Saturday, May 3, 2014

အနှိုင်းမဲ့ ရဟန်း


လောကမှာရှိရှိသမျှ ရဟန်းတော်တွေ အားလုံးမှာ
အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ အနှိုင်းမဲ့ရဟန်း ဖြစ်ပါတယ်။

သိစရာအားလုံးကို အကုန်အစင် အကြွင်းအကျန်မရှိ သိမြင်တော်မူတဲ့
သဗ္ဗညုမြတ်စွာဘုရားရှင်လွဲရင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ
လောကမှာပညာဥာဏ်အကြီးဆုံးပါပဲ။

သီလဂုဏ်အားဖြစ်လည်း အရှင်သာရိပုတ္တရာသာ အသာဆုံး၊ အမြတ်ဆုံးရဟန်း၊ အနှိုင်းမဲ့ရဟန်းလို့၊ အနာထပိဏ်နတ်သားက
မြတ်စွာဘုရားရှင်ကို လျှောက်ထားခဲ့ပြီး၊ မြတ်စွာဘုရားရှင်ကလည်း
ဟုတ်မှန်ကြောင်းအတည်ပြုခဲ့တာပါ။

အရှင်အဿဇိရဲ့ တရားကိုနာပြီး၊ သောတာပန်ဖြစ်ခဲ့ရတဲ့အတွက်
အသက်ထက်ဆုံး၊ အိပ်တိုင်းအိပ်တိုင်း အရှင်အဿဇိရှိရာအရပ်ကို
ရည်မှန်းလက်အုပ်ချီရှိခိုးပြီးမှ အရှင်အဿဇိရှိရာဘက်ကို ဦးခေါင်းထား အိပ်လေ့ရှိပါတယ်။

အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ ဆိုဆုံးမလွယ်မှု၊ ဆရာသခင် ကျေးဇူးရှင်ကိုဦးတင်မှု၊ စိတ်ဓာတ်ပြတ်သားမှု၊ သည်းခံခွင့်လွတ်နိုင်မှုစတဲ့
စွမ်းရည်သတ္တိတွေကို ရည်းညွန်းပြီးတော့ အနာထပိဏ်နတ်သားက
ကိလေသာငြိမ်းအေးမှု ဂုဏ်အားဖြင့်လည်း အရှင်သာရိပုတ္တရာ သာအသာဆုံး၊ အမြတ်ဆုံးရဟန်း၊အနှိုင်းမဲ့ရဟန်း လို့ မြတ်စွာဘုရားရှင်ကို လျှောက်ထားခဲ့တာပါ။

မြတ်စွာဘုရားရှင်ကလည်း ဟုတ်မှန်ကြောင်း အတည်ပြုခဲ့တာပါ။

ဆရာတော်အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)။

မေတ္တာအားဖြင့်.
Daw Khin Aye Win

No comments:

Post a Comment