Saturday, August 4, 2012

ကုလဒူသက သိက္ခာပုဒ်(သဒ္ဓါတရားဖျက်ဆီးမှု) အပိုင်း(၂)

သစ်သီးပေခြင်း ပန်းပေးခြင်း

ရဟန်းသည် မိမိပိုင်ပန်းကို ပန်ဆင်ရန်နှင့် နတ်တင်ရန်မပေးအပ်။ဘုရားတင်ရန်အတွက် အမိအဖတို့အား ပေးကောင်း၏။ စေဆီရင်ပြင်၌ ဘုရားဖူးလာသူများအား ဘုရားတင်ရန် ပေးဝေးနိုင်၏။ မိမိကျောင်း၌ ရှီသော ပန်းများကို ယူ၍ စေတီတော်အားပူးဇော်လိုက ပူဇော်နိုင်ကြောင်း ဒါယကာတို့အား ပြောကြားကောင်း၏။ပန်ဆင်ရန်နှင့်ဒါယကာတို့အား သိမ်းသွင်းစည်းရုံးရန် ရည်ရွယ်ချက်ဖြင့် ပေးလျှင် ကုလဒူသကဖြစ်၍ ဒုက္ကဋ်အာပတ်သင့်၏။ သူတပါးပိုင်သော ပန်းနှင့် သံဃာပိုင်သောပန်းကို မရိုးသားသောစိတ်ဖြင့်ပေးလျှင် တန်းဖိုးအလျောက်ရောက် ပါရာဇိကအထိအာပတ်သင့်နိုင်၏၊ ကျောင်းအတွက် ရည်ရွယ် သက်မှတ်ထားသောပန်းများကို ကျောင်းထိုင် ဘုန်ကြီးအနေဖြင့် အစိုးတရ ပြုလုပ်၍ လူဒါယကာတိုအားပေးလျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏

မိမိပိုင်သစ်သီးကိုမူ မိဘသာမက ဆွေမျိုးများအားလည်း ပေးနိုင်၏၊သူတပါးပိုင်၊သံဃာပိုင်၊ကျောင်းပိုင် သစ်သီးကို ပေးရာ၌ တန်းဖိုးအလျောက်(ပန်းပေးခြင်းနှင့်အလားတူ)အာပတ်သင့်၏။မိမိပိုင်သစ်သီးများကို လူမမာအားလည်းကောင်း စားရမဲ့ သောက်ရမဲ့များအားလည်းကောင်း ပေးရာ၌ အာပတ်မသင့်၊ ကုလဒူသကမဖြစ်။ ထို့ပြင်သံဃာတော်များအား သံဃိကသစ်သီး များ ဝေငှနေစဉ် ဒါယကာများရောက်လာပါက ၎င်းတို့အား ထက်ဝက်သော ဝေစုကို သမ္မုတိရသော ရဟန်းအနေဖြင့် ပေးနိုင်ခွင့် ရှိ၏။ သမ္မုတိမရသေးသောရဟန်အနေဖြင့်မူ သံဃာကို ပန်ကြားပြီးမှ ပေးရမည်။သံဃိကကျောင်း၌ အစောင့်အရှောက် ရက္ခက ရဟန်းသည် မိမိစောင့်ရှောက်ခအတွက် အပင်အရေအတွက် သို့မဟုတ် အသီးအရေအတွက် ခွဲခြား၍ သတ်မှတ်ထား၇မည်။ ကျန်အပင်များအသီးများကို သံဃိကအဖြစ်သတ်မှတ်ထားရမည်။မိမိအတွက် ဝေစုမှ သစ်သီးများကို ကျောင်းသို့ လာရောက်တောင်းသူများအား လေး ငါးလုံးပေး၇မည်။သိုကမဟုတ် ဤအပင်မှ ယူနိုင်ကြောင့် ညွန်ပြနိုင်ပါသည်။ သံဃိကပိုင်မှ သစ်သိးများကိုမူ သံဃာကို ပန်ကြားပြီးမှ ပေးခွင့် ရှိပါသည်။

