Saturday, April 19, 2014

လူငယ် နှင့် ဘာသာရေး


သူသူထက်လွင်

လူငယ်ဆိုသည်မှာ အနာဂတ်ကို တည်ဆောက်ပုံဖော်နေသူများ ဖြစ်၍ တရားမျှတစေရန်နှင့် အ မှားအမှန် ခွဲခြားသိနိုင်ရန် ဘာသာတရား ၏ အဆုံးအမဖြင့် နေထိုင်ရန်လိုအပ်သည်။

ဘာသာတရားဟု ဆိုရာတွင် စစ် မှန်ပြီး တရားမျှတသော ဘာသာတရား၊ အစွန်းမရောက်သော ဘာသာတရားများ ကိုအခြေခံပြီး လိုက်နာရမည် ဖြစ်သည်။

''လူငယ်သည် ဘာသာရေးအ ပေါ် လုံးဝအခြေခံထားရမယ်။ ဘာသာရေး သည် တရားမျှတတဲ့ ဘာသာရေးဖြစ်မှ ဖြစ် မယ်။ တချို့ဘာသာတွေက အစွန်းရောက် တဲ့ ဘာသာတွေရှိတယ်။ အဲဒီလိုဘာသာ တွေမှာ အခြေခံလိုက်မယ်ဆိုရင် နေရာတိုင်း မှာ ခုတ်ရဲ၊ သတ်ရဲ၊ ဖြတ်ရဲတဲ့ စိတ်ကြီးဝင် သွားမှာ။ ဗုဒ္ဓဘာသာမှာ အဲဒီလိုစိတ်ဓာတ် မျိုး သွင်းတာမဟုတ်ဘူး။ ကိုယ်လဲယဉ်ကျေး အောင် စိတ်လဲယဉ်ကျေးအောင် လုပ်ပေး တဲ့ဘာသာ၊ ဗုဒ္ဓဘာသာမှာ ယဉ်ကျေးအောင် ဆိုရင် သီလကိုအခြေခံပြီးတော့ လုပ်ပေး တယ်''ဟု ချမ်းမြေ့ရိပ်သာမှ ကမ္မဋ္ဌာနာစရိ ယဦးဥဇ္ဇောတနက မိန့်ကြားသည်။

ဘာသာတရားသည် အရေးကြီး ပြီး ယနေ့ခေတ်အချိန်အခါတွင် လူငယ်များ အတွက် ပညာရေးကဏ္ဍများကိုသာ ဦးစား ပေးနေသဖြင့် ဘာသာတရားကို အလေး ထားမှု အားနည်းလာကြောင်း သိရသည်။

''ဘာသာရေးကအရေးကြီးတယ်။ ဘာသာရေးအခြေခံမှပဲ ယဉ်ကျေးမှုရှိလာ မယ်။ အခုချိန်မှာ ယဉ်ကျေးမှုက ပျောက် သလောက် ဖြစ်လာပြီ။ ကလေးတွေကိုလဲ အပြစ်ပြောလို့ မရဘူး။ ဒီခေတ်မှာ ပညာ ရေးမှပညာရေးပဲ လုပ်နေတယ်။ မိဘတွေ က နွေရာသီကျောင်းပိတ်ရက်ကို ရောက် တာနဲ့ အရင်ကလို ယဉ်ကျေးလိမ္မာသင်တန်း တွေမပို့တော့ဘဲ နောက်နှစ်အတွက် ကျူရှင် တွေ ကြိုထားနေကြတယ်။ မိဘတွေက စီး ပွားရေးလုပ်နေရတော့ အချိန်ပေးပြီး မသင် ကြားပေးနိုင်တာတွေ၊ မဆုံးမနိုင်တာတွေ ရှိတယ်။ ကလေးတွေကို အကျိုးရှိအောင် လုပ်ပေးတယ်။ ဒါကြောင့် ကလေးတွေကို ကျောင်းပညာရေးနဲ့ပဲ အချိန်မကုန်စေဘဲ ဘာသာရေးအလုပ်ကိုလဲ အချိန်ပေးပါ။ တစ်နှစ်ကို တစ်ပတ်လောက် ကလေးတွေ ကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို အချိန်ပေးပြီး ပို့ပေးပါလို့ ပြောချင်ပါတယ်'' ဟု ချမ်းမြေ့ရိပ်သာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းဆရာမ ဒေါ်ခင်ညိုဝင်းက ပြော သည်။

လူငယ်များ လိမ္မာယဉ်ကျေးလာ စေရန်ရည်ရွယ်ပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းကျောင်းများကို သံဃာတော် ဆရာ တော်ကြီးများမှဦးဆောင်၍ ဖွင့်လှစ်သင် ကြားခဲ့သည်။

ချမ်းမြေ့ရိပ်သာ ဗုဒ္ဓဘာသာယဉ် ကျေးမှုသင်တန်းကျောင်းသည် ချမ်းမြေ့ ဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် ၁၉၉ဝ ပြည့်နှစ်မှ စတင်ပြီး သင်တန်းသားများကို လက်ခံခဲ့သည်။

ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း တွင် ဘုရားရှိခိုးစာများ၊ သီလစောင့်ထိန်း ခြင်းများအပြင် စိတ်တည်ငြိမ်မှု ရရှိစေသည့် တရားထိုင်ခြင်း နည်းလမ်းများကိုပါ သင် ကြားပြသပေးသည်။

