Thursday, October 3, 2013

မေတ္တာပန်းများ လွှမ်းခြုံရာ ဘေးမဲ့နေရာ




”မေတ္တာစိမ့်စမ်း” ဆိုတဲ့ နာမည် လေးကို ကြားလိုက်ရတော့ ရင်ထဲမှာ အေးမြသွားပါတယ်။ တိရစ္ဆာန်ဘေးမဲ့ ဥယျာဉ်လို့ ဆက်ပြီးကြားလိုက်ရတော့ ပိုပြီးကြည်နူး သွားပါ တယ်။ တိရစ္ဆာန်တွေ ကို အသက်ဘေးကကယ်တင်ပြီး မွေးမြူ စောင့်ရှောက်ထားတဲ့နေရာ ဖြစ်ပါတယ်။ တိရစ္ဆာန်ချစ်တတ်တဲ့သူပီပီ ကုသိုလ် တွေ အများကြီး ရနေကြ ပါလားလို့ မုဒိ တာ ပွားလိုက်မိပါတယ်။

နေရာကတော့ ပခုက္ကူနဲ့ ၇ မိုင် အကွာ ပခုက္ကူ-မန္တလေးသွား လမ်းမ ကြီးဘေးက ”ပန်းတိုင်းခြုံ” ရွာဖြစ်ပါ တယ်။ ပခုက္ကူသား ကိုသိန်းအေးကတော့ ”ပဒိုင်းခြုံ” ရွာလို့ အသံ ထွက်ပေမယ့် ကျွန်မကတော့ စိတ်ကူးယဉ်ပြီး ပန်း တိုင်း လွှမ်းခြုံနေတဲ့ ရွာလို့ပဲ အဓိပ္ပာယ် ဖော်ေ ဆာင်ပြီး ခေါ်ဆို ပါရစေ။ မေတ္တာ တွေ လွှမ်းခြုံနေ တဲ့ နေရာေ လးဖြစ် လို့ပါ ပဲ။ တည်ထောင်တဲ့သူတွေကတော့ ပခုက္ကူ မြို့က ကိုကျော်ဇောနဲ့ မဥမ္မာသန်းတို့ ဇနီးမောင်နှံ ဖြစ်ပါတယ်။ ခံတောရပ်၊ မြို့မလမ်းက အိမ်နဲ့ဝိုင်း ကို ရောင်းချပြီး ပန်း တိုင်းခြုံရွာမှာ မြေဧက ၁၃ ဧက ဝယ်ပြီး ဘေးမဲ့ဥယျာဉ် တည်ထောင်ခဲ့ တာ ၂ဝ၁၁ ခုနှစ်ကပဲ ဖြစ်ပါတယ်။ တော်ရုံလူ မစွမ်းဆောင်နိုင်တာ ဖြစ်လို့ အာဂမောင်နှံ လို့ဆိုရပါ မယ်။ မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်ရဲ့ သြဝါဒကို ခံယူပြီး စတင်လုပ်ဆောင်ခဲ့ကြပါတယ်။

အများဆုံးရှိတာက နွားတွေ ဖြစ် ပါတယ်။ ဘေးမဲ့ပေးတဲ့နွားတွေ၊ ထွန် စက်တွေအသုံးပြုနေကြတဲ့အတွက် လာ လှူထားတဲ့ နွားတွေ၊ ခိုးထုတ် မယ့် နွား တွေ ဖြစ် ပါ တယ်။ ခွေးလေခွေးလင့်တွေ ကို ခေါ်ယူကျွေးမွေးထားရာက ပလိပ် မြို့မှာ တရုတ်ပြည်ကို ရောင်းမယ့်ခွေး တွေကို မိသွားပြီး ခွေး ချစ်တဲ့သူေ တွက ပြန် ဝယ်ပြီးပို့ လိုက် တဲ့ ခွေးအကောင် ၆ဝ နဲ့ ပေါင်းလိုက်တော့ ခွေး ၈၅ ကောင် ရှိသွားပါပြီ။ ခွေးတွေကို သံချိတ်နဲ့ချိတ် ပြီးဖမ်းထား လို့ ခေါင်းမှာ အနာတွေဖြစ် ပြီး လောက်တွေ ကျနေ တာကို မဥမ္မာ သန်းတို့က လောက်တွေကို ထုတ်ပြီး ဆေးကုရပါတယ်။

