၁။ သူတပါးအတင်းမပြောပါနဲ့။ သူတပါးအပြစ်မပြောပါနဲ့။
ကိုယ့်အတင်း ကိုယ်ပြော။
၂။ သူတပါးအပြစ်ကို မြင်သူတွေဟာ ကိလေသာအာသဝေါတရားတွေ
တိုးပွားစေပြီး နိဗ္ဗာန်နဲ့ဝေးသွားတတ်တယ်။
၃။ ဗုဒ္ဓဘာသာဝင်တိုင်း အကျင့်သိက္ခာဖြူစင်သင့်၏။ အကြောင်းကား ဗုဒ္ဓဘာသာဝင်တဦး မကောင်းတာလုပ်လျှင် ရတနာသုံးပါးနှင့် ဆရာပါ
သိက္ခာကျနိုင်သောကြောင့်ပင်တည်း။
၎။ မုသားကိုရယ်စရာပင် မပြောသင့်။ အကြောင်းကား မုသားပြောသူသည် မလုပ်ရဲသော အကုသိုလ်တစ်ခုမှမရှိ။
၅။ မည်သည့်မျှော်လင့်ချက်မှမထားဘဲ သူတစ်ပါးကို ကူညီခြင်းမှသာ
တကယ့်စိတ်ချမ်းသာမှု အစစ်ကိုရနိုင်ပါသည်။
၆။ မလိုချင်သောအချိန်ကျမှသာ ပြည့်စုံသောဘ၀ရောက်၏။
၇။ ကိလေသာများမပေါ်အောင်နေရမည်။ ပေါ်လျှင် ပေါ်မှန်းသိရမည်။
၈။ မိမိကိုယ်တွေ. ဆရာကိုယ်တွေ.နှင့်မပြီး။ ဗုဒ္ဓကိုယ်တွေ. ပါဠိတော် အဋ္ဌကထာများ နှင့် မကိုက်ညီလျှင် အမှားသာဖြစ်သည်။
၉။ မသူတော်သည် သူတပါး၏ ဇီးစေ့လောက်ရှိသော အပြစ်ကို..
ရှာဖွေတွေ.မြင်တတ်သော်လည်း....
မိမိ၏ မြင့်မိုရ်တောင်လောက်ရှိသော အပြစ်ကိုကား.. မမြင်တတ်။
၁ဝ။ သူတော်ကောင်းသည် သူတပါး၏ မြင်းမိုရ်တောင်လောက်ရှိသော
အပြစ်ကို.. မမြင်တတ်သော်လည်း..
မိမိ၏ ဇီးစေ့လောက်ရှိသော အပြစ်ကိုကား၊ ရှာရှာဖွေဖွေမြင်ပြီး
ဆုံးမတတ်၏။
အရှင်ဇ၀န
မေတ္တာရှင်(ရွှေပြည်သာ)
Tthaw Thaw ၏ ဓမ္မ Notes များမှ
ပြန်လည် ကူးယူ မျှဝေပါသည်။
No comments:
Post a Comment