Thursday, August 2, 2012

“ တချိန်တုန်းက ” / “ မိန်းမ ”





တစ်နေ့မှာ......

တိမ်ပြာHotel ရဲ့ စားသောက်ခန်းထဲကို ဧည့်သည်နှစ်ယောက်ဝင်လာတယ်...တံခါးဖွင့်သံကြားတော့
အဖြူရောင်အိင်္ကျီပေါ်မှာ နက်ပြာရောင်ကုတ် နက်ပြာရောင်စကပ်တိုဒူးဖုံးနဲ့ စားပွဲထိုးမိန်းကလေးလှမ်းကြည့်လိုက်တယ်

"မင်္ဂလာပါ ... " စားပွဲထိုးမိန်းကလေးချိုမြတဲ့ နှုတ်ဆက်သံနှင့်အတူ ရိုသေစွာခါးကိုင်းလိုက်တယ် ...
ဝင်လာတဲ့ဧည့်သည်တွေက ကျားမ တစ်တွဲဖြစ်တယ် အသက် ၄ဝ အရွယ်လောက်ရှိကြမယ် ... ဝတ်ထားတာသန့်သန့်ပြန့်ပြန့်ပဲ... မိန်းမကြီးကတော့ ဘာမှမပါဘူး ရှေ့ကဝင်လာတယ်၊ ယောက်ျားကြီးကတော့
ခရီးဆောင်အိပ်အနီကြီးကို ဘီးလိမ့်လို့ဆွဲလာတယ် ... အလည်အပတ် ခရီးထွက်လာတဲ့ လင်မယားဖြစ်ဖို့များတယ်...
စားပွဲထိုးမိန်းကလေး ဦးဆောင်ပြီး စားပွဲတစ်ခုမှာနေရာပေးလိုက်တယ် ... Hotel က 5 star hotel ဖြစ်လို့ စားပွဲကြီးတွေက ကျွန်းစားပွဲဝိုင်းကြီးတွေ အိမ်တွင်း အလှဆင်ထားတဲ့ မီးဆိုင်းတွေနဲ့ hotel
ရဲ့စားသောက်ခန်းဟာ ခန်းနားလှပနေတယ် ...
ထိုင်ခုံမှာ ထိုင်ပြီးတော့ စားပွဲထိုးမိန်းကလေးက စားသောက်Menu ကဒ် ကို ပြုံးပြီးလှမ်းပေးလိုက်တယ် ...
ယောက်ျားကြီးက ကဒ်ကို လှမ်းယူပြီး မိန်းမကြီးကို ထိုးပေးလိုက်တယ် "မင်း... ဘာစားချင်ဘာမှာလိုက်.."
မိန်းမကြီးက ကဒ်ကို ကြည့်တောင်မကြည့်ဘဲ စားပွဲထိုးမိန်းကလေးကို တစ်ချက်ကြည့်ပြီး "ကျွန်မတို့ကို ဖက်ထုပ်အရည်ဖျော်တစ်ပွဲပေးရင်ရပြီ..."
စားပွဲထိုးမိန်းကလေး တစ်ချက်တန့်သွားတယ် ... ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး ... တိမ်ပြာHotel လာပြီး ဖက်ထုပ်မှာစားတယ်? ပြီးတော့ ဒီမှာလဲ မရှိဘူး ... နားကြားများလွဲသလား ဆိုပြီး မိန်းမကြီးကို
မေးခွန်းများစွာပါတဲ့အကြည့်နဲ့ကြောင်ကြည့်နေမိတယ် ... မိန်းမကြီးက နောက်တစ်ခေါက် ထပ်မှာလိုက်တယ် ...
ယောက်ျားကြီးကစကားပြောလာတော့တယ် ..." ဘာလို့ဖက်ထုပ်ပြုတ်ကိုစားမှာလဲ ... ပိုက်စံ မရှိတာမှမဟုတ်တာ"
မိန်းမကြီးခေါင်းခါပြီး " ကျွန်မ ဖက်ထုပ်ပဲစားမှာ!" ယောက်ျားကြီးက တစ်ချက်တန့်ပြီး စားပွဲထိုးမိန်းကလေးရဲ့ အံ့သြတဲ့အကြည့်တွေကို အားနာနာနဲ့ "ညီမ .. အကိုတို့ကို ဖက်ထုပ်နှစ်ပွဲပေးပါ"
" မဟုတ်ဘူး တစ်ပွဲတည်းယူမှာ" မိန်းမကြီးခပ်တည်တည်နဲ့ပြောတယ်.. ယောက်ျားကြီးကြောင်သွားတယ် တစ်ပွဲတည်း ဘယ်လိုစားမလဲ... မိန်းမကြီးက "ရှင်ကတိပေးထားတယ်လေ... ဒီတစ်ရက်ကို
တစ်နေ့လုံးကျွန်မစကားပဲနားထောင်မယ်ဆို.."
ယောက်ျားကြီးဘာသံမှထွက်မလာတော့ဘူး...ကျွန်းကုလားထိုင်ကိုမှီပြီးလက်ပိုက်နေလိုက်တော့တယ်... စားပွဲထိုးမိန်းကလေးမျက်နှာမှာ မချိပြုံးလေ ဖြတ်ပြေးသွားတယ် ... အတွေးထဲမှာ {ဒီမိန်းမ
ကပ်စီးနည်းတာလဲ လွန်လွန်းပါတယ် Hotel စားသောက်ခန်းမှာ ထမင်းလာစားတာ ဖက်ထုပ်မှာတဲ့အပြင် ၁ပွဲကို ၂ယောက်စားအုံးမယ်တဲ့} မိန်းမကြီးကို မဲ့ပြီး "တောင်းပန်ပါတယ်ရှင့်...ကျွန်မတို့hotel မှာ
ဖက်ထုပ်မရောင်းလို့ပါ... အကိုတို့အမတို့စားချင်တယ်ဆိုရင် လမ်းမျက်နှာချင်းဆိုင်က လမ်းဘေးဆိုင်လေးမှာ စားလို့ရပါတယ်! "
မိန်းမကြီးမယုံစွာနဲ့ "ဘယ်လိုဖြစ်လို့ ဖက်ထုပ်မရောင်းတာလဲ ? နင်က မှာတာနည်းလို့ မရောင်းချင်တာလား..လူကိုအထင်သေးတာလား..."
ဒီချိန်မှာ ... Hotel သူဋ္ဌေး ဦးဝင်းစိန် round လှည့်လို့ စားသောက်ခန်းထဲရောက်လာတယ် ... မိန်းမကြီးပြောနေတာကိုသူကြားတယ်... စားပွဲထိုးမိန်းကလေးကိုလက်ယက်ပြီးလှမ်းခေါ်လိုက်တယ်...
စားပွဲထိုးမိန်းကလေးကဒေါသသံလေးနဲ့ "သူဋ္ဌေး သူတို့က ဒီမှာလာပြီးဖက်ထုပ်ကိုမရမကမှာနေတယ် ... တမင်လာ နှောက်ယှက်နေတယ်ထင်တာပဲ" ...
ဦးဝင်းစိန် ပြုံးပြီး လက်ကာပြလိုက်တယ်... သူလဲအံ့သြနေတာပဲ ဒီလင်မယားရဲ့ဝတ်ထားပုံကြည့်လိုက်ရင် ထမင်းမစားနိုင်တဲ့ပုံမပေါ်ဘူး ... တစ်ခုခုထူးခြားနေလို့ဖြစ်ရမယ် .. ဘာပဲဖြစ်ဖြစ်လေ
စီးပွားရေးကကိုယ့်စီလာနေမှတော့ အပြင်ကိုတွန်းထုတ်နေရင် သဘာဝမကျလှဘူး..
စားပွဲထိုးမိန်းကလေးရဲ့နားနားကပ်ပြီး "နင် ဖက်ထုပ်တစ်ပွဲသွားဝယ်ပေးလိုက်ပါ ဘယ်လောက်ဝယ်ရလဲ .. ဘေလ်ရှင်းတဲ့အခါ အမြတ်ပိုထည့်လိုက်ပေါ့ ..." ပြောပြီးတာနဲ့ သူကုလားထိုင်တစ်ခုယူပြီး
ဘာတွေဆက်ဖြစ်မယ်ဆိုတာ စောင့်ကြည့်နေလိုက်တယ်...
သိပ်မကြာလိုက်ဘူး... စားပွဲထိုးမလေး မီးခိုးတစ်လူလူ ထွက်နေတဲ့ ကြွေပန်းကန်လုံးကြီးတစ်ခု ကို အဝတ်ခံပြီးမလာခဲ့တယ် ... မိန်းမကြီးရဲ့ရှေ့ကိုချပေးပြီး "အမတို့ ၂ယောက် သုံးဆောင်နိုင်ပါပြီရှင်"
ဖက်ထုပ်ပွဲကိုတွေ့တော့... မိန်းမကြီးပျော်သွားတယ်... သူမမျက်နှာကို ပန်းကန်လုံးအဝမှာ ထားပြီးတစ်ချက်ရှိုက်ရှူလိုက်တယ်... ပြီးတော့ ဇွန်းနဲ့ ပန်းကန်ထဲက ဖက်ထုပ်ဖျော်ကို အသာယာလေး
မွှေပေးနေတယ်...
