ရှင်သာမဏေက ငိုယိုပြီး လာတယ်။ တောင်းတစ်လုံးထဲသို့ သစ်ရွက်ခြောက် အမှိုက်တွေထည့်ပြီး မြစ်ကမ်းနဘေးသို့ သွားတယ်..။ ဒီရေလှိုင်းတွေ ကမ်းပြည့်လျှံအောင် အရှိန်အဟုန်နဲ့ တက်လာတာ မြင်တော့ ဆုတေင်းတယ်။ တပည့်တော် အမှိုက်ကျုံးပစ်ရတဲ့ ဝေယျာဝစ္စ ကုသိုလ်ကံကြောင့် နောင်တမလွန်မှာ ဂင်္ဂါမြစ်ရေ အဟုန်ကြီးသလို ဥာဏ်ပညာအဟုန်ကြီးသူ ဖြစ်ရပါလို၏...။ တပည့်တော် မေးမြန်းလျှင် ပညာရှိများ မဖြေဆိုနိုင်အောင် နက်နဲ သိမ်မွေ့တဲ့ မေးခွန်းများကို မေးမြန်းနိုင်ပါစေတဲ့.......။
ဦးပဉ္ခင်းကလည်း မြစ်ကမ်းပါးသို့ ချဉ်းကပ် လာတယ်။ ကိုရင် ဆုတောင်းတာ ကြားရလို့ အားကျပြီး သူလည်း လက်အုပ်ချီပြီး ဆုတောင်းတယ်။ တပည့်တော် အမှိုက်လှည်းကျင်းရတဲ့ ဝေယျာဝေစ္စ ကုသိုလ်၊ ရဟန်းသီလ သိက္ခာ ပုဒ်များကို စောင့်ထိန်းရတဲ့ ကုသိုလ်ကောင်းမှုတို့ကြေင့် နောင်တမလွန်ဘ၀မှာ ဂင်္ဂါမြစ်ရေ ပြည့်နေသလို ဥာဏ်ပညာကြီးမား ပြည့်လျှံကာ ကိုရင်ပညာရှိကြီး မေးမြန်းသမျှကို ကောင်းစွာ ဖြေကြားနိုင်သူ ဖြစ်ရပါလို၏ တဲ့........။
သူတို့နှစ်ဦး ပျံလွန်တော်မူတဲ့အခါ နတ်ပြည်မှာ နတ်ဖြစ်ကြပြီးတော့ အဲဒီကနေ တစ်ဆင့် လူ့ပြည်မှာ လူပြန်ဖြစ်တော့ ရှင်သာမဏေက ဥာဏ်ပညာ ကြီးမားတဲ့ မိလိန္ဒမင်းဖြစ်လာပြီးတော့ သူမေးသမျှမေးခွန်းကို ရဟန်းပညာရှိများ လူပညာရှိများ မဖြေကြားနိုင်ဘဲ ရှောင်တိန်းသွားကြရတယ် ...... (ကျွန်တော်တို့ လည်းကြားဖူးကြားပါတယ် .........) ဦးပဉ္စင်း ဘ၀မှလာတဲ့ အရှင်နာဂသေနကတော့ မိလိန္ဒမင်း မေးသမျှကို ကောင်းစွာ ဖြေဆိုနိုင်တဲ့ ပညာရှင်ကြီးဖြစ်လာတယ် ............။
ဝေယျာဝစ္စ ကုသိုလ်နဲ့ ဆုတောင်းပြည့်ပြီး ပညာရှိကြီးများ ဖြစ်လာကြတာ အလွန်အားရစရာ ကောင်းလှပါတယ်.....။
( .... တံမြတ်လှည်းခြင်း အကျိုး 5 ပါး .... )
ကိုယ့်စိတ်သူ့စိတ်၊ ယိုဖိတ်ကြည်လင်၊ နတ်တို့လေးစား၊ လွန်ပွားခြစ်ခင်၊ ကြည်ညို ဖွယ်ကောင်း၊ ဂုဏ်ပေါင်းမျက်ရှင် နတ်ပြည်ရောက် ထွန်းတောက်ကျိုးငါးအင်...။
မိမိအိမ်ဝင်းနဲ့ အိမ်ရှေ့ လမ်းမတို့ကို စင်ကြယ်အောင် လှည်းကျင်းထားတော့ သွားလာသူတွေ စိတ်ချမ်သာကြတယ်။ သူတစ်ပါးတို့ စိတ်ကြည်လင်ချမ်းသာအောင် အကျိုးဆောင်ပေးတော့ မိမိလည်း တူတဲ့ အကျိုးကို ခံစားရတာပေါ့။ ခရီးသွားများ စိတ်ချမ်းသာကြပါစေဆိုတဲ့ ကောင်းမြတ်တဲ့စေတနာနဲ့ လမ်းလှည်းတဲ့အခိုက် ကုသိုလ်စိတ်တွေ ကုဋေသိန်းပေါင်းများစွာ ဖြစ်လို့ ဒီကုသိုလ်ကံတို့က သုဂတိဘ၀များနဲ့ ကောင်းကျိုးချမ်းသာ များစွာကို ဖြစ်စေတက်ပါတယ်။ ( စည်ပင်ဝန်ထမ်းတွေတော့ မပြောတတ်ဘူး။ သူတို့က တာဝန်စိတ်နဲ့ လုပ်တာကိုး။ မဖြစ်မနေလုပ်ရလို့ လုပ်တာကိုး။ ကိုယ့်အသိစိတ်နဲ့ လုပ်တာမှ မဟုတ်ဘဲ )
အများပြည်သူတို့ သွားလာတဲ့ လမ်းပေါ်မှာ အမှိုက် သရိုက်များကို အမှတ်တမဲ့ ပစ်ချလိုက်ရင် အကုသိုလ်ကံတွေဖြစ်ပြီး မကောင်းကြိုး ဆင်းရဲတွေကို ရလိမ့်မယ်...
လမ်းမပေါ်မှာ အမှိုက် ချရင် ငရဲကျနိုင်တာကို သတိမူနိုင်ကြပါစေ.........။
တစ်ရောက်ကို တစ်ခုစီပဲ ကိုယ့်အသိနဲ့ကို ဆင်ခြင်နိုင်မယ်ဆိုရင်ကို မဆိုးလှပါဘူး။ ဒါဆိုရင် ကျွန်တော်တို့ နိုင်ငံကြီးမှာ အလွန်သန့်ရှင်းတဲ့ နိုင်ငံစာရင်းထဲမှာ ပါသွား နိုင်ပါတယ်....။ ကိုယ်ကလည်း ကိုယ့်အသိစိတ်နဲ့ကိုယ် ဆင်ခြင်မယ်။ ၀န်ထန်းတွေကလည်း တာဝန်အရ မဟုတ်ဘဲ အသိစိတ်ဓါတ်လေး သန့်ရှင်းသပ်ရပ်တာ ကိုမြတ်နိုးတဲ့ စိတ်ဓါတ်လေးနဲ့ လုပ်မယ်ဆိုရင် အလွန်ပဲ ကြည်နုည်းဖွယ် မြင်ကွင်းလေး သန့်ရှင်းသပ်ရပ်တဲ့ မြို့တော်လေးတွေ ဖြစ်လာမှာ မလွဲသေချာပါပဲ....။
Credit to Ye Yan Naing
Shared from အနှိုင်းမဲ့ စာတိုပေစများ (FB)
No comments:
Post a Comment