Saturday, May 3, 2014

သင်သိရမယ့် အမှန်တရား


✔ ပြဿနာဆိုတာ အလုပ်ကို
သေသေချာချာ လုပ်တတ်ဖို့အတွက်
အသုံးချစရာပဲ။

✔ ဥစ္စာပျောက်တာတောင်
ခံနိုင်ရည်မရှိရင်၊
အသက်ပျောက်ရင် ပိုဆိုးမှာပေါ့။

✔ သံသရာကြီး လည်တယ်
ပြတ်တယ်ဆိုတာ လောဘ ဒေါသ
မောဟက ဖန်းဆင်းထားတဲ့
အမှန်တရားပါပဲ။

✔ စားဝတ်နေရေး၊ ကျန်းမာရေး
ချို့တဲ့တာကို
အဓိကထားနေတာကိုက
အသိဉာဏ် ချို့တဲ့နေလို့ပဲ။

✔ တစ်ယောက်ကောင်းကို
အဓိကထားတာထက်
အများနည်းတူ အများနဲ့တပြေးညီ
အများနဲ့ရောပြီး ကောင်းတာမျိုးကို
ပိုအဓိကထားပါ။

✔ လောကီအလုပ်တွေက
လောကကြီးကိုနိုင်ဖို့၊
တစ်လောကလုံးကို နိုင်တာတောင်
စိတ်ကို မနိုင်သေးဘူး။

✔ တရားတကယ်လုပ်ရင်
စိတ်ကိုပါ နိုင်တယ်။
စိတ်ကိုနိုင်ရင် အကုန်နိုင်တာပဲ။

✔ ကုသိုလ်ကောင်းမှု အလုပ်ကို
တကယ်လုပ်ရင်
အစစအရာရာ အဆင်ပြေတယ်။

ဆရာတော် ဦးဥတ္တမသာရ ( သဘာဝ တရားရိပ်သာ )

credit to လှိုင်တိုး

No comments:

Post a Comment