Tuesday, October 15, 2013

ကိုယ့်သာသနာက ကိုယ့်တစ်သက်



သာသနာနှစ်ပေါင်း နှစ်ထောင်ကျော် ကျန်သေးတယ်ဆိုတာကလည်း အထိန်းအသိမ်း အစောင့်အရှောက် ကောင်းရင် လောကအတွင်းမှာ ရှိနိုင်တာကိုပြောတာ၊ သို့သော် အကုန်လုံးက ကိုယ့်သာသနာ ဟုတ်ချင်မှ ဟုတ်မှာဗျ။

▬ မိမိက မနက်ဖြန်ပဲ သေတော့မယ် ဆိုရင် ကိုယ့်သာသနာ ဒီတစ်ညပဲ ကျန်တော့တယ်ပေါ့၊

▬ မိမိက နောက်တစ်လမှာ သေတော့မယ်ဆိုရင် မိမိရဲ့ သာသနာက(ကိုယ်သုံးရမယ့် သာသနာက) တစ်လထဲသာ ကျန်တော့မယ်ပေါ့၊

▬ မိမိက နောက် ၁-နှစ် (လာမယ့်နှစ်)မှာ သေတော့မယ်ဆိုရင်၊ ကိုယ့်သာသနာက ၁-နှစ်ထဲသာ ကျန်တော့မယ်ပေါ့။

▬ ဒါကြောင့်ကိုယ်နဲ့ဆိုင်တဲ့ သာသနာကတော့ ကိုယ့်တစ်သက်ပဲရှိမှာ။

ဒါကြောင့် သာသနာနဲ့ တွေ့ခိုက်ကြုံခိုက်လေးမှာ လျင်မြန်ဖျတ်စွာ သေသေချာချာ ကြည့်ပြီးတော့ ရှောင်သင့်လုပ်သင့်တာတွေ ပြတ်သားစွာ ကြည့်ပြီးတော့ ရှောင်သင့်တာရှောင်, ဆောင်သင့်တာဆောင်, လုပ်သင့်တာတွေ အကွက်စေ့နေအောင် လုပ်
ပြီး ကြိုးစားအားထုတ်ကြရမှာ၊ ဒါကြောင့် -

ဗုဒ္ဓညွှန်ကြား၊ မြတ်တရားကြောင့်၊

အမှားကင်းစင်၊ စိတ်ကြည်လင်၊

အမြင်ရှင်း၍လာ။

အခု အကုသိုလ်မှန်း သိနေကြတယ်၊ ကုသိုလ်မှန်းသိနေကြတယ်၊ ရှောင်သင့်တာတွေသိကြတယ် လုပ်ရမှာလည်း ပြတ်သားစွာ သိနေကြလို့ ကြိုးကြိုးစားစား ပြုလုပ်အားထုတ်နေကြပါတယ်။



တိပိဋကဓရ -ဓမ္မဘဏ္ဍာဂါရိက
(ယော)ဆရာတော်
Buddhavasa Tiloka

No comments:

Post a Comment