''ယဉ်ကျေးမှုသင်တန်းမှာ အချိန် ဇယားလေးနဲ့ တရားလေးလဲ နာရီဝက်စာ လောက် တစ်နေ့လေးချိန် ထိုင်ခိုင်းပါတယ်။ စာသင်ချိန် နှစ်ချိန်အပြင် နားချိန်တွေကိုလဲ ပေးထားပါတယ်။ လာတဲ့မိဘတွေ ကလေး တွေကလဲ သဘောကျကြတယ်။ တရားလဲ ထိုင်တတ်သွားမယ်''ဟု ဆရာမဒေါ်ခင်ညို ဝင်းက ဆက်ပြောသည်။

ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင် တန်းကို မတ် ၁ ရက်မှ ဧပြီလကုန်အထိ ဖွင့်လှစ်ထားပြီး အဆင့် ၁၆ ဆင့်ရှိကာ သင် တန်းကို ၁၉၉ဝ ပြည့်နှစ်တွင် စတင်ဖွင့် လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ခေတ် လူငယ်တချို့သည် ဘာသာရေးကို မိဘတိုက်တွန်းချက်အရ စိတ်ပါဝင်စားလာခြင်းဖြစ်ပြီး တချို့လူငယ် များမှာ တိုက်တွန်းစရာမလိုဘဲ ပင်ကိုစိတ် ထားများကပင် ဘာသာတရားကို ယုံကြည် ကိုးကွယ်ကြကြောင်း သိရသည်။

''သင်္ကြန်တွင်းမှာဆိုရင် တရား စခန်းလာဝင်တဲ့ လူငယ်တွေ အများကြီးရှိ တယ်။ ဒီကို ဘာလို့လာကြတာလဲဆိုရင် နံပါတ်(၁)ကတော့ ကိုယ်တိုင်က ဘုရား၊ တရားလုပ်ချင်လို့၊ ငြိမ်းချမ်းချင်လို့ လာကြ တယ်။ နံပါတ်(၂)ကတော့ မိဘတွေကတိုက် တွန်းလို့ ရောက်လာကြတာပါ။ ဘယ်လိုပုံစံ မျိုးနဲ့ရောက်ရောက် အသိတရားတစ်ခုခု ရလာမယ်။ အများလုပ်တာကို ကြည့်ပြီး ရှက်ပြီးတော့ စိတ်ပါလက်ပါ လုပ်တဲ့အချိန် တွေလဲ ရှိလာနိုင်ပါတယ်''ဟု ဘုန်းတော် ကြီး ဦးဥဇ္ဇောတနက မိန့်ကြားသည်။

ဘာသာတရား ကိုင်းရှိုင်းသော လူငယ်များသည် ကိုယ်အမူအရာ၊ နှုတ်အ မူအရာများ ယဉ်ကျေးသိမ်မွေ့နေပြီး ကိုယ် ချင်းစာစိတ်၊ မေတ္တာစိတ်များကြောင့် လုပ် ငန်းခွင်များတွင် ဆုံးဖြတ်ချက်မှန်ကန်ပြီး အောင်မြင်သူများ ဖြစ်လာကြောင်း သိရ သည်။

''ကျွန်မကတော့ နှစ်စဉ် သင်္ကြန် တွင်းမှာ ရိပ်သာဝင်ဖြစ်ပါတယ်။ အဲဒီလိုမျိုး ဝင်တာ တစ်နှစ်နဲ့တစ်နှစ် မတူပါဘူး။ တစ် နှစ်ထက်တစ်နှစ် ပိုပြီးစိတ်တည်ငြိမ်လာတယ်။ အမှားအမှန် ခွဲခြားနိုင်တယ်။ လောကဓံကို အရင်ကလောက် မတုန်လှုပ်တော့ဘူး။ စိတ် ထားတတ်လာတယ်။ အလုပ်မှာလဲ ပိုအောင် မြင်လာတယ်။ အလုပ်တွေ ပိုလုပ်နိုင်လာ တယ်''ဟု အသက် ၂ဝ ကျော်အရွယ်ရှိ မသဲ က ပြောသည်။

တိုးတက်လာသော ယနေ့ခေတ် တွင် စက်ပစ္စည်းဆန်းများကို လူငယ်တိုင်း နေ့စဉ်အသုံးပြုနေရပြီး အချိန်နဲ့အမျှ မအား မလပ်ဖြစ်နေကြရာ ဘာသာတရား ကို ပုံမှန်အချိန်ပေးသူများမှာ ရှား ပါးနေသေးကြောင်းသိရသည်။ သို့ဖြစ်၍ ကလေးငယ်များ ကျောင်းပိတ်ရက်များတွင် ယဉ် ကျေးလိမ္မာသင်တန်းကျောင်း တက်ရောက်ရန် မိဘများမှ တိုက်တွန်းဖို့လိုအပ်နေပြီးသင်္ကြန်ကာလတွင် လူငယ် များ မေ့မေ့လျော့လျော့ မ ပျော်ပါးဘဲ တရားရိပ်သာဝင် ပြီးတရားအားထုတ်ခြင်း၊ နေအိမ် တွင် ဥပုသ်သီလ စောင့်ထိန်းနေထိုင်ခြင်း ဖြင့် အေးချမ်းစွာနေထိုင်ကြပါစေကြောင်း ဆန္ဒပြုရေးသားလိုက်ရပါသည်။ ။

**********************

The Flower 7Day News Journal

No comments:

Post a Comment