Wednesday, August 1, 2012

အရှင်အာနန္နာသာ...မာရ်နတ်မလာခင်..ဂေါတမဘုရားရှင်၏ နိမိတ်စကားဆိုစဉ်က...တောင်ပန်းလျှောက်ထားခဲ့ရင်လို့  စဉ်းစားမိတဲ့အခါ

ဂေါတမမြတ်စွာဘုရားဟာ...လေးသင်္ချေ ကမ္ဘာတစ်သိန်း ပါရီဖြည့်ကာ..ပြည့်ဝချိန်မှာတော့....လူသက်တမ်း...၁၀၀ ဖြစ်ချိန်မှ ဘုရားအဖြစ်ပွင့်တော်မူခဲ့ရပါတယ်....

ပရိနိဗ္ဗာန်ပြုဖို့ ..အသွားအချိန်တွင်လည်း..အရှင်အာနန္နာအား...၃ ကြိမ်တိတိ ရှေ့ ပြေးနိမိတ်စကား..ပြောပါသော်လည်း တောင်းပန် ပန်ကြားရန်မေ့လျော့ခဲ့ပါတယ်.....

ငါ သုရားသည်...ဗောဇ္ဈင်္ဂတရား စသည်တို့ ကို ပွားများကာ...နေပါက..ဤကမ္ဘာ ပျက်သုံးသည်အထိလည်း အသက်ရှည်နေနိုင်၏ ဟု..မိန့် တော်မူခဲ့ဖူးပါသည်။

သိုသော်..အရှင်အာနန္နသည်...လောကအကျိုးငှာ...ပရိနိဗ္ဗာန်မပြုရန်တောင်းပန်ရန်မေ့လျော့ခဲ့ကာ...မထေရ်မြတ် ဘုရားရှင်အတွက် ရေသွားခပ်စဉ်တွင်..မာရ်နတ်မှ...ပရိနိဗ္ဗာန်ပြုရန်..တောင်းပန်ပါသည်..အရှင်ဘုရား၏ သာသနာသည်..လွန်စွာပျံ့ ပွားစည်ပင်နေပါပြီ အရှင်ဘုရားနိဗ္ဗာန်ချမ်းသာကိုသာ ခံစားတော်မူပါဟု လျှောက်ထားတော်မူပါသည်...

ထိုအခါ..ရှေးဘုရားတို့ သည်..မည်သို့  ပြုမည်သလဲဟု ဆင်ခြင်ကာ...သြော် အသင် မာရ်နတ်...သင်ဘာကို ကြောင့်ကြနေပါသနည်း..

ဤအချိန်မှ ၃ လ တိတိ တွင် ငါဘုရား ပရိနိဗ္ဗာန်ပြုတော်မည်ဆိုသော်အခါမှ..ထွက်ခွာသွားပါတော့သည်..မာရ်နတ် ပြန်သွားသောအခါ...အာယုလွတ်ရန်အတွက်...အာယုသမ္မပါတ်ဝင်စားလေရာ...

ပြင်းထန်သောသော မြေငလျင်လှုပ်ခါ၏။

အရှင်အာနန္နာ ရေခပ်ပြန်လာသောအခါ အရှင်ဘုရား မည်သည့် အကြောင်းအခြင်းကြောင့်..ပါနည်း မေးလျှောက်သောအခါ..အကြောင်းလုံးစုံပြောပြသောအခါ ထိုအခါမှ မထေရ်မြတ်လဲ..ဝမ်းနည်းကြေကွဲကာ..အရှင်ဘုရား...လောက အကျိုးငှာ..ပရိနိဗ္ဗာန် မပြုပါနဲ့ ဦး ဟု တောင်းပန်းလေသည်...

ထိုသို့ ဆိုသောအခါ ချစ်သားအာနန္နာ ..သင်၏ ပေါ့လျော့မှုသာဖြစ်သည်...ငါဘုရား နိမိတ်စကားဆိုကသာ..သင်တောင်ပန်းခဲ့ပါလျှင်..တစ်ကြိမ်နှစ်ကြိမ် ငြင်းပင်မဲ့ သုံးကြိမ်မြောက်ဆို သင်၏တောင်ပန်းလျှောက်ထားမှုကို ငြင်းမည်မဟုတ်ပါ...သင်လဲဝမ်းမနည်းနေနဲ့ တော့ဟု မိန့် တော်မူခဲ့လေသည်...
Shared from MyoThura Tun

No comments:

Post a Comment