အသက်သေတဲ့အထိ ခွပ်ရတဲ့ တိုက်ကြက်တွေကိုလည်း ကယ်တင်ထား ပါတယ်။ သူတို့ဆီမှာ ဆိတ် ၁၈ ကောင်၊ ကျွဲ ၂ ကောင်၊ မြင်း ၂ ကောင်၊ ဝက် ၆ ကောင်၊ ဘဲ ၂ဝ၊ ယုန် ၁၅၊ ကြက် ၁ဝဝ၊ ငန်း ၂၊ လိပ် ၁၊ မျောက် ၁ကောင်စ သည်ဖြင့် တိရစ္ဆာန် ၁၃ မျိုး ရှိပါတယ်။ ကြောင်ကိုတော့ လက်မခံပါ။ ကြက်တွေ ကို ကိုက်မှာစိုးရိမ်လို့ ဖြစ်ပါတယ်။ တိ ရစ္ဆာန်တွေကို ကျွေးမွေးစောင့်ရှောက် ဖို့ လုပ်သားတွေ ခန့်ထားပါတယ်။ စရိတ် ငြိမ်း အမျိုးသားတစ်လ ငါးသောင်း၊ အမျိုးသမီး သုံးသောင်းဖြစ်ပါတယ်။ ကျား ၈ ဦး၊ မ ၃ ဦးရှိပါတယ်။ တိရစ္ဆာန် တွေကို ကြင်နာတတ်၊ ချစ်တတ်မှ လုပ် နိုင်မှာပါ။

လွန်ခဲ့တဲ့ နှစ်က ဂျာနယ်တစ်စောင် မှာ ”မေတ္တာစိမ့်စမ်းဘေးမဲ့ဥယျာဉ်” သတင်းလေးပါလာကတည်းက ဖြတ် သိမ်းထားပြီး ပုဂံညောင်ဦးကို ဘုရားဖူး သွားတဲ့ အခါ ရော က်အောင် သွားပြီး လှူမယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့တယ်။ အဲဒီအချိန်က ညောင်ဦးက အနောက် ဘက်ကမ်းကိုကူးတဲ့ တံတားကြီး မပြီး သေးပါဘူး။ အခုအထိ ကျွန်မ မရောက် ရသေးပါဘူး။ ညောင်ဦးကနေ ပခုက္ကူ အထိသွားရင် ၄၅ မိနစ်ပဲ ကြာတယ်လို့ သိရပါတယ်။ ကံအားလျော်စွာပါပဲ ကို ကျော်ဇောရဲ့ ဝ၉-၄၇၂၁၄ဝ၇၉ ဆိုတဲ့ ဖုန်းနံ ပါတ်လေးပါလာလို့ အဆက်အ သွယ်ရပြီး ပခုက္ကူကမ္ဘောဇဘဏ်ကတစ် ဆင့် တစ်လ တစ်သိန်း လှူဖြစ်နေတာ ငါးလလောက် ရှိနေပါပြီ။

လူချင်း မတွေ့ဖူးသေးပေမယ့် တယ်လီဖုန်းပြောရင်းနဲ့ပဲ မဥမ္မာသန်းတို့ နဲ့ ခင်မင်နေပြီး သူတို့ရဲ့ လုပ်ဆောင်ချက် တွေ၊ အခက်အခဲတွေကို သိလာရပါ တယ်။ တိရစ္ဆာန်တွေ များလာတာနဲ့အမျှ အစာဖိုးကလည်း တက်လာပါတယ်။ နွားတွေအတွက် ကောက်ရိုး၊ ပဲဖတ်၊ နှမ်းဖတ်တွေ လိုက်ဝယ်ရပါတယ်။ မိုး ခေါင်တဲ့ အတွက် ကောက်ရိုးတွေ ရှား လာပါတယ်။ ကောက်ရိုးအစီး ၃၆ဝ က ၃၆ဝဝဝ ကျပ်နဲ့ ဓာတ်ဆီဖိုး ၂ဝဝဝဝ တစ်ခေါက်တစ်ခေါက် ကုန်ကျပါတယ်။