ယောက်ျားကြီးက မျက်လုံးပြူးမျက်စံ ပြူးနဲ့မိန်းမကိုကြည့်နေတယ် ... ပတ်ဝန်းကျင်ကအံ့သြတဲ့အကြည့်တွေများစွာ ဒီဘက်ကိုလှည့်လာနေတယ် အားလုံးကို သူဂရုမစိုက်တော့ဘဲ.. တင်မာမာပြောလိုက်တယ် "
မင်းကိုငါ တကယ် နားမလည်းတော့ဘူးကွာ ... ဒီလောက် ခရီးဝေးကြီးလာတာ ဖက်ထုပ်တစ်ပွဲစားဖို့အတွက်ပဲလား?"
မိန်းမကြီးခေါင်းမော့လာတယ် "ကျွန်မ ကြိုက်လို့!"
ယောက်ျားကြီး စားပွဲပေါ်မှ Menu ကဒ်ကိုယူပြီး "မင်းကြိုက်ရင်မင်းစား ငါတစ်နေကုန်လမ်းမှာဘာမှ စားခဲ့ရတာမဟုတ်ဘူး ... ဗိုက်ကဆာနေပြီ " သူလက်ကာပြီး စားပွဲထိုးမလေးကို ခေါ်လိုက်တယ် ...
ဟင်းကောင်းတွေကြီး ၆ မျိုး ၇ မျိုး မှာလိုက်တယ် ...
မိန်းမကြီးကတော့ အေးဆေးပဲ .. ယောက်ျား ဟင်းမှာပြီးမှ စားပွဲထိုးမလေးကို သတိပေးလိုက်တယ် " ညီမလေး သူ့မှာပိုက်စံ ပါလားအရင်မေးကြည့်အုံး... မရှင်းဘဲ ထွက်ပြေးနေအုံးမယ်"
စားပွဲထိုးမလေး ဘာဆိုလိုမှန်းမသိလိုက်ချိန်မှာ ယောက်ျားကြီးက မျက်နှာတစ်ခုလုံးနီလို့ " ချီးထုပ်ကွာ ဒီမိန်းမ သက်သက် အရှက်ခွဲတာ ...ငါလား မရှင်းပဲထွက်ပြေးမှာ" ပြောရင်း ဘောင်းဘီအိပ်ထောင်ထဲကို
နိုက်တယ် " ?? အင် ... ငါ့ ပိုက်စံအိပ်ကော ? " သူထပြီးတော့ရှာတယ် ဒီအိပ်ထောင်နိုက်လိုက် ဟိုအိပ်ထောင်စမ်းလိုက် ...အဲအခါမှာ ဟမ်းဖုန်း ပါ မရှိတော့ဘူးဆိုတာ သတိထားမိတယ် ...သူခန စဉ်းစားပြီး နောက်ဆုံး
အကြည့်တွေ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ မိန်းမကြီးစီရောက်သွားတယ် ...
မိန်းမကြီး အေးအေးလူးလူး နဲ့ " ရှင် အလုပ်ရှုပ်ခံမနေနဲ့ ပိုက်စံအိပ်နဲ့ဖုန်းနဲ့ မနေ့ညက ကျွန်မ မြစ်ထဲပစ်လိုက်ပြီ..တွေ့မှာမဟုတ်ဘူး"
ယောက်ျားကြီး ဒေါသ ထွက်သွားတယ် " မင်း ရူးနေပြီလား"
မိန်းမကြီးကတော့ မကြားသလိုဘဲ ... ဖက်ထုပ် ပန်းကန် ကို ပဲ မွှေနေတယ်
ယောက်ျားကြီး တစ်ခုခုကိုသတိရလိုက်တော့ ခရီးဆောင်အိပ်အနီးကြီးထဲ လက်နဲ့စမ်းတယ်
မိန်းမကြီး အေးစက်စက် လေသံနဲ့ " ရှင်ရှာမနေနဲ့တော့ ရှင့်နာရီ ၊ ကျွန်မ လက်စွပ် ရှိရှိသမျှ ကျွန်မတို့ ခရီးမှာပါလာတဲ့ တန်းဖိုးရှိတဲ့ပစ္စည်းမှန်သမျှ ကျွန်မ အားလုံးကို မြစ်ထဲ ပစ်လိုက်ပြီ... ကျွန်မမှာ ပိုက်စံ
၅ဝဝ ရှိတယ် ... ဒီ ဖက်ထုပ် တစ်ပွဲစာတော့လောက်မယ် ! "
ယောက်ျားကြီး မျက်နှာတစ်ခုလုံး သွေးမရှိတော့တဲ့ အတိုင်း ဖြူသွားတယ် ... ကုလားထိုင် ပေါ် ထိုင်ချလိုက်သလား ခြေပစ်လက်ပစ် ဖြစ်သွားသလား ... မိန်းမကြီးကို စိုက်ကြည့်ပြီး " မင်း တကယ်ရူးနေပြီ
မင်းတကယ်ရူးနေပြီ! ငါတို့ ပိုက်စံ မပါဘဲ ဘယ်လိုပြန်မလဲ? လမ်းခရီးကနည်းတာမှတ်လို့..."
