Tuesday, October 15, 2013

ကမ္မဋ္ဌာန်း ၂ မျိုး


͋
ကမ္မဋ္ဌာန်းဆိုတာ ဘာဝနာလုပ်ငန်းရဲ့ ဦးတည်ရာအာရုံ သို့မဟုတ် ဘာဝနာလုပ်ငန်းရဲ့ လုပ်ငန်းစဉ်လို့ အဓိပ္ပါယ်ရတယ်၊ ကမ္မဋ္ဌာန်းဟာ သမထနဲ့ ဝိပဿနာလို့ ၂-မျိုး ရှိတယ်၊ ကမ္မဋ္ဌာန်းအားထုတ်သူတိုင်း ဒီ ၂-မျိုးကို ကွဲကွဲပြားပြား သိထားဖို့လိုတယ်၊ သို့မှသာ မိမိတို့ အားထုတ်နေတဲ့ ကမ္မဋ္ဌာန်းဟာ သမထလား ဝိပဿနာလား ဆိုတာခွဲခြား သိနိုင်မှာ ဖြစ်တယ်။

သမထ ဆိုတာ
͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋
သမထဆိုတာ ဘာလဲလို့မေးရင် သမထဆိုတာ ကာမစ္ဆန္ဒ စတဲ့ ဆန့်ကျင်ဘက် တရားများကို ငြိမ်သက် ပျောက်ကင်းစေနိုင်တဲ့ တရားလို့ အဓိပ္ပါယ်ရတယ်။ စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုကို ငြိမ်သက်ပျောက်ကင်းစေနိုင်တဲ့ သမာဓိတရားဟာ သမထပဲဖြစ်တယ်။

လူတွေရဲ့စိတ်ဟာ အာရုံနဲ့တွေ့ရင် လှုပ်ရှားယောက်ယက်ခတ်မှုတွေ ဖြစ်တယ်၊ စဉ်းစားကြည့်ပေါ့။ အာရုံနဲ့တွေ့လို့ လောဘဖြစ်ရင်လည်း စိတ်လှုပ်ရှားတာပဲ၊ ယောက်ယက်ခတ်တာပဲ၊ ဒေါသဖြစ်ရင်လည်း ယောက်ယက်ခတ်တာပဲ၊ မောဟ ဖြစ်ရင်လည်း တွေဝေပြီး ယောက်ယက်ခတ်တာပဲ၊ ဒီလို စိတ်ယောက်ယက်ခတ်မှုမျိုးတွေကို ငြိမ်သက်ပျောက်ကင်းစေနိုင်တဲ့ ကမ္မဋ္ဌာန်း အကျင့်ကို သမထလို့ ခေါ်တယ်။

ဒါ့အပြင် အဆိုပါ သမထအကျင့်ဖြင့် ရရှိလာတဲ့ သမာဓိ စွမ်းအားဟာလည်း ယောက်ယက်ခတ်တဲ့စိတ် အခြေအနေများကို ပျောက်ကင်းစေနိုင်သည့်အတွက် တကယ့် သမထ ဖြစ်တယ်။ ဒါ့ကြောင့် ကမ္မဋ္ဌာန်းကျင့်စဉ်နဲ့ သမာဓိ ၂-မျိုးလုံးကိုပင် သမထလို့ ခေါ်ရမှာ ဖြစ်တယ်။ စာပေကျမ်းရန်များမှာ ‘ပစ္စနီကဓမ္မေ သမေ-
တီတိ သမထော’လို့ ဖွင့်ဆိုကြတယ်။ ဆန့်ကျင်ဘက် တရားများကို ငြိမ်သက် ပျောက်ကင်းစေနိုင်တဲ့ တရားကို သမထလို့ ဆိုလိုတာဖြစ်တယ်။

ဝိပဿနာဆိုတာ
͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋
ဝိပဿနာဆိုတာ ဘာလဲမေးရင် ဝိပဿနာဆိုတာ ထူးခြားတဲ့ ဉာဏ်အမြင်လို့ အဓိပ္ပါယ်ရတယ်၊ ‘ဝိ’- အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့် ‘ပဿနာ’ - ရှုမြင်တတ်သော ဉာဏ်ကို ဝိပဿနာဟု ခေါ်ဆိုခြင်းဖြစ်၏။ တစ်နည်းအားဖြင့် ဝိပဿနာဆိုတာ ထူးခြားစွာ သိမြင်တတ်သော ဉာဏ်ကိုခေါ်တာဖြစ်တယ်။

ဘယ်လို ထူးခြားစွာ မြင်တတ်သလဲဆိုရင် သာမန်အားဖြင့် လူတွေက ဘဝကို ချမ်းသာတယ် ကိုယ်ပိုင်တယ်လို့ မြင်ကြတယ်။ အဲဒီအမြင်တွေနဲ့ မတူဘဲ ဘဝဆိုတာ မမြဲဘူး ဆင်းရဲတယ် ကိုယ်မပိုင်ဘူးလို့ မြင်တယ်၊ အဲဒိလိုမြင်တဲ့ အသိဉာဏ်မျိုးကို ဝိပဿနာလို့ ခေါ်တယ်။

စာပေကျမ်းဂန်များမှာ ‘အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ’ လို့ ဖွင့်ဆိုကြတယ်။ အနိစ္စ စသည်နှင့် ဆက်စပ်ပြီး အမျိုးမျိုးသော အခြင်းအရာတွေနဲ့ ဓမ္မတို့ကို ရှုမြင်တ်သောဉာဏ်သည် ဝိပဿနာမည်၏ဟု ဆိုလိုတယ်။


အရှင်နန္ဒမာလာဘိဝံသ
(သမထနှင့်ဝိပဿနာမှ)
Buddhavasa Tiloka

No comments:

Post a Comment