Saturday, May 3, 2014

ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း


ယောဂကျင့်နေရင်း ဒူးနာသွားတဲ့ မိတ်ဆွေတစ်ယောက် လိမ်းဆေးပေါင်းစုံကို လိမ်းသော်လည်း မပျေက်သဖြင့် အောက်ပါ သဘာဝကုထုံး ဆေးနည်းကြောင့်လက်တွေ့ ပျေက်ကင်းသွားကြောင်း ပြောပြပါတယ်။ ဒီဆေးနည်းကို ရွာက ဘဘကြီးတစ်ဦးမှ အကြံပေးချက်အရ လုပ်ကြည့်ရင်းနဲ့ လက်တွေ့ ပျေက်ကင်းခဲ့တယ်လို့ သိရပါတယ်။

၎င်းဆေးနည်းကို အားကစားကြောင့် အခါးနာနေတဲ့ သူ့မိတ်ဆွေလည်း တကယ်ပျောက်ကင်းခဲ့ကြောင်း ပြောပြပါတယ်။

ဆေးနည်းကတော့-

၁။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစိများကိုလည်း မထုတ်ပဲ ထားပါ။

၂။ ကြက်ဥကို ထည့်လိုက်ပါ။ (သဘာဝကြက်ဥ၊ တောကြဥ ဆိုလျှင် ပိုကောင်းပါသည်)

၃။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အဆီးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့ စီးများဖြင့် အုပ်ပေးထားနိုင်ပါသည်။

၎။ ၄င်းသင်္ဘောသီးကို မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကြက်သွားသည့်အထိ ဖုတ်ပါ။

၅။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားပေးပါ။

တစ်ပတ်ကို တစ်ကြိမ်ပြုလုပ်ပြီး စားပေးပါက ဒူးနာ၊ ခါးနာပျောက်ကင်းသွားပါလိမ့်မယ်။

လက်တွေ့ပျေက်ကင်းနိုင်သည့် သဘာဝကုထုံးဆေးနည်းလေးမို့  ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

ကျန်းမာရေးသတင်းများ

No comments:

Post a Comment