မိန်းမကြီး မပူမပင် နဲ့ဘဲ ... " ရှင်ဘာစိတ်ပူနေတာလဲ ... ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မတို့မှာ ခြေထောက်တွေပါနေတာပဲ ... လမ်းလျှောက်ပြန်လဲ လျှောက်ရင်းလျှောက်ရင် အိမ်ပြန်ရောက်မှာပါပဲ "
ယောက်ျားကြီး သက်ပြင်းချတယ်.. မိန်းမကြီးက ဆက်ပြောတယ် " လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်တုန်းကလဲ .. ကျွန်မတို့ ကိုယ်ပေါ် ပိုက်စံတစ်ပြားမှ မရှိဘဲလည်း အိမ်ရောက်အောင် ပြန်ခဲ့ကြတာပဲ မဟုတ်လား
...
ယောက်ျားကြီး ဒီစကားလဲကြားရော...ကြောင်တောင်တောင်အကြည့်နဲ့ ..." မင်း... မင်း ... ဘာပြောတယ်? " မိန်းမကြီးက " ရှင် မမှတ်မိတော့ဘူးလား? " သူခေါင်းခါဖြေတယ်
မိန်မကြီး သက်ပြင်းချပြီး " ကြည့်ရတာ.. ဒီနှစ်တွေမှာ ပိုက်စံလေး နှစ်ပြား သုံးပြား ရှိလာတော့ အရာရာကို မေ့ပစ်လိုက်ပြီပေါ့ ၊ လွန်ခဲ့တဲ့ အနှစ် ၂ဝ တုန်းက ကျွန်မတို့ အလုပ်လုပ်မယ်ဆိုပြီး
ဆုထားတဲ့ငွေလေးနဲ့ ခရီးဝေးကို ထွက်လာကြတယ်၊ ပိုက်ဆံ အလိမ်ခံရလို့ အခြေအနေမကောင်းခဲ့ဘူး... အိမ်ပြန်ဖို့စာရိတ်တောင်မကျန်ဘူး......ဒီနားလေးရောက်တော့ ရှင် ကျွန်မကို ဖက်ထုပ် တစ်ပွဲမှာပေးတယ်လေ ...
ကျွန်မ သိတယ် အဲဒီအချိန် ရှင့်မှာ ပိုက်စံ ၅ဝ ပဲကျန်တော့တယ်"
ယောက်ျားကြီး ဒါတွေလဲ ကြားရော ... တစ်ချက် တွန့်သွားတယ် ...ပတ်ဝန်ကျင် ကို သေချာကြည့်တယ် " ဒီ ....... ဒီ နေရာက ...... "
"ဟုတ်တယ် ဒီနေရာပဲ ...ကျွန်မ တစ်သက်လုံး မေ့လို့ရမှာမဟုတ်ဘူး ...အဲဒီအချိန်တုန်းက ဒီနေရာလေးဟာ ဖက်ထုပ်ဆိုင်လေး ဖွင့်ထားတယ်လေ ...
ယောက်ျားကြီး အသံတိတ်ခေါင်းလေးငုံ့လို့... မိန်းမကြီး တစ်ဖက်လှည့်ပြီး စားပွဲထိုးမလေးကို .." ညီ မ ... ပန်းကန်လုံးတစ်လုံးလောက်ပေးပါ"
စားပွဲထိုးမလေး လျင်မြန်စွာပဲပန်းကန်အလွတ်တစ်လုံးယူလာပေးတယ်, မိန်းမကြီးက ပန်းကန်ထဲက ဖက်ထုပ်ကို တစ်ဝက်စီခွဲထည့်လိုက်တယ် ...တစ်ပွဲကို ယောက်ျားကြီးရှေ့ကို ဖြည်းဖြည်း
တွန်းပို့ပေးတယ်.."စားလိုက်ပါ ..စားပြီးရင် အိပ်အတူပြန်ကျမယ်လေ...!"
