Wednesday, April 2, 2014

ဆန်စီးခေါက်ဆွဲ


ရှမ်းခေါက်ဆွဲမှာ..ဆန်စီး၊ ဆန်ဖွယ်ဆိုပြီး(၂) မျိုးရှိပါတယ်... ဆန်ဖွယ်ကတော့ လူတိုင်းစားဖူးနေကျ ရှမ်းခေါက်ဆွဲဖြစ်ပြီး.. ဆန်စီးကိုတော့ရှမ်းပြည်နယ်ဖက်မှာ နေထိုင်ကြီးပြီး လာသူတွေအတွက်သာ အဆင်ပြေလေ့ရှိပါတယ်.. အချို.စားသုံးသူများက.. ဒီခေါက်ဆွဲစားရတာ.. ရင်ပြည့်တယ်.. အစာမကြေဘူးလို. ဆင်ခြေပေးတတ်ကြပါတယ်...။

တကယ်တော့..ဆန်စီးဆိုတာ..ကောက်ညှင်းနဲ.ပြုလုပ်ထားတာမဟုတ်ပဲ..ရှမ်းဆန်တစ်မျိုးနဲ. ပြုလုပ်ထားတာကြောင့်.. စီးထွေးထွေးလေး ဖြစ်နေတတ်ပါတယ်။

ကျွန်တော်တို.အတွက်တော့..မရိုးတဲ့..ရိုးရာအစားအစာပါ။

ခေါက်ဆွဲလုပ်နည်းတွေမှာ..အချိုးအစားအတိအကျဖော်ပြဖို. ခက်တာကြောင့်.. ဘယ်လိုလုပ်ရတယ် ဆိုတာပဲဝေမျှပါမယ်..။

ဆန်စီးခေါက်ဆွဲ
ကြက်(သို.) ၀က်ပြုတ်ရည်
ကြက်သားအနှစ်ချက်
ကြက်သွန်ဖြူ ဆီချက်
နှမ်း + ရှောက်ကောပါကော ၊၀ှားကြောင်းဆီချက်
ငရုတ်သီးဆီချက်
ကြက်သွန်မြိတ်+နံနံပင်

စတာတွေပဲလိုအပ်ပါတယ်...။

ပထမဆုံး..ကြက်ရိုး (သို.) ၀က်ရိုးကို ဟင်းရည်ကြည်လေးရအောင်ပြုတ်ထား
ပါ။

ကြက်သွန်နီ ၊ ခရမ်းချဉ်သီးတွေကို နုပ်နုပ်စဉ်းပြီး.. မိမိနှစ်သက်သော အသားနဲ. ဟင်းအနှစ်ပုံစံချက်ပါ။

နှမ်းလှော် ၊ရှောက်ကောပါကော၊၀ှားကြောင်းစတာတွေကို မညှက်တညှက်လေးထောင်းပြီး.. ဆီပူပူကို လောင်းချကာ ဆီမွှေးပုံစံဆီသတ်ပါ။

ငရုတ်သီးအကြမ်းမှုန်.ကိုလည်း..ထိုနည်းအတိုင်းသီးသန်.ပြုလုပ်ပါ။

ကြက်သွန်မြိတ်+ နံနံပင်တွေကိုပါးပါးလှီးပါ။

ဆန်စီးခေါက်ဆွဲကို ပြုတ်တာ နည်းလမ်း(၂) မျိုးရှိပါမယ်..။

လတ်ဆတ်တဲ့ဆန်စီးခေါက်ဆွဲတွေက နှူးညံ့လွန်းတာကြောင့် ရေနွေးထဲကို တိုက်ရိုက်ထည့်ပြုတ်လို. မရပါဘူး...။

ရေနွေးဆူဆူကို လောင်းချပြီး..ထိုအရည်ကိုသွန်ပြီးမှ..မိမိလိုအပ်တဲ့ပါဝင်
ပစ္စည်းဖြည့်စွက်ကာပြင်ဆင်ရပါတယ်...။

စူပါမားကတ်များမှာရောင်းတဲ့ ခေါက်ဆွဲမျိုးကိုတော့.. ရေနွေးဆူဆူမှာ ခေတ္တပြုတ်ပြီး ပြင်ဆင်ရပါတယ်..။

ဟင်းရည်( ကြက်ပြုတ်ရည်တွေ) အများကြီးထည့်စရာမလိုပဲ.. မွှေလို.ကောင်းရုံလေးသာထည့်ပြီး... ရှမ်းချဉ် (သို.) မိမိနှစ်သက်ရာအချဉ်တစ်ခုခုနဲ.တွဲဖက်စားသုံးနိုင်ပါတယ်..။

Photo credit....Tun Tun ( www.royal-myanmar.com)
ဓါတ်ပုံတင်ထားပေးတဲ့ Tun Tun( www.royal-myanmar )ကိုကျေးဇူးအထူးတင်ရှိပါတယ်..။


Shared from ဟင်းချက်နည်းများ (FB)

No comments:

Post a Comment