ဝိနည်းသိက္ခပုဒ်ကို လေးစားသော ရဟန်းတော်များအနေနှင့် သစ်သီး မုန့်ပဲ သွားရည်စာ များကို ကျွေးမွေးလိုသော အခါ လူဒါယကာတို့ကို တံမျက်လှဲခြင်း၊မြက်ရှင်းခြင်း၊ ပန်းကန်ဆေးခြင်းစသော ဝေယျာဝစ္စ အမှုတစ်ခုခုကို ပြုလုပ်စေခိုင်း၏။ ထိုဝေယျာဝစ္စ ပြုပ်သူအား ကျွေးမွေးပါက ကုလဒူသက မဖြစ်၊အာပတ်မသင့်ချေ။ထို့ကြောင့် လူဒါယကာများအနေနှင့် မိမိကိုယ်းကွယ်သည့်ရဟန်းအား အာပတ်မသင့်စေရန် ကုညီသည့်အနေဖြင့် ကျောင်းအတွက် ဝေယျာဝစ္စတစ်ခုခုပြုပြီးမှ ဘုန်းကြီးပေးကျွေးသည်ကို စားသောက်သင့်ကြပေသည်။ရဟန်တော်များ ဘုန်းပေးသုံးဆောင်ပြီ၍ ပိုလျှံကျန်ရှိသော ဆွမ်းခဲဖွယ်တို့ကိုမူ အလဟဿမပျက်ဆီစေနူ၍ ရောက်လာသော ပရိတ်သတ်အား စွန့်ရသည်။

ဆပ်ပြာစသည်ပေးခြင်း

ရဟန်းသည် မိမိပိုင် ဆပ်ပြာမှုန့် ဆပ်ပြာခဲ သွားတိုက်ဆေး စသည်တို့ကို ဝေယျာဝစ္စ ပြုလုပ်သူအား ပေးကမ်းစွန့်ကျဲနိုင်၏။သူတစ်ပါးပိုင် သံဃာ့ပစ္စည်း ကျောင်းပိုင်ပစ္စည်းများကို ပေးရာ၌ရှေးနည်းတူ အာပတ်သင့်၏။ရဟန်းများသည် မိမမဘုန်းပေးမှီ ဆွမ်း ခဲဘွယ်ဘောဇဉ်ကို အမိနှင့်အဖအား ပေးကျွေးကောင်း၏။ထို့ပြင် မိဘတို့အား လုပ်ကျွေးပြုစုနေသူ၊ကျောင်းကိစ္စ၊သံဃာ့ကိစ္စ၊ဝေယျာဝစ္စဆောင်ရွက်သူနှင့် ရှင်လောင်းတိုကအားလည်း ပေးနိုင် ကျွေးနိုင်၏၊အာပတ်မသင့်ချေ၊