ယောက်ျားကြီးက ရှေ့မှာရှိတဲ့ ဖက်ထုပ် တစ်ဝက်ကို စိုက်ကြည့်ပြီး .." ငါ မဆာဘူး " မိန်းမကြီးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်စတွေနဲ့ " လွန်ခဲ့တဲ့ နှစ် ၂ဝ တုန်းကလည်း
ရှင်ဒီလိုပြောခဲ့တာပဲလေ...ကျွန်မကိုဗိုက်ဝအောင်စားစေချင်လို့ပြောခဲ့မှန်းသိပါတယ် " သူမ ပြောပြီး ပန်းကန်ထဲမှာ ကူးခက်နေတဲ့ ဖက်ထုပ်တွေကို စိုက်ကြည့်ပြီး အတွေးတွေထဲ လွင့်မျောနေတယ် ...
ယောက်ျားကြီးက " နင်ဘာလို့မစားသေးလည်း ? " မိန်းမကြီး တစ်ချက်ရှိုက်ပြီး " လွန်ခဲ့တဲ့နှစ် ၂ဝ တုန်းကလဲ ရှင်ဒီအတိုင်းပဲ ကျွန်မကို မေးခဲ့တာပဲ ... ကျွန်မမှတ်မိသေးတယ်... ကျွန်မအဲဒီတုန်းကဖြေခဲ့တာက
..စားရင် အတူတူစားမယ် မစားရင်လဲ လုံးဝ မစားဘူး ...အခုလည်း အဲဒီ အဖြေပဲ ..."
ယောက်ျားကြီး ဘာမှမပြောတော့ဘူး ... ဇွန်းကိုကောက်ကိုင်ပြီး ဖက်ထုပ်ကိုခပ်တယ် ..ဘာကြောင့်မသိဘူး ... ဇွန်းကိုင်တဲ့လက်က တအားတုန်နေတယ်... ဘယ်နှခါ ခပ်မိတယ်မသိဘူး ... ဖက်ထုပ်က
ဟင်းရည်ထဲကိုပဲ ပြန်ပြန် ဆင်းသွားတယ်... နောက်ဆုံးတော့ သူ ဖက်ထုပ် တစ်ခုကို ခပ်ပြီး ပါးစပ်ထဲပို့လိုက်တယ် ... ဝါးတယ်စားတယ်.. နောက်တစ်ခုကို ခပ်ပြီး ပါးစပ်ထဲ ထည့်တော့ မျက်ရည်တွေ ... တပေါက်ပေါက်
စီးကျလာတော့တယ် ...
မိန်းမကြီးက သူ့ယောက်ျားစားတာတွေ့တော့ မျက်နှာမှာ အပြုံးတွေနဲ့ ဇွန်းကိုယူ ပြီး စားတော့တယ်... ဖက်ထုပ် ပါးစပ်ထဲကိုလည်း ရောက်ရော ... မျက်ရည်ကလည်း ပန်းကန်းလုံးထဲကို ကျသွားတယ်... ဒီ
ဇနီးမောင်းနှံ က ဒီလိုနဲ့ မျက်ရည်ရောတဲ့ ဖက်ထုပ် တစ်ဝက်စီကို စားလို့ ကုန်သွားတယ်...
ဇွန်းကို ချပြီးပြီးချင်း .. ယောက်ျားက မိန်းမကိုမေးတယ် .. " ဗိုက်ဝပြီလား ..."
မိန်းမကခေါင်းခါတယ် ၊ ယောက်ျား ပြာသွားတယ်... ရုတ်တရက် သူသတိရလိုက်တယ်...ခါးကိုကုန်းပြီး ခြေနှင်း ကိုချွတ်ပြီး ခြေနင်း အောက်ခံသားရည်ပြားအောက်ကို လှမ်းယူလိုက်တယ် ... ၅ဝဝ တန်
တစ်ရွက်ထွက်လာတယ် ... သူအံ့သြပြီး လက်ထဲက ၅ဝဝတန် ကို ကြောင်းငေးနေမိတယ် ..
မိန်းမကြီးက ပြုံးပြီး " အဲဒီ လွန်ခဲ့တဲ့ နှစ်၂ဝ တုန်းကလေ .. ရှင် ကျွန်မကို ငွေ ၅ဝ ပဲ ရှိတော့တယ် ဆို ပြီး ဖက်ထုပ်တစ်ပွဲတည်း ဝယ်းကျွေးခဲ့တယ်.. တကယ်တော့ ရှင့်မှာ နောက် ထက် ၅ဝ ရှိသေးတယ် ...
