Saturday, April 19, 2014

“သူတစ်ပါးနဲ့ မိမိ”


သူတစ်ပါးအား ဆုံးမခြင်းထက်
မိမိကိုယ်ကိုယ် ဆုံးမခြင်းက
သာ၍ ကောင်းပါသည်။

သူတစ်ပါးအား သနားခြင်းထက်
မိမိကိုယ်ကိုယ် မိမိသနားခြင်းက
သာ၍ ကောင်းပါသည်။

သာသနာ ပြုရာ၌ သူတစ်ပါးအား
သာသနာပြုပေးခြင်းထက်
မိမိကိုယ်ကိုယ် သာသနာတည်အောင်
ပြုခြင်းက သာ၍ခက်သည်။

“မိမိ”တည်းဟူသော အကြောင်း ကြောင့်
သူတစ်ပါးကို စိတ်မဆင်းရဲရအောင်
ပြောဆိုနေထိုင်ပါ။

မိမိကိုယ်တိုင်က တဏှာကြိုးတန်း လျှောက်ပြီး
သူတစ်ပါးကို နိဗ္ဗာန် ခေါ်တယ်ဆိုတာ
သဘာဝမကျ။

-(ရွှေပေါ်ကျွန်း ဆရာတော်ကြီး)

[ မြန်မာသံတော်ဆင့် ဂျာနယ်]

Dhamma Dãna Source ►ကိုလှိုင်တိုး
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment