ဝိပသနာအလုပ်ဟာ ဘယ်လောက်ထိ အားကိုးစရာကောင်းတယ်။ အားထုတ်သင့်တယ်ဆိုတဲ့အကြောင်းကို အင်္ဂုတ္တရ အဋ္ဌကထာထဲမှ ထုတ်ပြီး ၀တ္ထုသက်သေပြပါမယ်။
ရှေးရှေးတုန်းက မုဆိုးကြီး တစ်ယောက်ဟာ အမဲလိုက် အလွန် ၀ါသနာပါတယ်။ အသားလည်း အင်မတန်မှကြိုက်တယ်။
အသားစားကြီးလွန်းလို့ တခြား အစာအာဟာရတွေကို မစားချင်တော့ဘူး။ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်၊ အသားတွေ
ကို စားရမှသာလျှာကအရသာတွေ့တယ်တဲ့။ ဒါနဲ့ပဲ လေးနဲ့မြှားကိုယူ၊ အိမ်သူသက်ထားကိုပါ စွန့်ပြီး တောထဲမှာပဲ လှည့်လည်နေတယ်။ အမဲပစ်လိုက် အသားစားလိုက်ပေါ့လေ။ အသားစားကြူးတာကြောင့် လူ့
ဘီလူးကြီး ဖြစ်နေတော့တယ်။ နှစ်ပေါင်းကြာလာတော့ လူကလည်း ခက်တရော် ကြမ်းတမ်းလာတယ်။ အကုသိုလ်ကလည်း ကြီးလာတယ်။
တစ်နေ့မှာတော့ အမဲလိုက်သွားရင်းတောရကျောင်းနေတဲ့ ရဟန်းတော် တစ်ပါးရဲ့ကျောင်းသင်္ခန်းရောက်သွားတော့မောမောနဲ့ ရေခပ်သောက်မိတယ်။ သူရေခပ်သောက်လေတိုင်း ရေမတွေ့ဘဲ ရေမှုတ်နှင့် အိုးဖင်ထိမိလို့ တဂျင်ဂျင်အသံသာလျှင်မြည်ထွက်
လာတယ်။ ဒီတော့သူကသူ့အဖြစ်ကို မရိပ်မိသေးဘဲနှင့် ရဟန်းတော်တွေကိုသာ ဒီရဟန်းတွေက သိပ်ပျင်းတာပဲ။ စားပြီးအိပ်
နေကြတယ်။ ရေတောင် ခပ်မထားဘူး။ ဒီလိုသူက ဆူပူမောင်းမဲတာပေါ့။ အမှန်ကတော့ရေက အပြည့်ကြီး ရှိနေတာ။ မုဆိုးကြီးရဲ့အကုသိုလ် အရှိန်ကြောင့် ရေတွေခန်းကုန်တာ။ အကုသိုလ်များ ဘယ်လောက်ကြောက်စရာကောင်းသလဲလို့။
မုဆိုးကတော့ ကိုယ့်အဖြစ်ကိုယ်မသိသေးဘူး။ သူများကိုပဲ အပြစ်တင်နေလိုက်သေးတယ်။
ဒီအသံကြားတော့ ရဟန်းတော်ကစဉ်းစားမိတယ်။ အကုသိုလ်ကောင် တစ်ကောင်တော့ရောက်လာပြန်ပြီလို့လေ။ ဒါကြောင့် အသာလာပြီးတော့ ကြည့်တယ်။ ရဟန်းတော်က လာကြည့်တော့ ရေအပြည့် ရှိတယ်။ ဒီတော့မှ ရဟန်းတော်က
ဒီကမုဆိုးကြီး ရေသောက်လိုပါသလား။
မှန်ပါ။ ရေသောက်လိုလို့ လာတာ။ အရှင်ဘုရားတို့က ရေမှခပ်မထားဘဲကိုး။
ကောင်းပြီလေ။ ဟောဒီမှာရေ သောက်ပါတော့ လို့ မုဆိုးရှေ့တွင် ရေအိုးထဲကရေကို ခပ်ပေးတယ်။ ရဟန်းတော် လက်နှင့်ကိုင်ပြီးတော့ ရေတိုက်တော့မှ ရေသောက်ရတယ်။ ဒီတော့ မုဆိုးကြီး သိပ်လန့်သွား
တယ်။ အရှင်ဘုရား တပည့်တော်ဘ၀ တယ်ဆိုးနေပြီပါပြီကလား။ ကယ်တော်မူပါဘုရား။
ကိုယ်ဆိုးတာ ကိုယ်သိတော့ တော်သေးတာပေါ့။ ရဟန်းတော်ဟာ သနားခြင်းဖြင့် မုဆိုးကိုဒီနေရာမှာပဲ ရဟန်းဝတ်ပေးတယ်။
သတိပဋ္ဌာန်တရား အားထုတ်ခိုင်းတယ်။ တရား အားထုတ်တယ်ဆိုရင် စရိုက်ကြမ်းတဲ့လူဆိုတော့ တရားအားထုတ်ဖို့ မျက်စိမှိတ်လိုက်တိုင်း ခွေးနက်ကြီးတွေ ကျားနက်ကြီးတွေ မြွေဆိုးကြီးတွေဝိုင်းနေတာ
ချည်း မြင်တယ်။ တရားမရဘူး။ ဇောချွေးတွေ ပြန်နေတယ်။ ကြမ်းတမ်းတဲ့ဘ၀ဆိုတာ သိပ်ကြောက်စရာကောင်းတယ်နော်။
ဒီတော့ ရဟန်းကြီးက အရှင်ဘုရား တရားအားထုတ်လို့မရပါဘုရား။ တပည့်တော် ဖြစ်ချင်ရာဖြစ် လူထွက်ပါရစေတော့လို့
လျှောက်ထားလာတယ်။
ရဟန်းတော်က သြော်သနားစရာ သတ္တ၀ါ တရား မရရင်တော့ အပါယ်ကျတော့မယ်လို့ သနားစိတ်ပြင်းပြတာကြောင့် အိုရဟန်းကြီး သင်လူထွက်လိုက ထွက်လေလို့ မပြောရက်ဘူး။ ဖြစ်အောင် ကယ်တင်မယ်ဆိုပြီးတော့ ကဲ ရဟန်းကြီး ခဏနေဦး သဖန်းသား ထင်း အစိမ်းသက်သက်တစ်ပုံပုံလိုက်စမ်း။
သဖန်းသားဆိုတာ အစိမ်းဆိုရင်အစေးတွေ သိပ်ထွက်ပြီး ရေစိုသလို ဖြစ်နေတယ်။ ဘယ်လိုမီးတိုက်တိုက်မီးမတောက်ဘူး။ ကဲရဟန်း
ကြီးကိုယ်တိုင်မီးရှို့စမ်းဆိုတော့ တစ်မနက်သာကုန်တယ်။ မီးတောင်မစွဲဘူး။ တောက်ဖို့အသာထား။ ဒီတော့မှ ရဟန်းကြီးလက်မှိုင်ချ
မောဟိုက်နေတုန်း ရဟန်းတော်က ငရဲပြည်ကို တန်ခိုးနဲ့သွားပြီး ငရဲမီးလေး မုန်ညင်းစေ့လောက်လက်ကြား ညှပ်ယူလာတယ်။
ရဟန်းကြီး ဟောဒီမှာမြင်ရဲ့လား။ ငရဲမီးကလေးဆိုပြီး ၄င်းမီးကို သဖန်းပုံထဲ ပစ်ထည့်လိုက်တယ်။ သဖန်းသားအပုံကြီးဟာ တစ်
ခါတည်း လောင်ကျွမ်းသွားတယ်။ အစတောင်ရှာမရလိုက်တော့ဘူး။ ဒီတော့မှ ရဟန်းကြီးသိပ်လန့်သွားတယ်။ ငရဲမီး ဘယ်လောက်ပြင်းတယ်ဆိုတာ လက်တွေ့သိသွားတယ်။ ကဲ ရဟန်းကြီး ခင်ဗျားသေရင် ဒီလို ပြင်းထန်တဲ့ငရဲမှာ သွားပြီးခံရမယ်။ ဘယ့်နှယ့်လဲ လူထွက်မလားမေးတော့ မထွက်ရဲတော့ပါဘုရား။ တပည့်တော် တရားကို ရအောင် အားထုတ်ပါတော့မယ်။
ပရိသတ်များ ငရဲမီးကို ငြိမ်းသတ်နိုင်တာ တရားပဲ ရှိတယ်နော်။ ရဟန်းကြီးဟာ ကြောက်ကြောက်နဲ့ ဇွဲတင်းပြီး တရားအားထုတ်တယ်။ အိပ်ချင်လာရင် ငိုက်မှာစိုးလို့ ကောက်ရိုးခွေကြီးရေဆွတ် ခေါင်းပေါ်တင်
ကောက်ရိုးခွေတစ်ခုကို ရေဆွတ် ဖင်ခုထိုင်ပြီး ဇွတ်ပေ အားထုတ်လိုက်တာ အနာဂါမ်တည်သွားတယ်။ သူ့အတွက် တောက်
လောင်နေတဲ့ ငရဲမီးလည်းငြိမ်းရော။
ဒီတော့မှ ရဟန်းကြီးကအားရ၀မ်းသာလွန်းလို့ ဥဒါန်းကျူးလိုက်တယ်။
ဥပသန္တော ဥပရတော၊
မန္တဘာဏီ အနုဒ္ဓတော၊
ဓုနာတိပါပကေ ဓမ္မေ၊
ဒုမပတ္တံဝ မာလုတော။
အဟံ၊ မုဆိုးငရဲသားဘ၀မှ တဖြစ်လဲလာခဲ့သော ငါရဟန်းကြီးသည်။ ပါပကေဓမ္မေ၊ ဘီလူးသဘက်ပမာ လွန်စွာ ဆိုးရွား အကုသိုလ် အယုတ်တရားတို့ကို။ ဒုမပတ္တံ၊ အချပ်တစ်ရာရွှေပဒုမ္မာ၏ ငုံ့အာဖြန့်ကြက်ရွှေကြာရွက်သည်။ မာလုတော၊ ရေဖြင့်။ န လိမ္ပတိ
ယထာ၊မကပ်မသိမ်း မလိမ်းမကျန် ဧ၀ကန်ပျံ့သင်း အလွန်ပင် သန့်ရှင်းသကဲ့သို့။ ဓုနာတိ၊ သုံးမဂ်သုံးတန် အနာဂါမ်ဖြင့် ပယ်လှန်
သတ်ဖြတ်အောင်နိုင်အပ်ပေပြီ။ ဣဒါနိ၊ ငရဲမီးကြီးငြိမ်းပြီးလေရာ ယခုအခါမှသာလျှင်။ ဥပသန္တော၊ စိတ်ငြိမ်းလက်ငြိမ်း အကုန်ငြိမ်း
လျက်။ ဥပရတော၊ နှလုံးမွေ့သိမ် ပီတိရှိန်ဖြင့် စိတ်ငြိမ်းမွေ့လျော် အလွန်ပျော်လျက်။ မန္တဘာဏီ၊ ပညာဖြင့်သာ အရာရာကိုသာ
ယာရွှန်းမြ နှုတ်ခွန်းဟလျက်သာလျှင်။ အနုဒ္ဓတော၊ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရ မြတ်ဗုဒ္ဓ၏ ထုတ်ပြမြွက်ဖော်သာသနာတော်ဝယ်။
အဟောတ၀၊အပျော်ကြီးပျော်၍ နေရပါလေပြီတကား။
ဆုထူးပန်ဆရာတော်
အရှင်နာယက

No comments:
Post a Comment