ခြေနင်းက အောက်ခံသားရည်ပြားအောက်ထဲမှာ ဖွက်ထားတယ် ... ကျွန်မသိပါတယ် .. ရှင်က အဲဒီ ၅ဝ နဲ့ ကျွန်မ ဗိုက်ဆာရင် နောက်ထပ် စားရအောင် ဖွက်ထားခဲ့တာ .. ဒါပေမယ့် အဲဒီတုန်းက ရှင် လဲ ဖက်ထုပ်
တစ်ဝက်စားလိုက်တော့ ကျွန်မဗိုက်မဝသေးဘူးဆိုတာ သိလို့ .. နောက်တစ်ပွဲ ထက်မှာ စားခဲ့ကြတယ်လေ ..." သက်ပြင်းလေးတစ်ချက်ချပြီး " ရှင်လုပ်ခဲ့ဖူးတာတွေကို ပြန်မှတ်မိသေးတယ်နော်... .. အဲဒီ ၅ဝဝ ဖွက်တာ
အလကား မဖြစ်တော့ဘူး"
ယောက်ျားက ပိုက်စံကို စားပွဲထိုးမလေးကို ပေးတယ် " အကိုတို့ကို နောက်တစ်ပွဲ ထပ်ပေးအုံးကွာ..." စားပွဲထိုးမလေးကပိုက်စံကို မယူဘဲ ...အပြေးလေးထွက်သွားတယ် ..ခဏကြာတော့ လက်ထဲမှာ ဖက်ထုပ်
ပူနွေးနွေး တစ်ပွဲ ပါလာတယ် ...
ယောက်ျားက မိန်းမရဲ့ ပန်းကန်ထဲကို တစ်ဝက် ခွဲထည့်ပေးတယ် .." ပူတုန်းလေး စားလိုက်အုံး..."
မိန်းမ နည်းနည်းမှ မလှုပ်ဘဲပြောတယ် " စားပြီးရင်တော့ ကျွန်မတို့ လမ်းလျှောက်အိပ်ပြန်ကြရတော့မယ် ... ရှင်ကျွန်မကို အပြစ်မဆိုနဲ့နော် .. ကျွန်မကလည်း လမ်းမခွဲခင်လေး ရှင်နဲ့ အရင်က လို
ဒုက္ခနဲ့ဗိုက်မဝ တဲ့ ဒဏ် ကို အတူတူ မျှဝေခံစားချင်လို့ပါ...
ယောက်ျား ဘာအသံမှ ထွက်မလာဘူး ... ခေါင်းကြီး ငုံ့လို့ .. ဖက်ထုပ်တွေ တစ်လုတ်ပြီးတစ်လုတ် ... အရည် တွေ လဲ အကုန်လုံး မော့သောက်လိုက်တယ် ... ပြောင်းသလင်းခါ နေအောင်း စား ပြီး ... မိန်မကို
လောတယ် .." မြန်မြန်စား .. စားပြီးရင် ငါတို့ လမ်းလျှောက်ပြန်ရအုံးမယ်.."
မိန်းမက " ရှင်စိတ်ချပါ ... ကျွန်မ ကတိတည်ပါတယ် ... အိမ်ပြန်ရောက်တာနဲ့ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးမယ် .... ငွေလည်းတစ်ပြားမှ မယူဘူး .. ရှင် ဘယ်မိန်းကလေးနဲ့ ပဲ ကြိုက်ကြိုက် ၉ယောက်
၁ဝ ယောက် ယူယူ ... ကျွန်မနဲ့ ဘာမှ မဆိုင်တော့ပါဘူး ..."
ယောက်ျားကြီးအားခေါင် သံ ကြီးနဲ့ အော်ပြောတယ် " အိမ်ပြန်ရောက် ရင် ငါ အဲဒီ ကွာရှင်းစာချုပ်ကို မီးရှို့ပစ်ပါမယ်ဟာ .ဟုတ်ပြီလား.. " ပြောအပြီးမှာ .. သူ ရှိုက်ကြီးတငင်ငိုပြောတယ်.." ငါမှားသွားတယ်
မိန်းမ ... ငါ ဦးနှောက်ထဲရေဝင်လို့ အဲလို မှားခဲ့မိတယ်. .."
မိန်းမကြီးက ပြုံးပြုံးလေးနဲ့ အေးအေးဆေးဆေး ဖက်ထုပ် ပန်းကန် တစ်ဝက်ကို ကုန်အောင်စားလိုက်တယ် ... ပြီးတော့ စားပွဲထိုးမိန်းကလေးကို .." ညီမရေ ဘေလ်ရှင်းမယ်နော်"
တစ်ချိန်လုံး ဘေးကနေကြည့်နေတဲ့ hotel သူဋ္ဌေး ဦးဝင်းစိန် သတိပြန်ဝင်လာပြီး .. စားပွဲဝိုင်းရှိရာကို လာခဲ့တယ် ... ငွေပေးနေတဲ့ မိန်းမကြီးလက်ကို တားပြီး အိပ်ထဲကနေ ၁ဝဝဝ တန် ၅ရွက်ထုတ်ပေးတယ်..
