Saturday, May 3, 2014

အနတ္တဆိုတဲ့ အမြင်


အဘိဓမ္မာကို သင်ခြင်းအားဖြင့် အတ္တ
မရှိဘူး ၊အနတ္တဆိုတဲ့အမြင်ဟာ ရှင်း
လင်း ပြတ်သားစွာ မြင်လာမှာဖြစ်ပါ
တယ်၊အနတ္တဆိုတဲ့အမြင် မမြင်သေး
သမျှ ကာလပတ်လုံး အတ္တဆိုတဲ့အယူ
အဆ မပျောက်သေးသမျှ ကာလပတ်
လုံး သံသယတွေလည်းမပျောက်ဘူး၊
သံသယနဲ့  ဒီအယူမှား ရှိနေသေးသမျှ
ကာလပတ်လုံး အပါယ်တံခါးဟာ ပွင့်
လျက်ပဲ ရှိနေမယ်။
အပါယ်တံခါးဆိုတာ 'ဒိဌိ'နဲ့ 'ဝိစိကိစ္ဆာ'
ဆိုတဲ့တရားနှစ်ခုကို ဖယ်ရှားပစ်နိုင်မှ
ပိတ်တာနော်၊ဒီနှစ်ခုကိုမိမိတို့ သန္တာန်
ကနေ မဖယ်ရှားနိုင်သမျှ ကာလပတ်လုံး
အပါယ်သွားဖို့  အကုသိုလ်တွေက
အဆင့်သင့် ဖြစ်နေသေးတယ်၊အပါယ်
ကိုပို့ နိုင်တဲ့ အကုသိုလ်တွေ မိမိသန္တာန်
မှာ ဖြစ်နိုင်တယ်။
ဒိဌိ-ဝိစိကိစ္ဆာဆိုတာ အမြင်မှားတာနဲ့ 
သံသယဖြစ်တာ၊ဒီနှစ်ခုကိုဖယ်ရှားပစ်
လိုက်လို့ ရှိရင် ဖြစ်လာတဲ့လောဘဟာ
အပါယ်ပို့ လောက်အောင်မပြင်ထန်
တော့ဘူး၊ဖြစ်လာတဲ့ဒေါသဟာလည်း
အပါယ်ပို့ လောက်အောင် energy
မရှိတော့ဘူး၊ဒီလိုဆိုလိုတာနော်၊
သောတာပန်ဖြစ်သွားလို့  လောဘတော့
မကုန်သေးဘူး၊သို့ သော်ဖြစ်လာတဲ့
လောဘက အပါယ်ချလောက်အောင်
မပြင်ထန်တော့ဘူးလို့ ပြောတာ၊level
တွေ degree တွေ လျှော့ကျသွားပြီးလို့ 
ပြောတာ။
သောတာပန်ရဲ့ လောဘသည်ပုထုဇဉ်
ရဲ့ လောဘနဲ့ မတူဘူး၊သောတာပန်ရဲ့ 
လောဘသည် အပါယ်ပို့ နိုင်လောက်
အောင် energy မရှိတော့ဘူး၊ပုထုဇဉ်ရဲ့ 
လောဘက အပါယ်ထိအောင် ပို့ နိုင်
သေးတဲ့ စွမ်းအားတွေ ရှိနေတယ်၊
ဘာဖြစ်လို့ တုန်းဆိုရင် ဒိဌိနဲ့ ဝိစိကိစ္ဆာ
ဆိုတဲ့ အမြင်မှားမှုနဲ့ သံသယရှိနေလို့ ပဲ
ဖြစ်တယ်။
သဘာဝတွေကို ကောင်းကောင်း
မြင်သွားပြီ၊သံသယတွေကင်းပြီ၊သံသယ
ကင်းသွားလို့  သဘာဝမြင်တဲ့ ပုဂ္ဂိုလ်ရဲ့ 
သန္တာန်မှာဖြစ်တဲ့ လောဘ၊ဒေါသဆိုတဲ့
အကုသိုလ်တရားတွေဟာ အပါယ်ကို
ပို့ လောက်တဲ့ စွမ်းအားတွေ မရှိကြ
တော့ဘူး၊ဒါကြောင့် အပါယ်တံခါးပိတ်
တယ်လို့ ပြောတာ၊ဒီလိုမဟုတ်ဘဲနဲ့ 
လောဘက ကြီးမြဲကြီး။ဒေါသက ကြီးမြဲ
ကြီး၊မောဟက ကြီးမြဲကြီးနေမယ်ဆိုလို့ 
ရှိရင် အပါယ်တံခါးကတော့ ပွင့်လျက်ပဲ
ရှိဦးမှာပဲ၊အချိန်မရွေး အကြောင်းတိုက်
ဆိုင်လာလို့ ရှိရင် အပါယ်ကိုကျသွားနိုင်
သေးတာပဲနော်။
ဒါကြောင့်'အဘိဓမ္မာမြတ်ဒေသနာ' ကို
သင်ယူကြရမယ်၊သင်ယူကြားနာရတယ်
ဆိုတာ ပဋိသမ္ဘိဒါဉာဏ်ကိုရရှိစေနိုင်လို့ 
ဖြစ်တယ်၊မိမိရဲ့ သန္တာန်မှာ အစိုင်အခဲ
အနေနဲ့  မြင်နေတဲ့အယူအဆ အမှား
တွေကို ဖယ်ရှားပစ်ပြီးတော့ အတ္တဆိုတဲ့
အတွေးတွေ၊လွဲမှားနေတဲ့ အမြင်တွေကို
လည်းဖယ်ရှားပစ်နိုင်တယ်။
အတ္တဆိုတာ ခန္ဓာကိုယ်ထဲမှာမရှိဘူး၊
ခန္ဓာကိုယ်အပြင်မှာလည်းမရှိဘူး၊ဘယ်
မှာမှမရှိဘူး၊အနတ္တလို့ ဆိုတာကို အတ္တ
မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း
နဲ့  သံသယကင်းပြီးတော့ မှန်ကန်တဲ့
အမြင်တစ်ခုကိုရရှိနိုင်ပါတယ်။
ဒါကြောင့် တရားချစ်ခင် သူတော်စင်
ပရိတ်သတ်တို့ သည် အဘိဓမ္မာ
ဒေသနာကိုသင်ယူ၊နာကြားခြင်းဖြင့်
အမြင်မှန်ကိုရရှိခြင်း သံသယတွေကင်း
ပျောက်ခြင်းဖြင့် နိဗ္ဗာန်တံခါးဝသို့ ကိုယ်
စီကိုယ်ငှ ရောက်ရှိနိုင်ကြပါစေကုန်
သတည်း။
'သာဓုသာဓုသာဓုပါဘုရား။'
မှတ်ချက်။ ။ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ၏
'အဘိဓမ္မာမြတ်ဒေသနာ'ပထမအတွဲမှ
ကူးယူပူဇော်မျှဝေအပ်ပါသည်။
ဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်
ဖြာကျန်းမာချမ်းသာနိုင်ကြပါစေ။

Shared from Htin Aung (FB)

No comments:

Post a Comment