ဒီ ကနေ့ မနက် အိပ်ယာ က အထ fb ဖွင့်လိုက်တယ် ဆိုရင် ဘဲ message တစ်စောင် ၀င်နေ တ ယ် ။ ဘော်ဘော် ကြီး Apk Cartoonist ဆီက ပေါ့။
Apk Cartoonist - ဆရာ ခင်ဗျား အိန္ဒိမှာ ဝင်တဲ့ မုန်တိုင်း ဟာ နာဂစ် နဲ့ မကွာ လှ ပေမယ့် ဟိုမှာ ဆယ် ဂဏန်းပဲ သေ ပြီး ဒီမှာ သိန်းချီ သေခဲ့ တာ ဘာကြောင့် ပါလဲ ခင်ဗျား ....
တလောက ဘဲ အိန္ဒိယ ကိုဝင်ရောက် တိုက်ခတ် သွား တဲ့ Phailin ဆိုင်ကလုန်း ဟာ လေ တိုက်နှုန်း တစ်နာရီ 162 mph , Category V အဆင့် နဲ့ ၀င်ရောက် သွား ခဲ့တာ လူ ဆယ် ဂဏန်း ဘဲ သေခဲ့ တယ်။ ၂၀၀၈ က ကျွန်တော် တို့ဆီ နာဂစ် တို်က်တော့ လေ တိုက်နှုန်း က 140 - 150 mph, Category IV အဆင့် သာ ရှိပါ လျက် နဲ့ လူပေါင်း တစ် သိန်းကျော် ( ၁၃၄ ၀၀၀ ) သေဆုံး ခဲ့ရ တာ ဘာကြောင့် ပါ လည်း တဲ့။
စိုင်းထီးဆိုင် သီချင်း သတိရ မိတယ်။ ဘဲကြီး။ မသိ လို့ မေးတာ လား ..။ သိလျက် နဲ့မေးတာ လား ...။ ဆိုတာ လေ။
သူတို့လည်း ( ၅ ) ရက် လောက် ကြိုပြော ခဲ့တယ်။ ကျွန်တော် တို့ လည်း ( ၅ ) ရက် ကြိုပြော ခဲ့တယ်။ အတူတူ လောက် ပါဘဲ။ အဲဒီ ( ၅ ) ရက် အတွင်း သူတို့ က Helicopter အစီး ( ၄၀ )ေ ကျာ် အပါအ၀င် ကားတွေ၊ လူတွေ အများ ကြီး နဲ့ မုန်တိုင်း အ၀င် မှာ အရေးပေါ် ကယ်ဆ ယ်ေ ရး ဆောင်ရွက် ဖို့ မုန်တို်င်း မ၀င်ခင် ( ၂ ) ရက် လောက် ကတည်း က We are ready လို့ကြေငြာ ခဲ့ တယ်။ လူပေါင်း ( ၅ ) သိန်း ကျော် ကို ဘေးကင်း ရာ နေရာ များ ကို ကြိုတင် ပြောင်းရွှေ့ ခဲ့တ ယ်။ မပြောင်း မရွှေ့ဘဲ ငြင်းဆန် နေခဲ့တဲ့ လူတွေ ကို Defence Act Section 34 ကို အသုံးပြု ပြီး မဖြစ် မနေ ပြောင်းရွှေ့ ပေး ခဲ့တယ်။
ဒီတော့ သူတို့မှာ သဘာဝ ဘေး အန္တရာယ် ကာကွယ်ရေး မှာ Management Plan , Act, Preparedness, Action အကုန် ရှိ ခဲ့ပြီး ထိထိ ရောက်ရောက် လည်း သုံး ခဲ့တယ်။
နာဂစ်တုံး ကတော့ ကျွန်တော် ကိုယ်တိုင် သတင်းစာ၊ ရေဒီယို၊ တယ်လီ ဖုန်း၊ ဖက်စ်၊ ရုပ်မြင် သံ ကြား အားလုံး မှ တစ်ဆင့် ပြောခဲ့ တယ်။ ကိုယ်တိုင် တာဝန် ရှိသူ အားလုံး ကို တစ်ဦး ချင်း ဖုံး ဆ က် ပြောခဲ့တာ အကြီး အကဲတွေ အထိ ရောက် တယ်။ သတင်းစာ မှာ လည်း အင် တာ ဗျူး လုပ်ပြီး တစ်ရက် ကြိုတင် သတိပေး ခဲ့တယ်။ အဲဒီ တုံး က ဟိုင်ကြီး၊ ချောင်းသာ က ဒေသ တာ ၀န်ခံ တွေ ကို ရွာတွေ က လူတွေ ကို ပြောင်းဖို့ ( Evacuate ) လုပ်ဖို့ ကျွန်တော် ဖုံး နဲ့ သတိပေး ခဲ့ တယ်။ အဲဒီ ပြောဆို ချက် ကို ချောင်းသာ Max Hotel မန်နေဂျာ အပါ အ၀င် ဒေသခံ စခန်း ရဲမှူး က အစ သက်သေ အဖြစ် ရှိနေ ကြတယ်။
