တစ်ယောက်နဲ့ တစ်ယောက်ပြောကြ ဆိုကြရတာပါ…။
တစ်ခါတရံ “ပြောသူ..”..က“ပြောပြီးရင် ပြီးရော..”..ဖြစ်သွားပေမယ့်
“ခံရတဲ့သူ..”..ဖက်က..စိတ်မသက်မသာ ဖြစ်ကြရပါတယ်..။
တစ်ခါတစ်ရံ..ကိုယ်ကဒီအတိုင်း အေးအေးဆေးဆေးနေပေမယ့်
“မျက်စိစုံမှိတ် အထင်လွဲပြီး..တုန့်ပြန်မှုမျိုးစုံ..”..ကို ပေးတတ်ပြန်ပါတယ်။
“ကကစူပမသုတ်..”..မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်…ဟောပြတော်မူတာကတော့..
“လူတချို့က စကားပြောတဲ့အခါပြောသင့်တဲ့အချိန်မှန်းမသိ
မပြောသင့်တဲ့အချိန်မှန်းမသိ ပြောကြလိမ့်မယ်.”
“လူတချို့ကမှန်တာရော မမှန်တာရော ပြောကြလိမ့်မယ်..”
(သူတို့ခံစားရတဲ့အတိုင်း သူတို့အထင်အမြင်အတို်င်းပေါ့.)
“လူတချို့ကလူများနားဝင်မချိုအောင် ခပ်ကြမ်းကြမ်း..”
“တချို့ကြတော့လဲ သိမ်သိမ်မွေ့မွေ့ ပြောကြဆိုကြလိမ့်မယ်.”
(လိုရင်တမျိုး မလိုရင်တမျိုး)
“လူတချို့ကအကျိုးသင့်အကြောင်းသင့် ပြောကြသလို”.."တချို့က ကျိုးကြောင်းမဲ့ ပြောကြလိမ့်မယ်…”
“လူတချို့ကမေတ္တာစိတ်နဲ့ပြောပေမယ့်..တချို့ကတော့..မလိုမုန်းတီးတဲ့စိတ်တွေနဲ့
အောင်မြင်နေတာကို မုဒိတာ မပွားနိုင်တဲ့စိတ်တွေနဲ့ပြောကြလိမ့်မယ်..တဲ့..”
“ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းအသင်းတွေဟာ
ဒီ.(၅)…မျိုး.ထဲက.တစ်ခုခုနဲ့ စကားပြောလာတဲ့အခါ
ကိုယ့်ဖက်က..သူတို့ကောင်းတာပြောလို့ …ချိုချိုသာသာပြောလို့လဲစိတ်ကတမျိုးမဖြစ်ပါနဲ့..
ကိုယ့်ကိုမလိုတမာ မုန်းတီးပြောဆို(အတင်းတုတ်)နေလို့လဲစိတ်ကို ဘာမှမဖြစ်စေပါနဲ့..
သူတို့ဘာပြောပြော..ကိုယ့်ဖက်က..အဆင့်အတန်းမရှိတဲ့စကားကိုလဲ မပြောမိစေနဲ့
(သူတို့အမှားကို ကိုယ့်အမှားမဖြစ်စေနဲ့)
ပြောချင်သလိုသာ ပြောကြပါတော့..ကိုယ်ကတော့ မေတ္တာမပျက်နေနိုင်ရမယ်…။
အဲဒီပြောတဲ့သူတွေကို မေတ္တာပို့ပေးပါ..။
ရန်လိုမှု…မုန်းတီးမှု..မကျေနပ်မှု…မနာလိုမှုကင်းတဲ့ မေတ္တာစိတ်တွေကို .သတ္တ၀ါအားလုံးပေါ်မှာ ဖြစ်နေစေရမယ်”…တဲ့။
ဒါကတော့..“ဗုဒ္ဓမြတ်စွာဘုရားရှင်”လမ်းညွှန်ပြတဲ့ တရားတော်ပါ၊
လူဆိုတာ..ခံစားချက်ရယ်..တကိုယ်တော်အတွေးရယ်ပေါ်မှာ မူတည်ပြီး.မှားတာ မှန်တာ မခွဲခြားနိုင်ဘဲ
လိုရင် လိုသလို..မလိုရင် မလိုသလို ပြောတတ်ဆိုတတ်ကြပါတယ်..။
ဒါကိုသိတော်မူတဲ့….“ဗုဒ္ဓမြတ်စွာဘုရားရှင်”က …
“သူတို့……ဘာတွေပြောပြောဘယ်လိုတွေ…..အထင်လွဲလွဲ..သင့်ဖက်က စပြီး …..မကျေမနပ်မဖြစ်လိုက်ပါနဲ့…”..လို့ ဟောတော်မူတာပါ။
အပေါ်ယံဟန်ရေးပြပြောတာနဲ့လုပ်တာ တခြားစီဖြစ်တတ်တဲ့လောက..
