Wednesday, October 16, 2013

"(၃)မိနစ်ခန့် ၀ိပဿနာရှုရန်" .....



ယနေ့ကစပြီး ၀ိပဿနာအလုပ်ကို အားထုတ်ကြရအောင်

"၀ိပဿနာ" ဆိုတာ ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်နေပုံကို အမှန်အတိုင်း သိအောင် ရှုရတာပါပဲ ...

မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ရုပ်နာမ်တွေက မပြတ် ဖြစ် ပျက် နေပါတယ် ...

ဒါကြောင့် -

မြင်တိုင်း ကြားတိုင်း သိတိုင်း မပြတ် ရှုမှတ်ပြီး သိဖို့ပါပဲ ...

ဒါပေမယ့် -

စပြီးရှုခါစမှာတော့ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း အကုန်လုံးကို လိုက်ပြီး မရှုနိုင်သေးဘူးးး

ဒါကြောင့် -

နည်းနည်းကစပြီး ရှုရမယ် ...

အသက်ရှုတိုင်း ရှိုက်တိုင်း ၀မ်းဗိုက်က ဖောင်းတက်လာတာ ပိန်ကျသွား တာဟာ ထင်ရှားနေပါတယ် ...

အဲဒါဟာ လှုပ်ရှားမှု ၀ါယောဓာတ်ပဲ .....

အဲဒါကစပြီး ရှုမှတ်ရမယ် ... ယခု အဲဒါကစပြီး (၃)မိနစ်လောက် ရှုမှတ် ရမယ် ...

ယခု အဲဒါကစပြီး (၃)မိနစ်လောက် ရှုမှတ်ရအောင် ပြင်ပြီးထိုင်ပါ .....။

မျက်စိကတော့ ကြည့်ဖို့ကမလိုသောကြောင့် မှိတ်ထားပါ ...

စိတ်ကို ၀မ်းဗိုက်ဆီပို့ထားပါ ... ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်ပါ ...

ဖောင်းတယ် ပိန်တယ် ဆိုတဲ့ အမည်ကတော့ ပါးစပ်က ရွတ်ဆိုဖို့ မလို ပါဘူးးး

စိတ်အသိ စိတ်အဆိုမျှဖြင့် ရှုမှတ်နေဖို့ပါပဲ .....

အဲဒီလို ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်နေရင်း စိတ်က တစ်ခြားထွက် သွားရင် အဲဒီ့စိတ်ကူးကို ရှုမှတ်ပါ ...

အဲဒီ့ စိတ်ကူးကို ရှုမှတ်ပြီးတော့ ဖောင်းတာ ပိန်တာကိုပဲ ဆက်ပြီး မှတ်သွား ပါ ...

ကိုယ်ထဲက ညောင်းတာ အခံခက်တာပေါ်လာရင် ညောင်းတယ် ညောင်း တယ် စသည်ဖြင့် (၂)ကြိမ် (၃)ကြိမ်လောက် မှတ်ပြီးတော့ ဖောင်းတာ ပိန် တာကိုပဲ ပြန်မှတ်သွားပါ ...

အသံကို ကြားရင်လဲ ကြားတယ် ကြားတယ်လို့ (၂)ကြိမ်လောက် မှတ်ပြီး တော့ ဖောင်းတာ ပိန်တာကိုပဲ ပြန်မှတ်သွားပါ .....

ကဲ ............. အဲဒီ့အတိုင်း (၃)မိနစ်လောက် မှတ်နေပါ ... မကြာပါဘူးးး

ယခု ... (၃)မိနစ်ရှိသွားပါပြီ ........

တစ်မိနစ်အတွင်းမှာ မှတ်ချက်ပေါင်း ငါးဆယ်...ခြောက်ဆယ်လောက် ရပါတယ် ...

(၃)မိနစ်ဆိုတော့ (၁၅၀)ထက် မနည်း ရသွားနိုင်ပါတယ် ...

အဲဒါဟာ မြတ်စွာဘုရား၏ အလိုတော် နှင့်အညီ ၀ိပဿနာ ကုသိုလ်တွေ ဖြစ်ပွားသွားတာပဲ ...

အဲဒီလို ရှုမှတ်နေရင်း သမာဓိ အားကောင်းလာတဲ့အခါမှာ ရုပ်နှင့်နာမ် အကြောင်းနှင့်အကျိုးကို ပိုင်းခြား သိနိုင်တယ် ...

ခဏမစဲ ဖြစ်ပျက်နေတာကိုလဲ ကိုယ်တိုင်တွေ့ပြီး သိနိုင်တယ် ...

အဲဒီလို ခဏမစဲ ဖြစ်ပျက်နေတာကို သိပြီး အနိစ္စ - မမြဲတာချည်းပဲ ...

ဒုက္ခ - ဆင်းရဲတာချည်းပဲ ...

အနတ္တ - အသက်ရှင်နေတဲ့ အတ္တကောင် မဟုတ်တဲ့ သဘောချည်းပဲ

ဆိုတာတွေကိုလဲ ကိုယ်တိုင် တွေ့ပြီးသိတဲ့ ၀ိပဿနာဥာဏ်ထူးတွေ ဖြစ် ပွားပြီး အရိယမဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြင့် နိဗ္ဗာန်ကိုလဲ တွေ့သိသွားနိုင်တယ် ...

ဒါကြောင့် -

ဒီဝိပဿနာရှုခြင်းကို စွမ်းနိုင်သမျှ အားထုတ်ကြ၍ မဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြင့် နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်ကြပါစေ .....

သာဓု ... သာဓု ... သာဓု

(ကျေးဇူ့တော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး )


~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာ ရွှင်လန်း ငြိမ်းအေး နိုင်ကြ ပါစေ ~~~

Shared from Burmese Treasure (FB)

No comments:

Post a Comment