Saturday, April 19, 2014

ခရမ်းကြွပ်သီး ပင်စိမ်း အစပ်ကြော်


ခရမ်းကြွပ်သီးအစိမ်း(သို.) ခရမ်းရောင်.......၁၀ လုံးခန်.
ကြက်သွန်ဖြူ.......................................၅ တက်
ငရုတ်သီးစိမ်းနီ...................................၇ တောင့်ခန်.
စပါးလင်...........................................၁ ချောင်း(အဖြူ ရောင်အပိုင်း)
ပဒဲကောသေးသေး..............................၁ တက်
ထိုင်းပင်စိမ်း(သို.) မြန်မာပင်စိမ်း.............၁စည်း

ခရမ်းကြွပ်သီးကို ၄ စိတ်ခွဲပြီးဆားပါတဲ့ရေမှာခေတ္တစိမ်ထားပါ။

ငရုတ်သီးစိမ်းတောင့်နီ ၊ပဒဲကော ၊ ကြက်သွန်ဖြူ ၊ စပါးလင်တို.ကိုညှက်နေ
အောင်ရောထောင်းပါ။

ပင်စိမ်းရွက်လေးတွေကိုခြွေထားပါ။

ပူနေတဲ့ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်နှင့်အတူ ထောင်းထားသောအရော
ကိုဆီသတ်ပါ။

အနည်းငယ်မွှေးလာလျှင်..ခရမ်းကြွပ်သီးတွေပေါင်းထည့်ပြီး..ခေတ္တလေးနှံ..
အောင်မွှေပေးပါ။

ငါးငံပြာရည် ၊ခရုဆီ ၊သကြား ၊ဟင်းခတ်မှုန်.တို.နှင့်ချက်ချင်းအရသာသွင်းပါ။

ရေလက်ဖက်ရည်ပန်းကန်တစ်ဝက်ကျော်လောက်လောင်းထည့်ပြီးချက်ချင်းအဖုံးအုပ်ထားပါ။

ရေခမ်းတဲ့အသံမကြားရချင်းအဖုံးမဖွင့်ပါနဲ.( ခရမ်းကြွပ်သီးတွေအရောင်ပြောင်းသွားပါလိမ့်မယ်)။ နောက်ဆုံးပင်စိမ်းရွက်
တွေအုပ်လိုက်ရင်..အင်မတန်အရသာရှိတဲ့..ခရမ်းကြွပ်သီးပင်စိမ်းအစပ်ကြော်
လေးသုံးဆောင်လို.ရပါပြီ...။

Shared from ဟင်းချက်နည်းများ (FB)

No comments:

Post a Comment