(တချို့က အုံ့ပုန်း..တချို့က ပွင့်ပွင့်လင်းလင်း..အတွင်းညစ်ပတ် အပြင်ညစ်ပတ် ဖြစ်နေတဲ့လောကမှာ
“သင်တို့ဖက်က …စပြီးဒေါသ အာဃာတမဖြစ်ပါစေနဲ့…..”လို့လဲ..မိန့်တော်မူလိုတာဖြစ်ပါတယ်။
ကိုယ့်ပေါ်ကို မကျေနပ်သူ..အထင်အမြင်လွဲသူ..သဘောထားကွဲလွဲသူတွေကို ဗဟိုပြုပြီး
မေတ္တာစိတ်တွေများများ ပို့လွှတ်ပေးနိုင်ရင်ကိုယ်ဟာ လောကမှာနေပျော်သူဖြစ်နေမှာပါ..။
ကောင်းကင်ပေါ်ကို မော့ပြီး တံတွေးထွေးသူဟာ..သူ့အပေါ်ကို ပြန်ပြီး တံတွေးတွေ ပြန်ယူရသလိုပါ၊
မကျေမနပ်ဖြစ်ချိန်မှာရော…မကျေနပ်တဲ့အတွက်ကြောင့် စောင်းကာမြောင်းကာ ပြုမူပြောဆိုချိန်မှာရော
အကုသိုလ်တွေ တပုံတပင်ဖြစ်ရသလိုသူကိုယ်တိုင်လဲစိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရမှာသေချာလှပါတယ်။
သူတို့ပေးတဲ့ဒေါသ မကျေနပ်ချက်တွေကိုကိုယ်က..မခံယူရင် ဘာမှမဖြစ်ပါဘူး…
ခံယူမိလို့သာ..ကိုယ့်စိတ်က မကျေမနပ်ပြန်ဖြစ်မိတာပါ..။
“ဗုဒ္ဓမြတ်စွာဘုရားရှင်”ကိုတောင်မှ
“တိတ္ထိ..”..တွေက…“ဘုရားရှင်က တရားဟောတဲ့အခါမျက်နှာလိုက်ပြီးဟောတယ်..သူ့တပည့်တွေကိုတော့ အများကြီးဟောပြီး..
သူတို့ကိုတော့ နည်းနည်းပဲ ဟောတယ်…”လို့ပြောဆိုစွပ်စွဲခံရဖူးပါတယ်..။
အလှမာန်ရစ်နေတဲ့“မာဂဏ္ဍိ”ဆိုတဲ့ အမျိုးသမီးကို….
“နင်လို မစင်တွေနဲ့ပြည့်နေတဲ့အပုပ်ကောင်ကို…ခြေဖျားနဲ့တောင် မထိချင်ဘူး…”..လို့….ပြောခံလိုက်ရတော့
ဘုရားရှင်အပေါ်မှာ ငြိုးမာန်ဖွဲ့ရက်စက် တုန့်ပြန်ခဲ့ဖူးတယ်.။
တကယ်တော့..“စိတ်အရည်အသွေးပြည့်ဝသူ”..“စိတ်သဘောထားကြီးမြတ်သူ…”ဆိုတာ
ကောင်းတာဖြစ်စေ..ဆိုးတာဖြစ်စေ..မတုန်မလှုပ်ရှိနိုင်ရမှာပါ…။
ဘယ်လိုပဲကြုံကြုံ..ဘာတွေပဲပြောပြောပြောသူအပေါ်မှာ... မေတ္တာမပျက်အောင် နေနိုင်ပြီဆိုရင်
ဘ၀ဟာ…နေပျော်စရာ…ကျေနပ်စရာတွေဖြစ်နေပါလိမ့်မယ်..။
တဆင့်တက်ပြီးသာသနာနဲ့ကြုံတုန်းအကောင်းဆုံးတွေများများယူပြီး..လက်ကျန်အချိန်တွေမှာ
သမိုင်းကောင်းလေးတွေချန်ထားရစ်နိုင်အောင် ကြိုးစားနေရအုံးမှာပါ..။
ချမ်းသာကြပါစေ…၊အေးငြိမ်းကြပါစေ…၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလာ..
http://onlinepyadaik.com/profiles/blogs/4021190:BlogPost:504323 မှ ကူးယူတင်ပြမိပါသည်။
Shared from Ko Kyaw San
No comments:
Post a Comment