Wednesday, December 25, 2013

စာပေသုံးမျိုး


စာပေသည်
- ကွမ်းယာနှင့်တူသော စာပေ
- ကြံနှင့်တူသောစာပေ
- နွားနို့နှင့်တူသောစာပေ - ဟု သုံးမျိုးရှိ၏။

ကွမ်းယာသည် ဝါးပြီးလျှင် အရည်ရော အဖတ်ပါ ထွေးပစ်ရသကဲ့
သို့ ဖတ်ပြီးလျှင် လောကီကောင်းကျိုး လောကုတ္တရာကောင်းကျိုး
တစ်ခုမှမရသော အပစ်အခတ် အချစ်အသတ် အညစ်အပတ်
သက်သက်စာများကို ကွမ်းယာနှင့် တူသည်ဟု ဆိုခြင်းဖြစ်သည်။
ယင်းစာပေမျိုးကား မဖတ်လေကောင်းလေဖြစ်၏။

ကြံသည် ဝါးပြီးလျှင် အရည်ကိုသာ မျိုချပြီး အဖတ်ကို ထွေးပစ်ရ
သကဲ့သို့ လောကီကောင်းကျိုးကိုသာ ပေးပြီး သံသရာကောင်းကျိုး
ကို မပေးနိုင်သော ဘဝပြုပြင်ရေးဝတ္ထု ဆောင်းပါးများ တက်ကျမ်း
များကို ကြံနှင့်တူသောစာပေဟု ဆိုခြင်းဖြစ်သည်။ ထိုစာပေမျိုးကား
အချိန်အသင့်အတင့် ယူ၍ ဖတ်ရှုသင့်ပေသည်။

နွားနို့သည် ပါးစပ်ထဲလောင်းထည့်ပြီးလျှင် အရည်ရော မလိုင်
အဖတ်ပါ မျိုချရသကဲ့သို့ လောကီ လောကုတ္တရာကောင်းကျိုး
နှစ်မျိုးလုံးပေးသော ဘာသာရေးစာပေမျိုးကို နွားနို့နှင့်တူသောစာ
ပေဟု ဆိုခြင်းဖြစ်သည်။ထိုစာပေမျိုးကား အချိန်မရရအောင် ယူ၍
ဖတ်ရှုသင့်ပေသည်။


မေတ္တာရှင် ( ရွှေပြည်သာ ) ဆရာတော်

ဆရာတော်၏ ဘဝနှင့်ရင်းရသော အတွေးအမြင်များမှ
ကောက်နုတ်ဖော်ပြထားပါသည်။

မေတ္တာဖြင့် - Aye ThiDa

Credit ; Aye ThiDa

No comments:

Post a Comment