Sunday, May 17, 2015

စိတ်.. ဥတုကြောင့် အသံဖြစ်သည်


သဒ္ဒရုပ် အသံသည် စိတ်ဥတုနှစ်ပါးကြောင့် ဖြစ်သည်ဟုဆိုသော်လည်း စိတ်ဥတုနှစ်ပါးက တပြိုင်နက် ဖြစ်စေသည်ဟု မမှတ်ရ။ သက်ရှိသတ္တ၀ါတို့၏ စကားပြောသံ ရယ်မောသံ ငိုကြွေးသံ စသည်တို့မှာ စိတ်ကြောင့် ဖြစ်ပေါ်လာရသော အသံဖြစ်၍ ၀မ်းတွင်း၌ လှုပ်ရှားသံ ဓာတ်စက်သံ အပြင်အပ၌ ရှိသမျှ လေသံ မိုးသံ တီးမှုတ်သံ စသည်များကား ဥတုကြောင့် ဖြစ်သည်ဟု မှတ်ပါ။

အသံ ကောင်း.. မကောင်း

သက်ရှိသတ္တ၀ါတို့၏အသံသည် စိတ်ကြောင့်ဖြစ်လျှင် ဘာကြောင့် အချို့မှာ အသံကောင်း၍ ဘာကြောင့် အချို့မှာ အသံမကောင်းပါသနည်း။ စိတ်ကြောင့်ဖြစ်ခြင်း တူပါလျှင် အသံလည်း တူသင့်သည် မဟုတ်ပါလောဟု မေးစရာရှိ၏။ အဖြေကား... သက်ရှိသတ္တ၀ါတို့၏ အသံသည် စိတ်ကြောင့်ဖြစ်သည်ဟု ဆိုရာ၌ အသံဖြစ်ဘို့ရာ အနီးကပ်ဆုံးအကြောင်းကို ပြခြင်းဖြစ်သည်။ အသံ ကောင်းမကောင်းမှာ စိတ်တစ်မျိုးတည်းနှင့်သည သက်ဆိုင်သည်မဟုတ်ပေ။ ကံတရားနှင့်လည်း သက်ဆိုင်ပေသည်။ ကံက အသံဖြစ်ဘို့ရာ ဋ္ဌာန၌ ကမ္မဇပထ၀ီ ကောင်းကောင်းစီမံလျှင် အသံကောင်း၏။ ထိုကမ္မဇပထ၀ီညံ့လျှင် အသံညံ့သည်။ ။


(သဂြိင်္ုဟ်ဘာသာဋီကာ ရုပ်ပိုင်းမှ ကောက်နှုတ်ချက်)
ကုသလကာရီ အဘိဓမ္မာ ပို့ချချက်

No comments:

Post a Comment