͋
ဘုရားဂုဏ်တော်ကို ပွားပြီး သမထကျင့်စဉ်ကို ကျင့်လို့မရဘူးလား မေးရင် ရပါတယ်လို့ ဖြေရမှာပါ။ သို့သော် ဘုရားဂုဏ်တော်မှာ အခြေပြုပြီးရတဲ့ သမာဓိက ဈာန်အထိ အပ္ပနာသမာဓိအထိ မရောက်ဘူး၊ ဘာကြောင့် မရောက်သလဲဆိုရင် ဘုရားဂုဏ်တော်က အလွန်လေးနက်တယ်၊ ပရမတ္တ အာရုံဖြစ်တယ်။ ဒါကြောင့်
ဘုရားဂုဏ်တော်ကို အခြပြုတဲ့ သမာဓိဟာ ဈာန်အဆင့်အထိ မရောက်ဘူးလို့ပြောတာ။
ဘုရားဂုဏ်တော်ကို သမထကျင့်စဉ်အရ ကျင့်မယ်ဆိုရင် ဂုဏ်တော်ရဲ့အနက် အဓိပ္ပါယ်ကို နားလည်ရမယ်၊ ဥပမာ‘အရဟံ’ဆိုရင် ကိလေသာခပ်သိမ်းကို ဖယ်ရှားပြီးသော မြတ်စွာဘုရားလို့ အာရုံပြုရမယ်၊ ပိုပြီး အဓိပ္ပါယ်ထင်ရှားအောင်နှိုင်းယှဉ်ပြီး စဉ်းစားရတယ်၊ အော် ငါ့မှာ လောဘဆိုတာ ရှိတယ်၊ ဒေါသဆိုတာလည်း ရှိတယ်၊ မောဟ ဆိုတာလည်းရှိတယ်၊ မာနဆိုတာလည်းရှိတယ်၊ မြတ်စွာဘုရားမှာ လောဘဆိုတာလည်း မရှိဘူး ဒေါသဆိုတာလည်း မရှိဘူး၊ မောဟဆိုတာလည်း မရှိဘူး၊ မာနဆိုတာလည်း မရှိဘူး၊ ကိလေသာမှန်သမျှ လုံးဝကင်းစင်နေ
ပါကလားလို့ ဒီလိုယှဉ်ကြည့်ုပြီး နှလုံးသွင်းရင် အရဟံရဲ့အဓိပ္ပါယ်ဟာ ပိုပြီးပေါ်လွင် ထင်ရှားလာနိုင်တယ်၊ မိမိရဲ့ စိတ်အစဉ်ဟာ ဘုရားဂုဏ်တော်ထဲ နစ်ဝင်နေရမယ်၊ ဒါမှသာ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဖြစ်မယ်။
အဲဒီလို မဟုတ်ဘဲ ဂုဏ်တော်ကို ရွတ်ပြီးပုတီးလုံး ချနေလို့ ပုတီးအပေါ် စိတ်ရောက်နေပြီး ဘုရားဂုဏ်တော်အပေါ် စိတ်မရောက်ဘူးဆိုရင် ဗုဒ္ဓနုဿတိလို့ပြောလို့ ရမှာမဟုတ်ဘူး။ ဘုရားရဲ့ တကယ့်ဂုဏ် အရည်အသွေးတွေပေါ် အာရုံရောက်မှ ဝမ်းမြောက်မှု ပါမောဇ္ဇ ကျေနပ်နှစ်သိမ့်မှု ပီတိဆိုတာ ဖြစ်လာနိုင်တယ်။
ဒေါက်တာနန္ဒမာလာဘိဝံသ
(သမထနှင့်ဝိပဿနာ)
Buddhavasa Tiloka
+big.jpg)
No comments:
Post a Comment