Wednesday, August 1, 2012

ရာဇသိက္ခာပုဒ်(ရွှေငွေကို အပ်စပ်အောင် လှူခြင်းနှင့် ဆိုင်သော သိက္ခာပုဒ်)

မင်း သဌေး စသော ဒကာတို့က ရဟန်းအား သင်္ကန်ဖိုးလှူရန် မအပ်စပ်သော ရွှေငွေကို လူ လွတ်၍ လှူဒါန်းစေရာ၌ လည်းကောင်း ကိုယ်တိုင်လာရောက်၍ လှူဒါန်းရာ၌လည်းကောင်း ပြုကျင့်ရမည့် အစီအစဉ်ကိုပြသော သိက္ခာပုဒ်ဖြစ်သည်။

" သင်္ကန်းဖိုးကို အလှူခံပါ" ဟုဆိုလျှင် " အကပ္ပိယဝတ္ထု ရွှေငွေကို ငါတို့လက်မခံ၊သင့်လျှော်သောအခါ(အလိုရှိအပ်သောအခါ)သင်္ကန်းကိုသာ လက်ခံသည်"ဟု ပြန်ပြောရမည်။"အရှင်ဘုရား၏ ဝေယျာဝစ္စကို ဆောင်ရွက်မည့်သူ(ကပ္ပိယကာရက) ရှိပါသလား" ဟု မေးလျှင် အရံစောင့်၊ ဥပုသ်သည် စသူကို ကပ္ပိယကာရကအဖြစ် ညွန်ပြနိုင်ပါသည်။ဘိက္ခု၊ဘိက္ခုနီ၊သာမဏေ၊သာမဏေမိန်းမ၊သိက္ခမာန်(ဖိုးသူတော်)ဟု ဆိုအပ်သော သီတင်းသုံးဖော် ငါးဦးမှ လွဲလျှင် မည်သူမဆို ညွန်ပြနိုင်ပါသည်။ညွန်ပြရာ၌လည်း လာရောက်လှူသူက "အရှင်ဘုရားမှာ ကပ္ပိယရှိပါသလား၊ညွန်ပြပါ"ဟု လျှောက်မှ ညွန်ပြခွင့် ရှိပါသည်။"ဤသင်္ကန်းဖိုးကို ယူပါ၊ဘယ်သူပေးခဲ့ရမှာလဲ" ဟု လျှောက်လျှင် မညွန်ပြကောင်းပေ။

လာရောက်သူက သင်္ကန်းဖိုးကို ကပ္ပိယထံ အပ်နှံပြီး "ဤရဟန်း အလိုရှိသောအခါ သင်္ကန်ဝယ်၍ လှူပါ"ဟု မှာကြား၍ ရဟန်းထံသို့ တဖန်သွားပြီး"ကပ္ပိယကို နားလည်အောင် မှာခဲ့ပါပြီ၊အရှင်ဘုရား အလိုရှိသောအခါ ချဉ်းကပ်တော်မူပါ၊သင်္ကန်း လှူပါလိမ့်မည်"ဟု လျှောက်ရမည်။ သင်္ကန်းကို အလိုရှိသောအခါ ရဟန်းသည် ကပ္ပိယထံသို ချဉ်းကပ်၍ "သင်္ကန်းကို အလိုရှိကြောင်း " နှုတ်ဖြင့် သုံကြိမ် အထိ တောင်းကောင်း၏။ "သင်္ကန်းပေးပါ သင်္ကန်းဝယ်ခဲ့ပါ"ဟု မပြောကောင်းပါ။

သုံးကြိမ်းတောင်း၍ မရလျှင် ဘာစကားမှမပြောဘဲ မထိုင်းဘဲ တိဆိတ်စွာ ခြောက်ကြိမ်အထိ ရပ်ခွင် ရှိသည်။ခြောက်အကြိမ်အတွင်းရပ်၍ သင်္ကန်းကို ရလျှင် အာပတ်မသင့်ပေ။ ရဟန်းတော်များနှင့် အပ်စပ်သော အခြား ခဲတံ ဖိုး၊ဗလာစာအုပ်ဖိုး၊ ဆွမ်းဖိုး၊ ကျောင်းဖိုး၊ ဆေးဖိုး စသည်တို့ကို လှူဒါန်းရာ၌လည်း ဤသိက္ခာပုဒ်၌ လာသည့်အတိုင်း ကျင့်ရမည်။

(၂၂၇သွယ် သိက္ခာပုဒ်)မှ

Shared from Min Aung Naing

No comments:

Post a Comment