အရှင်နာဂသေနဘုရား၊ ဖဿသည် အဘယ်လက္ခဏာရှိပါသနည်း။
မင်းမြတ်၊ ဖဿသည်ထိတွေ့ခြင်းလက္ခဏာရှိပေ၏။
အရှင်ဘုရား ဥပမာပြုတော်မူပါဦး။
မင်းမြတ် ဆိတ်နှစ်ကောင် ဝှေ့ကြရာတွင် တစ်ကောင်သောဆိတ်ကဲ့သို့
စက္ခုဝိညာဉ်ကိုမှတ်ယူအပ်၏။ အခြားသောဆိတ်ကဲ့သို့ ရှုပါရုံကိုမှတ်ယူ
အပ်၏။ ထိုဆိတ်နှစ်ကောင် ထိတွေ့ခြင်းကဲ့သို့ ဖဿကိုမှတ်ယူအပ်ပေ၏။
အရှင်ဘုရား သင့်လျော်လှပါပေ၏။
မိလိန္ဒပဥှာ
No comments:
Post a Comment