Saturday, April 19, 2014

မိမိစိတ်ဖြစ်ပုံ၌ လိမ္မာကျွမ်းကျင်သူဖြစ်အောင် ကျင့်ရမည်


ရဟန်းတို့ သင်တို့သည် သူတစ်ပါး၏ စိတ်ဖြစ်ပုံ၌ လိမ္မာ ကျွမ်းကျင်မှု မရှိလျှင် မိမိစိတ်ဖြစ်ပုံ၌ လိမ္မာကျွမ်းကျင်သူဖြစ်အောင် လုပ်မည်ဟု ကျင့်ဆောင်အပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် စိတ်ဖြစ်ပုံ၌ လိမ္မာ ကျွမ်းကျင်သူ ဖြစ်နိုင်သနည်းဆိုသော် ဥပမာအားဖြင့် အသက်အရွယ်နုပျို၍ အလှ ပြုပြင်ဆင်ယင်တတ်သည့် အလေ့ရှိသော မိန်းမပျို၊ ယောက်ျားပျို
တို့သည် ကြေးမုံမှန်၌ဖြစ်စေ၊ ကြည်လင်သောရေခွက်ထဲ၌ဖြစ်စေ၊မိမိမျက်နှာရိပ်ကိုကြည့်သည်ရှိသော် အကယ်၍မှန်ထဲ ရေခွက်ထဲတွင် မိမိ၏မျက်နှာ၌မြူအညစ်အကြေးကိုဖြစ်စေ၊ မှဲ့ခြောက် ၀က်ခြံ စသည်ကို ဖြစ်စေ မြင်လျှင် ထိုမြူအညစ်အကြေး သို့မဟုတ် မှဲ့ခြောက်စသည်တို့
ကို ဖယ်ရှားသုတ်သင်ရန် လုံ့လထုတ်၍ ပြုလုပ်ရသည်။ အကယ်၍ မှန်ထဲရေခွက်ထဲတွင် မိမိမျက်နှာ၌ မြူအညစ်အကြေးကိုဖြစ်စေ၊ မှဲ့ခြောက် ၀က်ခြံစသည်ကိုဖြစ်စေ မမြင်လျှင် ငါ့တစ်ကိုယ်လုံး စင်ကြယ်နေပါတကား ဟု ၀မ်းမြောက်မှုစိတ်အလိုပြည့်မှုဖြစ်ရ၏။

ရဟန်းတို့ ဤဥပမာအတိုင်းပင် ငါသည်သူများစည်းစိမ်ကို ရလိုမှု ရှေးရှုကြံစည်သည် အဘိဇ္ဈာ ဖြစ်နေခြင်းများ စသော သူများစည်းစိမ်ကို ရလိုသမှုရှေးရှုကြံစည်သည့် အဘိဇ္ဈာမဖြစ်ဘဲ နေခြင်းက များသလော၊ စိတ်ဓာတ် မပျက်စီးပဲ နေခြင်းကများသလော။ငါသည် ထိုင်းမှိုင်းမှုထိန
မိဒ္ဓကင်းနေခြင်းကများသလော။ ငါသည် စိတ်ပျံ့လွင့်နေခြင်းက များသလော။ စိတ်မပျံ့လွင့်ပဲနေခြင်းကများသလော။ ငါသည်
ယုံမှားသံသယဖြစ်နေခြင်းကများသလော။ ယုံမှားသံသယကို လွန်မြောက်နေခြင်းက များသလော။

ငါသည်အမျက်ဒေါသထွက်နေခြင်းကများသလော။ အမျက်ဒေါသ မထွက်ဘဲနေခြင်းကများသလော။ ငါသည် စိတ်ညစ်နေခြင်းက များသလော။ စိတ်မညစ်ဘဲနေခြင်းက များသလော။ ငါသည် ကိုယ်ပင်ပန်းနွမ်းနယ်ခြင်းက များသလော။ကိုယ်မပင်ပန်းဘဲလန်း
ဆန်းနေခြင်းကများသလော။ ငါသည် ပျင်းရိနေခြင်းက များသလော။ ထက်သန်သော လုံ့လရှိခြင်းက များသလော။ ငါသည် စိတ်မတည်မငြိမ် ဖြစ်နေခြင်းကများသလော။ စိတ် တည်ငြိမ်နေခြင်းက များသလောဟု
ဆင်ခြင်ခြင်းသည် ကုသိုလ်တရားတို့၌လွန်စွာကျေးဇူးများလှ၏။

ဒဿအင်္ဂုတ္ထိုရ်၊ ဒုပဏ္ဏာသက၊ သစိတ္တသုတ်.။

No comments:

Post a Comment