Thursday, April 24, 2014

မင်္ဂလာပါရှိသော စံတော်ချိန်


ဗုဒ္ဓသာသနာ ရတနာကြောမှာ
လူလာဖြစ်ခွင့်ရသော ပုဂ္ဂိုလ်များရဲ့
ရပိုင်ခွင့်၊ပိုင်ဆိုင်ခွင့် အချိန်အားလုံးသည်
ရတနာအချိန်တွေချည်းဖြစ်သွားပါတယ်။

သာသနာတွင်းမှာ “ပြဿဒါး”ရက်
တစ်ရက်မှ မပါပါဘူး။
သာသနာတွင်းမှာရတဲ့
အချိန်အားလုံးသည် “ရက်ရာဇာ”ချည်းပဲ။
ရတနာအချိန်တွေချည်းပဲ။
အချိန်ကောင်းတွေချည်းပဲ။

သာသနာတော်တွင်းမှာတော့ အချိန်တိုင်း ၊
အချိန်တိုင်းသည် မင်္ဂလာစံတော်ချိန် ချည်းပါပဲ။
အချိန်တိုင်းက မင်္ဂလာစံတော်ချိန် ဖြစ်နေတယ်။
နေ့ရက်တို့အပေါ်မှာ ရက်ရာဇာ၊ ပြဿဒါး၊
ရက်ကောင်း၊ ရက်ဆိုးလို့ ခွဲခြားနေတာက
မြတ်ဗုဒ္ဓရဲ့ ကမ္မဝါဒနဲ့ ဆန့်ကျင်နေတယ်။

- သပိတ်အိုင်တောရ ဆရာတော်ဦးကိတ္တိ
[စံတော်ချိန် သတင်းစာ]

Dhamma Dãna Source ► ကိုလှိုင်တိုး &
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment