှိပါတယ်။

အစမ ဆိုတဲ့ ဒါနခန်းနဲ့ ရပ်မထားဘူး။

အလယ်မ ဆိုတဲ့ သီလခန်းနဲ့ ရပ်မထားဘူး။

အဆုံးမ ဆိုတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ထိ ဘာဝနာခန်း ပညာခန်းတွေကို ပြည့်ပြည့်စုံစုံ ညွှန်ပြနိုင်ပါမှ အဆုံးအမ သြ၀ါဒ စစ်စ်ဖြစ်ပါတယ်။

မဟာဗောဓိမြိုင်ဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ်
“အကောင်းဆုံးကို ရအောင်ယူ လောက ဓမ္မသြ၀ါဒများ” မှ

Shared from Ma Monica Pyone

Saturday, August 18, 2012

Gtalk acc ကိုသိရုံနဲ့ ဘယ်ကနေ သုံးနေတယ်ဆိုတာကို ကြည့်လို့ရပါတယ်

ကျွန်တော်ကိုယ်တိုင် သုံးနေပါတာ တကယ် လိုအပ်တဲ့ အချိန်တွေမှာပေါ့လေ သူငယ်ချင်းတွေလဲ လိုအပ်ရင် သုံးလို့ရပါတယ်..
မသိသေးတဲ့သူတွေ အတွက် အလိမ်မခံရစေချင်ပါဘူး …………
Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်ဂျ။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။

Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်ဂျာ။ ပထမဆုံးတစ်ခုက Spypig ။
Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။
http://www.spypig.com/
ကိုသွားလိုက်ပါဂျ။
နောက်
Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါနော်။
Step2 မှာ Subject ထည့်ပါ။
Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။
Step4 မှာ 3 ကိုရွေးပါ။
ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။
အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။
အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail
ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။
အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့
http://www.ip2location.com/free.asp
ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင်သူဟာ ဘယ်နိုင်ငံကလည်းဆိုတာ ပေါ်လာပါလိမ့်မယ်။
သူငယ်ချင်းတွေအားလုံးအဆက်ပြေမယ်လို့ထင်ပါတယ် …………….
မသိသေးသူများအတွက်သာ …..
From – အာကာဖြိုး

Shared from April Maung Maung (Facebook)

Thursday, August 16, 2012

“မလိုလျှင်ပို၊ လိုလျှင်လိုမည်”

မလိုချင်နဲ့-လိုချင်နေသမျှတော့ မလိုချင်တာတွေသာ ရကြမှာ။
မလိုချင်ပါမှ လိုချင်တာအကုန်ရကြမှာ။
ဘာမှ မလိုချင်တဲ့နေ့-လိုလေသေးမရှိအောင် ပြီးပြည့်စုံတဲ့နေ့။

သူတော်ကောင်းတို့………..
လိုချင်နေသမျှ ပစ္စုပ္ပန်၌ အကြိုက်တူသူချင်း လုယက်ငြင်းခုံရန်ဖြစ်လျက်၊ တရားတွေ့ရတတ်၏။
သံသရာ၌ အစွဲအတိုင်း ထိုအကြိုက်အာရုံ၌ လိုက်၍ ပြိတ္တာဖြစ်ရတတ်၏။
ဤကားလိုချင်၍ မလိုချင်တာရပုံ။

မလိုချင်သောသူ၌ လူတိုင်းကယုံ၏။ကြည်ညိုလေးစားသောအားဖြင့် ချစ်ခင်ကြကုန်၏။သို့ကြောင့်
ပစ္စုပ္ပန်၌ လိုသောအကူရစေ၍ သံသရာ၌ အစွဲလွတ်ရာ ကောင်းရာသို့ စံကြရ၏။
ဤကား မလိုချင်၍ လိုချင်တာရလာပုံ။

ဘာမှ မလိုချင်သောဘုရား၊ပစ္စေကဗုဒ္ဓါ၊ရဟန္တာအရှင်တို့မှာမူကား
ပစ္စုပ္ပန်၌လည်း ရှေးဒါနထုပ် လက်ငုတ်ပေါ်၍ လောကီအာရုံလည်း လိုလေသေးမရှိ ပြည့်စုံကုန်၏။
လောကုတ်အာရုံလည်း နိဗ္ဗာန်အထိပင်။သံသရာ၌ကား အလိုကင်းသောနိဗ္ဗာန်၏ သန္တိသုခကို ခံစားရပြီတည်း။
(မဟာဗောဓိမြိုင်ဆရာတော်ကြီး)

Shared from Ma Waing Chit

Social Team for the Aged အကြောင်း တစေ့တစောင်း

မင်္ဂလာပါ… ၂၀၁၂ ဧပရယ်လက Venus News Journal မှာပါဝင်ခဲ့တဲ့ Social Team for the Aged အသင်းရဲ့  အင်တာဗျူးဆောင်းပါးအား ကျွန်တော်တို့ အသင်းကိုစိတ်ဝင်စားသူများအားလုံး နှင့် လစဉ်လှူဒါန်းပေးနေသောအလှူရှင်များအား ပြန် Share ပေးချင်ပါတယ်… ဒီဆောင်းပါးဟာ ဧပရယ်လမှာရေးသားထားတာဖြစ်ပေမဲ့ VOA Interview မှာပါတဲ့အချက်အလက်တွေထက် ပိုပြီး Update ဖြစ်တာတွေလည်းပါပါတယ်..ဘာလို့ ဆိုရင် VOA က ၂၀၁၁ စက်တင်ဘာမှာတစ်ကြိမ် ၊ ၂၀၁၂ ဂျူလိုင်မှာတစ်ကြိမ် ၂ ကြိမ်မေးမြန်းထားတာကို ပေါင်းပြီး၊ ပြီးခဲ့တဲ့ ၃၁.၇.၂၀၁၂ မှာထုတ်လွှင့်ခဲ့တာဖြစ်လို့ ပါ… ဥပမာ အသင်းကတစ်လကို ၃ သိန်းနှင့် ၄ သိန်းကြားလှူဒါန်းနိုင်ခဲ့ပါတယ်လို့  VOA မှာပြောထားပေမဲ့ ဒီဆောင်းပါးထဲမှာတော့ ၄ သိန်း၊ ၅သိန်း လှူကြပါတယ်လို့ ရေးထားတာတွေ့ ပါလိမ့်မယ်..ဒီနောက်ပိုင်းအလှူ ကောက်ခံရရှိငွေတိုးတက် လာတဲ့အတွက်ပိုမိုလှူနိုင်ခဲ့တာပါ … ဘိုးဘွားအရေအတွက်လဲ ယခင်ထက်များပြား လာခဲ့ပါတယ်.. ယခုဆိုရင် ၂၉ ယောက်ရှိပါပြီ.. Venus News Journal မှအယ်ဒီတာ ဆောင်းပါးရှင် မခင်နှင်းကြည်သာကိုလဲကျေးဇူးတင် ဂုဏ်ပြုပါတယ်.. စာဖတ်သူများလဲ Social Team for the Aged အသင်းကိုစိတ်ဝင်စားတယ်ဆိုရင်ဖြင့် သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေး လုပ်ငန်းစဉ်များ ကို ကျွန်တော်တို့ နှင့်အတူ ပါဝင်လှုပ်ရှားနိုင်စေဖို့ အသင်းမှနွေးထွေးစွာကြိုဆိုလျက် ရှိကြောင်းပြောပါရစေခင်ဗျာ..

ကမ်းလင့်သောလက်များ

“အဘွားရေ ဧည့်သည်လာတယ်” ဟုလမ်းမတွင်ဆော့ကစားနေသော ကလေးငယ်က ခပ်လှမ်းလှမ်းရှိ တဲအိမ်ငယ်သို့ ညွှန်ပြ၍ အော်လေသည်။ ပေါက်ပြဲနေသည့် ခေါင်းမိုးနှင့် ကျိုးတိုးကျဲတဲ ၀ါးထရံကာအတွင်း၌ ဘ၀ကိုပင်ပန်းစွာ ဖြတ်သန်းနေရသော အသက် (၇၀)ကျော် အရွယ်ရှိ အဘွားအို၂ ဦးက ကျွန်မကို ကြိုဆိုကြလေသည်။ အသက် ၇၈ နှစ်ရှိ အဘွားဒေါ်သန်းက “ ဒီအိမ်လေး အိမ်ငှားခ တစ်လကို ၁၅၀၀၀ လောက်ပေးရတယ်။ ခုဆို အိမ်လခမပေးနိုင်သေးလို့ ခဏဆိုင်းဖို့ ပြောထားရတယ်လေ။ ထမင်းကိုတော့ ဆီနဲ့ ဆားနဲ့ပဲစားတယ်။ အနီးအနားက လာပေးရင်တော့ ဟင်းလေးဘာလေးစားရတာပေါ့။ အဘွားညီမ မရင်မြက ခြေထောက်မကောင်းဘူး။ ဆေးခန်းလည်း မပြနိုင်တော့ ဒီနားကဆေးဆိုင်ကပဲ ဆေးစပ်ပေးတာလေး သောက်တယ်။ လဆန်းပြီဆိုရင် ဒီသားလေးတို့အဖွဲ့က ဆေးရော၊ ပိုက်ဆံရော လှူဖို့ လာတော့မှာ” ဟု ကျွန်မအနီးတွင် ထိုင်နေသော Social Team For The Aged အဖွဲ့မှ ကိုတင်ဝင်းအောင်ကို ညွှန်ပြရင်း ပြောလေသည်။

“ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းကိုကျော်ဝင်းထွန်းက ဒီအဖွဲ့ကို စလုပ်တော့ ကျွန်တော်က စိတ်မ၀င်စားဘူးဗျ။ ဒါနဲ့ ကားအကူအညီလိုတယ်ဆိုလို့  လိုက်ပို့ပေးရင်းမှ လုပ်ချင်သွားတာ” ဟု ထိုအဖွဲ့မှ ကိုတင်ဝင်းအောင်က ဆိုသည်။

မြန်မာပြည်၏ လူဦးရေ သန်း ၆၀ကျော်တွင် ၆.၁၃ သန်းဟာ အသက် ၆၀ ကျော် အဘိုးအဘွားတွေ ဖြစ်ကြပြီး လူ ၁၁ ယောက်မှာ ဘိုးဘွားဦးရေ ၁ ယောက်နှုန်း တိုးပွားလျှက်ရှိကြောင်း မြန်မာနိုင်ငံ ကုလသမဂ္ဂ လူဦးရေ ရံပုံငွေအဖွဲ့ ( UNFPA ) မှကောက်ယူသော စစ်တမ်းအရ သိရသည်။

တချိန်ကသွက်လက်လှုပ်ရှားခဲ့သော လူငယ်တို့သည် ယနေ့တွင်တော့ အထီးကျန်အားငယ်စိတ်တို့နှင့် ရင်ဆိုင်နေရသော လူအိုတို့ ဖြစ်ကြလေပြီ။ “ငါ့ဘ၀နှယ်၊ ပျော်ဖွယ်မရှိ၊ နေမချိပြီ၊ သေမည့်ချိန်သာ စောင့်မိပါ” ဟူ၍ စိတ်ပျက်အားငယ်စွာ အသက်ရှင်သန်ကြရလေသည်။

ထိုအဘိုးအဘွားတို့၏ ဘ၀ကိုစာနာပြီးဖေးမပေးနေသော နွေးထွေးသော လက်တစ်စုံပိုင်ရှင် “Social Team For The Aged” အဖွဲ့ကို တည်ထောင်သူ ကိုကျော်ဝင်းထွန်းနှင့် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့သည်။

အဖွဲ့တည်ထောင်ဖြစ်ခဲ့ပုံ

Myanmar Egress မှာ သင်တန်းတက်တော့ အဲဒီက သူငယ်ချင်းတွေနဲ့စုပြီး လူထုအကျိုးပြုလုပ်ငန်းတွေလုပ်ကြမယ်ဆိုပြီး စဉ်းစားကြရင်းနဲ့ ၂၀၀၉ ဒီဇင်ဘာမှာ စပြီးလုပ်ဖြစ်ကြတာ။ အဲဒီတုန်းက အဖွဲ့ဝင် ၉ ယောက်ရတယ်။ တစ်ယောက်ကို ၅ ထောင် ၆ ထောင်လောက်စုလိုက်ကြတော့ ၅ သောင်း ၆ သောင်းလောက်ရတယ်.။ ဒါနဲ့ အဖွဲ့ကတင်ပြလာတဲ့ အဘိုးနဲ့အဘွားစုံတွဲကို သွားလှူကြတယ်။ ဆေးဖိုးအတွက်ပေါ့။ ဖြစ်ချင်တော့ အဘိုးက ရုတ်တရက်ဆုံးသွားရှာတော့ နာရေးကူငွေ ၅ သောင်းလောက်ပံ့ပိုးပေးလိုက်နိုင်တယ်လေ။ အဲဒါပထမဆုံးလုပ်ဖြစ်တဲ့လှုပ်ရှားမှုလေးပါ။ ခုဆိုရင်အသင်းက ၂ နှစ်ကျော်လာပြီဆိုတော့ သိန်း ၆၀၊ ၇၀ လောက် လှူဒါန်းပြီးသွားပါပြီ။ လစဉ်ကတော့ တစ်ဦးကို ၁၅၀၀၀ စီနဲ့ ၂၂ ယောက်လှူဖြစ်တယ်။ ရန်ကုန်ရော နယ်တွေရောပေါ့။ နယ်တွေကိုတော့ မြန်မာ့စီးပွားရေးဘဏ်ကနေ လွှဲပေးတယ်။ ပြီးတော့ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာကို မုန့်ပုံးတွေနဲ့ ၀ါးနက်ချောင်း ဘိုးဘွားရိပ်သာအတွက် ဆန်အိတ်တွေလည်း လစဉ်လှူပါသေးတယ်။

ရည်ရွယ်ချက်

ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ အသက်အရွယ်ကြီးလာလို့ အားကိုးရာမဲ့ဖြစ်ပြီး ၀င်ငွေမရှိ၊ ရပ်တည်စားသောက်ဖို့ အခက်အခဲဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေကို ကူညီဖေးမဖို့ပေါ့နော်။ အသင်းရဲ့ ဆောင်ပုဒ်ကိုက “ ကူညီဖေးမ သက်ကြီးရွယ်အိုဘ၀” ပါ။ လှူတဲ့နေရာမှာတော့ ကန့်သတ်ချက်လေးတွေ ထားရတာပေါ့။ ၆၅ နှစ် အထက်ရှိသူဖြစ်ရမယ်။ အားအင်ချိနဲ့ပြီး မသန်မစွမ်းဖြစ်နေသူတွေ ၊ ထောက်ပံ့ကူညီမဲ့သူမရှိပဲ နေထိုင်ရသူတွေ၊ ရပ်တည်ဖို့အတွက် ၀င်ငွေအလုံအလောက်မရှိသူတွေနဲ့ အထီးကျန်ဆန်သူတွေစတဲ့ အချက်အလက်လေးတွေနဲ့ ကိုက်ညီမှ လှူဒါန်းရတာပေါ့လေ။ ကျွန်တော်တို့က ရတဲ့ အလှူငွေပေါ်မူတည်ပြီး လုပ်နေရတဲ့အခါကြတော့ လမ်းဘေးမှာတွေ့ရတဲ့ အဘိုးအို၊ အဘွားအိုတိုင်းကို မထောက်ပံ့နိုင်သေးဘူး။ ထောက်ပံ့ချင်တယ်ဗျ။ ကြိုးစားနေရတုန်းပဲ။

ဘိုးဘွားရိပ်သာလေးဖွင့်ချင်တယ်

အသင်းမှာက အလှူငွေပဲ လှူတဲ့ ရိုးရိုး member ရယ် ၊ အစည်းအဝေးလည်းလာတယ်.. အသင်းရဲ့ လုပ်ငန်းတွေကိုလည်း တက်တက်ကြွကြွလုပ်ကိုင်ပေးတဲ့ Executive member ရယ်ဆိုပြီး ၂ မျိုးရှိတယ်။ ရိုးရိုးအသင်းဝင်ကတော့ ပိုများတာပေါ့ခင်ဗျာ။ အမြဲတမ်းပုံမှန်ထောက်ပံ့တဲ့ အဖွဲ့အစည်းတော့ မရှိဘူး။ ဒီလိုပဲလူငယ်တွေ အလှူငွေကောက်ကြရတာပဲ။ ရတနာပုံတယ်လီပို့နဲ့ Movie 5 က သူငယ်ချင်းတွေက အလှူငွေတွေ ကောက်ပေးကြတယ်။ ပြည်ပရောက်သူငယ်ချင်းတွေကလည်း အလှူငွေတွေ ပို့ပေးကြတယ်။ အဲဒါတွေအားလုံးပေါင်းပြီး လှူကြရတာပေါ့။ လစဉ် ၄ သိန်း ၅ သိန်းလောက် လှူုတယ်။ လှူပြီးပိုတဲ့ ပိုက်ဆံတွေကို ဘဏ်မှာအပ်ထားလိုက်တယ်။ ကျွန်တော်တို့ရဲ့ နောက်ဆုံးရည်ရွယ်ချက်က ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာလို အောင်မြင်တဲ့ ဂေဟာလေးဖွင့်ဖို့ပါ။ ဘိုးဘွားတွေအတွက် နားခိုရာနေရာလေးတစ်ခု ထူထောင်ပေးချင်တယ်။ ဒါ့ကြောင့် ဒဂုံတက္ကသိုလ် အကျော်နားလေးက (၁၂၅) ရပ်ကွက်မှာဆို မြေက သိပ်ဈေးမကြီးဘူးလေ။ အဲဒီမှာ သွပ်မိုး ပျဉ်ထောင်လေးဆောက်ပြီး စောင့်ရှောက်မှုတွေ ပေးချင်ပါတယ်။ ခုတော့ စုနေတုန်းပေါ့ဗျာ။

သူတို့ပြန်ရောက်လာပြီဆိုရင်


ကျန်းမာရေး စောင့်ရှောက်မှုအတွက်ကတော့ အဘိုးအဘွားတွေမှာ ရောဂါကြီးကြီးမားမားမရှိသေးဘူးဗျ။ ရှိလာရင်လည်း အိမ်တိုင်ရာရောက် ဆေးလိုက်ကုတဲ့ အဖွဲ့တွေနဲ့ချိတ်ပြီး စောင့်ရှောက်ဖို့စဉ်းစားထားပါတယ်။ ကျွန်တော်တို့အဖွဲ့မှာလည်း ဆရာဝန်တွေရှိတယ်။ သူတို့ကအခု နိုင်ငံခြားမှာ ပညာသွားသင်နေကြလို့ပါ ။ ၁ လ ၂ လလောက်ဆိုသူတို့ ပြန်ရောက်တော့မှာလေ။ သူတို့ပြန်ရောက်လာပြီဆိုရင်တော့ ကျွန်တော်တို့အသင်းကပဲ ဆေးကုပေးတော့မယ်။

Social Team for the Aged အသင်းကိုစပြီးဖွဲ့စည်း ကတည်းက သိပ်အခက်အခဲမရှိခဲ့ဘူး။ အားလုံးတက်ညီ လက်ညီနဲ့ တာဝန်တွေယူကြတာဆိုတော့လေ။ အရင်တုန်းက အစည်းအဝေးလုပ်တဲ့ နေရာတော့ အခက်အခဲဖြစ်ဖူးတယ်။ လှည်းတန်းက IT လက်ဖက်ရည်ဆိုင်မှာလုပ်ရတာ။ လူကများပြီးဆူညံတော့ ကျွန်တော်တို့ အတွက်ရော ၊ ဘေးလူတွေအတွက်ပါ အနှောင့်အယှက်ဖြစ်ရတာပေါ့။ ခုတော့ Diamond Condo က Green Canteen မှာ နေရာပေးသုံးထားလို့  အဆင်ပြေသွားပါတယ်။

ကန့်သတ်ချက်မထားဘူး

လတစ်လရဲ့ ပထမဆုံး တနင်္ဂနွေနေ့ တိုင်း အဘိုးအဘွားတွေကို သွားလှူကြတယ်။ မည်သူမဆိုလိုက်လို့ရပါတယ်။ ကျွန်တော်တို့အားလုံးက မောင်နှမတွေလို ပျော်ပျော်ပါးပါးနေကြတာဆိုတော့လေ။ သူ့ကုမ္ပဏီမှာ သူ့ဘာသာ အကြီးအကဲပဲဖြစ်နေပါစေ ကျွန်တော်တို့ဆီ ရောက်တော့ မောင်နှမတွေ ညီအစ်ကိုတွေပဲပေါ့။ အဖွဲ့ဝင်ဖြစ်ဖို့အတွက် အသက်တို့ အရည်အချင်းတို့ ဘာမှ ကန့်သတ်မထားဘူး။ လစဉ်ပုံမှန်ကြေးလဲ မကောက်ဘူး။ လှူနိုင်ရင် လှူ ၊ မလှူလည်း ရတာပဲ။

ဒါတွေကို ခံစားမိလို့

ကျွန်တော်ဘာလို့ ဒါလေးတွေလုပ်ဖြစ်တာလည်းဆိုရင် လူတွေဟာ ငယ်ရွယ်တုန်းမှာတော့ အလုပ်လုပ်နိုင်တဲ့အတွက် အဆင်ပြေပေမယ့် အသက်ကြီးလာတဲ့အခါကြတော့သားသမီးတွေက ပြန်ကြည့်ချင်မှ ကြည့်တာလေ။ အဲဒါလေးကို ခံစားမိတာပါ။ ကိုယ့်မှာလည်း အဘိုးအဘွားတွေ ရှိတယ်ဆိုတော့ သူတို့ ဒီအရွယ်ကျမှ အလုပ်လည်း ထွက်မလုပ်နိုင်တော့ဘူး။ တချို့ဆိုရင် အိပ်ယာထဲလဲနေတာ။ ဒါတွေကို ခံစားမိလို့ လုပ်ဖြစ်တာပါ။ ရှေ့ဆက်ပြီး ဘာဖြစ်စေချင်သလဲဆိုရင် အသင်းဝင်လေးတွေ များလာစေချင်တာပေါ့။ အလှူငွေလေးများများရမှ ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ဂေဟာလေး မြန်မြန်ဖွင့်နိုင်မှာပါ။ မသိလို့လာမလှူနိုင်တဲ့ သူတွေလည်းရှိတယ်ဗျ။ ဒီတော့ ကျွန်တော်တို့ အသင်းကိုစိတ်ဝင်စားလို့ လှူချင်တယ်ဆိုရင် ဒဂုံစင်တာ တတိယထပ်မှာရှိတဲ့ “ Dancing With Wolves” ဆိုင်က မဝေေ၀ဆီမှာလည်း လှူလို့ရပါတယ်လို့ ပြောချင်ပါတယ်။ (ဒေ၀ီဖိနပ်ဆိုင်နဲ့  မျက်နှာချင်းဆိုင်ကပါ။)

၀၉၄၂၀၀၉၂၇၂၇ က ကျွန်တော် ကျော်ဝင်းထွန်းရဲ့ ဖုန်းနံပါတ်ပါ။ Socialteamfortheaged@gmail.com ကိုလည်းဆက်သွယ်နိုင်ပြီးwww.facebook.com/socialteamforaged နဲ့ www.socialteamtoraged.webs.com မှာလည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။ ( Facebook မှာတော့ အသင်းရဲ့ လှုပ်ရှားမှုတွေကို Update မှန်မှန်တင်ဖြစ်ပြီး webs.com ကိုတော့အမြဲတမ်း Update မလုပ်နိုင်သေးပါဘူး..)

*************************************************************

ကျွန်မမြောက်ဒဂုံကပြန်တော့ ညနေ ၆နာရီရှိပါပြီ။ အဘွားဒေါ်သန်းပြောလိုက်တဲ့ စကားတွေကို ပြန်လည်ကြားယောင်မိပါသည်။ “အသက်မရှည်ချင်ဘူး။ ဒုက္ခရောက်တယ်။ ဒါ့ကြောင့် ခုမြင်ခုပျောက်ပဲ ဖြစ်ချင်တာ။ ဒါပေမယ့် သူတို့အဖွဲ့ကပြောတယ်။ တို့တွေနေဖို့ အဆောင်ဆောက်မယ်တဲ့ အဲဒါဆိုရင် သွားနေမယ်။ သူတို့တွေက နွေးထွေးတယ်၊ ဂရုစိုက်ကြတယ်လေ။ ထမင်းမစားနိုင်ဘူးဆိုရင်တောင် ခွံ့ကျွေးကြတယ်။ သူတို့ရဲ့ အဘွားအရင်းလိုပဲ။ ဒါ့ကြောင့် ညတိုင်း သတိရတိုင်း မေတ္တာပို့တယ်။ နာမည်ခေါ်ပြီးတော့ကို မေတ္တာပို့တယ်။ ဘ၀ဆက်တိုင်း ဘ၀ဆက်တိုင်း လှူနိုင်တဲ့ လူတွေဖြစ်ကြပါစေပေါ့လေ” ဟု အဘွားက မျက်ရည်များနှင့် ပြောလေသည်။

အဘိုးအဘွားအများစုသည် မှတ်ဥာဏ်ချို့ယွင်းမှု၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖိစီးလွယ်မှု၊ လစ်လျူရှုခံရမှု၊ ခွဲခြားဆက်ဆံခံရမှုစသည်တို့အပြင် စီးပွားရေး၊ လူမှုရေး အခက်အခဲများကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရသည်။ ထို့ကြောင့် အိုခြင်း၊ နာခြင်း တရားတွေနှင့် ပင်ပန်းစွာ လျှောက်လှမ်းနေကြရသော အဘိုးအဘွားတို့ကို အထီးကျန်အားငယ်စိတ် မရှိရလေအောင် ကိုယ်ချင်းစာတရားဖြင့် နွမ်းပါးသော ဘ၀တွေကို ဖေးမကူနေသည့် နွေးထွေးသော လက်များပိုင်ရှင် ထိုလူငယ်များကို အားကိုးလေးစားစိတ်ဖြင့် ဦးညွှတ်မိပါတော့သည်။

(ခင်နှင်းကြည်သာ / Venus)

"သက်ကြီးရွယ်အို ဖေးမကူ
စာနာသနား တွဲလို့ ထူ
ကျန်းမာပျော်ရွှင် ကြစေဖို့ 
ဝိုင်းဝန်းကူညီ စောင့်ရှောက်ကြပါစို. ...."


♥`*.¸¸ .•*´♥`*••*´♥`* Social Team for the Aged*´♥ ♥`*.¸¸ .•*´♥`*••*´♥

https://www.facebook.com/socialteamfor.theaged

သူရဿတီနတ်သမီးအကြောင်း


သူရဿတီနတ်သမီးကိုးကွယ်မှု၊ သူရဿဂါထာရွတ်ဆိုမှု၊ သူရဿသည် ပိဋကတ်သုံးပုံကို စောင့်သည်ဟူသော ယုံကြည်မှု၊ ယင်းတို့ကို အစဉ်အလာအရ လက်ခံဆောင်ရွက်နေကြခြင်းမှာ ထေရဝါဒ ပိဋကတ်တော်များနှင့် လျော်ညီခြင်းမရှိပါ။ ပိဋကတ်သုံးပုံကို သူရဿတီနတ်သမီး စောင့်သည်မှာလည်း လုံးဝမမှန်ပါ။ ထေရဝါဒပိဋကတ်တော်နှင့် သူရဿတီနတ်သမီးသည် ဘာမျှ မပတ်သက်ပါ။ သို့စင်လျက် ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ် ထွန်းလင်းတောက်ပရာ မြန်မာ့ရေမြေေ
တာတောင်တွင် သူရဿတီကိုးကွယ်မှု၊ သူရဿတီဂါထာ ရွတ်ဆိုမှုများကို ကိုယ်တိုင်ပြုခြင်း၊ သူတစ်ပါးအား ပြုမှုစေရန် ဖြားယောင်းသွေးဆောင်လျက် ဟောပြောခြင်း၊ ရေးသားခြင်းများ ရှိနေဆဲဖြစ်သည်မှာ အံ့ဩဖွယ်ရာလည်းဖြစ်၊ ဝမ်းနည်းဖွယ်ရာလည်း ဖြစ်ပါ၏ ။
သူရဿတီနတ်သမီးပုံတော်ကို ရေးစား၊ ရိုက်စား၊ ရောင်းစားခြင်းဖြင့် စီးပွါးရှာနေကြသူများသည်လည်း မိမိတို့၏ စီးပွါးရှာမှုသည် သာသနာတော်ကို ပြုရာရောက်သလော၊ ဖျက်ရာရောက်သလောဟု ဆန်းစစ်သင့်ကြပေပြီ။ လွဲမှားသော ကိုးကွယ်ရာဖြစ်သည့် "သူရဿတီနတ်သမီး ကိုးကွယ်မှု" ကို မြန်မာ့ရေမြေတောတောင်တွင် လုံးဝချုပ်ငြိမ်းပပျောက်စေရန် ဗုဒ္ဓဘာသာဝင်တိုင်းတွင် တာဝန်ရှိပါသည်။ သူရဿတီနတ်သမီးနှင့် ပတ်သက်၍ ဘဒ္ဒန္တ တိလောကသာရ ဆရာတော်ဘုရား (ရဝေထွန်း) က အောက်ပါအတိုင်း ရှင်းလင်းပြတ်သားစွာ ဟောကြားတော်မှုချက်ကို အလေးအနက် ဂရုဓမ္မပြုအပ်လှပါ၏။

"သူရဿတီဟူသည်မှာ အိန္ဒိယမြောက်ပိုင်း၊ ပန်ဂျပ်ပြည်နယ်အတွင်းရှိ မြစ်တစ်ခု၏ နာမည်ဖြစ်သည်။ ထိုမြစ်ကို ရှေးဟိန္ဒူအာရိယန်များ အထွတ်အမြတ်ထားရာမှ မြစ်ကို နတ်တစ်ပါးအနေဖြင့် ကိုးကွယ်လာကြကြောင်း၊ က္ကတ္တိလိင် (သဒ္ဒါ)၊ မြစ်နဒီမှ နတ်သမီးဖြစ်လာကာ သူရဿတီမြစ်သည် သူရဿတီနတ်သမီး မဟုတ်တော့ဘဲ ဗြဟ္မာကြီး၏ဇနီး နတ်ဘုရားမတစ်ပါးဖြစ်လာပြီး ဝါစာ=စကားကို အစိုးရသည်၊ ကဗျာ၊ လင်္ကာ၊ စာပေ၊ ပညာတို့ကို ပေးစွမ်းနိုင်သည်ဟု ယူဆလာကြလျက် ယင်းတို့အတွက် ဗြဟ္မာဏဝါဒီတို့က ပိုမိုကိုးကွယ်လာခဲ့ကြောင်းဖြင့် မှတ်သားရပါသည်။


ထို့ကြောင့် သူရဿတီမှာ ဗုဒ္ဓဘာသာနှင့် လုံးဝမသက်ဆိုင်၊ ဗြဟ္မာဏဝါဒီတို့ဆိုင်ရာ နတ်သာ ဖြစ်သည်။ ဗြဟ္မာဏတို့၏ တန္တရ၊ မန္တရတို့ကိုလက်ခံသော မဟာယာနဗုဒ္ဓဘာသာတို့ကလည်း သူရဿတီကို လက်ခံခဲ့သဖြင့် မြောက်ပိုင်းဗုဒ္ဓဘာသာတွင် အတန်ကြာကပင် သူရဿတီကိုးကွယ်မှု ရှိလာသည်။ နီပေါပြည်တွင် ယခုအထိ ဟိန္ဒူဘာသာဝင်များနှင့်အတူ မဟာယာနဗုဒ္ဓဘာသာဝင်များလည်း သူရဿတီကို ကိုးကွယ်မှုပြုခဲ့ကြောင်း သိရသည်။

မြန်မာဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ပိဋကတ်သုံးပုံစောင့်မယ်တော်ကြီးဟု ဖြစ်လာရသည်မှာ ဤသို့ဖြစ်ပါသည်။ သက္ကတ အလင်္ကာကျမ်းကို အမှီပြု၍ သီဟို၌ကျွန်း၊ အရှင်မဟာသံဃရက္ခိမထေရ်သည် သုဗောဓာ (ပါဠိအလင်္ကာ) ကျမ်းကို စီရင်ရာတွင် သက္ကတအလင်္ကာကျမ်းက ဝါဏီ-ဗေဒင်သုံးပုံစောင့် သူရဿတီနတ်သမီးကို ရှိခိုးပဏာမပြုသကဲ့သို့ "သရဏံ ပါဏိနံ ဝါဏီ မယှံပိဏယတံမနံ" ဟုဘုရားစကားတော် ပိဋကတ်တော်တည်းဟူသော သူရဿတီနတ်သမီးသည် အကျွန်ုပ်၏ စိတ်နှလုံးကို နှစ်သိမ့်ပါစေဟု တင်စားသုံးလိုက်သည်။ ထိုစကားအမြွက်ဖြင့်ပင် သူရဿတီသည် ထေရဝါဒဗုဒ္ဓဘာသာနယ်ပယ်သို့ ရောက်လာပြီးလျှင် ပိဋကတ်သုံးပုံကို စောင့်ကြပ်သော သူရဿတီမယ်တော်ဟူ၍ ဖြစ်လာရတော့သည်။ အမှန်အားဖြင့် ပိဋကတ်သုံးပုံကို မည်သည့်နတ်သား၊ နတ်သမီး၊ နတ်ဗြဟ္မာများမှ မစောင့်။ ပိဋကတ်အာဇာနည် ဗုဒ္ဓသားကျော် ရဟန်းတော်၊ သံဃာတော်များသာ စောင့်ကြပ်နေပါသည်။ ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် သူရဿတီဂါထာတို့ကိုလည်း ရွတ်ဆိုနေရန်မလို။ သူရဿတီဂါသာအစစ်ဟူ၍လည်း ဗုဒ္ဓစာပေ၌ မရှိ။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ရာ မရှိပါ။" 

Monday, August 13, 2012

*** သာမညဖလသုတ် *** မိခင်အတု၏ရင်ခွင်မှ မိခင်အရင်း၏ရင်ခွင်သို့ ကူးသွားခြင်း... *ကံလမ်းအလွန်* (၃)

သီလပိုင်းမှာတုန်းက မကောင်းမှုရှောင်၊ ကောင်းမှုဆောင် နိုင်ရင် သီလမဂ္ဂင်တွေအတွက် ပြည့်စုံသွားပြီ။ ပညာပိုင်းရောက်လာရင်တော့ မကောင်းတာရော၊ ကောင်းတာရောကို ကျော်လွန်ပြီးသွားရမှာ။ မကောင်းတာရော၊ ကောင်းတာရောကို ပယ်ရမှာတော့မဟုတ်၊ ကျော်လွန်အောင်သာ လုပ်ရမှာ။ ကုသိုလ်ကံတွေ ကောင်းနေရင်တောင် ကျေနပ်နေလို့မရဘူး။ ကုသိုလ်တွေကို ဖောင်လိုသဘောထားရမယ်။ ဖောင်ဆိုတာ ကူးဖို့ပဲ။ ဖက်တွယ်ထားဖို့ မဟုတ်ဘူး။ ရေထဲမှာ ရှိနေတဲ့အတွက် ဖောင်ဆိုတာကလည်း ကြာလာရင် တစ်နေ့နေ့မှာ ဆွေးမြေ့သွားမှာပဲ။ အဲဒီလို ဖောင် ဆွေးမြေ့ပျက်စီးသွားတဲ့အခါ ရေပြင်ကျယ်မှာ မျောနေရတဲ့သူအဖို့ ရေနစ်မှာ အသေအချာပဲ။ ဒါကြောင့် ဖောင်နဲ့တူတဲ့ ကုသိုလ်တွေကိုလည်း ဘေးကင်းပြီဆိုပြီး… ဖက်တွယ်ထားပြီး ကျေနပ်အားရနေလို့ မရသေးဘူး။ အသုံးချပြီး ဟိုဖက်ကမ်းရောက်အောင် ကူးသွားရမယ်။

လောကဥပမာထဲကိုပဲ အရင်စဉ်းစားကြည့်ပါ။ ကိုယ်သွားလိုတဲ့ မြစ်တစ်ဖက်ကမ်း ရောက်ပြီဆိုရင် ကိုယ်ကူးခတ်ဖို့ အသုံးချလာတဲ့ ခွေးသေကောင်ပုပ်တင်မကဘူး၊ ဖောင်ကိုပါ စွန့်သွားရမှာ။ ငါက မြစ်ကူးလာတာ ဖောင်အကောင်းစားလေးနဲ့မို့လို့ ကမ်းပေါ်ရောက်သွားပေမယ့်လို့ ဖောင်လေးကို နှမြောပါတယ်။ ကုန်းပေါ်ရောက်လည်းပဲ ဖောင်လေးကို ငါ ထမ်းသယ်သွားဦးမယ်ဆိုပြီးတော့ ဘယ်သူမှ အရူးထပြီး ရေထဲကဖောင်ကြီးကို ကုန်းပေါ်အထိ ထမ်းမသယ်သွားပါဘူး။ ကုန်းပေါ်ရောက်တာနဲ့ တပြိုင်နက် ရေထဲက တစ်ဖက်ကမ်းရောက်အောင် အသုံးချခဲ့တဲ့ ဖောင်တွေ၊ လှေတွေကို ရေထဲမှာပဲ ချန်ထားခဲ့ရတာပါပဲ။ ထိုနည်းလည်းကောင်းပဲ ကောင်းလှပါတယ်လို့ပြောတဲ့ အရာတွေကိုတောင်၊ ကုသိုလ်ကံအကောင်းစားတွေကိုတောင် ဟိုတစ်ဖက်ကမ်းရောက်ဖို့အတွက်ဆိုရင် တပ်မက်တွယ်တာမနေတော့ဘဲ စွန့်ခွာသွားနိုင်ရပါမယ်။ လောလောလတ်လတ်ကလေး ဘ၀မှာ ကံတွေကောင်းလွန်းနေတာကို ကျေနပ်ကြည်နူးနေလို့ မဖြစ်သေးဘူး။ ကောင်းတဲ့ကံတွေ ရထားတာကို အသုံးချပြီး နိဗ္ဗာန်အထိရောက်အောင် ဆက်သွားနိုင်ရမယ်။

နိဗ္ဗာန်ဆိုတာ ကောင်းကျိုး၊ ဆိုးကျိုး မဟုတ်ဘူး။ အဲဒါတွေကို ကျော်လွန်လာတာ။ အသေရပ်ချင်ရင် ကံရဲ့နယ်ပယ်ကို ကျော်သွားရမယ်။ ကံသာအမိ၊ ကံသာအဖ လုပ်နေလို့ မရဘူး။ ဥာဏ်မိခင်ရဲ့ရင်ခွင်ကို ကူးသွားကြရမယ်။ စဉ်းစားကြည့်လေ….. မိခင်၊ ဖခင်တွေဆိုတာ ကိုယ့်သားသမီး ဒုက္ခရောက်အောင် ဘယ်တော့မှ မလုပ်ဘူး။ အမြဲတမ်း ကိုယ့်သားသမီးလေးတွေ ကောင်းစားရေးကိုပဲ အစွမ်းကုန် လုပ်ဆောင်ပေးနေကြတာ။ ကံကသာ မိဘအရင်းတွေ ဖြစ်ကြမယ်ဆိုရင် ကိုယ့်ဘ၀မှာ ကံဆိုးမိုးမှောင်ကျတယ်ဆိုတာတွေ၊ ဒုက္ခရောက်တယ်ဆိုတာတွေ၊ ပြဿနာတွေမျိုးစုံကြုံကြရတယ် ဆိုတာတွေ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ အမြဲတမ်း ကောင်းတဲ့ကံတွေကိုပဲ ခံစားစံစားကြရမှာ။ အခုတော့ ဟုတ်လို့လား?? ကံဆိုတာကြီးက မိဘလို့သာပြောတယ်။ ကြုံလိုက်ရတဲ့ ကံဆိုးမှုတွေ၊ ကြုံလိုက်ရတဲ့ စိတ်ဆင်းရဲသောကရောက်မှုတွေ၊ ကြုံလိုက်ရတဲ့ ပြဿနာဆိုးတွေ… အသက်ရှင်နေသ၍ မကုန်နိုင်ဘူးနော်။

ဥာဏ် ဆိုတာကတော့ ကိုယ့်ကို ဒုက္ခရောက်အောင် ဘယ်တော့မှ မလုပ်ဘူး။ အဆိုးရွားဆုံး၊ အခံရအခက်ဆုံး ကြောက်ရွံ့ထိတ်လန့်ဖွယ်အကောင်းဆုံး ဒုက္ခကြီးဖြစ်တဲ့ သေရမယ့်ဘေးကြီးကိုတောင် ကာကွယ်ပေးနိုင်စွမ်းရှိတယ်။ ဘယ်တော့မှလည်း ထပ်ပြီးမသေရတော့တဲ့ နိဗ္ဗာန်ချမ်းသာမြတ်ကြီးကိုတောင် ကိုယ့်အတွက် ပေးစွမ်းနိုင်တယ်။ ဒါကြောင့် ဥာဏ်ဆိုတာ ကိုယ့်အတွက် အကောင်းဆုံးတွေကိုသာ ပေးမယ့် မိခင်အရင်းစစ်စစ်ကြီးပါပဲ။ ကံဆိုတာကတော့ မိခင်အတုကြီးပေါ့။ ဒါဆို… ကံလို့ခေါ်တဲ့ မိခင်အတုကြီးရဲ့ ရင်ခွင်ကိုစွန့်ပြီး ကြောက်စရာအကောင်းဆုံး သေရေးကိုတောင် ကာကွယ်ပေးထားနိုင်စွမ်းတဲ့ မိခင်ရင်းဖြစ်တဲ့ ဥာဏ်ရဲ့ ရင်ခွင်ကိုရောက်အောင် ကူးသွားနိုင်ရမယ်နော်…

ပေါ်တော်မူဘုရားတွေ လိုက်ဖူး၊ ထူးဆန်းတာတွေ လိုက်ပတ်ရှာ၊ ပုတီးတွေ အပတ်ရေများများရအောင် လောဘတကြီးနဲ့စိတ်၊ အဓိဋ္ဌာန်တွေအောင်လို့ ကမ္ဘာမှာ အဆင့်မြင့်ဆုံးဆိုတဲ့ ဘ၀အခြေအနေတွေပဲ ရနေနေ၊ တန်ဖိုးအမြင့်ဆုံး ထီဆုကြီးတွေပဲပေါက်ပေါက်၊ လောကမှာ အချမ်းသာဆုံး၊ အအောင်မြင်ဆုံးပုဂ္ဂိုလ်ပင် ဖြစ်သွားပါစေ… အဲဒါဟာ ဒီတစ်ဘ၀စာအတွက်လောက်ပဲ ဖြစ်မှာပါ။ ကံကောင်းတယ်လို့ခေါ်တယ်။ အဲဒီကံကောင်းတဲ့အဆင့်တစ်ခုမှာ ကျေနပ်ပြီး ကြည်နူးနေရုံနဲ့ သေရမယ့်ဘေးဆိုးကြီးက မလွတ်သေးဘူး။ ကံပဲကောင်းသေးတာ၊ သေရမယ့်ဒုက္ခဆိုးကြီးကို မချိမဆန့် ခံစားရဦးမယ့်သူတစ်ယောက်အတွက် ဘယ်လိုမှ အကြောင်းကတော့ လှနိုင်ဦးမှာ မဟုတ်ဘူး။ ရုပ်ရှင်တွေထဲမှာသာ Happy Ending ဆိုတာရှိတာ။ သေဘေးက မလွတ်မြောက်နိုင်သေးတဲ့၊ လွတ်မြောက်အောင် အားမထုတ်ထားသေးတဲ့ သူတစ်ယောက်အတွက် Happy Ending ဆိုတာ လုံးဝမရှိဘူး၊ မဖြစ်နိုင်ဘူး။ သူသေတဲ့အခါ ချစ်လှပါတယ်ဆိုတဲ့ မိသားစုတွေ၊ ဆွေမျိုးညာတကာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ မခွဲချင်ဘဲ မဖြစ်မနေ ခွဲခွာကြရဦးမယ်။ ပြင်းထန်လှတဲ့ ဝေဒနာဆိုးကြီးတွေကို မချိမဆန့် ခံစားကြရဦးမယ်။ အဲဒီပြင်းထန်ဆိုးဝါးလှတဲ့ ဝေဒနာဆိုးကြီးတွေကို ဘယ်လိုမှ မခံစားနိုင်လွန်းလို့ကို သေ..သွား..ရ..ဦး..မှာ……. အဲဒီအချိန်ကျတော့မှ ပုတီးအပတ် ဘယ်နှစ်ပတ် စိပ်ပြီးပြီမို့လို့ အဓိဋ္ဌာန်ကြီးအောင်သွားပြီမို့လို့ “သေလုမျောပါး ဝေဒနာတွေမှလွတ်ပြီး အသက်ချမ်းသာရာ ရရပါလို၏” လို့ ဆုတောင်းလို့ ရလိမ့်ပါဦးမလား။ မသေအောင်ဆိုပြီး အဓိဋ္ဌာန်တွေ ဘယ်လောက်လုပ်လုပ်… မိုးအဆုံး၊ မြေအဆုံးသာ ရောက်ချင်ရောက်သွားမယ်၊ မသေအောင် ဘာမှ လုပ်လို့ မရပါဘူး။ ဘယ်လောက်အစွမ်းထက်လှပါတယ်ဆိုတဲ့ အဓိဋ္ဌာန်မျိုးကမှလည်း မသေအောင် မစွမ်းဆောင်နိုင်ပါဘူး။ ခဏခဏသေရမယ့် သံသရာအမျှင်တန်းကြီးကိုလည်း ဖြတ်တောက်ပစ်နိုင်စွမ်း မရှိပါဘူး။ သေရမယ့်ဒုက္ခကြီးဟာ သံသရာကျင်လည်နေရသမျှ ဒုက္ခအားလုံးထဲမှာ အကြီးလေးဆုံး၊ ကြောက်လန့်အားငယ်စရာအကောင်းဆုံး ဒုက္ခကြီးပါပဲ။ အဲဒီလောက်တောင် ကြောက်ဖို့ကောင်းတဲ့ ဒုက္ခကြီးကနေလွတ်အောင် ကယ်တင်ပေးနိုင်တဲ့ ၀ိပဿနာတရား(သာသနာတွင်းတရား)တွေ ရှိနေရဲ့သားနဲ့ ခဏတဖြုတ် ကံကောင်းရုံလေး၊ ခဏတဖြုတ် ရာထူးတက်၊ စားမေးပွဲအောင်ရုံလေး၊ တဘ၀စာ တိုးတက်အောင်မြင်ရုံလေး၊ ပြည့်စုံရုံလောက် ကံကောင်းတာလေးကိုများ အဟုတ်ကြီးထင်ပြီး ကျေနပ်နေလိုက်ကြတာ။ ဘယ်တော့မှ မသေတော့မယ့်၊ ထာဝရကံကောင်းနေကြမယ့် သူတွေကျနေတာပါပဲ။ သံသရာကြီးက အစမထင်နိုင်လောက်အောင် ရှည်လျားကြာညောင်းခဲ့ပြီမို့လို့ ဘယ်လိုအရာမျိုး၊ ဘယ်လိုအရသာမျိုးမဆို၊ ဘယ်လိုအရပ်ဒေသမျိုးမဆို၊ ဘယ်သူတွေနဲ့မဆို၊ ဘယ်လောက်အံသြဘနန်း ထူးခြားဆန်းထွေ အရာပေါင်းများစွာနဲ့မဆို ကြုံဆုံဖူးခဲ့ပြီးပါပြီ။ မကြုံဆုံဖူး၊ မခံစားဖူး တဲ့ အရာဆိုလို့ တစ်ခုကမှ မရှိတော့ပါဘူး။ မြေလျှိုးလို့လည်း မိုးပျံခဲ့ဖူးပါပြီ။ သိကြားမင်း၊ စင်္ကြာဝတေးမင်းတွေလည်း ဖြစ်ခဲ့ဖူးပါပြီ။ ငရဲလည်း အိမ်သဖွယ် နေခဲ့ဖူးခဲ့ပြီ။ လူ့ပြည်မှာလည်း အကြိမ်ကြိမ်။ နတ်ပြည်မှာလည်း နတ်စည်းစိမ်မျိုးစုံ ခံစားဖူးပြီ။ ဗြဟ္မာ့ဘုံမှာလည်း အသေင်္ချပေါင်းများစွာ ဈာန်တန်ခိုးကြောင့် နေခဲ့ကြဖူးပြီ။ ၃၁ ဘုံလုံးလည်း ပြဲပြဲစင်အောင် အခေါက်ပေါင်းများစွာ ဖန်တရာထေနေအောင် သွားခဲ့၊ ခံစားခဲ့၊ ကျင်လည်ကျက်စားခဲ့ဖူးပါပြီ။ အဲဒါကြောင့် ဘယ်အရာကိုမှလည်း အထူးတဆန်းကြီးတွေ မဖြစ်ကြပါနဲ့တော့။ ဘယ်လိုအရာမျိုးကမှ ထူးခြားဆန်းကြယ်တယ်ဆိုတာ မရှိတော့ပါဘူး။ အရာအားလုံးဟာ ဖြစ်ပြီးရင် ပျက်သွားတာချည်းပဲမို့လို့ ငြီးငွေ့စရာကောင်းလှပါပြီ။ ဥာဏ်နည်းတဲ့သူတွေက တစ်ဘ၀စာလေး ပြည့်စုံရုံလောက်ပဲ မြင်ကြတယ်။ ဥာဏ်အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်တွေကတော့ တစ်သံသရာလုံး အကျိုးစီးပွားဖြစ်ထွန်းဖို့၊ တစ်သံသရာလုံး အပ္ပါယ်တံခါး အပြီးတိုင်ပိတ်သွားဖို့၊ နိဗ္ဗာန်တံခါးကို သာသနာနဲ့ကြုံတုန်း၊ အခွင့်အရေးကြီးရတုန်း အမြန်ဆုံးဖွင့်နိုင်အောင်ဆိုတဲ့ အဆင့်အထိကို လှမ်းမြင်နိုင်ကြပါတယ်။ ဒါကြောင့် မိခင်အတုကြီးဖြစ်တဲ့ ကံ ရဲ့ ရင်ခွင်ကို တွယ်တာမနေတော့ဘဲ မိခင်အရင်းဖြစ်တဲ့ ဥာဏ် ရဲ့ ရင်ခွင်ကို အမြန်ဆုံး ကူးသွားနိုင်ကြပါစေ။

---------- * ---------- * ---------- * ----------

နိက္ခမပါရမီဆိုတာ တောထွက်မှမဟုတ်ဘူး။ အာရုံတွေမှ ရုန်းထွက်ပြီး နေနိုင်ရင် နိက္ခမပါရမီပါပဲ။

ဘုရားတွေက ဘာကြောင့် ဘုရားပွင့်ဖို့အတွက် လူ့ဘုံကိုရွေးလဲဆိုရင် လူ့ဘုံမှာက ဘုံအားလုံးကို သွားနိုင်တဲ့ လမ်းဆုံလမ်းခွနဲ့တူတယ်။ ဥပမာပေးပြောရရင် သံတုံးတစ်တုံးကို ထက်မြက်တဲ့လက်နက် တစ်လက်ဖြစ်အောင် လုပ်နိုင်တဲ့နေရာဖြစ်တယ်။ သုဂတိဘုံတွေဆိုတာ ကုသိုလ်ကောင်းကျိုးတွေကို ထိုင်စံစားနေတဲ့နေရာမို့လို့ သံတုံးကို ရေစိမ်ထားတာနဲ့တူတယ်။ သံတုံးကို ရေစိမ်ထားရုံနဲ့ လက်နက်ကောင်းတစ်လက် ဖြစ်လာမှာ မဟုတ်ဘူး။ ဒုက္ခတိဘုံတွေကျပြန်တော့လည်း အကုသိုလ်ဆိုးကျိုးတွေကို အမျိုးမျိုးခံစားနေရတဲ့နေရာမို့လို့ သံတုံးကို မီးမြိုက်နေတာနဲ့တူတယ်။ သံတုံးကို မီးမြိုက်ရုံနဲ့လည်း လက်နက်တစ်လက်ဖြစ်လာဦးမှာ မဟုတ်ဘူး။ မီးမြိုက်လိုက်၊ ရေစိမ်လိုက်နဲ့ တလှည့်စီလိုအပ်သလို ပုံသွင်းရင်းနဲ့သာ အလိုရှိရာ လက်နက်ကောင်းတစ်လက်ကို ရရှိလာမှာဖြစ်တယ်။ အဲဒီလို ကောင်းကံတွေ စံစားလိုက်၊ ဆိုးကံတွေ ခံစားလိုက်နဲ့ တစ်လှည့်စီ ကြုံဆုံခွင့်ရနေတဲ့ လူ့ဘုံကမှသာ ဒုက္ခ၊ သုခ အစုံတွေ့ရနိုင်လို့ မြတ်စွာဘုရားတွေက ဘုရားပွင့်ဖို့ကို လူ့ဘုံကို ရွေးချယ်ကြတာဖြစ်တယ်။

ရခဲလှတဲ့ တရားတွေကတော့ -

၁) မနုဿလူဖြစ်သလား

၂) သာသနာနဲ့ ကြုံရဲ့လား

၃) သာသနာနဲ့ ကြုံသော်ငြားလည်း တရားကို ကြိုက်ရဲ့လား

၎) သံသရာမှ ရုန်းထွက်လိုတဲ့ ရည်ရွယ်ချက် ရှိရဲ့လား

၅) နာကြားတဲ့ တရားတွေက နိဗ္ဗာန်ရောက်ကြောင်း တရားမှဟုတ်ရဲ့လား တို့ပါပဲ။

ဒီ ငါးမျိုးသော ရခဲလှတဲ့ အရာတွေကို ရထားပြီဆိုရင်တော့ ကိုယ်ဟာ ကံအကောင်းဆုံးလူတစ်ယောက် ဖြစ်နေပါပြီ။ အခွင့်အရေးကို အမိအရယူပြီး သံသရာမှ လွတ်ကြောင်းတရားတွေနဲ့ ခဲခဲယဉ်းယဉ်း တွေ့ဆုံနာကြားခွင့်ရတုန်း သံသရာမှ လွတ်မြောက်ရာ နိဗ္ဗာန်ဆိုတဲ့ ဟိုမှာဖက်ကမ်းကို ရရာလှေ၊ ဖောင်တို့ဖြင့် အမြန်ဆုံးရောက်အောင် ကူးခတ်သွားရမှာပါ…….

---------- * ---------- * ---------- * ----------

သန္တုဋ္ဌိ နဲ့ နီဝရဏတရားတွေအကြောင်း ဆက်သွားကြမယ်။

သန္တုဋ္ဌိ ဆိုတာ တင်းတိမ်ရောင့်ရဲတာကိုခေါ်တာ။ ဂျီးမများတော့ဘူး။ ဇီဇာမကြောင်တော့ဘူး။ ရှိတာကိုပဲ အသုံးကျအောင် သုံးသွားတာ။ အစားအသောက်ဆိုရင် အသက်ဆက်လက်ရှင်သန် နေနိုင်ရေးလောက်သာ အဓိကထားပြီး စားသုံးတော့တာ။ အ၀တ်အထည်ဆိုရင်လည်း အရှက်ဖုံးထားနိုင်ရုံလောက်သာ အဓိကကျတော့တာ။ နေရာထိုင်ခင်းဆိုရင်လည်း တံစက်မြိတ်ကကျနေတဲ့ မိုးရေစက်တွေက ဒူးခေါင်းကို လာမစင်ရုံလေး ကျယ်ဝန်းတယ်ဆိုရင် တရားကျောင်း ဖြစ်ပါပြီ။ နေပူ၊ မိုးရွာ ကာကွယ်နိုင်ရုံရရင်ကိုပဲ ကျေနပ်နေပါပြီ။ အဲဒီလို အရာရာမှာ တင်းတိမ်ရောင့်ရဲမှု ရှိတာကို သန္တုဋ္ဌိလို့ ခေါ်တာ။

နီဝရဏတရား ငါးမျိုးကတော့ -

၁) ကာမစ္ဆန္ဒ

၂) ဗျာပါဒ

၃) ထိနမိဒ္ဓ

၎) ဥဒ္ဓစ္စ၊ ကုက္ကုစ္စ

၅) ၀ိစိကိစ္ဆာ တို့ ဖြစ်ပါတယ်။

၁) ကာမစ္ဆန္ဒ ဆိုတာ လိုချင်တပ်မက်တာကိုခေါ်တာ။ ကာမစ္ဆန္ဒက လွတ်ရင် သူ့ကျွန်အဖြစ်က လွတ်သလိုပါပဲတဲ့။

၂) ဗျာပါဒ ဆိုတာ အမျက်ထွက်ခြင်း၊ စိတ်ဆင်းရဲခြင်းကိုခေါ်တာ။ ကျန်းမာရေးကောင်းပြီး လျှာကောင်းနေတဲ့ သူတစ်ယောက်အတွက် ဘယ်လိုကောင်းသော အစားအစာမဆို သူ့အတွက် အရသာရှိနေနိုင်ပေမယ့် လျှာပျက်နေတဲ့၊ ခံတွင်းပျက်နေတဲ့ သူတစ်ယောက်အတွက်ကတော့ ဘယ်လောက်ကောင်းတဲ့ အစားအသောက်ဖြစ်ဖြစ် ဘာအရသာမှရှိမှာ မဟုတ်ပါဘူး။ စိတ်ဆိုး၊ အမျက်ထွက်လေ့ရှိတဲ့ သူဟာ သူ့ကောင်းကျိုးအတွက် ပြောဆိုဆုံးမနေတာကိုတောင် နားမ၀င်နိုင်ကြပါဘူး။ ဒါကြောင့် ခံတွင်းပျက်နေတဲ့ လူနဲ့ တူနေတာပါ။ ဘယ်လောက်ကောင်းတဲ့ အရသာဖြစ်ဖြစ် သူ့အတွက်က အရသာ မခံစားနိုင်တော့ပါဘူး။

၃) ထိနမိဒ္ဓ ဆိုတာ ငိုက်မျဉ်းခြင်းကိုခေါ်တာ။ ထိနမိဒ္ဓက လွတ်ရင် ထောင်က လွတ်လာတာနဲ့ တူပါတယ်။ လုပ်ချင်တာ လုပ်ခွင့်မရတဲ့ ဘ၀ကနေ လုပ်လိုရာကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်သွားမှာပါ။ လောဘ၊ ဒေါသဆိုတဲ့ ကိလေသာတွေက မကောင်းဘူးဆိုတာ လူတိုင်းသိပါတယ်။ ဒါကြောင့် အရပ်ထဲမှာ နင်က လောဘကြီးလိုက်တာလို့ ဆိုလိုက်ရင် ငါ မကောင်းပါလားဆိုတာ သိသာနေတယ်။ ဒါကြောင့် အပြစ်ကို အပြစ်မှန်းတော့ သိသေးတယ်။ ထိနမိဒ္ဓ ခေါ်တဲ့ ငိုက်မျဉ်းခြင်းကတော့ နာမည်ဆိုးမရှိတော့ အကုသိုလ်အပြစ် ဖြစ်မှန်းကိုတောင် မသိတော့ဘူး။ မသိတဲ့အခါကျတော့ ရှောင်နိုင်ဖို့ ပိုခက်သွားပါတယ်။ လောကီအကျိုးစီးပွား၊ လောကုတ္တရာ အကျိုးစီးပွားတွေကို ကောင်းကောင်း တိုးတက်သည်အထိ မလုပ်နိုင်အောင် ပိတ်ပင်တားဆီးတတ်တဲ့ တရားမျိုးမို့လို့ သတိထားစရာကောင်းပါတယ်။

၎) ဥဒ္စစ္စ၊ ကုက္ကုစ္စ ဆိုတာ စိတ်ပျံ့လွင့်ခြင်း၊ နောင်တတစ်ဖန်ပူပန်ခြင်း တို့ပါပဲ။ သူတို့တွေ ကိုယ့်ဆီမှာ ရှိနေရင် ကျွန်အဖြစ်နဲ့ ခံနေရသလိုပါပဲ။

၅) ၀ိစိကိစ္ဆာ ဆိုတာ ယုံမှားသံသယ ဖြစ်တာကို ခေါ်တာပါ။ အဲဒီလိုဖြစ်တာဟာ ဘာနဲ့တူသလဲဆိုရင် ရွှေငွေရတနာထုပ်ထမ်းပြီး သူခိုးများတဲ့လမ်းမှာ လမ်းလျှောက်နေရတာနဲ့ တူပါတယ်တဲ့။ ဘုရားစစ်၊ ဘုရားမှန်၊ တရားစစ်၊ တရားမှန်နဲ့ တွေ့သော်ငြားလည်း ဟုတ်မှ ဟုတ်ပါ့မလားလို့ ထင်နေတတ်တာမျိုးပါ။

---------- * ---------- * ---------- * ----------

ဝိမုတ္တိ ဆိုတာ မရနိုင်လောက်အောင် အလှမ်းဝေးနေတာ မဟုတ်ပါဘူး။ တဏှာ စွဲလမ်းတဲ့နယ်ပယ် နည်းနည်းလွှတ်နိုင်ရင် နည်းနည်းနိဗ္ဗာန်ရတယ်။ ဘယ်အာရုံနဲ့တွေ့တွေ့ စွန့်နိုင်ရင် လွတ်တာပါပဲ။

---------- * ---------- * ---------- * ----------

ဈာန်မှာ အပိုင်း ၂ ပိုင်း ရှိပါတယ်။ သာသနာပ ကာလမှာတော့ ဈာန်ကို ပန်းတိုင်အဖြစ်နဲ့ ထားတာ။ နိဗ္ဗာန်ရောက်ရေးမှာတော့ ဈာန်က ပန်းတိုင်မဟုတ်တော့ဘူး။ ငြမ်းအဖြစ်နဲ့ အသုံးချရမှာ။ ဈာန်ကူမှ ကံထူလို့ရတယ်။ သတိကူမှ ကံတွေကို စင်ကြယ်အောင် လုပ်လို့ရတယ်။ ပထမဆုံး အားထုတ်ရမယ့် ဥာဏ်ကတော့ ၀ိပဿနာဥာဏ်ပါပဲ။ သတိ နဲ့ ပညာက အလေးချိန် အတူတူလောက်ပါရမှာပါ။ ဒါကြောင့်လည်း သတိ၊ သမ္ဗဇဉ် (ပညာ) လို့ ခေါ်တာ။ သီလမဂ္ဂင်ထူထောင်တုန်းကလို သူသိ၊ ငါသိ ရုံနဲ့ မရတော့ဘူး။ အတွင်းပိုင်းကို သိရမှာ။ တကယ့်အရှိတရားတွေကို သိရမှာ။

---------- * ---------- * ---------- * ----------

တခါက တရားစခန်းက ပြန်လာတဲ့ သူတစ်ယောက်က သူ့ကိုယ်သူ တရားရပြီးနေပြီလို့ ထင်နေတာတဲ့။ တရားရိပ်သာက ပြန်လာတော့ အစားအသောက်ကောင်းလေး စားချင်တာနဲ့ သူ့သမီးကို မုန့်ဟင်းခါးကောင်းကောင်းလေး ချက်ခိုင်းတာတဲ့။ အဲဒီလို ချက်ပြန်တော့လည်း ပိုကောင်းအောင်လို့ သူ့သမီးကို မှာတယ်။ မုန့်ဟင်းခါးထဲမှာ ငါးက အဓိက၊ ငါးဝယ်ရင် လတ်လတ်ဆတ်ဆတ်ဖြစ်အောင် ထွန့်ထွန့်လူးနေတဲ့ ငါးမျိုးကိုမှ ၀ယ်ခဲ့လို့ မှာတယ်တဲ့။ သူ့သမီးတွေကလည်း ဒို့အဖေ ရိပ်သာက ပြန်လာပြီးမှ အကုသိုလ်တွေ လုပ်နေတယ်ပေါ့။ အဲဒါ ငါးအရှင်တွေ ၀ယ်လာပြီး သတ်မလို့လုပ်တော့ သူကပြောတယ်။ ငါ့ဆီ အဲဒီငါးတွေ ယူလာခဲ့။ အဲဒါ ငါကိုယ်တိုင်လုပ်မှ ရမှာ။ ဒီကိစ္စက နင်တို့လုပ်လို့ ဖြစ်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါက တရားရပြီးနေတဲ့သူ… ငါသတ်ရင် ဘာအကုသိုလ်မှ မဖြစ်တော့ဘူး။ နင်တို့လုပ်ရင် ငရဲကျကုန်ကြလိမ့်မယ်… တဲ့း)

---------- * ---------- * ---------- * ----------

သမာဓိ ဆိုတာ တည်ကြည်တာကို ခေါ်တာ။ တည်လည်း တည်ရမယ်။ ကြည်လည်း ကြည်ရမယ်။ ရေကန်တစ်ကန်ကို ဘေးလေးဖက်ကနေ အပေါက်လေးပေါက် ဖောက်ထားတယ်ဆိုရင် လေးဘက်လေးတန်ကနေ ရေတွေက ၀င်တော့ အနည်တွေရှိနေလို့ မကြည်လင်တော့ဘူး။ ဒီကြားထဲ မိုးက ရွာနေတယ်ဆိုရင် ရေကန်လည်း မတည်တော့ဘူး။ လှုပ်ရှားကုန်ပြီ။ အဲဒီလို မတည်ငြိမ်၊ မကြည်လင်နေတဲ့ ကန်ထဲကို ငုံ့ကြည့်လိုက်ရင် လှိုင်းတွန့်တွေနဲ့မို့လို့ ကိုယ့်မျက်နှာက ပုံဏ္ဍာန်တောင် မပေါ်တော့ဘူး။ တွန့်လိမ်ကောက်ကွေးနေမှာပဲ။ အကယ်၍ ရေကန်မျက်နှာပြင်က တည်လည်းတည်နေတယ်။ ကြည်လည်းကြည်နေတယ်ဆိုရင် ကိုယ့်မျက်နှာပေါ်က ၀က်ခြံကအစ၊ အစက်အပြောက်ကအစ အကုန်မြင်ရလိမ့်မယ်။ အဲဒီလို မြင်နိုင်သွားတာကို သမာဓိတည်တယ်လို့ခေါ်တယ်။

---------- * ---------- * ---------- * ----------

လူမှာ အခက်ခဲဆုံးက သိနေတာကို သိမှန်း သိဖို့ ခက်တာ။ ရုပ်နဲ့နာမ်ကိုသိရင် တရားမသိသေးဘူး။ အမှန်ပေါ်လာရုံပဲ ရှိသေးတယ်။ လက္ခဏာကိုသိမှ တရားရမယ်။ ပူတာလေးကနေ အေးသွားတော့ ဖြစ်ပြီး ပျက်သွားတာ။ ဖြစ်၊ ပျက်ကိုသိမှ ၀ိပဿနာဖြစ်မယ်။ ၀ိပဿနာဥာဏ် ရရုံနဲ့လည်း ပန်းတိုင်မရောက်သေးဘူး။ လောကထဲမှာ ဖြစ်ပျက်နေတာတွေချည်းပဲ တွေ့လာရတဲ့အခါ စိတ်ကုန်သွားတဲ့ သင်္ခါရုပေက္ခာဥာဏ် ဖြစ်မယ်။ သင်္ခါရတွေအပေါ်မှာ ငြီးငွေ့သွားတာ။ တကယ်သိမှ တကယ်စိတ်ကုန်တာပါ။ ဘာနဲ့ ဥပမာတူလဲဆိုရင် VCD တွေမှာပါတဲ့ နိုင်ငံရေးဦးတည်ချက်တွေလိုပေါ့။ နိုင်ငံရေး… လို့ဆိုလိုက်တာနဲ့ တန်းပြီးတော့ကို ရစ်ထည့်လိုက်တာပဲ။ ဘာလို့လဲဆိုတော့ ဒါကြီးတွေက ရိုးအီငြီးငွေ့လွန်းနေပြီလေ။ အခွေတိုင်းမှာ အမြဲပါနေ၊ ကြားနေရတာကိုး။ တခါလာလည်း ဒါပဲ။ နောက်တစ်ခါလာလည်း ဒါကြီးပဲဆိုတော့ စိတ်ကိုကုန်ထွက်သွားတာ။ စိတ်ကုန်တော့ သူ့အပေါ် အစွဲကွာသွားတာပေါ့။ အစွဲကွာသွားရင် ဒုက္ခကနေ ကွာသွားတယ်။ ဥပမာဆိုရင်… ကျေးလက်တောရွာတချို့မှာနေတဲ့သူတွေက လျှပ်စစ်နဲ့ မနေဖူးတော့ မီးပျက်တဲ့ဒုက္ခကိုလည်း မသိဘူး။ မီးလာတဲ့အပေါ်မှာလည်း အတွယ်အတာမရှိတော့ဘူး။ အဲဒီလိုပဲ… မြန်မာပြည်က သူတွေမှာ ဘယ်သူမှ လကမ္ဘာပေါ်ကိုတက်တာ မလိုက်ရလို့ စိတ်ဆင်းရဲရတဲ့ ဒုက္ခဆိုတာ မရှိဘူး။ တခြားနိုင်ငံတွေမှာတော့ ဒီဒုက္ခက ရှိတယ်လေ။

---------- * ---------- * ---------- * ----------

တရားအားထုတ်တဲ့အခါမှာ ကိုယ်အစွဲအလမ်းမရှိတဲ့ ခန္ဓာကို သွားရှုရမှာ မဟုတ်ဘူး။ (ဟိုကောင့် ခန္ဓာကြီးက မသာကောင်ကြီးလိုပဲလို့ သွားရှုနေလို့ မရဘူး။) ကိုယ်စွဲတဲ့ ကိုယ့်ခန္ဓာကိုသာ အစွဲခွါရမှာ။ ကိုယ်စွဲမနေတဲ့ သူများခန္ဓာကိုယ်ကြီးကို သွားပြီး အစွဲခွါလို့ မရဘူး။ အစွဲကွာသွားရင် ကျန်တာဟူသမျှ သုံးစရာတွေချည်းပဲ။ စွဲတာက ဒုက္ခပေးတယ်။ သုံးရင် သုခဖြစ်တယ်။ သုံးတဲ့အခါ အစွဲနဲ့ကပ်ရင် အသုံးမတတ်ရင်တော့ ဒုက္ခဖြစ်လိမ့်မယ်။

သုံးလဲသုံးတယ်။ လွှတ်လဲ လွှတ်ထားနိုင်တယ်ဆိုရင် တော်တော်နက်နဲသွားပြီ။ ကိလေသာဆိုတာ ၀ဲယားနာနဲ့တူပါတယ်။ ဘိန်းစားတွေက ဘိန်းစားရတဲ့အရသာကို လောကမှာ အကောင်းဆုံးအရသာလို့ ထင်တယ်။ အေးပြီး နာကျင်လာတဲ့အခါ ၀ဲယားနာကို မီးကင်ပြီး ကုတ်ရတဲ့အရသာက သာလို့တောင် ကောင်းသေးတယ်။ ၀ဲပျောက်သွားရင် (အေးလို့ နာကျင်တဲ့ဒုက္ခ၊ နွေးအောင် မီးကင်ပြီး ကုတ်တဲ့အရသာ) ဆိုတဲ့ နှစ်မျိုးလုံး ပျောက်သွားရင် မဂ်ဥာဏ်ရတာပါပဲ။ ဒီဥပမာရဲ့ အဓိပ္ပါယ်ကတော့ ၀ဲရောဂါခံစားနေရတယ်ဆိုတာ သံသရာမှာ ကျင်လည်နေရတဲ့ ဒုက္ခကြီးကို ဆိုလိုတာပါ။ ရာသီဥတုအေးလာတဲ့ အချိန်တွေမှာ ၀ဲယားနာတွေက နာကျင်ယားယံလာတာဟာ လောကထဲမှာ ဆိုးတဲ့ကံတွေနဲ့ ကြုံဆုံရသလိုပါပဲ။ မချိမဆန့်နဲ့ ဒုက္ခတွေ၊ ပူလောင်မှုတွေဆိုတာ ခံရခက်လှပါတယ်။ အဲဒီမှာ ယားပြီးနာလာနေတဲ့ ၀ဲတွေကို နွေးအောင်မီးကင်ပြီး တဗြင်းဗြင်းနဲ့ ဇိမ်နဲ့ကုတ်ရတဲ့အရသာ ဆိုတာကတော့ လောကထဲမှာ ကောင်းတဲ့ကံတွေနဲ့ ကြုံဆုံရသလိုပါပဲ။ ကုသိုလ်ကောင်းမှုလေးလုပ်လိုက်၊ ကံလေးကောင်းလိုက်လာပြီး ထီလေးပေါက်လိုက်၊ ရာထူးလေးတိုးလိုက်၊ စာမေးပွဲလေးအောင်လိုက်၊ ဘ၀မှာ အောင်ပွဲတွေနွှဲလိုက်နဲ့ ဖြစ်နေတဲ့ ကံကောင်းမှုလေးတွေပေါ့။ ဘယ်လောက်ကြီးပဲ ကံကောင်းနေပါစေ… ကမ္ဘာကျော် အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးပဲ ဖြစ်နေပါစေ… သူဟာ သံသရာမှာမဆုံးနိုင်အောင် သေပွဲတွေ ထပ်ခါ၊ ထပ်ခါ ၀င်ရဦးမယ့်… ၀ဲလေးကို တဗြင်းဗြင်းနဲ့ ကုတ်ပြီး အရသာခံနေတဲ့… ၀ဲကျော်ကြီးသာသာပဲ ရှိပါသေးတယ်။ ဒါဟာ နိဗ္ဗာန်သွားရာ လမ်းကြောင်းပေါ် တည့်တည့်ရောက်ဖို့အတွက် ကံလမ်းနယ်ပယ်ကို ကျော်လွန်ပြီး ကြည့်ရတဲ့အမြင်ပါ။ ဘ၀မှာ အဆင်ပြေအောင်မြင်တာလေးတွေကို ကျေနပ်နှစ်သက်နေတာ၊ ထူးဆန်းတာတွေ၊ ဆန်းကြယ်တာတွေကို လိုက်ပတ်ရှာဖွေပြီး ပြောမဆုံးနိုင်အောင် ကျေနပ်ပီတိဖြစ်နေတာတွေဟာ….. ၀ဲကုတ်ရတာကို အရသာခံနေတဲ့ သဘောပါပဲ။ ကိုယ့်မှာ ၀ဲယားနာတွေပေါက်နေတာ (သေရဦးမယ့်ဒုက္ခ၊ သံသရာကျင်လည်ရဦးမယ့်ဒုက္ခ) ကိုတောင် ပေါက်မှန်းမသိလေတော့ ကုဖို့နေနေသာသာ (သာသနာတွင်းတရားဖြစ်တဲ့ သစ္စာတရားတွေ နာကြားပြီး အပ္ပါယ်တံခါးပိတ်ရာ၊ နိဗ္ဗာန်သွားရာ တစ်ကြောင်းတည်းသော အကျင့်ဖြစ်တဲ့ ၀ိပဿနာတရားတွေကို အားထုတ်ဖို့ နေနေသာသာ) ကုတ်လို့မဆုံးဖြစ်နေတာ (ကျေနပ်လို့မဆုံး၊ ကံကောင်းတာကို ၀မ်းသာနေလို့မဆုံး၊ ဂုဏ်ယူနေလို့မဆုံး ဖြစ်နေတာ) ကိုတောင် အရသာခံလိုက်ကြသေးတယ်။ ကောင်းကံ၊ ဆိုးကံ နှစ်မျိုးလုံးကို ပယ်သွားနိုင်ပါမှ မဂ်ဥာဏ်တရားကို ရရှိနိုင်မှာပါ။ သောတာပန် ဖြစ်တယ်ဆိုတာ ငွေကြေး ချမ်းသာသွားတာလည်း မဟုတ်ဘူး။ ရုပ်ရည် ပိုချောမောသွားတာလည်း မဟုတ်ပါဘူး။ သောတာပန်ဖြစ်ရင် ငါ့သားသမီးတွေကို တိုက်နဲ့ ကားနဲ့ ထားလိုက်မယ်ဆိုတဲ့ ဒကာမကြီး တစ်ယောက်ရဲ့ ဆုတောင်းလိုတော့ မဖြစ်စေနဲ့ပေါ့။

---------- * ---------- * ---------- * ----------

သာမညဖလသုတ်တော်ဆိုတာ အဇာတသတ်မင်းကြီးရဲ့ မေးလျှောက်မှုကြောင့် မြတ်စွာဘုရား ဟောကြားတော်မူတဲ့ တရားဖြစ်ပါတယ်။ အဇာတသတ်မင်းဟာ ပထမသံဃာယတနာတင်ခဲ့တဲ့ ဒါယကာပါ။ ဘုရားသာသနာမှာ ဘုရားကို အကြည်ညိုဆုံး ဧတဒဂ်ဘွဲ့ကို ရရှိခဲ့ပါတယ်။ နောင်အခါမှာ ပစ္စေကဗုဒ္ဓါဖြစ်မယ်လို့လည်း ဗျာဒိတ်တော် ရခဲ့ပါတယ်။ အကယ်၍ အဇာတသတ်မင်းကြီးဟာ ဒီဘ၀မှာ အဖသတ်ထားတဲ့ ကံကြီးကိုသာ မကျူးလွန်ခဲ့လျှင် ဒီသာမညဖလသုတ်အဆုံးမှာပင် သောတာပန်တည်နိုင်တဲ့ မျိုးစေ့ပါလာပါတယ်။ ဒါပေမယ့်လည်း သောတာပန်ဖြစ်နိုင်တဲ့ သူ့ရဲ့ သိက္ခာကို ထီးနန်းစည်းစိမ်ဆိုတဲ့ ရိက္ခာနဲ့ လဲလှယ်ယူခဲ့မိတဲ့အတွက် အဖသတ်တဲ့ကံကြီးကို ကျူးလွန်မိပြီး ဒီဘ၀မှာတင် သောတာပန်ဖြစ်ရမယ့်အရေးမှာ မဖြစ်နိုင်တော့ဘဲ သံသရာကို အရှည်ကြီး ဖြတ်သန်းရဦးမှာပါ။ ဒါကြောင့် မြတ်စွာဘုရားက အဇာတသတ်မင်းကြီးကို -

ခတာယံ ဘိက္ခဝေ ရာဇာ
ခတာ အယ ဘိက္ခဝေ ရာဇာ……. တဲ့။

အဓိပ္ပါယ်ကတော့ ဒီမင်းကြီးဟာ သူ့အမြစ်သူ တူးစားပစ်ခဲ့ပါတယ်။ သောတာပန်ဖြစ်မယ့် အမြစ်ပါလာတာကို အဖသတ်တဲ့ကံကြောင့် အရိယာမျိုးစေ့ကို ဖြုတ်ပစ်ခံလိုက်ရတယ်…တဲ့။ နောင်တစ်ချိန်မှာ ပစ္စေကဗုဒ္ဓါ ဖြစ်မှာမို့လို့ သံသရာမှာ ကျင်လည်ပြီး ၂ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီတွေ ဖြည့်ကျင့်ရဦးမှာပါ။

လောကမှာ အသုံးနဲ့ အစွဲ ခွဲတတ်ဖို့ အလွန်အရေးကြီးပါတယ်။ အသုံးနဲ့ အစွဲကို ခွဲသွားနိုင်တဲ့အခါမှာတော့ (အသုံးကို)ရဲရဲကြီးသုံးပြီး (အစွဲကို)ရဲရဲကြီးစွန့်နိုင်သွားမှာပါ။ မိမိတို့ခန္ဓာကိုယ်ကိုပင် နိဗ္ဗာန်ရောက်သည်အထိ အသုံးချသွားနိုင်တဲ့ သူတော်ကောင်း၊ သူမြတ်ကောင်းများ ဖြစ်ကြပါစေကုန်သတည်း…….

သာဓု၊ သာဓု၊ သာဓု………..

မှတ်မိသမျှ ပြန်လည်ရေးသားရခြင်း ဖြစ်တာကြောင့်တစ်ကြောင်း၊ ဆက်စပ်မှုရှိတဲ့ တရားတော်တချို့ကို ထည့်သွင်းရေးသားထားတာကြောင့်တစ်ကြောင်း အမှားများပါလျှင် ပြင်ဆင်ဝေဖန်ဖြည့်စွက်ပေးကြပါ။

ဓမ္မဘေရီဆရာတော် သာမညဖလသုတ်သင်တန်း ပဉ္စမနေ့ နှင့် ဆဋ္ဌမနေ့မှာ ဟောကြားသွားခဲ့တဲ့ တရားတော်ထဲမှာမှ မှတ်မိသလောက် ပြန်လည်စဉ်းစားရေးသားပြီး တရားဗဟုသုတ တိုးပွားစေခြင်းအလို့ငှာ ဓမ္မဒါန မျှဝေပါတယ်။

သာမညဖလသုတ် ၆ ရက် သင်တန်းတရား ပြီးပါပြီ။

သင်တန်းတရား ၆ ရက်အပြီး တရားသိမ်းပွဲ ၇ ရက်မြောက်နေ့မှာ ဟောကြားသွားခဲ့တဲ့ တရားတော်ကိုတော့ ဖြည်းဖြည်းမှပဲ ရိုက်ကူးမျှဝေပါ့မယ်။ ၇ ရက်ဆက်တိုက် တရားနာကြားခဲ့ရသော ဓမ္မဒေသနာကုသိုလ်၊ ပြုလုပ်လှူဒါန်းခဲ့သော အလှူဒါနကုသိုလ် အစုစုတို့အား ဓမ္မမိတ်ဆွေများကို အမျှပေးဝေပါတယ်………..

ဓမ္မမိတ်ဆွေများအားလုံးလည်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း ပြည့်စုံစွာဖြင့် တရားဓမ္မများကို ကျင့်ကြံပွားများ အားထုတ်နိုင်ပြီး ဒီဘ၀မှာတင် အပ္ပါယ်တံခါးပိတ်သွားနိုင်တဲ့ သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

ခိုင်ခိုင်
(August 13, 2012)

အောင်ဆန်းဆရာတော်၏ တရားသိမ်းလင်္ကာ

သတ္တလောကဓာတ် လူ၊ နတ်၊ ဗြဟ္မာတွေ… မြတ်ဘုရား၏ တရားစစ်တွေ… ရိုသေလေးစား ကျင့်အားပိုစေ… နိဗ္ဗာန်နန်း စံမြန်းနိုင်ပါစေ…
လောဘ၊ ဒေါသ၊ မောဟ ထိန်ဝေ… ဤမီးသုံးပါး ကြီးမားပလေ… နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတွေ… ကမ္ဘာတည်သမျှ ထွန်းပနိုင်ပါစေ…….


Saturday, August 11, 2012

*** သာမညဖလသုတ် *** ပညာမဂ္ဂင်ပိုင်း... ကံလမ်း နှင့် ပါရမီလမ်း (၂)

ပညာမဂ္ဂင်ကို သွားမယ်ဆိုရင် အရင်ဆုံး သံဝရ ကိုသိရမယ်။ အပြည့်အစုံပြောရရင် က္ကုန္ဒြိယသံဝရ လို့ခေါ်တယ်။ က္ကုန္ဒြိယ ဆိုတာ ဆိုင်ရာဆိုင်ရာ နယ်ပယ်မှာ အစိုးရတဲ့အတွက် က္ကုနြေ္ဒ လို့ခေါ်တာ။ သံဝရ ဆိုတာက မနောကံကို စောင့်ထိန်းရတာ။ ဒွါရ ဆိုတဲ့ အာရုံဝင်ရာ တံခါးပေါက်ကို သတိ ဆိုတဲ့ တံခါးစောင့်က စောင့်ပေးနေရတာ။ တံခါးစောင့်တွေမှာ တာဝန် ၂ ရပ်ရှိတယ်။

၁) ရန်သူလာရင် အသက်ပေးပြီး တိုက်ခိုက်ကာကွယ်ရတာနဲ့

၂) မိတ်ဆွေလာရင် အန္တရာယ်ကင်းစွာနဲ့ လိုရာရောက်အောင် ပို့ဆောင်ပေးရတာ။

မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ အာရုံဝင်ရာ တံခါးပေါက်တွေကို အစိုးရတဲ့ က္ကုနြေ္ဒကို လွှတ်ထားမလား၊ ဒါမှမဟုတ် ထိန်းချုပ်ထားမလား၊ ဒါမှမဟုတ် သူတို့ကို စနစ်တကျအသုံးချမလား။ အာရုံတွေကို လွှတ်ထားပြီး ၀င်ချင်သလိုသာဝင်၊ အားလုံးကိုလက်ခံပြီး လိုက်ခံစားနေမယ်ဆိုရင် ကာမသုခလိကာနုယောဂေါ ဆိုတဲ့ ချောက်ကြီးထဲကို ကျမှာပါပဲ။ ဒီလိုမှမဟုတ်ပဲ အာရုံဝင်နိုင်တဲ့ ရှိသမျှ တံခါးပေါက်တွေကို လိုက်ပိတ်ပြီး ထိန်းချုပ်ထားလိုက်မယ်ဆိုရင်လည်း အတ္တကိလမထာနုယောဂေါ ဆိုတဲ့ အကျိုးမရှိဘဲ ဆင်းရဲခြင်းကို ခံစားရဦးမှာ။ နဂိုကတည်းက လူရယ်လို့ ပြောစရာဆိုလို့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ ဒီဒွါရ ၆ မျိုးပဲရှိတာ။ အဲဒီ ၆ မျိုးလုံးကို လိုက်ပိတ်ပင်ထိန်းချုပ်လိုက်မယ်ဆိုရင် လူရယ်လို့တောင် ပြောစရာ၊ ပြစရာ ဘာမှ မရှိတော့ဘူးပေါ့။ အာရုံတွေကို လိုက်ခံစားခြင်းဖြင့်လည်း က္ကုနြေ္ဒတွေကို လွှတ်ထားလို့ မဖြစ်ဘူး။ လိုက်ထိန်းချုပ်ခြင်းအားဖြင့်လည်း အာရုံတွေမ၀င်အောင် ပိတ်ပင်တားဆီးနေစရာ မလိုဘူး။ ၀င်လာတဲ့အာရုံတွေကို စနစ်တကျအသုံးချပြီး ကိုယ်လိုရာကို သွားနိုင်ရမယ်။ 


အာရုံတွေကို လွှတ်ထားခြင်းက ဘာနဲ့ ဥပမာတူလဲဆိုရင် မြင်း ၆ ကောင်ကို သွားချင်ရာသွား လွှတ်ပေးထားတာနဲ့တူတယ်။ ရောက်တတ်ရာရာ သွားနေကြတော့ အန္တရာယ်များပါတယ်။ အာရုံတွေကို ပိတ်ပင်ထိန်းချုပ်ခြင်းကကျတော့ ဘာနဲ့ ဥပမာတူလဲဆိုရင် မြင်း ၆ ကောင်ကို မစီးဘဲ(အသုံးချစရာကို အသုံးမချဘဲ)နဲ့ ချည်နှောင်ထားတာနဲ့ တူပါတယ်။ ၀င်လာတဲ့အာရုံတွေကို စနစ်တကျအသုံးချနိုင်မှသာလျှင် ဒွါရနဲ့တူတဲ့ မြင်း ၆ ကောင်ကို စီးနင်းမောင်းနှင်ပြီး လိုရာခရီးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို အရောက်လှမ်းမျက်မှောက်ပြုနိုင်မှာပါ။

မျက်စိ ဆိုတဲ့ ရုပ် နဲ့ အဆင်း ဆိုတဲ့ ရုပ်တို့ တိုက်မိတဲ့အခါ မြင်သိစိတ်(နာမ်) ဆိုတာ ပေါ်လာပါတယ်။ မျက်စိနဲ့ ကြည့်လိုက်လို့ မြင်ရတဲ့အရာမှန်သမျှဟာ အဆင်းသက်သက်ပါပဲ။ ဒါပေမယ့်လည်း အဲဒီအဆင်းမှာ အရိပ်ကလေး ကပ်ပါလာတတ်ပါတယ်။ အဆင်းကို အဆင်းမျှသာလို့ မမြင်ဘဲ ယောကျာ်းရယ်၊ မိန်းမရယ်၊ သားရယ်၊ သမီးရယ်၊ ပန်းအိုးလေးရယ်၊ ကြောင်ကလေးရယ် စသဖြင့် အဆင်းကိုမှ အရိပ်တွေခွဲခြားပြီး လိုက်မြင်နေမိတတ်တယ်။ အဲဒီလို တကယ်မရှိတဲ့၊ တကယ်မဟုတ်တဲ့ အရိပ်တွေကို မြင်ပြီဆိုမှဖြင့် အထင်တွေလည်း ပါလာပြီပေါ့။ အဆင်းရုပ် သက်သက်မျှသာ မမြင်ဘဲ မိန်းမတစ်ယောက်ပဲလို့ဆိုပြီး အရိပ်သဏ္ဍာန် လိုက်ခွဲခြားလိုက်တော့ ချစ်စရာရယ်၊ မုန်းစရာရယ်လို့ ထင်ကုန်တာပေါ့။ ချစ်စရာလို့ ထင်လိုက်ပြီဆိုကတည်းက လောဘကိလေသာ ၀င်လာပါပြီ။ မုန်းစရာလို့ ထင်လိုက်ပြီဆိုရင်လည်း ဒေါသကိလေသာက ၀င်လာပါပြီ။ ကိလေသာတွေဆိုတာဟာ တကယ့်အရှိကို မူတည်ပြီး ဖြစ်နေတာ မဟုတ်ဘူး။ တကယ်မရှိတဲ့ အထင်တွေကမှတဆင့် ကိလေသာတွေ ဖြစ်ပေါ်လာနေတာပါ။ လူတွေကလည်း တကယ်ရှိနေတဲ့ အရာကိုတော့ မမြင်ဘူး။ သူတို့မြင်နေတဲ့ အရာတွေကျတော့လည်း တကယ်မရှိပြန်ဘူး။

အရှိ၊ အဖြစ်၊ အရိပ်၊ အထင်၊

အရှိတရား၊ ထင်ရှားသိမြင်။

အဖြစ်၊ အရိပ်၊ ခဲကျိတ်ပြုပြင်၊

အထင်ပစ်၊ အနှစ် နိဗ္ဗာန်ဝင်… တဲ့။

အဘိဓမ္မာသင်ဖူးတဲ့သူတွေဆို သိကြပါလိမ့်မယ်။ စိတ်ကလေးက ဒီအတိုင်းနေရင် အဖြူထည်လေးပါ။ အထင်တွေနဲ့ ပေါင်းလိုက်တော့မှ မသန့်ရှင်းတော့ဘူး ဖြစ်သွားတာ။ အဲဒီတော့ တကယ်မရှိတဲ့ အထင်ကလေးကို စွန့်လိုက်ရင် အားလုံးအေးငြိမ်းသွားတာပါပဲ။

ဓာတ်ပုံပြပွဲတစ်ခုမှာ အကောင်းဆုံးဓာတ်ပုံအနေနဲ့ ဆုရရှိသွားတဲ့ဓာတ်ပုံက ဘာပုံလဲဆိုတော့ ၀င်ခါနီးနေရောင်အောက်က တံတားအို ယိုင်နဲ့နဲ့ကြီးနားမှာ ခြောက်ကပ်နေတဲ့ သစ်ပင်အိုကြီးပုံပါ။ အဲဒီပုံထဲက ပါနေတဲ့အရာတစ်ခုချင်းစီကို လိုက်ကြည့်လိုက်ရင် ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အအိုအဟောင်းတွေချည်းပါပဲ။ ဒါပေမယ့်လည်း အဲဒီအဟောင်းအဆွေးတွေကို အားလုံးပေါင်းပြီး ကြည့်လိုက်တော့လည်း လှတယ်ဆိုပြီး ဖြစ်သွားတာပါပဲ။ အကယ်၍သာ… ကိုယ်သာ အဲဒီဓာတ်ပုံထဲက ၀င်ခါနီးနေလုံးကြီးသာ ဖြစ်ခဲ့ရင် သေခါနီးကြီးဖြစ်နေပြီမို့လို့ ဘယ်လိုမှ ပျော်နိုင်၊ လှနိုင်တော့မှာ မဟုတ်ပါဘူး။ ခြောက်ကပ်နေတဲ့ သစ်ပင်အိုကြီးက ကိုယ်သာဖြစ်ခဲ့မယ်ဆိုရင်လည်း ဒီလိုပါပဲ။ အိုမင်းမစွမ်းဖြစ်နေတဲ့၊ ဇရာထောင်းနေတဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကြီးဟာ ဘယ်လိုမှ ကြည့်ကောင်းနိုင်တော့မှာ မဟုတ်ပါဘူး။ ကိုယ်သာ ယိုင်နဲ့နဲ့တံတားအိုကြီး ဖြစ်ခဲ့မယ်ဆိုရင် အိုမင်းရင့်ရော်ပြီး မသန်မစွမ်း ယိုင်နဲ့နဲ့ဖြစ်နေမှာပဲ။ အဲဒါဆိုရင်လည်း ဘယ်လိုမှ စိတ်ချမ်းသာနိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီလို အမြင်မျိုးနဲ့ “ငါ” တပ်ပြီး ဓာတ်ပုံကို ကြည့်လိုက်ရင် အဲဒီဓာတ်ပုံထဲမှာ “ငါ” ဆိုတာကြီးကို လိုက်ထည့်ထည့်ပြီး စဉ်းစားမိနေတဲ့အတွက် အဲဒီပထမဆု ရရှိထားတဲ့ ဓာတ်ပုံဟာ ကိုယ့်အတွက်တော့ ဘယ်လိုမှ လှပနိုင်တော့မှာ မဟုတ်ပါဘူး။ သစ်ပင်အိုကြီးက ငါသာဆိုရင်၊ တံတားအိုကြီးက ငါသာဆိုရင် ဆိုပြီးတော့လေ။ ကိုယ်နဲ့လည်း မဆိုင်ဘဲနဲ့ “ငါ” ကြီး တပ်တပ်ပြီး လိုက်လိုက်စဉ်းစားနေမိတာ။ အကယ်၍ အဲဒီလို ဓာတ်ပုံထဲက အရာတစ်မျိုးချင်းစီထဲမှာ “ငါ” ကိုထည့်မစဉ်းစားဘဲ ငါမဟုတ်တဲ့၊ ငါမပါတဲ့ အမြင်မျိုးနဲ့သာ ကြည့်လိုက်မယ်ဆိုရင်တော့ အဲဒီဓာတ်ပုံလေးဟာ တကယ်ကို လှပတင့်တယ်စရာလေး ဖြစ်နေမှာ အသေအချာပါပဲ။ အဲဒါကြောင့်ပြောတာ… သူ့ဟာသူ ဖြစ်နေ၊ ပျက်နေတဲ့ ဒီခန္ဓာကြီးကလည်း သူ့ဟာသူ အိုမင်းရင့်ရော်လိုက်၊ ရောဂါထူပြောလိုက်၊ နာလိုက်၊ သေလိုက် သူ့ဟာသူ ဖြစ်နေတာကို “ငါ” သွားသွားတပ်ပြီး တကယ်မဟုတ်တဲ့ အထင်နဲ့ အာရုံအရိပ်တွေကို ခံစားမြင်ယောင်နေကြလို့သာ အကျည်းတန်ကုန်တာပါ။ ဓာတ်ပုံထဲက တံတားအိုကို ငါသာဆိုရင်လို့ တွေးသလိုပဲ… ခန္ဓာကိုယ်(ရုပ်)ကြီးထဲက မျက်လုံးလေးကို ငါ့မျက်လုံးလေးလို့၊ ပါးစပ်လေးကို ငါ့ပါးစပ်လေးလို့ လိုက်လိုက်တွေးနေတော့ အဲဒီမျက်လုံးတစ်ခုခုဖြစ်ရင် ငါ့မျက်လုံးလို့ စွဲယူထားတော့ ငါပါ မျက်လုံးနဲ့အတူ လိုက်လိုက်ပြီး ဒုက္ခတွေ ခံစားနေရတာ။ မျက်လုံးက အဆင်းနဲ့တိုက်ပြီး သိသွားတဲ့စိတ်ကလေးကိုလည်း ငါမြင်တယ်ဆိုပြီး ထင်လိုက်တော့ အဲဒီအထင်ကြေင့်ပဲ ကောင်းရင် သိမ်းပိုက်လိုစိတ်၊ မကောင်းရင် မကျေနပ်တဲ့စိတ်တွေပါ တပါတည်းလိုက်လာပြီး ဒုက္ခတွေများကုန်တာ။ တကယ်တမ်းသာ ဓာတ်ပုံထဲက ပါဝင်နေတဲ့ အရာတွေ(သစ်ပင်အို၊ တံတားအို၊ ၀င်ခါနီးနေလုံး)လိုမျိုးပုံစံတူတဲ့ အာရုံဒွါရ(မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်)တွေထဲမှာ “ငါ” ဆိုတာကြီးကို ထည့်ထည့်ပြီး မတွေးရင်၊ မသတ်မှတ်ရင် ဓာတ်ပုံနဲ့တူတဲ့ ဒီခန္ဓာကိုယ်ကြီးကလည်း သူ့ဟာသူ ဖြစ်ပျက်နေတဲ့ ဓာတ်ပုံလေးတစ်ပုံလို လှပမြဲလှပနေမှာပါ။

---------- * ---------- * ---------- * ----------

ကံလမ်း နဲ့ ပါရမီလမ်း တို့ရဲ့ သဘောသဘာဝတွေအကြောင်း ပြောကြရအောင်…….

ဇင်ပုံပြင်တစ်ခုက ဒီလို…

ရဟန်းနှစ်ပါး ခရီးအတူတူထွက်လာကြရင်းနဲ့ ချောင်းတစ်ခုနား ရောက်လာကြတယ်။ အဲဒီမှာ ချောင်းကိုကူးဖို့ ကြံရာမရဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ကြတယ်။ ရဟန်းတစ်ပါးက သူတစ်ပါးတည်းပဲ ချောင်းကို ဖြတ်ကူးသွားတယ်။ နောက်ရဟန်းတစ်ပါးကတော့ ဒုက္ခရောက်နေတဲ့ မိန်းကလေးကို သူ့ကျောပေါ်ခေါ်တင်ပြီး ချောင်းကို ဖြတ်ကူးပေးလိုက်တယ်။ နောက်တော့ ရဟန်းနှစ်ပါး အတူတူ ကျောင်းကို ပြန်ကြတာပေါ့။ ကျောင်းဂိတ်ရောက်လို့ ၀င်ကြတော့မယ်ဆိုတော့ ပထမဆုံး တစ်ပါးတည်း ကူးဖြတ်သွားတဲ့ ရဟန်းက နောက်တစ်ပါးကို အရှင်ဘုရားက မိန်းကလေးကို ကျောပေါ်တင်ပြီး ချောင်းကိုဖြတ်လာတဲ့အတွက် မသန့်ရှင်းတော့ဘူး။ ဒီတော့ ကျောင်းထဲကို ၀င်လို့မရတော့ပါဘူး။ အတူတူယှဉ်တွဲပြီးလည်း မ၀င်ချင်ပါဘူး ဆိုပြီးတော့ ပြောတယ်တဲ့။ အဲဒါနဲ့ မိန်းကလေးကို စေတနာရင်းနဲ့ ကူညီပေးခဲ့တဲ့ ရဟန်းက ပြောတယ်… တပည့်တော်က မိန်းကလေးကို ဟိုဘက်ကမ်းကနေ ကူညီထမ်းပိုးပြီး ဒီဘက်ကမ်းကိုပဲ သယ်ဆောင်ပေးခဲ့တာပါ။ အရှင်ဘုရားကတော့ ဒီဘက်ကမ်းကနေစပြီး အခုကျောင်းရောက်တဲ့အထိ ဒီမိန်းကလေးကို ဆက်သယ်လာတာပါ လို့ ပြောလိုက်တယ်… တဲ့။ မိန်းကလေးလို့ အရိပ်သဏ္ဍာန်ကိုလိုက်ပြီး မြင်မိတဲ့အတွက် အထင်တွေပါ ပါလာရတာပါ။ အဲဒီအထင်တွေကပဲ ကိလေသာတို့ရဲ့ မြစ်ဖျားခံရာ ဖြစ်နေတာ။ အထင်တွေကို စွန့်လိုက်တော့မှပဲ အေးငြိမ်းချမ်းသာခွင့်ရကြမှာပါ။ ဒုက္ခရောက်နေသူကို တွေ့ရင် ကူညီရမှာပါ။ အဲဒီလိုကူညီတဲ့အခါ အထင်တွေကိုတော့ စွန့်ပစ်ထားရမှာပေါ့။ အရေးကြီးတာက အပြစ်ကို အပြစ်မှန်းသိဖို့ လိုပါတယ်။ အဲဒါမှ အပြစ်ကို ကုစားနိုင်မှာပါ။ သဘောပေါက်အောင် ထပ်ရှင်းပါမယ်…

လူ့လောကထဲမှာ နေနေရတဲ့အခါ တခါတရံ မလွှဲသာမရှောင်သာ အပြစ်လုပ်ရတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံဆုံရတတ်ပါတယ်။ ကိုယ်ကျိုးအတွက် အပြစ်လုပ်တာမဟုတ်ဘဲ အများအကျိုးအတွက် အပြစ်လုပ်ရတာတွေလည်း ရှိတတ်တယ်။ ဥပမာ… ကလေးလေးတွေ လမ်းပေါ်မှာ ဆော့ကစားနေကြတုန်း ခွေးရူးတစ်ကောင်က ကိုက်မလို့ ကလေးတွေဆီ ပြေးဝင်လာနေတာ တွေ့လိုက်ပြီဆိုရင် ဒီအတိုင်းကြည့်မနေသင့်တော့ပါဘူး။ ကလေးတွေဆီ ခွေးရူးပြေးမကိုက်ခင် တစ်နည်းနည်းနဲ့ မရရအောင်တော့ တားဆီးရပါလိမ့်မယ်။ အဲဒီလိုတားဆီးတဲ့အခါ ခွေးကို ဆက်မသွားအောင် ရိုက်တာ၊ နာကျင်ပြီး ပြန်လှည့်သွားအောင် လုပ်လိုက်ပြီဆိုရင်… ဒါမှမကဘဲ သတ်တောင် သတ်မိလိုက်ပြီဆိုရင်… အပြစ်ကတော့ ဖြစ်ကိုဖြစ်ပြီး အကုသိုလ်ကံတွေ မြောက်သွားပါပြီ။ ဒါပေမယ့်လည်း လူ့စည်းကမ်း၊ လူ့တာဝန်အရ ကလေးတွေကို ကာကွယ်ရမှာကလည်း ရှိနေပြန်တယ်။ အဲဒီလို အခြေအနေမျိုးမှာဆိုရင်… ကိုယ်ကျိုးအတွက်မဟုတ်ဘဲ အများအကျိုးအတွက် အပြစ်အဖြစ်ခံ၊ အကုသိုလ်အဖြစ်ခံပြီး ကူညီသင့်ရင် ကူညီရပါမယ်။ အပေါ်က ရဟန်းနှစ်ပါး ဖြစ်ရပ်ကိုကြည့်မယ်ဆိုရင် မိန်းကလေးကို ကူညီပြီး ချောင်းကိုဖြတ်ကူးပေးရင် ရဟန်းအတွက် အပြစ်ဖြစ်ပါမယ်။ ဒါပေမယ့် ဒုက္ခရောက်နေတဲ့ လူသားတစ်ယောက်ကို ကူညီပေးနိုင်တဲ့ အခြေအနေရှိပါလျက်နဲ့ ဒီအတိုင်း မကူညီဘဲ ပစ်ထားခဲ့မယ်ဆိုရင် လူ့တာဝန်၊ လူ့ယဉ်ကျေးမှုကို ဖောက်ဖျက်ရာရောက်သလို အကြင်နာ၊ မေတ္တာမဲ့ရာလည်း ရောက်ပါလိမ့်မယ်။ ရဟန်းအနေနဲ့ မိန်းကလေးကို ကိုယ့်အမ၊ ညီမ၊ ဆွေမျိုးသားချင်းလို သဘောထားပြီး ကူညီပေးချင်တဲ့ စေတနာသက်သက်နဲ့ ဆိုရင်တော့ အပြစ်မဖြစ်နိုင်ပါဘူး။ ပိုသေချာသွားအောင် ထပ်ရှင်းပါမယ်…….

နောက်ထပ်ဥပမာတစ်ခုက… ရဟန်းတွေက သူတို့သီတင်းသုံးတဲ့ ကျောင်းဆောင်ကို သန့်ရှင်းရေးလုပ်တဲ့အခါ ပင့်ကူတွေ၊ ချတွေကိုပါ လှည်းထုတ်ပစ်ရပါတယ်။ အဲဒီလို လှည်းလိုက်ရင် မသေတဲ့ ပင့်ကူ၊ မသေတဲ့ ချ ဆိုတာ ရှားပါလိမ့်မယ်။ တံမြက်စည်းနဲ့ လှည်းချလိုက်လို့ ပင့်ကူတွေ၊ ချတွေ သေကုန်ကြရင် အကုသိုလ်ဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းကို သန့်ရှင်းရေးလုပ်ရမှာကလည်း ၀ိနည်းအရ လုပ်ဆောင်ရမယ့် အလုပ်တစ်ခုအနေနဲ့ မှန်ကန်နေပါတယ်။ ဒီတော့ လုပ်သင့်တာကို အထင်မစွဲတော့ဘဲ… ဆက်လုပ်သင့်ပါတယ်။ ဒီမှာ ရဟန်းတွေက ပင့်ကူတွေကို သတ်ဖြတ်လိုစိတ်နဲ့ သတ်ဖြတ်နေတာ မဟုတ်ပါဘူး။ ၀ိနည်းအရ အများအကျိုးအတွက် သန့်ရှင်းရေး လုပ်နေတာပါ။ ဇဝေဇ၀ါဖြစ်ကုန်ကြမယ်ဆိုရင် ထပ်ရှင်းပါမယ်……. ဥပမာတွေ အမျိုးမျိုးပေးပြီးပြီဆိုတော့ ကံလမ်း နဲ့ ပါရမီလမ်းတို့ရဲ့ သဘောသဘာဝကို စရှင်းပါတော့မယ်။

ဒီနေရာမှာ ပါရမီလမ်း နဲ့ ကံလမ်း အကြောင်း ပြောချင်ပါတယ်။ ကံလမ်းမှာတော့ လူ့ယဉ်ကျေးမှုရယ်၊ လူ့တာဝန်ဝတ္တရားရယ်၊ ကိုယ်ကျိုးအတွက်ရယ်၊ အများအကျိုးအတွက်ရယ်တွေဆိုပြီး ခွဲခြားပြီး ဖြစ်မနေပါဘူး။ ဘာကြောင့်ပဲဖြစ်ဖြစ် ကောင်းတာလုပ်ရင် ကောင်းတဲ့ကံရမယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့ကံရမယ်။ ဒါကြောင့်လည်း မြတ်စွာဘုရား ပါရမီဖြည့်စဉ်ကာလတွေတုန်းက အများအကျိုးအတွက် အကုသိုလ်တွေ မဖြစ်မနေလုပ်ခဲ့ရတာတွေလည်း များစွာရှိပါတယ်နော်။ ဒါကြောင့်လည်း ကံလမ်းမှာဆိုရင်တော့ ကိုယ်ကျိုးတွေ၊ အများအကျိုးတွေ ခွဲမနေဘဲ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးအနေနဲ့ ငရဲဘ၀၊ တိရစ္ဆာန်ဘ၀တွေကိုပဲ အကျိုးပေးပါတယ်။ ဒါကြောင့်လည်း ဘုရားဆုပန် ဘုရားလောင်းပင် ဖြစ်သော်လည်း ငရဲကျခဲ့ရတာတွေ၊ တိရစ္ဆာန်ဘ၀ ရောက်ခဲ့ရတာတွေလည်း မနည်းလှပါဘူး။ ကံလမ်းက သံသရာကျင်လည်စဉ်မှာ ဘယ်လိုဘ၀မျိုးတွေ ရမလဲဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။ ပါရမီလမ်းကတော့ အဆင့်အတန်း အနိမ့်အမြင့်ကို အဆုံးအဖြတ်ပေးပြီး နိဗ္ဗာန်အထိ တက်ရောက်စေနိုင်ပါတယ်။ ဥပမာပြောရရင်… အရှင်ဒေ၀ဒတ်ဟာ ကောင်းတဲ့ကံက တွန်းအားပေးတော့ အမျိုးမြတ်တဲ့ဇာတ်မှာ လူလာဖြစ်ရပါတယ်။ ဒါပေမယ့် ပါရမီက မလုံလောက်တော့ သောတာပန်အဆင့် မြင့်တက်ခွင့်ရတဲ့ ကျွန်တွေလောက်တောင် အဆင့်အတန်းက မမြင့်နိုင်ရှာပါဘူး။ သောတာပန်ဆိုတာ ပုထုဇဉ်နဲ့ မယှဉ်သာအောင် အဆင့်အတန်း မြင့်မားပါတယ်။ ကံမကောင်းလို့ ကျွန်ဘ၀ရောက်ကြရပေမယ့် ပါရမီက ပြည့်နေတော့ သောတာပန်ဆိုတဲ့ အရိယာဖြစ်သည်အထိရောက်အောင် အဆင့်အတန်းမြင့်မားသွားရတာပါ။ ဒေ၀ဒတ်ကတော့ ကံကောင်းလို့ သခင်ဘ၀၊ အမျိုးမြတ်ဘ၀ ရောက်ရပေမယ့်လို့ ပါရမီမလုံလောက်တဲ့အတွက် အဆင့်အတန်းမြင့်တဲ့ အရိယာမဖြစ်နိုင်တာပါ။ ဒါဟာ ကံလမ်း နဲ့ ပါရမီလမ်းတို့ရဲ့ ကွာခြားချက်ပါပဲ။

မကောင်းမှု အကုသိုလ်အပြစ်ဖြစ်ပေမယ့်လည်း အများအကျိုးအတွက် လုပ်ဆောင်ပေးတာဆိုရင် အဲဒါဟာ ပါရမီကိုဖြစ်စေပါတယ်။ ဒါပေမယ့် ကံလမ်းအရ ကြည့်ရင်တော့ အကုသိုလ်တစ်ခုကို ဘာအကြောင်းကြောင့်ပဲလုပ်လုပ် အကုသိုလ်က အကုသိုလ်မို့လို့ ဆိုးကျိုးကိုပဲ ပေးမှာပါ။ ကိုယ်ကျိုးကြောင့် အပြစ်လုပ်တာမို့လို့ ဆိုးကျိုးပေးမယ်။ အများအကျိုးအတွက် မဖြစ်မနေ လုပ်လိုက်ရတဲ့အပြစ်မျိုးမို့လို့ ကောင်းကျိုးပေးမယ်ရယ်လို့ လုံးဝမရှိပါဘူး။ အပြစ်လုပ်ရင် ဘာကြောင့်ပဲလုပ်လုပ် ဆိုးကျိုးပေးပါတယ်။ ဒါပေမယ့် ပါရမီလမ်းအရ ကြည့်မယ်ဆိုရင်တော့ ကိုယ်ကျိုးအတွက်လုပ်တဲ့ ကောင်းမှုပဲဖြစ်ဖြစ်၊ ဆိုးမှုပဲဖြစ်ဖြစ် ပါရမီမမြောက်ပါဘူး။ အများအကျိုးအတွက်လုပ်တဲ့ ကိစ္စမှန်သမျှကတော့ အပြစ်ပင် ဖြစ်သွားလင့်ကစား ပါရမီကိုဖြစ်စေနိုင်ပါတယ်။ ပါရမီဆိုတာကတော့ ကံလမ်းကို ကျော်လွန်ပြီး အဆုံးစွန်သောရလာဒ်အဖြစ် နိဗ္ဗာန်ကိုတောင် မျက်မှောက်ပြုစေနိုင်ပါတယ်။ ဒါကြောင့် အပေါ်မှာ ပြထားခဲ့တဲ့ ဥပမာတွေကို ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင်…

မိန်းကလေးကို ကျောမှာချီပိုးပြီး ချောင်းတစ်ဖက်ကမ်းကိုရောက်အောင် ကူညီပေးခဲ့တဲ့ ရဟန်းအနေနဲ့ ၀ိနည်းအရ အပြစ်ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး အပြစ်အဖြစ်ခံပြီး ကူညီကယ်တင်ပေးခဲ့တဲ့အတွက် ဒါဟာ ပါရမီလမ်းအတွက်တော့ အထောက်အကူရစေပါလိမ့်မယ်။ လောကထဲမှာနေရင် လူ့တာဝန်၊ လူ့ယဉ်ကျေးမှုတွေအရ အများအတွက် တခါတရံမှာ မဖြစ်မနေ အပြစ်လုပ်ရတတ်တာတွေ ရှိပါတယ်။ ဂိုဏ်းသင့်စေတဲ့ ပဉ္စာနံန္ဒြိယကံကြီးတွေမှလွဲ၍ တခြားအကုသိုလ်ကံတွေကိုတော့ အနည်းအများအပေါ် မူတည်ပြီး……. အကုသိုလ် ဂျီးများ၊ ဂျီးတက်နေတာလောက်တော့ နေ့စဉ်ဘုရားဝတ်ပြုရှိခိုးခြင်းဆိုတဲ့ ရေချိုးပေးတာလောက် လုပ်နိုင်ရင်ကို ပြေပျောက်စေနိုင်ပါတယ်။ အကယ်၍ အကုသိုလ်က အကြီးကြီးလုပ်မိလိုက်လို့ ဥပမာ..အနာတွေဖြစ်တဲ့အဆင့်မျိုးလောက်အထိ ရောက်ပြီဆိုရင်တော့ ၀ိပဿနာတရားတွေ အားထုတ်သင့်ရင် အားထုတ်ပြီးတော့ အပြစ်ကို ကုစားကြရပါလိမ့်မယ်။ အကျဉ်းချုပ်ဆိုလိုချင်တာကတော့ အပြစ်တွေကို (သို့) အကုသိုလ်ဆိုးကျိုးတွေကို လိုက်လျောညီထွေဖြစ်တဲ့ ထိုက်တန်တဲ့ ကောင်းမှု..ကုသိုလ်အားတွေနဲ့ ကုစားလိုက်မယ်ဆိုရင် ပျောက်ကင်းနိုင်ပါတယ်။ မီးများမီးနိုင်၊ ရေများရေနိုင် ဆိုသလိုပေါ့။ ပါရမီဖြစ်ဖို့အတွက်ဆိုရင်တော့ ကုသိုလ်၊ အကုသိုလ်တွေဖြစ်တဲ့ ကံလမ်းအဆင့်ကို ဖြတ်သန်းကျော်လွန်ပြီး အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး ကူညီလုပ်ဆောင်ပေးလိုက်ပါတဲ့။ အများအကျိုးထမ်းဆောင်တဲ့ လုပ်ရပ်မှန်သမျှဟာ အများအကျိုးအတွက်သာ မှန်ပါစေ… အဲဒါဟာ ပါရမီပါပဲ… တဲ့။

သံသရာဆိုတာ ထောက်တည်ရာ၊ ဆွဲကိုင်မှီခိုရာ မရှိတဲ့အတွက် ရေပြင်ကျယ်နဲ့လည်း ခိုင်းနှိုင်းကြပါတယ်။ အဲဒီလို သံသရာရေပြင်ကျယ်ကြီးထဲကို ရောက်နေတဲ့အခါ ကောင်းတဲ့ကံတွေ အများကြီးပြုထားခဲ့မယ်ဆိုရင် သစ်တုံးလေးတစ်တုံး ရထားတာနဲ့တူပါတယ်။ ဒီထက်ပိုကောင်းတဲ့ကံတွေ ပြုထားခဲ့မယ်ဆိုရင်တော့ ရေပြင်ကျယ်ကြီးထဲမှာ ဖောင်ကလေးတစ်စင်းနဲ့ ရှိနေသလိုပါပဲ။ ဒီထက်ပိုပြီး ကောင်းကံတွေ အများကြီး ရှိရင်တော့ သဘောင်္ကြီးနဲ့ ရေထဲရောက်နေရသလိုပဲပေါ့။ ကောင်းကံတွေပြုထားလို့ ကုသိုလ်ကောင်းရင် ကောင်းသလို သံသရာရေပြင်ကျယ်ကြီးမှာ ကူးခတ်မျောနေရတာ သက်တောင့်သက်သာ ရှိလေပါပဲ။ ဒါပေမယ့်လည်း ဒီလောက်ကျယ်တဲ့ ရေပြင်ကြီးမှာ သစ်တုံးလေးတစ်တုံး ရထားရုံနဲ့ ကျေနပ်နေပြီးတော့ မျောနေမယ်ဆိုရင် စိတ်မချရသေးပါဘူး။ သစ်တုံးက ရေထဲမှာ ဆွေးသွားနိုင်မှုကြောင့်တစ်ကြောင်း၊ ကိုယ်ကိုတိုင်က ထောက်တည်မှီခိုရာ အစစ်အမှန် မရရှိသေးတာကတစ်ကြောင်း မကြာခင်မြုပ်ရတော့မှာပါ။ သံသရာဆိုတဲ့ သမုဒ္ဒရာ ရေပြင်ကျယ်ကြီးမှာ ဘာယာဉ်၊ ဘာသဘောင်္၊ အထောက်အပံ့မျိုးပဲရနေပါစေ… ကြာရှည်နေလို့မှမရတာ။ လိုရာခရီးကိုရောက်အောင် ကိုယ်ရထားတဲ့ ရေပေါ်မှာပေါ်နေတဲ့ အရာလေးကိုအသုံးပြုပြီး တစ်ဖက်ကမ်းကို အမြန်ဆုံး ရောက်အောင်ကူးခတ်သွားရမှာပါပဲ။ နောက်မို့ဆိုရင် သမုဒ္ဒရာထဲက အန္တရယ်မျိုးစုံတို့ကြောင့် အချိန်မရွေး ရေအောက်အနက်ကြီးထဲကို နစ်မြုပ်သွားနိုင်ပါတယ်။ အမြန်ဆုံးရောက်အောင် ရထားတဲ့ပစ္စည်းလေးတွေကို အသုံးချပြီး ကူးခတ်သွားရမှာပါ။

အကုသိုလ်ကံတွေများလို့ မကောင်းကံတွေ အကျိုးပေးရင်တော့ ခွေးသေကောင်ပုပ်နဲ့ ရေပြင်ကျယ်မှာ မျောနေရတာနဲ့ တူပါလိမ့်မယ်။ ကံဆိုးရင်ဆိုးသလို မသက်မသာနဲ့ ရေပြင်ထဲမှာ မျောကြရမှာပါ။ ကံဆိုးလို့ ခွေးသေကောင်ပုပ်ကြီးနဲ့ သမုဒ္ဒရာထဲရောက်နေလို့ မကူးခတ်နိုင်ဘူးရယ်တော့ မရှိပါဘူး။ ပဋ္ဌာန်းအရပြောရရင် ဥပနိဿရပစ္စည်းနဲ့ အကျိုးပြုပြီး ကံဆိုးပေမယ့် ပါရမီဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဆိုလိုချင်တာက ခွေးသေကောင်ပုပ်ပင် ဖြစ်သော်လည်း ရေပေါ်မှာ ပေါ်နေသေးတာဆိုတော့ သူ့ကိုအသုံးချပြီး ကူးခတ်လို့တော့ ရပါသေးတယ်။ အကျဉ်းချုပ်ပြောရရင် ကံလမ်းဆိုတာက သံသရာရေပြင်ကျယ်ကြီးမှာ မျောနေ၊ ကူးခတ်နေဖို့အတွက် ပစ္စည်းတစ်ခုခုပေးထားရုံပါပဲ။ ကံကောင်းရင် သက်တောင့်သက်သာဖြစ်မယ့် လှေတို့၊ ဖောင်တို့၊ သစ်တုံးတို့လို ပစ္စည်းတွေနဲ့ ရေပြင်မှာ ကူးခတ်နိုင်ပြီး ကံဆိုးရင်တော့ ခွေးသေကောင်ပုပ်လို မကောင်းတဲ့ပစ္စည်းတွေနဲ့ ရေပြင်မှာ မသက်မသာ ကူးခတ်ရမှာပါ။ ပါရမီလမ်းဆိုတာကတော့ ဘာပစ္စည်းတွေနဲ့ပဲ ရေထဲမှာ ကူးခတ်နေ၊ ကူးခတ်နေ… အဓိက က ဟိုတစ်ဖက်ကမ်းကို အရောက်သွားနိုင်ဖို့ပါပဲ။

ပါရမီဖြစ်အောင် အားထုတ်တာက နှစ်မျိုးရှိပါတယ်။

၁) ကိုယ်ကျိုးမငဲ့ဘဲ အများအကျိုးအတွက် စွန့်လွှတ်အနစ်နာခံပြီး ပါရမီဖြည့်ခြင်း

၂) လောကထဲမှာ တွယ်တာစရာအာရုံတွေကို စွန့်လွှတ်နိုင်အောင် လေ့ကျင့်ပြီး ပါရမီဖြည့်ခြင်း တို့ပါပဲ။

ကံဖြစ်၊ မဖြစ်ဆိုတာ သူများထိခိုက်နစ်နာမှု ရှိ၊ မရှိနဲ့ တိုင်းရတယ်။ ပါရမီ ဖြစ်၊ မဖြစ်ဆိုတာကတော့ အများအကျိုးအတွက် ကိုယ်ကျိုး စွန့်၊ မစွန့်ပေါ် မူတည်ပါတယ်။ မကောင်းတာပင် ဖြစ်သော်လည်းပဲ အများအကျိုးအတွက် လုပ်တာဆိုရင် ပါရမီဖြစ်တာပါပဲ။ ကောင်းတာလုပ်လို့ ကောင်းကံတွေ ရစေပေမယ့် အများအကျိုးအတွက် လုပ်တာမဟုတ်ရင် ပါရမီမမြောက်ပါဘူး။ အထက်မှာ ပြောခဲ့ပြီးသလိုပဲ… ကံက ဘုံဘ၀ကို အဆုံးအဖြတ်ပေးပြီး ပါရမီက အဆင့်အတန်းကို အဆုံးအဖြတ်ပေးပါတယ်။ မြတ်စွာဘုရား အလောင်းအလျာတုန်းက အများအကျိုးအတွက် မကောင်းမှုတွေ လုပ်ခဲ့ဖူးလို့ တိရစ္ဆာန်ဘ၀တွေ ရရတာပါ။ ဒါပေမယ့် အနိမ့်ဆုံး ငုံးထက်ငယ်တဲ့ သတ္တ၀ါတော့ မဖြစ်ပါဘူး..တဲ့။ အများအကျိုးအတွက် ရည်စူးပြီး ပါရမီတွေ ဖြည့်ထားတဲ့အတွက် အများနဲ့ယှဉ်လိုက်ရင် ဘယ်ဘ၀ရောက်ရောက် အဆင့်အတန်းပိုမြင့်ပါတယ်။ ဒါကြောင့်မို့လို့ ငုံးဖြစ်ရင်လည်း ငုံးမင်း၊ မျောက်ဖြစ်ရင်လည်း မျောက်မင်း… ဖြစ်ရပါတယ်။

ကံလမ်း နဲ့ ပါရမီလမ်းတို့ရဲ့ ကွာခြားချက်ကို သဘောပေါက်လောက်ပါပြီ။ ကံလမ်းအတွက်က အကြီးလေးဆုံးဖြစ်တဲ့ ပဉ္စာနံန္ဒြိယကံကိုတော့ မကျူးလွန်မိအောင် သတိထားရပါမယ်။ အဲဒီကံကြီး ထိုက်ရင်တော့ ကုစားနိုင်စရာက မရှိတော့ပါဘူး။ မနေ့ကပြောခဲ့တဲ့ အပြစ်ဖြေဖျောက်နည်းနဲ့တော့ သက်သာအောင်ပဲ လုပ်နိုင်ပါတော့မယ်။ ကုစားလို့မရတဲ့ ကင်ဆာရောဂါကြီး၊ အေအိုင်ဒီအက်စ်ရောဂါကြီးတွေ ရသွားသလိုပါပဲ။ ဒါကြောင့် အဲဒီဂိုဏ်းသင့်တဲ့ ကံမျိုးကိုတော့ မကျူးလွန်မိအောင် သတိထားဖို့ အလွန်အရေးကြီးတယ်။ ကျန်တဲ့မကောင်းကံတွေ အတွက်ကတော့ အပြစ်လုပ်ထားမိတယ်ဆိုရင် အပြစ်မှန်းသိဖို့က အရေးအကြီးဆုံးပဲ။ ဒါပေမယ့် လုပ်စရာရှိတာ၊ လုပ်သင့်တာကိုတော့ ဆက်လုပ်ရမှာပဲ။ ဂျီးလောက်ရှိတဲ့ အကုသိုလ်လောက်ကတော့ ဘုရားနေ့စဉ်ရှိခိုးမှုဆိုတဲ့ ရေချိုးရုံလောက်နဲ့ ပျောက်ပါတယ်။ အနာလောက်ရှိတဲ့ အကုသိုလ်ဆိုရင်တော့ ၀ိပဿနာဆေး စားသုံးလိုက်ရင် ပျောက်ကင်းနိုင်ပါတယ်။

ကျန်တဲ့အပိုင်းတွေကိုတော့ ဖြည်းဖြည်းချင်း ရေးသားပူဇော်ပါ့မယ်။ မှားတာရှိရင်လည်း ပြင်ပေးနိုင်ပါတယ်။

ဓမ္မဘေရီဆရာတော် သာမညဖလသုတ်သင်တန်း တတိယနေ့ နဲ့ စတုတ္ထနေ့မှာ ဟောသွားခဲ့တဲ့ တရားတော်ထဲမှာမှ မှတ်မိသလောက် ပြန်လည်စဉ်းစားရေးသားပြီး တရားဗဟုသုတ တိုးပွားစေခြင်းအလို့ငှာ ဓမ္မဒါန မျှဝေပါတယ်။

ခိုင်ခိုင်
(August 11, 2012)