Saturday, April 19, 2014

ကိုးကွယ်ရာနှင့် မကိုးကွယ်ရာ


လူ့လောကတွင်ကြောက်စရာ အမြောက်
အများရှိသည့်နည်းတူ ရယူချင်စရာများ
နှင့် ပြည့်နှက်လျက်ရှိသည်။ လူသည်
ကြောက်တတ်မှုနှင့် ရလိုမှုသဘောတရား
ဖြင့် ဖွဲ့စည်းထားသော သတ္တ၀ါဖြစ်သည်။

လူ့လောကကြီးတွင် ဒီရေတက်ခြင်း၊ မီး
ကြီးလောင်ခြင်း၊ လေမုန်တိုင်း ကျခြင်း၊
စသော သြကာသလောက၏ ဘေးအန္တ
ရာယ်များ မြွေဘေး၊ ကျား၊ ဆင်ရိုင်း၊
မချစ် မနှစ်သက်သော သူဘေး စသော
သတ္တ၀ါလောက၏ ရန်ပြုမှုများနှင့်ဖျားနာ
မကျန်းမမာ၊ အို နာ သေရသော ဘေး
ဒုက္ခများ၏ နှိပ်စက်ကလူပြုမှုကို လူသား
သည် အလူးအလဲ ခံနေရသည်သာဖြစ်
၏။ ထိုသို့သောဘ၀ဒုက္ခ ဘေးအန္တရာယ်
များ၏ လှုံ့ဆော်ဖန်တီးမှုကြောင့် လူသား
သည် ကြောက်တတ်လာသည်။ ထိုဘေး
ဆိုး ဒုက္ခဆိုးတို့မှ ကင်းငြိမ်းမှုကို လိုလား
လာကြသည်။ ဤတွင် ကိုးကွယ်ရာကို
ရှာဖွေလာကြ၏။

ဤအချက်နှင့်ပတ်သတ်၍ ဘေးရန်အန္တ
ရာယ်အမျိုးမျိုးကို စိုးရွံ့ ထိတ်လန့်နေကြ
ကုန်သော လူတို့သည် တောင်ကိုလည်း
ကောင်း၊ အာရာမ်တို့ကို လည်းကောင်း၊
အဓိကရ သစ်ပင်စသော ကိုးကွယ်ရာကို
လည်းကောင်း ကိုးကွယ်ကြကုန်၏။

ပင်လယ်သမုဒ္ဒရာတို့၌ အသက်မွေးမှုပြု
ကြသူတို့သည် သမုဒ္ဒရာစောင့် နတ်များ
ကို ကိုးစားကြသည့်နည်းတူ တောအရပ်
ဒေသ၌ လုပ်ကိုင် စားသောက်ကြသူတို့
လည်း တော တောင် ဥယျာဉ်စသည်တို့
ကို ပူဇော်ပသကြသည်။ ထို့ပြင်ကောက်
ပင်စိုက်ပျိုးအောင်မြင်လိုမှုအတွက်မိုးနတ်
စသည်တို့ကို ပသကြသည်။ သားဆုပန်
ရန် တောစိုးသစ်ပင်ကြီး၌ ရှိမည်ထင်
သော နတ်တို့ကို တင်မြှောက်ပသကြ၏။

ဤသည်တို့မှာ ထိုစဉ်က ကမ္ဘာလူသား
အားလုံးလိုလိုနှင့် သက်ဆိုင်သော ကိုး
ကွယ်မှုပင်ဖြစ်သည်။ ကိုးကွယ်မှုအစ၊ ကိုး
ကွယ်မှုအဓိပ္ပါယ်ဟူ၍ ဖော်ပြအပ်၏။

သုံးလောကထွဋ်ထား မြတ်စွာဘုရား ပေါ်
ထွန်းတော်မူလာပြီးနောက် မကိုးကွယ်ရာ
နှင့်ကိုးကွယ်ရာကို ခွဲခြား၍ ဟောကြား
တော်မူခဲ့သည်မှာ

ဤ တောတောင် အာရာမ် အဓိကရသစ်
ပင် စသော ကိုးကွယ်ရာဟူသမျှကို ကိုး
ကွယ်ခြင်းသည် ဘေးကင်းသော ကိုး
ကွယ်ခြင်းမဟုတ်။ ဤကိုးကွယ်ရာဟူသ
မျှကို ကိုးကွယ် ဆည်းကပ်ခြင်းကြောင့်
ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင် ဟူ၍
ဖြစ်၏။

ထိုကဲ့သို့ ရှင်းလင်းစွာဟောကြားခဲ့သော
တရားတော်အရ မကိုးကွယ်ရာကို သိရှိ
နာကြားခဲ့ရ၏။

ကိုးကွယ်ရာနှင့်ပတ်သတ်၍လည်းမြတ်
စွာဘုရားသခင်က မိန့်တော်မူသည်မှာ

အကြင်သူသည် မြတ်စွာဘုရားကိုလည်း
ကောင်း၊ တရားတော်ကို လည်းကောင်း၊
သံဃာတော်ကိုလည်းကောင်း၊ ကိုးကွယ်
ဆည်းကပ်၏။ ထိုသူသည် ဆင်းရဲအမှန်
ဒုက္ခသစ္စာ၊ ဆင်းရဲခြင်း၏ အကြောင်းရင်း
အမှန် သမုဒယသစ္စာ၊ ဆင်းရဲ လွတ်
မြောက်ရာအမှန် နိရောဓသစ္စာ၊ ဆင်းရဲ
ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အမှန်
အင်္ဂါရှစ်ပါးရှိသော မြတ်သော မဂ္ဂသစ္စာ
ဟူသော အရိယသစ္စာလေးပါးတို့ကိုမဂ်
ပညာဖြင့် ကောင်းစွာမြင်နိုင်၏ ဟူ၍အ
ကျယ်တ၀င့်ဟောကြားညွှန်ပြတော်မူခဲ့
၏။

မြတ်စွာဘုရားသခင်သည်မြတ်သောကိုး
ကွယ်ခြင်းမဟုတ်လျှင် မည်သို့မည်ပုံ အ
ပြစ်ကျရောက်နိုင်ကြောင်းကိုမိန့်တော်မူ
ခဲ့သည်မှာ ဤ တောတောင် အာရာမ်
အဓိကရသစ်ပင်စသော ကိုးကွယ်ရာဟူ
သမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်း
သောကိုးကွယ်ခြင်း မဟုတ်၊ မြတ်သော
ကိုးကွယ်ခြင်းမဟုတ်၊ ဤကိုးကွယ်ရာဟူ
သမျှကို ကိုးကွယ်ဆည်းကပ်ခြင်းကြောင့်
ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင် ဟူ၍
ဖြစ်၏။

ထို့ကြောင့် လူတို့သည် ကိုးကွယ်မှုမှား
လျှင် ဒုက္ခခပ်သိမ်း မကင်းငြိမ်းနိုင်ဘဲ သံ
သရာ ၀ဲသြဃအတွင်း တ၀ဲ လည်လည်
ကျင်လည်ကျက်စားနေမည်သာဖြစ်၏။

ကိုးကွယ်မှုမှန်လျှင် အကျိုးကျေးဇူးများစွာ
ရရှိနိုင်ကြောင်းကိုလည်း မြတ်စွာဘုရား
သခင်က

ဤရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်
ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်း
ကပ်ခြင်းမည်၏။ ဤရတနာသုံးပါးကိုကိုး
ကွယ် ဆည်းကပ်ခြင်းကြောင့် ဒုက္ခ ခပ်
သိမ်းမှ လွတ်မြောက်၏ ဟူ၍ ဟောကြား
ညွှန်ပြတော်မူခဲ့၏။

ထို့ကြောင့်လူတို့သည် ကိုးကွယ်မှုမှန်လျှင်
ဒုက္ခ ခပ်သိမ်း ကင်းငြိမ်းပြီး လူချမ်းသာ၊
နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာများကို ရရှိနိုင်
ရုံသာမကမဂ်ဖိုလ်နိဗ္ဗာန်သို့တိုင်မျက်မှောက်
ရနိုင်၏။

ဗုဒ္ဓရတနာ
ဗုဒ္ဓဘာသာဝင် တစ်ဦးသည် ဗုဒ္ဓရတနာ၊
ဓမ္မရတနာ၊ သံဃရတနာ တည်းဟူသော
ရတနာမြတ်သုံးပါးကို ကိုးကွယ်ရမည်။
သတ္တ၀ါတို့၏ ဘေးဒုက္ခတို့ကို ပယ်ဖျောက်
ဖျက်စီးတတ်သောကြောင့် ဗုဒ္ဓ၊ဓမ္မ၊သံဃာ
တည်းဟူသော ရတနာသုံးပါးကို သရဏ
ဟူ၍လည်းခေါ်ဝေါ်၏။

မြတ်စွာဘုရားသခင်သည် သတ္တ၀ါတို့ကို
ကြီးပွားချမ်းသာကြောင်းနည်းလမ်း၌ဖြစ်စေ
ခြင်း၊ မကြီးပွားမချမ်းသာကြောင်း မကောင်း
သောနည်းလမ်းမှဆုတ်နစ်စေခြင်းနှင့်အပြစ်
ဒေါသအလုံးစုံကင်းစင်၍ ဂုဏ်ကျေးဇူးတော်
အလုံးစုံနှင့်ပြည့်စုံစေခြင်းတို့ကြောင့်ပင် ဖြစ်
၏။

ဓမ္မရတနာ
ဓမ္မရတနာတည်းဟူသော မြတ်စွာဘုရား၏
တရားတော်ကို ကိုးကွယ်ရခြင်းမှာ တရား
တော်ကို ကျင့်ကြံ လိုက်နာသူတို့ကို ဘဝ
သံသရာခရီးထဲမှ ထုတ်ဆွဲ ကယ်တင်ခြင်း၊
တရားကျင့်တုန်းအခိုက်နှင့် ကျင့်ပြီးနောက်
ကာလတို့၌လည်း သက်သာမှုကို ပေးစေ
ခြင်းဖြင့် သတ္တ၀ါတို့၏ဘေးဒုက္ခတို့ကို ပယ်
ဖျောက် ဖျက်စီးစေနိုင်ခြင်းကြောင့်ဖြစ်၏။

သံဃာရတနာ
သံဃာတော်ကို ကိုးကွယ်ခြင်းမှာ အနည်း
ငယ်မျှသော ကောင်းမှုကုသိုလ်တို့ကို ကြီး
ကျယ်ဖွံ့ဖြိုး အကျိုးများစေရန် ပြုခြင်းဖြင့်
သံဃာတော်များသည် သတ္တ၀ါတို့၏ ဘေး
ဒုက္ခတို့ကို ဖျောက်ဖျက်စီးနိုင်ခြင်းကြောင့်
ဖြစ်၏။

ထိုရတနာမြတ်သုံးပါးတို့အား ကြည်ညို
လေးစား ကိုးကွယ်ဆည်းကပ်သော သူကို
သရဏဂုံတည်သူဟု ခေါ်သည်။ ထိုသူ
သည်ကောင်းမြတ်သော ဘ၀သို့ ရောက်ရ
မည်ဖြစ်သည့်ပြင်အသက်ရှည်ခြင်း၊အဆင်း
လှခြင်း၊ အခြွေအရံပေါများခြင်းစသော အ
ကျိုးများကိုရရှိမည်ဖြစ်၏။

ဤသည်တို့ကားကိုးကွယ်ရာနှင့်မကိုးကွယ်
ရာတို့ပင်တည်း။

သတ္တ၀ါများ ချမ်းသာကြပါစေ
သုတေသီဘုန်းမြင့်သွေး

No comments:

Post a Comment