Friday, April 11, 2014

မုန့်သိုင်းခြုံ


မုန့်သိုင်းခြုံ လုပ်ဖို့ လိုအပ်တာလေးတွေကတော့

ဂျုံ ဆန်ချိန်ခွက် ၁ ခွက်
ရေ ဆန်ချိနခွက် ၁ခွက်ခွဲ
ကြက်ဥ ၂လုံး
သကြား စားပွဲဇွန်း ၁ဇွန်းခွဲ
ဆား အနည်းငယ်
အုန်းသီး ၁လုံး

အုန်းသီးကလွဲပြီး အပေါ်က ပါဝင်ပစ္စည်းတွေအားလုံးကို ကြေညက်အောင်ရောမွှေပါ
အုန်းသီး ကိုခြစ်ထားကာ သကြားအနည်းငယ်နဲ့ နယ်ထားပါ
မကပ်တဲ့ဒယ်ကို အပူပေးကာ သကြားနယ်ထားတဲ့ အုန်းသီးတွေကို ခဏမွှေပေးပါ
ပြီးရင အုန်းသီးတွေဖယ်ကာ ဆီအနည်းငယ်ထည့်ကာ ပူလာလျှင် မုန့်ရည် ဇွန်းအကြီး ၂ ဇွန်းထည့်ကာ
အိုးထဲမှာ ဝိုင်းနေအောင် ဇွန်းနဲ့ညှိပေးပါ
ခဏနေလျှင် အုန်းသီးကို အလည်ကထည့်ကာ သင့်တော်သလိုလေးခေါက်ပေးပါ
အဲ့တာဆိုရင် မုန့်သိုင်းခြုံလေးရပါပြီနော်

Credit to:
http://myingyankitchen.blogspot.com/2014/04/blog-post_9.html?m=0


No comments:

Post a Comment