Saturday, May 3, 2014

သေမင်းကို လာဘ်ထိုးလို့ မရပါဘူး


ယနေ့ ဒကာ ဒကာမတွေ ဘာလုပ်နေကြတာလဲလို့မေးရင် …မသေသေးလို့ အားနေလို့ တရားလာနာ တာ။ ဟုတ်ပြီနော်။ ဒီရုပ်ကြီးက သေမိန့်မကျထားဘူးလား.. နေရာရယ် ဒေသ ရယ် ရောဂါရယ် အချိန်ရယ်သာ မသိတာ။ သေမှာကတော့ မသေချာဘူးလား... သေတယ်ဆိုတာ ဘယ်သူသတ်တာလဲ .. အခုဒကာ ဒကာမတွေထိုင်ထားတဲ့ ခန္ဓာကိုယ်ကြီးက ၉၆ ဖြာ ဝေဒနာလည်း ဒီရုပ်ကြီးမှာပဲ ၊ သွေးတိုး ဆီးချိုဆိုလည်း ဒီရုပ်ကြီးမှာပဲ အသည်း နှလုံး ကျောက် ကပ်ဆိုလည်း ဒီခန္ဓာကိုယ်မှာပဲ ဒီကာယကိုယ်ခန္ဓာကြီးက မသတ်ဘူးလား…... သတ်တဲ့ ခန္ဓာကိုယ်ကြီးက မရထားဘူးလား..... တစ်နေ့ ဘာကသတ်မှာလဲ ။ ဒီခ န္ဓာကြီးက သတ်မှာပဲ။ လွတ်အောင်ပြေးလို့ ရပါ့မလား... အခု ဒကာ ဒကာမတို့ သေပြီ လား..။ တကယ်မသေတော့ဘူးလား... ဟော အဲ့ဒါဆို သေမိန့် ကျထားတာ။ စဉ်းစားနော်။ ငါသေမိန့်ကျထားပြီးသား သေရမယ့် မသာလောင်းကြီးလို့ တွက်ထား မမေ့ နဲ့။ ဟုတ်ပြီလား။ သားတွေ သမီးတွေ မမေ့နဲ့ပြောတာ မဟုတ်ဘူး။ ကိုယ့်ကို အဲ့ဒီမသာကြီး သတ်တော့ မယ်။ အမိန့်ကျထားပြီ။ ဘယ်နေ့ ဘယ်နေရာမှန်းတာ မသိတာ။ သေရမှာ သေချာနေပါလား။

သေ တယ်ဆိုတာ ပြုံးပြုံးနဲ့ သေနိုင်ရဲ့လား… သေတဲ့မသာတွေမှာ ပြုံးပြုံးနဲ့သေတဲ့ မ သာမြင်ဘူးလား ။ သေတော့ ပြင်းပြင်းထန်ထန် အသက်ထွက်အောင် မသတ်ဘူးလား.....ဆင်းရဲလား ချမ်းသာလား.. အဲ့ဒီအတွက် ဒကာ ဒကာမတွေ ဘာများ အ ထောက်အထားရှိပြီလဲ အာမခံချက်ရှိနေပြီလဲ။ အိမ်မှာ အေးအေးလေး မနေကြဘူးလား။ နောက်နှစ် တွေ နောက်လတွေနဲ့မျှော်ကိုးပြီးတော့ စီးပွားတွေ မရှာကြဘူးလား။ သားတွေ သမီးတွေ အိမ်ထောင် ကျ ဘွဲ့ရတဲ့အထိ မမျှော်ကိုးဘူးလား။ ကိုယ်သေရင် ချမ်းသာဖို့ ဘာလုပ်ပြီးပြီလဲ။ သေတော့ ဘယ်သူ က မျှခံမှာလဲ။ ယောက်ျားတွေ မိန်းမတွေက တဝက်မျှခံမှာလား။ အဲ့ဒီအချိန်ကျ ချစ်ပါတယ်ဆိုတဲ့ ဒ ကာမ ကိုယ်သေတော့ရော သူက မျှခံရဲ့လား။ အဲတော့မှတ်ထားနော်။ ကိုယ်သေရင် ကြင်ဖက်ရှိသလား မျှခံမယ့်သူရှိသလား သေမင်းကို လာဘ်ထိုးလို့ရသလား …. တစ်ယောက်ထဲ သေရတော့မယ်။ မှတ်ထားနော် မမေ့နဲ့... ကယ်မယ့်လူမရှိပဲနဲ့ ဖျာပေါ်မှာ ပြေးလို့လွတ်သေးလား…

လောကမှာ ခွေးကိုက် မြွေကိုက် သူခိုးလိုက်လို့ရှိရင် ရန်သူလိုက်ရင် ပြေးရင် ရသေးတယ်။ တောင်းပန်ရှိခိုးပြလို့ ငိုပြလို့ ရအုံးမယ်။ ရှိတဲ့ငွေတွေ ရွှေတွေ ချွတ်ပေး ရအုံးမယ်။ သေမင်းရသလား… အဲ့ဒီအချိန်မှာ ဒကာ ဒကာမတို့ ဘယ်စိတ်နဲ့သေကျမှာလဲ။ စဉ်းစားနော် အချိန်ရှိသေးတယ်နော်။ တရှားရှာတယ်ဆိုတာ ဒါပဲ။ ဟုတ်ပြီလား။ လောကမှာ မရှိ ရှိတာနဲ့ ရှာစားလို့ ရတယ်။ အိမ်ပေါင် ခြံပေါင်နဲ့ရော မရဘူးလား။ သေတော့ ဘာပေါင်လို့ ရသေးလဲ။ အဲ့ဒီလိုဆို ရှင်းမရ တဲ့ အပြင်းထန်ဆုံး လှုပ်မရတဲ့ သေမင်းသတ်မယ့်အချိန် အပြင်းထန်ဆုံးခံစားရမယ့် ဝေဒနာနဲ့များ ဘာ မှ အားကိုးမရှာပဲနဲ့များ နေနိုင်တာများ တော်တော်ပေနိုင်တဲ့ ပုဂ္ဂိုလ်တွေပဲ ကျုပ်တော့အံ့ဩတယ်။ ငါ သည် သေမင်းမှ လွတ်ကင်းမရှိပါလို့ နေ့စဉ်သတိထားပါ။ ယောဂီတို့ ငါသေရတော့မှာ ပါလားဆိုတဲ့ စိတ်ကလေးဖြစ်လာရင် နှလုံးသားတွေ ကြွက်ကြွက်မဆူပွက်အောင် ပြင်ဆင်ထားပါ။

(ဆရာတော် အရှင်စန္ဒိမာ(အောင်လံသဲအင်းဂူ) ဟောကြားသော တရားသုံးမျိုး(၂) တရားတော်မှ ကောက်နှုတ်ချက်)

No comments:

Post a Comment