Sunday, October 6, 2013

အရွယ်ဆယ်ပါး

(၁) မွေးစကနေ ဆယ်နှစ်သားအထိအရွယ်ကို မန္ဓဒသက လို့ခေါ်ပါတယ်။ ဉာဏ်ပညာနုန့်နှေးတဲ့ အရွယ်လို့ အဓိပ္ပာယ်ရပါတယ်။

(၂) ဆယ်နှစ်ကနေ နှစ်ဆယ်အရွယ်အထိ အရွယ်ကိုတော့ ခိဋ္ဋဒသကလို့ ခေါ်ပါတယ်။ မြူးတူးပျော်ပါး ကစားတဲ့အရွယ်လို့ အဓိပ္ပာယ်ရပါတယ်။

(၃) နှစ်ဆယ်ကနေ သုံးဆယ်အရွယ်ထိကိုတော့ ဝဏ္ဏဒသကလို့ ခေါ်ပါတယ်။ အဆင်းအလှဆုံးအရွယ်လို့ အဓိပ္ပာယ်ရပါတယ်။

(၄) သုံးဆယ်ကနေ လေးဆယ်ထိကိုတော့ ဗလဒသကလို့ခေါ်ပါတယ်။ အားခွန်ဗလ အကောင်းဆုံးအရွယ်ပေါ့။

(၅) လေးဆယ်ကနေ ငါးဆယ်အထိအရွယ်ကိုတော့ ဉာဏဒသက ဉာဏ်အကောင်းဆုံးအရွယ်လို့ ခေါ်ပါတယ်။

(၆) ငါးတယ်ကနေ ခြောက်ဆယ်အထိအရွယ်ကိုတော့ ဟာနိဒသကလို့ ခေါ်ပါတယ်။ သွေးအားလေအား ဆုတ်ယုတ်စအရွယ်ပါ။

(၇) ခြောက်ဆယ်ကနေ ခုနှစ်ဆယ်ထိအရွယ်ကိုတော့ ပဗ္ဘာရဒသကအရွယ်လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်ကြီးဟာ ရှေ့ကိုကိုင်းလာ ရှိုင်းလာတဲ့အရွယ်ပါ။ ခန္ဓာကိုယ်ကုန်းလာဖို့ ရှေ့တော်ပြေးပေါ့။

(၈) ခုနစ်ဆယ်ကနေ ရှစ်ဆယ်ထိအရွယ်ကိုတော့ ဝင်္ကဒသကလို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်ကုန်းလာတဲ့အရွယ်ပေါ့။

(၉) ရှစ်ဆယ်ကနေ ကိုးဆယ်ထိအရွယ်ကိုတော့ မောမူဟဒသကလို့ ခေါ်ပါတယ်။ သတိမေ့လျော့တတ်တဲ့ အရွယ်ပါပဲ။

(၁၀) ကိုးဆယ်ကနေ တစ်ရာအထိအရွယ်ကိုတော့ သယနဒသကလို့ ခေါ်ပါတယ်။ မသွားနိုင်မလာနိုင်တော့ပဲ အိပ်ယာထဲလဲနေတဲ့အရွယ်လို့ ဆိုလိုပါတယ်။

အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ)
မဂ်တား၊ ဖိုလ်တား အန္တရာယ်များ
Buddhavasa Tiloka

No comments:

Post a Comment