လောကွတ်ပျူငှာပြုစုခြင်း

ရဟန်းတော်များသည် မိမိကျောင်းသို့ ရပ်ဝေးမှ ရောက်ရှိလာသော ဧည့်သည်အားလည်ကောင်း၊ လှူဒါန်းရန် ပစ္စည်းမရှိကြသော ဆင်ရဲသားများအားလည်ကောင်း၊အန္တရာယ်ပြုနိုင်သော ဥပဟေမဲ့လက်နက်ကိုင်များအားလည်းကောင်း လောကွတ်ပျူငှာပြုစု၇မည်၊သောက်ရေ သုံးေ၇ပေး၇မည်၊နံနက်ပိုင်းတွင် ဆွမ်းခဲဘွယ်ဘောဇဉ်ကျွေး၇မည်၊ညနေပိုင်းတွင် ချက်စားလိုပါက သာမဏေနှင့် ကပ္ပိယထ့ အပ်နှံထားသော ဆန်ရှိလျှင် ထုတ်ပေး၇မည်၊အိပ်ယာနေရာ ပေး၇မည်။ ဤသို့ပြုစုခြင်းဖြင့် မိမိအပေါ်ကြည်ညို၍ ပစ္စည်းလေးပါး လှူဒါန်းလိမ့်မည်ဟု သဘောမထားရ။အစိုး၇အမှုထမ်းများနှင့်ဥပဒေမဲ့လက်နက်ကိုင် များ အန္တရာယ်ပြုနိုင်သူများအား မိမိမဘုန်းပေးမှီ သီးညခားခြွ၍ ပြင်ဆင်ကျွေး၇မည်။သပဒေမဲ့လက်နက်ကိုင်များကို သံဃိကပစ္စည်ပင် ပေးကောင်း၏၊အကြောင်းမူ ဥပဒေမဲ့လက်နက်ကိုင်များသည် ရဟန်း၏အသက်ကိုလည်းကောင်း ကျောင်းကန် ဘုရား အဆောက်အုံများကိုလည်းကောင်း အန္တရာယ်ပြုနိုင်သည်။ထိုအန္တရာယ်မှ လွတ်မြောက်ကြောင်း ပေးကမ်း ကျွေးမွေး၇မည်။

အင်္ဂတေစသည်ပေးခြင်း

ပျော်စပ်ပြီးသော အင်္ဂတေ သို့မဟုတ် အင်္ဂတေဖျော်စပ်ရာ၌ ပါဝင်သည့်ထုံး၊သဲ၊ဘိလပ်မြေ၊အုတ်မှုံ့ပေးခြင်း၊ဒန်ပူပေးခြင်း၊ကြိမ် နွယ် လျှော် ဝါး သစ်သားစသော ဆောက်လုပ်ရေး ပစ္စည်းများမှ ကိုယ်ပိုင်ပစ္စည်ကို ပေးလျှင် ဒုက္ကဋ်အာပတ်သင့်၏။သံဃာပိုင်ကျောင်းပိုင် ပစ္စည်းများကို လူဒါယကာတို့ အား ဖြားယောင်သိမ်းသွင်ရန် ရည်ရွယ်ချက်ဖြင့် ပေးလျှင် ဒုက္ကဋ်အာပတ်သင့်၏၊မထေကြီးအဖြစ် အပေါ်စီး၇၍ ပိုင်းစိုးပိုင်နင်း ပြုလုပ် ထိုပစ္စည်းများကို လူဒါယကာတို့အား ပေးလျှင် ထုလ္လစစဉ်း အာပတ်သင့်၏၊ သံဃာကို မပန်ကြားပဲ ခိုးကြောင် ခိုးဝှက်ပေးလျှင်(ခိုးလိုစိတ်နဲ့ပေးလျှင်)တန်းဖိုးအလျောက် ပါရာဇိကအာပတ်အထိ သင့်စေနိုင်သည်။

မှတ်ချက်။ ။ လူတကာတို့အနေနဲ့ သိက္ခာပုဒ်တွေရဲ့ အတိမ်အနက်ကို သိစေပြီး ရဟန်းတော်များပေါ်ကြည်ညို မပျက်စေပဲ မိမိအတွက်နဲ့ ရဟန်းတော်များ အာပတ်မသင့်အောင် ပြုမူနေထိုင်တတ်စေရန် ရည်ရွယ်ပြီး သာသနာအကျိုး မျှော်ကိုးပြီ (သာသနာရေးဝန်ကြီးဌာန ထုတ်ဝေသော ရဟန်းကျင့်ဖွယ် ၂၂၇သွယ်)မှ ပြန်လည်ကူးယူ မျှဝေလိုက်ပါသည်။ ဆက်လက် ဖော်ပြပေးပါမည်

Shared from Min Aung Naing

No comments:

Post a Comment