Tuesday, October 15, 2013

စေတနာဗေဒင်


“စေတနာဆိုးရင် ကံဆိုးတာပါပဲ၊ စေတနာကောင်းရင် ကံကောင်းတာပါပဲ။ ကံကောင်းဖို့ ဘာမှအခက်အခဲမရှိဘူး။ ငါကံကောင်းသလား၊ မကောင်းဘူးလားဆိုတာကို ဗေဒင်မတွက်ဘဲနဲ့သိတယ်။ လက္ခဏာမမေးဘဲနဲ့သိတယ်။ ကံကောင်း
သလား၊ မကောင်းဘူးလားဆိုတာကို ကိုယ့်စေတနာကို ကိုယ့်ဉာဏ်နဲ့ ကိုယ့်ဟာကိုယ်တွက်ကြည့်ရင် မသိဘူးလား၊ စေတနာဆိုးရင် ကံဆိုးကြတာပါပဲ။”

“စေတနာကောင်းရင် ကံကောင်းကြတာပါပဲ၊ စေတနာကိုပဲ ကံလို့ခေါ်ကြတာ မဟုတ်ဘူးလား။ ကိုယ့်စေတနာကိုယ်တွက်မှသိတာ၊ သူများတွက်လို့ ကိုယ့်စေတနာ ကိုယ်သိပါ့မလား၊ မသိဘူး။ အေးဗျာ...အဲဒါကိုယ့်စေတနာ ကိုယ့်ဟာကိုယ်တွက်ရင် သိနိုင်လျက်နဲ့ ဟိုလူ သွားမေးရ၊ ဒီလူ သွားမေးရနဲ့ ဘယ်နှယ်ကြောင့်
သူများသွားသွားပြီး ကိုယ့်စေတနာကို မေးနေရတာလဲ”

“ကံကောင်းကံဆိုး သူများမမေးနဲ့၊ ကိုယ့်ကိုယ်ကိုမေး၊ ဘုန်းကြီးတို့ ပရိသတ်များ ကိုးကွယ်မှု အဆင့်အတန်း မြင့်ဖို့ဟုတ်လား။ အပြင်ဘက်မှ အကူအညီ မရှာရဘူး၊ မိမိမှာ အကူအညီတွေ အပြည့်အစုံရှိပါတယ်“


(သဲကုန်း အရှင်ဉာဏိဿရ)
(ဘဝနှင့်ရင်းရသောအတွေ့အကြုံနှင့်အတွေးအမြင်များ)
Buddhavasa Tiloka

No comments:

Post a Comment