ဒါပေမယ့် အဲဒီ evacuate လုပ် ဖို့ဆိုတာ knowledge, plan, act, management, transportation, public participation, volunteers အားလုံး ပါမှ ရတာဗျ။ အဓိက ကတော့ leadership ပေါ့ ဗျာ။ ဒါပေမယ့် ကျွန်တော် တို့ မှာ သဘာဝ ဘေး အန္တရာယ် အတွက် Management, Plan, Act, Action ဘာမှ လည်း မရှိ ခဲ့ဘူး။ ဘာမှ လည်း ကြိုတင် စီစဉ် ထားမှု မရှိခဲ့ဘူး။ ကျွန်တော် တို့ က ကယ်ဆယ်ရေး ( Relief, Resettlement, Rehabilitation ) ဘဲ တသက် လုံး လုပ်လာ ကြတာ။ ကာကွယ် ရေး ( Preparation, Prevention, Reduction ) ဆိုတာ တွေ တော့ ဘာမှ မလုပ် ကြဘူး။ လုပ် လည်း မလုပ် တတ် ကြဘူး။ လုပ်ရ ကောင်းမှန်း လည်း မသိ ကြဘူး။
မဖြစ်သေး သမျှ စောင့်ကြည့် နေကြတဲ့ သဘော ဘဲ။ အဲ ... ဖြစ်ရင် တော့ လုပ်ကြ ပါပြီ။ ပြော ရရင် တော့ အများကြီး ပေါ့ဗျာ။ နိုင်ငံတော် က ဖွဲ့ထား တဲ့ သဘာဝ ဘေး ဆိုင်ရာ ဌာန ကိုဘဲ ကြည့် ဗျာ။ ဘာတဲ့ ကယ်ဆယ် ရေး နဲ့ ပြန်လည် နေရာ ချထားရေး တဲ့။
သဘာဝ ဘေး ဆိုတာ ကာကွယ် လို့ ရချင် မှ ရမယ်။ ဒါပေမယ့် ပျက်စီး ဆုံးရှုံးမှု ( Loss ) တွေ ကိုတော့ လျှော့ချ လို့ရတယ် ဆိုတဲ့ အသိ ။ Disaster Prevention ဆို တာ ထက် Disaster Loss Prevention ဆိုတာ ပို ဦးတည် လုပ်ကြ ရမယ် ဆိုတာ ကို Disaster လုပ်ငန်း တွေ နဲ့ပတ်သက်ေ န တဲ့ အုပ်ချုပ်သူ တွေ၊ စီမံကိန်း မှူး တွေ၊ ဒေသခံ တွေ ပြည်သူ တွေ၊ ပြောရရင် တော့ Policy Makers, Decision Makers တွေ ၊ အားလုံး .. အားလုံး သိနေဖို့ အလွန် အရေးကြီး ကြောင်း ပါဗျာ။
Phialin မုန်တိုင်း ဖြစ်ရပ်ပဲ ကြည့်လေ။ ဒီ မုန်တိုင်း ဖြစ်မလာ အောင်၊ အားကောင်း မလာ အောင်။ အိန္ဒိယ ထဲ ၀င်မလာ အောင် ဘယ်သူ လုပ်နှိုင် ကြလို့လဲ ။ let it be ဘဲ လေ။ ဒါပေမယ့် သူ့ေ ကြာ င့် Disaster ဖြစ်မလာ အောင် တော့ ကာကွယ် နိုင်ကြ တယ် လေ။ ဒါ ဘဲဗျ။
Hazard ကို ကာကွယ် လို့မရ ပါ။ Disaster ကို ကာကွယ် လို့ရကြောင်း ပါ ဗျာ။ တကယ် တော့ Phialin ဟာ အိန္ဒိယ နိုင်ငံ ရဲ့ DRR Success Story တစ်ခု ပါဘဲ ဗျာ။
ဒေါက်တာ ထွန်းလွင်
Shared from Burmese Treasure (FB)
No comments:
Post a Comment