 ခွေးတွေအတွက်ဆန်ဖိုးကလည်း မနည်း ပါဘူး။ မဥမ္မာ က ပေါင်မုန့်အကြမ်းတွေနဲ့ နို့ဆီဖျော်ပြီး တစ်နပ်ကျွေးပါသေးတယ်။ တခြားတိရစ္ဆာန်တွေ အစာဖိုးနဲ့ပေါင်းရင် တစ်လတစ်လ သိန်း ၂ဝ ကျော်ကုန်နေပါ တယ်။ ပခုက္ကူေ ဈးထဲက ဟင်းသီးဟင်း ရွက်တွေ လှူတဲ့အတွက် နေ့စဉ်ကားနဲ့ သွားသယ်ရပါတယ်။

သူတို့ဆီမှာ ထူးခြားတဲ့ တိရစ္ဆာန် လေးတွေ ရှိပါတယ်။ ခွေးမရဲ့ နို့ကိုစို့တဲ့ နွားလေး၊ မိသုခဆိုတဲ့ ခွေးလေးက ကား တိုက်ခံရပြီး တစ်ယောက်ေ ယာက် က ကောက် လာပြီး ခြင်းလေးနဲ့ ခြံဝမှာ လာ ထားတဲ့အတွက် ဆေးကုပြီး မွေးထားပါ တယ်။ အောက်ပိုင်းသေသွားလို့ အညစ် အကြေးက စပြီး ပြုစုပေးရပါတယ်။ ဝက်သ တ်ရုံကို ဝက်တွေ သယ်အသွားမှာ ဝက်ကလေးတစ်ကောင် ကားပေါ်က ကျရစ်ခဲ့လို့ သူတို့ဆီရောက်လာပါတယ်။ ကျောပေါ်မှာ တံဆိပ်ရိုက် ပြီးသား ပါ။ သေကံမေ ရာက် လို့ ချမ်း သာရာရသွား ပါပြီ။ နွားမတမ်းလေးက အသိဥာဏ် ရှိပါတယ်။ မဥမ္မာက တစ်နေ့နှစ်ခါ ဖက် ပြီးချော့မှ ကျေနပ်ပါတယ်။ မျက်လုံး လေးေ တွက ခံစားတ တ်ကြောင်း ပြနေ ပါ တယ်။ နွားမကြီးက နွားလေးကို မွေး တော့ အချင်းမကျလို့ ဝေဒနာ ခံစားနေ ရပြီး နို့အစို့မခံပါ။ နွားလေးက အေး စက်နေလို့ မဥမ္မာက ရင်ခွင်ထဲ ထည့် ပြီး စောင်ခြုံ သိပ်ရပါတယ်။ အခုတော့ သူ့ အမေရဲ့ နို့ကို စို့နိုင်သွားပါပြီ။

အခုအခါမှာနွားတဲဆောက်ဖို့ လို အပ်နေပါတယ်။ နွားတွေက ဂရုစိုက်ရ ကြောင်းနဲ့ သုံးရက်လောက်ဖျားရင် သေ သွားနိုင်ကြောင်း သိရပါတယ်။ အလှူ ရှင်တွေက အိမ်ကို ဖျက်ပြီး သစ်တွေ လှူထားပါတယ်။ အမိုးအကာ လိုအပ် နေကြောင်း ပြောပြပါတယ်။ သူတို့က နွားတွေ လှူမယ်ဆိုရင် ဘယ်မြို့ကိုပဲ ဖြစ်ဖြစ် ကားနဲ့သွားယူပါတယ်။ သူတို့ ရဲ့ မေတ္တာတရားကိုတော့ မချီးကျူးဘဲမနေ နိုင်ပါ။ အားမလျှော့ပါနဲ့၊ စေတနာက အကျိုးပေးမှာပါလို့ အားပေးရပါတယ်။ မေတ္တာဆိုတာ သတ္တဝါတိုင်းအ ပေါ်မှာ ထား အပ် တာဖြစ်တဲ့အတွက် တိရစ္ဆာန်လေးများ အပေါ်မှာလည်း မေတ္တာထားပြီး စာနာတတ်ကြပါစေ ကြောင်း ဝေမျှရေးပြလိုက်ရပါတယ်။

ခင်စောတင့်
Shared from Burmese Treasure (FB)

No comments:

Post a Comment