Wednesday, December 25, 2013

ဘုရားရုပ်တုတော်ကို ရှိခိုးခြင်း


မေး----------------------------
ဘုရားရုပ်တုတော်ကို ရှိခိုးခြင်း ၊ ဆွမ်း ၊ ပန်း ၊ နံ့ သာ ၊ ဆီမီး ၊ ရေချမ်းတို့ ဖြင့် ကပ်လှုခြင်းတို့ အတွက် မည်သို့  အကျိုး သက်ရောက်ပါသလဲ....။
ဖြေ----------------------------ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်တော်မူပြီးတဲ့နောက် စေတီတော် သုံးပါးလို့  ကိုယ်တူထားတော်မူခဲ့တယ်ကွဲ့ ..။
ကိုယ်တူပြုတာက ၅၅၀ ၊ တေရသနိပါတ်တော်မှာဖြစ်တယ်..။ ကိုယ်တူပြုတဲ့ဇာတ်ကတော့ ကလိ င်္ဂဇာတ်တဲ့..။
ဇာတ်တော်ရဲ့ အကြောင်း အကျဉ်းကတော့ ဘုရားရှင်ဒေသစာရီ ကြွချီခဲ့လျှင် ဇေတ၀န်ကျောင်းကြီးဟာ ဘုရားမဲ့တဲ့ဘ၀ရောက်သွားတယ်..။ ဘုရားဖူးလာကြတဲ့ ပုဂ္ဂိုလ်များဟာ ဘုရားရှင်မရှိဘူးဆိုတော့ ဘုရားပူဇော်ဖို့ ယူလာတဲ့ ပန်းနံ့ သာတွေကို ဂန္ဓကုဋီ တံခါးမှာထားပြီး ပြန်သွားကြသတဲ့..။ ဒီအကြောင်းကို အနာထပိဏ်သူဌေးကြီး အရှင်အာနန္ဒာကိုလျှောက်...အရှင်အာနန္ဒာက ဘုရားကိုလျှောက်ပါတယ်..။ 

ဒီအခါဘုရားရှင်က ........
အာနန္ဒာ ......ငါဘုရားမရှိသော်လည်း ငါဘုရားကဲ့သို့ ပူဇော်ထိုက်တဲ့ စေတီဟာသုံးမျိုးရှိတယ်..။
(၁)သာရီရိကစေတီ
(၂)ပရိဘောဂစေတီ..
(၃) ဥဒ္ဒိဿကစေတီများဖြစ်တယ်......လို့ မိန့် တော်မူပါတယ်...။
သာရီရိကစေတီဆိုတာ ဘုရားရှင်ရဲ့  သရီဓါတ်မတော်များကို သွင်းနှံထားတဲ့စေတီဖြစ်တယ်..။ ဓါတ်တော်ဌာပနာလို့  ဓာတုစေတီလို့ လည်းခေါ်တယ်..။ 
ပရိဘောဂဆိုတာကတော့ ဘုရားရှင်ရဲ့ အသုံးအဆောင်တော်ဖြစ်တဲ့ ဗောဓိပင် ၊ သပိတ် ၊ သင်္ကန်း ..စသည်တို့ ကို ပရိဘောဂစေတီ...လို့ ခေါ်ပါတယ်..။
ဥဒ္ဒိဿကစေတီဆိုတာကတော့ ဘုရားရှင်ကိုရည်မှန်း ထုလုပ်ထားတဲ့ ရုပ်ပွားတော်များဖြစ်ပါတယ်..။ 

ဒီစေတီသုံးပါးဟာ ဘုရားရှင်မရှိတဲ့နောက် ဘုရားရှင်ရဲ့ ကိုယ်စားတော်များဖြစ်ကြပါတယ်..။ ဒီစေတီသုံးပါးကို ဘုရားရှင်နှင့် ထပ်တူ အာရုံယူလှုဒါန်းခဲ့လျှင် သက်တော်ထင်ရှားဘုရားရှင်ကို လှုဒါန်းရတာနဲ့  အကျိုးချင်းတူပါတယ်လို့  ...၀ိမာန၀တ္ထုမှာဆိုထားတယ်..။
အဓိပ္ပါယ်ကတော့ ....သက်တော်ထင်ရှားဘုရားကိုဖြစ်စေ.....ပရိဘောဂစသော....စေတီတော်ကိုဖြစ်စေ... သဒ္ဒါကြည်ညိုစိတ်တူမျှခဲ့လျှင်..အကျိုးပေးခြင်းလည်းတူညီပါသတဲ့..။
ဒါကြောင့် ဘုရားရုပ်တုကို ပူဇော်ရတာလည်း အကျိုးကြီးပါတယ်လို့  ဖြေလိုက်ပါတယ်ကွယ်...။


( ထီးချိုင့်မြို့ -တည်တောဆရာတော်..)
ဓမ္မဗျူဟာစာစောင် အတွဲ(၃၉) အမှတ်(၉)

No comments:

Post a Comment