Wednesday, August 8, 2012

သံသရာ အရှုပ်ထုပ်ကြီး

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကိုယ်တိုင်က.....
"တို့က အဆက်များတယ်ကွဲ့၊ဒီတော့ လူရှုပ်၊နတ်ရှုပ် ခံရသကွဲ့၊ကိုယ်ရှုပ်ခဲ့တော့ ကိုယ့်ပြန်ရှုပ်ခံရတာပဲ-မှတ်ထား၊မရှုပ်နဲ့၊ရှင်းရှင်းနေ၊ရှင်းရှင်းလုပ်၊သံသရာအရှုပ်ထုပ်ကြီး မြန်မြန်မရှင်းနိုင်ခဲ့လို့ အခုလာရှုပ်သမျှ ခံနေရတာ။ဘယ်မှာ ဖြောင့်ဖြောင့်တရားအားထုတ်ရလို့တုန်း၊လိုက်လာလိုက်ကြတာဗျား...တယ်ပြီး အနံ့ခံ၊ခြေရာခံကောင်းကြသကိုးဗျ။သူ့ဝေနေယျနဲ့သူဆိုတာလည်း ဘုရားခေတ်ကတည်းက ရှိ
နေခဲ့တာကိုး၊အရှင်သာရိပုတ္တရာနဲ့ အဆက်ပါတဲ့သူက အရှင်သာရိပုတ္တရာဆီပဲ သွားသဗျ။အရှင်မဟာမောဂ္ဂလာန်နဲ့ အဆက်ပါသူကလည်း အရှင်မဟာမောဂ္ဂလာန်နောက် လိုက်ကြတာပဲ။တို့က သံသရာရှည်ခဲ့တော့ဗျာ-ရေခပ်မကြုံ၊ထင်းခွေကြုံဆိုတာလို တစ်ဘ၀မကြုံ၊တစ်ဘ၀ဆုံပေါ့။ဘယ်ခေတ်၊ဘယ်ဘ၀က ကြုံခဲ့ဆုံခဲ့မှန်း မသိတာတွေ အခုစုပြုံပြီး လာရှုပ်နေကြတာ။အဲဒါ ကိုယ့်အရှုပ်ကိုယ်ရှင်းနေရတာကိုက အလုပ်တစ်ခုဗျ" လို့ အမိန့်ရှိခဲ့ဘူးပါတယ်။
(ဆရာ မောင်သွေးချွန်၏ သုဝဏ္ဏသျှမ် စာစဉ်မှ...)

Shared from Ma Waing Chit

No comments:

Post a Comment