သို့ကြောင့် မစင်နှင့်အပုပ် များရှိရာသို့သာ လာတတ်ချေ၏။
ပျားကား ပန်းဝတ်ရည်တို့ကိုသာ နှစ်သက်တတ်၏။
သို့ကြောင့် ပန်းဝတ်ရည်ပေါသော တောဟေမြိုင်သို့သာ သက်တတ်၏။
ယင်နားရာ ပျားပါမည် မဟုတ်ချေ။
အပုပ်နှင့်မစင် ပေါများလေလေ ပျားသူငယ် ရှားပါးလေလေပင်။
ငါတို့ နိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကား၍ သူတော်ကောင်း အစားစား ပေါများသော နိုင်ငံဖြစ်ချေ၏။
ထိုသူတော်ကောင်းကား ပျားပမာ ကိုယ်ကျင့်ကောင်းမွန်မှု၊
ကိုယ်ကျင့်ပျက်ပြားစေသော ကာမအာရုံလိုက်စားခြင်းတို့၌ ၊ကိုယ်နှုတ်
စောင့်စည်းမှု ပြုပြီး ခန္တီ၊မေတ္တာ၊သီလ၊သစ္စာ တည်းဟူသော ပန်းဝတ်ရည်ကို
သာ သုံးတတ်ချေ၏။
ယနေ့ အာရုံလိုက်စား ကာမဂုဏ်ဖောက်ပြားမှု အားကောင်းနေချိန်
သူတော်ကောင်းတို့ အနားမသီရဲပြီ...။
သူတော်ကောင်းတို့ ရှောင်ခွာခြင်းသည် ရှုံးခြင်းမည်၏။
သူတော်သူမြတ် များများရှောင်လေ အရှုံးများလေ ဖြစ်၏။
အရှုံးဘက်က များလာလျှင် အမြတ်ဘက်က နည်းလာမည်မှာ
ကိန်းသေပင် ဖြစ်၏။
(မဟာဗောဓိမြိုင်ဆရာတော်ကြီး)
ဝန၀ါသီဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် က၀ိဗန္ဓနကထာမှ...
Shared from Ma Waing Chit
No comments:
Post a Comment