" မင်းတို့ အိမ်ပြန်ရောက်ရင် ကွာရှင်းစာချုပ်မီးရှို့ပစ်ဖို့တောင် ဆုံးဖြတ်ပြီးပြီပဲ ... အိမ်ကိုလဲ လမ်းလျှောက်မပြန်နဲ့တော့.."
လင်းမယားနှစ်ယောက်လုံး ဘာမှနားမလည်ဘဲ ဦးဝင်းစိန်ကို ငေးကြည့်နေကြတယ်. .. ဦးဝင်းစိန်က ပြုံးပြီး.." မင်းတို့က ငါ့ရဲ့ဖောက်သည်ဟောင်းကြီးတွေပဲလေ ... လွန်းခဲ့တဲ့ အနှစ် ၂ဝ တုန်းက ဖက်ထုပ် ဆိုင်
ကလဲ ငါ့ဆိုင်ပဲ ... အဲဒီ အချိန်တုန်းက ဖက်ထုပ်က ငါ့မိန်းမလက်ရာကွ ... " ပြောပြီး ပိုက်စံကို ယောက်ျားလက်ထဲ အတင်း ထည့်ပြီး လှည့်ထွက်သွားတယ် ...
ဦးဝင်းစိန် ရုံးခန်းထဲလဲရောက်ရော... စားပွဲ အံဆွဲထဲကနေ စာစီပြီးသား ကွာရှင်းစာချုပ် စာရွက်လေးတစ်ရွက်ထွက်လာတယ် ... " အော် ... ငါလဲ ဦးနှောက်ထဲ ရေဝင် ပြီး မှားချင်ခဲ့တာပဲ " .....

လမ်းခွဲတော့မယ်ဆိုရင်တွေးကြည့်ပါ... အရင်ကအတိတ်ဟောင်းတွေမှာ ဒုက္ခဆင်းရဲမျှဝေခံစားခဲဖူးတဲ့သူဟာ တစ်လျှောက်လုံးလက်တွဲလာခဲ့ပြီး အသင်တို့ရဲ့ ဇာတ်လမ်းတွေ ဤမျှမတိုတောင်းပါဘူး...
အချိန်တွေ့တရွေ့ရွေ့တွားနေလို့ ပျော်ရွှင်မှုချစ်ခြင်းမေတ္တာတွေကို နှလုံးသား ချောင် တစ်ခုမှာ ပိတ်ထားမိခဲ့ကြတယ်... တကယ်တော့ သင့်ကို ချိုမြိန်သာယာတဲ့စကားနဲ့ ပျော်ရွှင်အောင်ချော့ပြောနေတဲ့သူဟာ
သင့်ကိုအချစ်ဆုံးသူမဟုတ်ပါဘူး... ခုလို ငွေလေး၅ဝဝကို ဖွက်ပြီး လိုအပ်ချိန်မှာ သင့်ကို အနစ်နာခံ ဂရုစိုက်ကာ နောက်ဆုံး စားစရာလေး ကျွေးပြီး ငါမဆာဘူးလို့ပြောမယ့်သူ သာလျှင် သင့်ကိုအချစ်ဆုံးသူပါ

ဇာတ်လမ်းလေးကိုကြည့်ပြီး (ဇနီးမယား)မိန်းမဆိုတာ ဘာလဲသိပြီလား....
မိန်းမဆိုတာ သင့်နှစ်သက်မယ့်လက်ဆောင်လေးတစ်ခုဝယ်ပေးဖို့ငွေတွေဆုပြီး အစားလျော့နေတယ်လို့ပြောမယ့် " ငပိန်းမလေး" ပါ။
မိန်းမဆိုတာ သင့်ကိုချစ်လို့ ကျန်တဲ့သူတွေကိုလျစ်လျူရှုပြီး သင့်ဘေးမှာတဖြေးဖြေး အိုစာတဲ့အထိသစ္စာရှိစွာနေသွားမယ့် "အရိုး အ အ မလေး" ပါ။
မိန်းမဆိုတာ သင့်ကိုတခြားမိန်းကလေးအကြောင်းမပြောဖို့၊ မကြည့်ဖို့၊ မချီးကြူးဖို့ကို အမြဲပြောနေမယ့် " သဝင်ကြောင်မလေး" ပါ။
မိန်းမဆိုတာ ဖုန်းထဲမှာ သင်ပို့သမျှ message ကို သိမ်းထားပြီး အကြိမ်ကြိမ်ပြန်ဖတ်ပြီးပျော်နေတတ်တဲ့ "အချစ်ရူးမလေး" ပါ။
မိန်းမဆိုတာ သင်ဘယ်ဘောင်းဘီလေးတွေ့ခဲ့လို့ကြိုက်တယ်ပြောမိရင် တစ်မြို့လုံးမရမကရှာပြီးဝယ်ပေးမယ် ပြီးတော့ လမ်းကြုံတွေ့လို့ဝယ်ပေးခဲ့တယ်လို့ပြောမယ့် "အပိုတွေမပြောတတ်တဲ့ မုသားမလေး" ပါ။
