Tuesday, October 15, 2013

ဆရာတော်ဘုရားကြီး ဥူးနာဝိက၏ ရောဂါဝေဒနာတွေကို နှလုံးသွင်းရှုမှတ်ပုံ


တရားအားထုတ်ရှုမှတ်ရင်းနဲ့ ဥဒယဗ္ဗယဉာဏ်အဆင့်မှ စတင်ပြီး ရောဂါဝေဒနာ ပျောက်ကင်းခြင်းသည် ထင်ရှားလာသော်လည်း စိတ်ပါလက်ပါနှင့် ထက်ထက်သန်သန် တင်းတင်းရင်းရင်း အားထုတ်သောယောဂီသည် ဝိပဿသနာသမာဓိ အားကောင်းလာသည်မှစ၍ ရောဂါသက်သာလာသည်ကို တွေ့ရကြောင်း မဟာစည်ဆရာတော် မိန့်ကြားတော်မူခဲ့၏။ ဦးပဉ္ဖင်းတို့ ကိုယ်တွေ့လက်တွေ့ ကြုံထားရသော ဝေဒနာဆိုးတွေ ပြောပြပေးနေတာ။

တော်ကူးဆရာတော်ဘုရား၏ ကျောင်းပေါ်မှာ လင်္ကျာနံတောင်ဖြင့် လျောင်းအိပ်နေစဉ်မှာ ဆင်းရဲဒုက္ခဝေဒနာ ပေါ်လာပြန်တယ်။ ဗိုက်အောင့်၊ရင်အောင့် အကြောဆွဲ၊ ဆို့တက် အသက်ရှူမရ၊ လှုပ်မရ၊ နာကျင်လွန်းလို့ ကျင်ကြီး၊ ကျင်ငယ်တောင်သွားရ၊ ကျောင်းပေါ်မှာရှိနေတဲ့ကုဋီကို ကုန်းကုန်းလေး လေးဖက်ထောက်ကာ
ကလေးငယ် သွားနည်းအတိုင်း တွားသွားခဲ့ရသည်။ ကုဋီရောက်ပြီး ကျင်ကြီးကျင်ငယ်သွားပြီး ကိုယ့်နေရာကို လေးဖက်ထောက်ကာ ကုန်းကုန်းနှင့် ပြန်ရောက်လာပြီး ဘယ်လိုစိတ်ကူးရသလဲ ဆိုတော့ ယခု ဘယ်သူမှလည်းမသိပဲနဲ့ သေသွားရင် မကောင်းသောရောဂါဟု သူများတွေထင်ကြမယ်။

အကယ်၍ တရားအားမထုတ်ရင်တော့ ဆေးရုံကို အမှန်သွားရမယ်။ နောက်စိတ်က ဖြစ်ပေါ်လာပြန်တယ်။ ယခု တရားအားထုတ်စဉ်မှာ အသက်သေခြင်းသည် မြတ်တယ်။ သေချင်သေပါစေ။ စွန့်စွန့်စားစား ကြိုးစားအားထုတ်ရမယ်ဟု သဘောပိုက်ပြီး ရှုမှတ်လိုက်တာ အနေဆိုးတယ်၊ဗိုက်အောင့်တယ် ရင်ကြပ်တယ်၊
တံခါးဘောင်ကို စွဲကိုင်ထားကာ ရှုမှတ်နေ၏။ မိနစ် သုံးဆယ် လောက်ကြာသောအခါ လေတွေ တဟေ့ဟေ့ အန်ထွက်လာတယ်။ ဒီတော့ တံခါးပေါက်ကိုဖွင့်ပြီး လေကြီးပဲ အန်ထွက်လာတယ်။ နည်းနည်းသက်သာသွားတယ်။ ဆက်၍ ရှုမှတ်ပြန်ရာ ရင်ကြပ်တယ်၊ မောတယ်ကို မိနစ်သုံးဆယ်လောက် ရှုမှတ်ရာ လေချဉ်
အန်ထွက်လာပြီး လေဖြတ်သလို ပြတ်သွားပြီး ရှင်းလင်းသွားတယ်။ ဗိုက်အောင့်၊ ရင်အောင့် ပျောက်ကင်းသွားပြီး အသက်ရှူလည်း ကောင်းသွားတယ်။ အဲဒီဝေဒနာကို ရှာလည်းမတွေ့ ပြတ်သွား၊ပျောက်သွားသလို အကုန်ကင်းရှင်းသွားတယ်။


တော်ကူးဆရာတော်ဥူးနာဝိက
Buddhavasa Tiloka

1 comment:

  1. ဘဝဆည်းဆာနေဝင်ချိန်စာအုပ်ရှိလားခင်ဗျ

    ReplyDelete