မိန်းမဆိုတာ သင်သူမဘေးမှာမရှိချိန်မှာ သင့်ကိုအရမ်းသတိရပြီး ဖုန်းကိုကိုယ်နဲ့မကွာထားကာ နေ့တိုင်းဖုန်းမျှော်နေတတ်တဲ့ "သနားစရာ မိန်ကလေး" ပါ။
မိန်းမဆိုတာ တခြားသူရဲ့ညစ်ပေနေတဲ့အိင်္ကျီကို မြင်တာနဲ့ ရွံတတ်ပေမယ့် .. သင်ရဲ့ နံစော်နေတဲ့ ခြေအိတ်စုံကို မငြီးမငြူလျှော်ဖွတ်ပေးတတ်တဲ့ "ငပေါမလေး" ပါ။
မိန်းမဆိုတာ သင့်ကို မကောင်းပြောတဲ့သူတွေနဲ့ အော်ကြီးဟစ်ကျယ်ရန်ဖြစ်နေမယ့် "ငစွာမလေး" ပါ။
မိန်းမဆိုတာ လူကြားမှာ ဘယ်လောက်ကြံ့ခိုင်ပြီး တော်နေပါစေ သင့်ရှေ့ရောက်ရင် ကလေးဆန်ဆန်ချွဲနွဲ့နေမယ့် "ကလေးမလေး" ပါ။
ယောက်ျားလေးများမှတ်သားကြပါ မိန်းမဆိုတာ သင် သူမရဲ့အနစ်နာကိုပဲခံရမယ်လို့ ခွင့်ပြုထားသူပါ...။
သူမရှိပြီးနေပြီမို့ တခြားမိန်းကလေးကိုသတိမရစေတော့တဲ့သူဟာ မိန်းမပါပဲ။
သူမအတွက် ဘယ်လောက်ကုန်ကုန်ကပ်စေးမနည်း သူမကြိုက်မယ်ဆိုရင် ဝယ်ပေးဖို့အသင့်ရှိနေတယ်ဆိုရင် သူမဟာ မိန်မပါပဲ။
သူမအတွက်နဲ့ အရင် က သင့်ရဲ့ယောက်ျားမာန အတ္တတွေကို လျော့ချပြီး လိုက်လျောတတ် အလျှော့ပေးတတ်နေပြီဆိုရင် သူမဟာ မိန်းမပါပဲ ..။
သူမရှေ့မှာ အိုးခွက်ပန်းကန်ဆေးနေရရင်တောင် အရမ်းခန့်တယ် လို့ခံစားမိရင် သူမဟာ မိန်းမပါပဲ ...။
သူမကြောင့် တာဝန်သိတတ်လာပြီး၊ သူမတစ်သက်လုံး စိတ်ချမ်းသာနေမယ်ဆိုရင် ဘယ်လောက်ပင်ပန်းပင်ပန်း ကျေနပ်နိုင်ခဲ့ပြီဆိုရင် သူမဟာ မိန်းမပါပဲ...။
သူမရဲ့ အအေးမိဖျားနာခြင်းကို စိတ်ပူတတ်ပြီး၊ သူမ ထမင်းတစ်ပန်းကန် ပိုစားရင်ကိုပဲ ပျော်ရွှင်မိမယ်ဆိုရင် သူမဟာ မိန်းမပါပဲ...။
သူမအတွက် မိုးအုံ့နေပြီဆိုတာနဲ့ ထီးမိုးပေးဖို့အမြဲသတိရနေပြီဆိုရင် သူမဟာ မိန်းမပါပဲ ...။
အထက်မှာပါတဲ့အချက်တွေအားလုံး ရှိမယ်လို့မဆိုလိုပါဘူး .. ဒါပေမယ့် တော်တော်များများဟာ ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာ တွေ့ရပါလိမ့်မယ်... " မျက်စိရှေ့မှာရှိပြီးသားသူ ကို တန်ဖိုးထားတတ်ရမယ်
... တန်ဖိုးထားတတ်တဲ့သူကနားလည်လာမှာပါ တန်းဖိုးထားတတ်ပြီးဆိုရင် သာယာတဲ့ဘဝကိုပိုင်ဆိုင်ပြီပဲ"
1:52 am 20.7.2012 SAT
By ဟိုကောင်းလေး

Shared from Tin Tun Oo; posted on July 20

No comments:

Post a Comment